Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ BobbySoxer Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HTDTunYin&ဟသာင်္တထွန်းရင် HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JMe&ဂျေးမီ JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း KKT&ကေကေတီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LDKyaw&L.ဒီကျော် LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MaNaw&မနော Madi&မဒီ Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NO&နိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PanYaungChel&ပန်းရောင်ခြယ် PannEiPhyu&ပန်းအိဖြူ Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SiThuLwin&စည်သူလွင် SiYan&စီယံ SinPauk&ဆင်ပေါက် SithuWin&စည်သူဝင်း Snare SoTay&ဆိုတေး SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SuNit&ဆူးနစ် SungTinPar&ဆုန်သင်းပါရ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TinZarMaw&တင်ဇာမော် TintTintTun&တင့်တင့်ထွန်း TuTu&တူးတူး TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း V.NoTun&V.နိုထွန်း WaNa&ဝန WaiLa&ဝေလ WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး XGALZ Xbox Y-Zet YY&၀ိုင်ဝိုင်း YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YuZaNa&ယုဇန YummyRookie Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့် khinMgHtoo&ခင်မောင်ထူး
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Saturday, March 5, 2016

တသီးတသန့်နေတတ်သူများခေါင်းဆောင်ကောင်းဖြစ်လာရခြင်း၏အမှန်တရားများ

တသီးတသန့်နေတတ်သူများခေါင်းဆောင်ကောင်းဖြစ်လာရခြင်း၏အမှန်တရားများ
===================
စည်သူ

တစ်ယောက်တည်းသီးသန့်နေထိုင်တတ်သူများသည် စွန့်ဦးတီထွင် သူများဖြစ်နိုင်မည်လား။ နာမည်ကျော် Bill Gates ၊Warren Buffet နှင့် Charles Schwab တို့သည် တသီးတသန့်နေတတ် သူများဖြစ်ကြ၏။
ခေါင်းဆောင်ဆိုသောစကားလုံးနှင့် တစ်ယောက်တည်း သီးသန့်နေထိုင်လိုသူများဆိုသောစကားလုံးတို့ကို စာတစ်ကြောင်း ထဲတွင်တွေ့ကြရမြင်ကြရလေ့ သိပ်မရှိလှပေ။ ဘွင်းဘွင်းပျော်ပျော် နေတတ်သူများသည် အများအားဖြင့် လူထုကြားထဲတွင်စကားပြော ကောင်းသူများ၊ အကောင်းဆုံးသောကွန်ရက်တည်ဆောက်နိုင်သူ များဟု ပကတိအားဖြင့်သိရှိကြပေသည်။ CEO များနှင့် အဖွဲ့ အစည်းခေါင်းဆောင်များ၏အရည်အသွေးတွင် လူမှုဆက်ဆံရေး ထူးချွန်မှုနှင့် ပွင့်ပွင့်လင်းလင်းပြောဆိုဆံဆက်မှုဆိုသည်မှာ မရှိ မဖြစ်ဖြစ်သောကြောင့် တသီးတသန့်နေထိုင်တတ်ကြသူများအတွက် မသက်ဆိုင်သလိုဖြစ်နေတတ်ပါသည်။ ထို့ပြင် USA Today မှ ကိုးကားချက်များအရပြောစတမ်းဆိုလျင် ၆၅ ရာခိုင်နှုန်းသောအမှု ဆောင်အရာရှိတို့သည် တစ်ဦးတည်းနေထိုင်တတ်မှုပုံစံသည် ခေါင်းဆောင်မှုအတွက်အတားအဆီးတစ်ခုဟု လက်ခံယုံကြည် လျက်ရှိနေကြပါသည်။
စိတ်ဝင်စားဖွယ်ရာကောင်းသည်မှာ အကြမ်းဖျင်းအား ဖြင့် ကျန် ၄၀ ရာနှုန်းခန့်သောခေါင်းဆာင်များသည် တသီးတသန့် နေထိုင်ကြသူများဖြစ်နေခြင်းပါ။ အများအားဖြင့် အဆိုပါပုဂ္ဂိုလ် များသည် အခြေအနေ၏တောင်းဆိုမှုကိုလိုက်၍ မိမိတို့ဘာသာ သင်ယူနိုင်စွမ်း မြှင့်ကြလေ့ရှိသောကြောင့်ဟုဆိုပါသည်။ Bill Gates ၊Warren Buffet နှင့် Charles Schwab တို့သည် နည်း ပါးသောတစ်ဦးတည်းနေလိုသည့်သဘောသဘာဝရှိသည့် ခေါင်း ဆောင်ကောင်းများပင်။
အကယ်၍ စာဖတ်သူသည် လူမှုရေးနယ်ပယ်တွင် လိပ်ပြာလေးတစ်ကောင်လို ပန်းပွင့်များကြားပေါ့ပေါ့ပါးပါးလှလှပပ ကူးလူးပျံဝဲခြင်းအလုပ်ကိုမလုပ်ဆောင်နိုင်သော်လည်း စီးပွားရေး လုပ်ငန်းတစ်ခုကိုအစပြုရန်အတွက် စဉ်းစားဆင်ခြင်နေပါက အောက်ဖော်ပြပါအချက်များသည် သိသင့်သိထိုက်သောအချက် များပင်ဖြစ်ပါသည်။

