"အမေပြောတဲ့ အစိုးရ (၄ )မျိုး"
=======================
#ပထမ အကောင်းဆုံး အစိုးရဆိုတာ ပြည်သူလူထုက ရှိမှန်းတောင် မသိရဘူးတဲ့။
#ဒုတိယ အကောင်းဆုံးကတော့ ပြည်သူလူထုက ချီးမွမ်းတဲ့ အစိုးရတဲ့။
#တတိယ အကောင်းဆုံးကတော့ ပြည်သူလူထုက ကြောက်တဲ့ အစိုးရတဲ့။ (လက်ခုပ်သံများ)
အဆိုးဆုံးကတော့..........
# စတုတ္တ ပြည်သူလူထုက ရွံရှာတဲ့ အစိုးရတဲ့။ (ဟား.. ဟား .. လက်ခုပ်သံများ)
ကျွန်မကို တစ်ခါက ပြည်သူတွေက ပြောပါတယ်။ ပြည်သူတွေက ရှိမှန်းတောင် မသိရတဲ့ အစိုးရမျိုး မရရင် နေပါစေ။ ချီးမွမ်းခံရတဲ့ အစိုးရမျိုးရရင် ကျေနပ်ပါပြီလို့ ပြောဖူးပါတယ်။ (လက်ခုပ်သံများ) ဒါ ကျွန်မတို့ ကြိုးစားရမှာပေါ့လေ။ တစ်ဆင့်ပြီးတစ်ဆင့် ကြိုးစားရမှာပေါ့။ နောက်ဆုံးကျတော့လည်း `တကယ်လူထုက ရှိမှန်းတောင် မသိရလောက်အောင် လူထုရဲ့ တာဝန်ကို ကျေပွန်တဲ့ အစိုးရမျိုး´ ကျွန်မတို့ မျှော်မှန်းရမှာပါ။
မှတ်ချက် - လူထုခေါင်းဆောင်၏ လွန်ခဲ့သော နှစ်ပေါင်း (၂၀) ကျော်ကတည်းက ဇွဲသတ္တိခိုင်ခိုင်ဖြင့် မှန်ကန်သော လမ်းကိုသာ လျှောက်လှမ်းပြီး နက်နက်ရှိုင်းရှိုင်း ရိုးသားမှုဖြင့် ပြည်သူ့အကျိုးကို အမြဲတမ်း ဦးစားပေး စဉ်းစားသော စိတ်စေနာကို လေးစားကြည်ညို ဦးညွှတ်လျက်ပါ..
credit @Aung Kyaw Moe

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။