၁။ တသီးတသန့်နေလိုသူများသည် ဆင်ခြင်တွေးမျော်မှုကောင်း သူများဖြစ်ကြသည်။
တစ်ဦးတည်းနေလိုသူများနှင့်မတူညီစွာဖြင့် အများနှင့်နေ လိုသူများသည် ဆုလာဘ်များကိုပိုမိုမက်မောတတ်ကြသည်။ ဖြေ ရှင်းချက်အားဖြင့် အများနှင့်နေလိုသူများသည် ပင်ကိုသဘော သဘာဝအရ ပိုမိုစွန့်စားလိုတတ်ကြသော်လည်း တစ်ဦးတည်းနေ ထိုင်တတ်ကြသူများသည် အခွင့်အလမ်းများကိုချဉ်းကပ်ရာတွင် ပိုမိုသတိထားတတ်ကြပါသည်။ ထို့အတွက် ဘွင်းဘွင်းသမားတို့က ''လာ၊ လုပ်ကြရအောင်'' ဟုပြောဆိုနေချိန်တွင် တသီးတသန့်နေ လိုသူများသည် ''ဒါဟာ တို့အတွက် တကယ်လုပ်ဖို့လိုတဲ့အရာလား'' ဟုမေးမြန်းမှုမျိုးကို ပိုမိုနှစ်ခြိုက်သူများဖြစ်နေတတ်ကြပါတယ်။
အဆိုပါအချက်အလက်သည် စွန့်ဦးတီထွင်လုပ်ငန်းရှင် များအတွက်အားသာချက်တစ်ခုဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် စွန့်စားမှုကိုရယူခြင်းဆိုသည်မှာ စွန့်ဦးတီထွင်လုပ်ငန်းများတည် ထောင်သူတိုင်း၏ အမြဲတစ်စေကြုံရတတ်သောအရာတစ်ခုဖြစ် သောကြောင့်ပင်။ ဟုတ်တယ်နှင့် မဟုတ်ဘူးကြား ဗျာများနေကြရ သူ အများကြီးရှိ၏။ နှစ်ဖက်စလုံးတွင် အားသာချက်ရှိနေသော အရာနှစ်ခုအတွက် အကောင်းမွန်ဆုံးသောဆုံးဖြတ်ချက်ကိုရွေးချယ် ရန်မှာ ရဲဝံ့မှုတစ်ခုတည်းနှင့်မဖြစ်မြောက်နိုင်ပေ။ ရဲရင့်ခြင်းနှင့် ချင့်ချိန်ခြင်းနှစ်မျိုးကြားသွယ်တန်းထားသော ကြိုးတန်းပေါ်တွင် အကောင်းဆုံးလျောက်လှမ်းနိုင်ဖို့လိုအပ်မည်ဖြစ်သည်။
မှတ်သားဖွယ်ရာကောင်းသည်မှာ အောင်မြင်သောစွန့် ဦးတီထွင်သမားတို့၏ ဆုံးဖြတ်ချက်တစ်ခုချမှတ်နိုင်ရန်အတွက် အဘယ်သို့လမ်းဖွင့်ပေးနိုင်မှုနှင့် အဆိုပါလမ်းဖွင့်ပေးမှုမှရရှိသော အချက်အလက်အများအပေါ်မူတည်၍ အကျိုးသက်ရောက်မှုများ သောဆုံးဖြတ်ချက်များကို အဘယ်သို့နေ့စဉ်နေ့တိုင်းချမှတ်နိုင်စွမ်း ရှိကြသည်မှာ တွေးတောဆင်ခြင်စရာတစ်ခုပင်ဖြစ်တော့သည်။ ဒုတိယအနေဖြင့် လုပ်ငန်းတစ်ခုကိုစတင်တည်ထောင်သူများ အတွက်စွန့်စားမှုများသည် ရှေ့သို့ရောက်ရှိစေနိုင်သောတွန်းအား များပင်ဖြစ်သည်။ သို့ရာတွင် အဆိုပါတွန်းအားပြည့်စုံမှန်ကန်စေရန် အတွက် ဆင်ခြင်တွေးမျော်မှုကောင်းသူများ အဓိကလိုအပ်ပြီး ဆင်ခြင်တွေးမျော်မှုအတွက် အရင်းမြစ်ကောင်းများလည်းမဖြစ်မနေ လိုအပ်နေမည်မှာ အမှန်ပင်။

၂။ တသီးတသန့်နေလိုသူများသည် နားထောင်ခြင်းမှ သင်ယူ လေ့ရှိကြသည်။
သာမန်လူမှုဆက်ဆံရေး၊ သို့မဟုတ် ပုံမှန်စကားပြော ဆက်ဆံမှုများပြုလုပ်သောနေရာမျိုးများတွင်ပင်လျင် မိမိဘာသာ နေလိုသူများသည် အပြောထက် အကြားကိုပိုမိုဦးစားပေးပြီး သူများ တကာ၏ပြောဆိုမှုများကို လေးလေးနက်နက်နားစိုက်ထောင်တတ် ကြသည်။ ¤င်းတို့နှုတ်မှစကားပြန်မပြောခင်အချိန်အထိ လူတစ်ဖက် သား၏ပြောစကားများကို ကောင်းမွန်ကြေညက်အောင် စဉ်းစား ဆင်ခြင်ပြီးမှ ပြန်လည်တုံ့ပြန်လေ့ရှိတတ်ကြ၏။ အခြားသူများပြော ဆိုနေချိန်တွင်ဘာပြန်ပြောရမည်ကိုစဉ်းစားလေ့မရှိကြဘဲ ¤င်းတို့ နားထောင်ခြင်းမှ ရရှိသင်ယူမိသောရလဒ်အပေါ်တွင်မူတည်၍သာ ပြန်လည်တုံ့ပြန်ပြောဆိုတတ်ကြပါသည်။
သာမန်အခြေအနေတွင်တသီးတသန့်နေလိုသူများသည် မွေးရာပါဆွဲဆောင်အားကောင်းမွန်သူများဖြစ်နေတတ်ခြင်းက ¤င်း တို့၏ပြန်လည်တုံ့ပြန်ပြောစကားများကိုလည်း တစ်ဖက်သားက လေးလေးနက်နက်ပြန်လည်နာယူစေတတ်ပေသည်။ နယူတန်၏ နိယာမတစ်ခုဖြစ်သော သက်ရောက်မှုတိုင်း၌ တန်ပြန်သက်ရောက် မှုရှိသည်ဆိုသောနိယာမကို သက်သေပြခြင်းပင်လားဟုဆိုရ လောက်အောင် တစ်ဖက်သား၏ပြောဆိုမှုများကို လေးနက်သေ ချာစွာနားထောင်ခြင်း၊ စေ့စပ်နက်နဲစွာစဉ်းစားဆင်ခြင်ခြင်းလုပ်ငန်း စဉ်နှစ်ခုကိုလုပ်ဆောင်ပြီးမှ ပြန်လည်တုံ့ပြန်တတ်သော တသီး တသန့်နေလိုသူများ၏ ပြန်လည်ပြောဆိုမှုများသည်လည်း လေးနက် သေချာစွာနားထောင်ဖြစ်စေသော ပြောစကားများဖြစ်နေရခြင်းက အောင်မြင်မှုများအတွက် မရှိမဖြစ်အရေးပါသောအစိတ်ပိုင်းတစ် ခုကိုဖြစ်စေပေတော့သည်။

၃။ တသီးတသန့်နေလိုသူများသည် ¤င်းတို့၏ဆိတ်ငြိမ်ခြင်း သဘာဝမှ အားသာချက်များရရှိလျက်ရှိသည်။
ကျောင်းသားဘ၀ကိုပြန်ပြောင်းအောက်မေ့ပါက ရှက် တတ်ကြောက်တတ်သောကျောင်းသားတစ်ဦးသည် တစ်ယောက် တစ်ပေါက် ဆူညံစွာပြောဆိုနေကြသောစကားဝိုင်းထဲတွင် အနည်း ငယ်ဝင်ရောက်ပြောဆိုလိုက်ပါက ဆိတ်ငြိမ်ခြင်းမှထွက်ပေါ်လာ သောအသံဖြစ်ရခြင်းကြောင့် အခြားဆူညံစွာတစ်ယောက်တစ် ပေါက်ပြောဆိုမှုများကို ရပ်ဆိုင်းသွားစေတတ်သည့်သဘောတရား ကို မြင်ယောင်ကြပေလိမ့်မည်။ အဆိုပါအခိုက်အတန့်သည် တသီး တသန့်နေလိုသူများ၏ စွမ်းအင်ပြည့်ဝသောအခိုက်အတန့်ဖြစ်စေ ပြီး တည်ငြိမ်၍ရည်ရွယ်ချက်ပြည့်ဝသောစကားလုံးများဖြင့် ကျန် သူအားလုံး၏နှလုံးသားကို ဖမ်းစားနိုင်သောအချိန်ကာလတစ်ခုသာ ဖြစ်ပေတော့သည်။
ဆွေးနွေးပွဲများတွင်ဖြစ်စေ၊ ဟောပြောပွဲများတွင်ပင်ဖြစ် စေ မိမိ၏ပြောစကားမှာ ထိရောက်အောင်မြင်မှုရှိရန်လိုအပ်လှ သည်။ ခေါင်းဆောင်ကောင်းတို့မည်သည် စကားပြောကောင်းရန် မှာမှန်၏။ သို့ရာတွင် မိမိပြောကြားမည့်သူများ၏ရင်ကို ထိခိုက်စေ ရန်မှာမူ ထိုသူတို့၏ရင်တွင်းကို ထိုးဖောက်သိမြင်ထားရန် (ထိုသူ၏ပြောစကားများကို သေချာစွာနားထောင်ထားရန်) လိုအပ်ပြီး အကောင်းမွန်ဆုံးအချိန်ကို ရွေးချယ်ပြောကြားရန်လည်းလိုအပ်ပါ သည်။ ဆိတ်ငြိမ်ခြင်းမှလှမ်းထွက်လာသောအသံသည် ခေါင်းဆောင် ကောင်းတို့၏ မိမိတို့ဘာသာရွေးယူထားသည့်အကောင်းဆုံးအချိန် ပင်ဖြစ်စေတော့သည်။

၎။ တသီးတသန့်နေလိုသူများသည် လူသားချင်းစာနာစွာဖြင့် အောက်ကျို့တတ်သူများဖြစ်ကြသည်။
မိမိဘာသာနေတတ်သောသူများသည် အောက်ကျို့တတ် သူများဖြစ်သည်ဆိုသောဝါကျတွင် ဘွင်းဘွင်းပျော်ပျော်နေတတ် သူများက ထောင်လွှားတတ်ကြသည်ဟုမဆိုလိုပေ။ သို့ရာတွင် တသီးတသန့်နေလိုသူများသည် ¤င်းတို့၏စွမ်းဆောင်ရည်ကို မှန် ကန်စွာဖတ်တတ်သူများဖြစ်ကြပေသည်။ ထိုသို့ဆိုရာတွင် မိမိကိုယ် ကိုလျော့တွက်ခြင်း၊ အထင်ကြီးခြင်းမရှိ မှန်ကန်စွာသိမြင်တတ်ခြင်း ဖြစ်၏။ လူသားချင်းစာနာမှုဖြင့် အောက်ကျို့တတ်သူများအနေ ဖြင့် လူသားတစ်ဦး၏အမှားအယွင်းများ၊ မပြည့်စုံမှုများနှင့်အကန့် အသတ်များကို နားလည်သဘောပေါက်ထားသူများသာဖြစ်နေ တတ်ကြပြီး အဆိုပါအချက်များသည် စီးပွားရေးလုပ်ငန်းများနှင့် ဘ၀နေထိုင်မှုပုံစံတို့တွင်အများသူများထက် ရှေ့ကိုခြေတစ်လှမ်း ရောက်စေသောအချက်ပင်ဖြစ်စေ၏။
ထိုထက်ပို၍ လူသားချင်းစာနာစွာဖြင့် အောက်ကျို့နေ ထိုင်တတ်သူများ၏ နောက်ထပ်အားသာချက်တစ်ခုမှာ အခြားသူ များ၊ သို့မဟုတ် လက်အောက်ငယ်သားများ၏ပွင့်လင်းသောအတွေး အမြင်များ၊ သတင်းအချက်အလက်များကို ကြားသိခွင့်ရရှိခြင်းပင် ဖြစ်သည်။

၅။ တသီးတသန့်နေလိုသူများသည် သေချာမှုမရှိသောအရာများ ကို စီမံခန့်ခွဲနိုင်ကြသည်။
တသီးတသန့်နေလိုသူများသည် ဘွင်းဘွင်းပျော်ပျော်နေ ထိုင်တတ်သူများထက် အပိုဆုများအပေါ်တွင် သာယာမှုမရှိတတ် ခြင်းက အလုပ်လုပ်ကိုင်ရာတွင် ပိုမို၍သက်သောင့်သက်သာရှိစေ သည့်အပြင် စိတ်လိုက်မာန်ပါလုပ်ဆောင်မှုများကိုလည်းလျော့နည်း စေသည်။ စိတ်လိုက်မာန်ပါလုပ်ဆောင်မှုများ လျော့နည်းသည်ဟု ဆိုရာတွင် စိတ်၏လုပ်ဆောင်လိုမှုများပြားကြီးမားသော်လည်း လက်တွေ့အကောင်အထည်ဖော်ဆောင်ရာတွင် ပြင်းထန်သော တွန်းအားဖြင့်တွန်းခြင်းထက် နူးညံ့၍ ပိုမိုတိကျသေချာသော နည်း လမ်းများကို ရွေးချယ်တတ်ခြင်းကိုဆိုလိုပေသည်။
တသီးတသန့်နေလိုသူများသည် လတ်တလောရင်ဆိုင် နေခြင်းမဟုတ်သော်လည်း နောင်တွင်ဖြစ်ပွားလာနိုင်သည့်ပြဿနာ များ၏အဖြေကိုကြိုတင်ရှာဖွေရာတွင် ပိုမို၍ခေါင်းမာစွာဖြင့် ဇွဲ မလျော့တမ်းလုပ်ဆောင်တတ်ကြပေသည်။ ထို့ကြောင့်လည်း Einstein က ''တကယ်တော့ ငါဟာ အရမ်းတော်နေတာမဟုတ်ပါဘူး။ ငါဟာ ပြဿနာတွေကြားထဲမှာ အစောကြီးကြိုရောက်နေရတာပါ''ဟုဆိုခဲ့ခြင်းဖြစ်၏။ မသေချာသောအခြေအနေအတွင်း သေချာမှု များကိုရှာဖွေသိမြင်၍ ကြိုတင်ဖြေရှင်းနိုင်စွမ်းသည် စွန့်ဦးတီထွင် လုပ်ငန်းရှင်တို့၏မွေးရာပါဗီဇတစ်ခုဖြစ်သလို တသီးတသန့်နေလို သူများတွင်တွေ့မြင်ရတတ်သောစွမ်းအားတစ်ခုလည်း ဖြစ်နေသည် မှာအမှန်ပင်။

၆။ တသီးတသန့်နေလိုသူများသည် တစ်ဦးတည်းသက်သောင့် သက်သာ အလုပ်လုပ်လိုသူများဖြစ်သည်။
တစ်ဦးတစ်ယောက်သည် ကုမ္ပဏီတစ်ခုအား စတင်တည် ထောင်အလုပ်လုပ်ကိုင်ရာတွင် အကျိုးတူပူးပေါင်းဆောင်ရွက်မှု များ မည်မျများပြားစွာလုပ်ဆောင်ရသည်ဖြစ်စေ၊ ကုမ္ပဏီ၏ ၀န်ထမ်း မည်မျများပြားစွာခန့်အပ်လုပ်ဆောင်ရန်လိုအပ်သည် ဖြစ်စေ မိမိတစ်ယောက်တည်းလုပ်ဆောင်ရသည့် အစိတ်အပိုင်း ကတော့ ရှိနေမည်မှာသေချာပေသည်။ တသီးတသန့်နေလိုသူများ သည် ¤င်းတို့၏ဗီဇအရပင် တစ်ဦးတစ်ယောက်တည်းလုပ်ရသော အလုပ်များကိုပိုမိုနှစ်သက်တတ်ကြပြီး ထိုသို့လုပ်ဆောင်ခြင်းက ပိုမိုသောအာရုံစူးစိုက်ခြင်းကိုရရှိစေသောကြောင့် ပိုမိုကြီးမားသော အခွင့်အလမ်းများကိုဖြစ်ထွန်းစေသည်ဟု ဆိုနိုင်သည်။
Apple ၏ပူးတွဲတည်ထောင်ခဲ့သူဖြစ်သော Steve Wozniak က ''တီထွင်ဆန်းသစ်သူများနဲ့အင်ဂျင်နီယာအများစုဟာ ကျွန်တော့်လိုပါပဲ။ သူတို့ဟာ ရှက်တတ်ပြီး သူတို့ရဲ့ဦးနှောက်ထဲမှာပဲ နေထိုင်တတ်ကြတာပါ။ သူတို့ဟာ သူတို့တစ်ဦးတည်းရှိနေချိန်မှာ အကောင်းဆုံးဆိုတဲ့အလုပ်တွေကိုလုပ်ဆောင်နိုင်ကြပြီး တီထွင် ဆန်းသစ်တဲ့ပုံစံဒီဇိုင်းတွေကိုဖန်တီးနိုင်ကြပါတယ်။ ကျွန်တော့်အနေ နဲ့ လိုက်နာဖို့ရာခက်ခဲတဲ့ အကောင်းဆုံးအကြံဉာဏ်တစ်ခုပေးချင် ပါတယ်။ အဲဒါကတော့ တစ်ယောက်တည်းအလုပ်လုပ်ပါ။ တွန်း လှန်ဆန်းသစ်တဲ့ထုတ်ကုန်တွေထုတ်လုပ်နိုင်စွမ်းကို ရရှိနိုင်မှာ သေချာပါတယ်'' ဟုဆိုခဲ့သည်။
တသီးတသန့်နေလိုသူများသည် ခေါင်းဆောင်ကောင်း တစ်ဦးဖြစ်သည်ဟုမဆိုလိုသော်လည်း ¤င်းတို့သည် အကောင်းဆုံး သောတီထွင်ဆန်းသစ်နိုင်သူများဖြစ်ကြသည်မှာ သေချာလှ၏။ တစ်ဦးတစ်ယောက်အနေဖြင့် မည်သည့်စရိုက်လက္ခဏာမျိုးရှိသည် ဖြစ်စေ မိမိတို့ပိုင်ဆိုင်ခွင့်ရရှိသောအမူအကျင့်အတိုင်း အကောင်း ဆုံးနေထိုင်ကျင့်ကြံရန်သာလိုအပ်သည်။ ဘွင်းဘွင်းပျော်ပျော်နေ ထိုင်တတ်သူများအတွက် လူအများနှင့်ဆက်ဆံရသော လူ့အဖွဲ့ အစည်းတွင် နေရာရရှိဖို့ပိုမိုလွယ်ကူသည်မှာမှန်၏။ သို့ရာတွင် တသီးတသန့်နေလိုသူများအတွက်နေရာမှာ ရှိနေပြီးသားဖြစ် တော့သည်။

(Source-Myanmar B2B Management Magazine,March 2016)

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။