Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Wednesday, March 23, 2016

သင် ရှုံးနိမ့်မှုတွေနဲ့ကြုံတွေရပြီဆိုရင်

သင် ရှုံးနိမ့်မှုတွေနဲ့ကြုံတွေရပြီဆိုရင်
**************************

၁။ သင့် နာကျင်ခံစားမှုကို သူ့အတိုင်းသာ ရှိပါစေ။
---------------------------------------------------
သင် ရှုံးနိမ့်တဲ့အခါ အများအားဖြင့် သင် နာကျင်ခံစားရလိမ့်မယ်။ တစ်ခါတစ်ရံမှာ အဲဒါထက်ပိုတယ်၊ တစ်ခါတစ်ရံမှာ အများကြီး ပိုနာကျင်ရတယ်။
ဒါပေမယ့် အဲဒါက အဆင်ပြေပါတယ်။ အဲဒီ နာကျင်ခံစားမှုကို အပြုံးတစ်ခုနဲ့ ဆေးခြယ်ပစ်ဖို့ မကြိုးစားပါနဲ့။ ကိုယ်ခံစားနေရတာကို သူ့အတိုင်းလေးပဲ ထားလိုက်တာဟာ ပိုပြီးအလုပ်ဖြစ်တယ်ဆိုတာ အနည်းဆုံးတော့ ကျနော့် ကိုယ်တွေ့ တွေ့ကြုံဖူးပါတယ်။ နာကျင်ခံစားမှုကို ငြင်းပယ်ဖို့၊ လွှင့်ပစ်ဖို့ ကြိုးစားမယ့်အစား လက်ခံလိုက်ပါ၊ ခဏလောက် ၀င်လာခွင့် ပေးလိုက်ပါ၊ ခဏလောက် နာကျင်စေခွင့် ပေးလိုက်ပါ။
ဘာဖြစ်လို့လဲဆိုတော့ သင်ဟာ အဲဒီ ခံစားချက်ကို ၀င်လာခွင့်ပေးပြီး လက်ခံလိုက်တဲ့အခါ သူဟာ မြန်မြန်ဆန်ဆန်ပဲ ပြန်ထွက်သွားပါလိမ့်မယ်။ ရေရှည်မှာ နာကျင်ခံစားမှုကို ပိုပြီး လျော့နည်းစေပါတယ်။
သင့်ရဲ့ အမှန်တကယ် ခံစားမှုကို ငြင်းပယ်လိုက်တဲ့အခါ၊ ဒီစိတ်ခံစားမှုတွေဟာ မမျှော်လင့်တဲ့အချိန်တွေမှာ ပေါ်လာပြီး သင့်ကို ပိုပြီး နာကျင်ခံစားရစေနိုင်လို့ပါ။
ဒါကြောင့် သင်ရှုံးနိမ့်တဲ့အခါ အဲဒီအရှုံးကြောင့်ရတဲ့ နာကျင်ခံစားမှုတွေကို လက်ခံလိုက်ပါ။ သင့်ကိုယ်သင်အတွက် နှစ်ပတ်လောက်၊ ဒါမှမဟုတ်ရင်လည်း တစ်လလောက် ၀မ်းနည်းလိုက်ပါ။
ဒါဟာ ရှေ့ကို ဆက်သွားနိုင်ဖို့အတွက် ပထမဆုံး ခြေလှမ်းပါပဲ။

၂။ အရှုံးဟာ ခဏတာပဲဖြစ်တယ်ဆိုတာ သင့်ကိုယ်သင်
သတိပေးပါ။
--------------------------------------------------------------------
သင် ရှုံးနိမ့်တဲ့အခါ သင်ဟာ အဲဒီအလုပ်မှာ အမြဲတမ်း ရှုံးနိမ့်နေဦးမှာ
ပဲလို့ တွေးမိလာဖို့ သိပ်ကို လွယ်ကူပါတယ်။ သင်ကိုယ်တိုင်က အရှုံးတစ်ခုဖြစ်နေတယ်လို့ စ တွေးမိလာဖို့လည်း လွယ်ကူပါတယ်။
ဒီလို အပျက်သဘောဆောင်တဲ့ နည်းလမ်းမျိုးနဲ့ မရှုံးနိမ့်ပါနဲ့။
အဲဒီအစား သင့်ကိုယ်သင် သတိပေးပါ။ ဒီနေ့ ဒါမှမဟုတ် မနေ့က ရှုံးနိမ့်ခဲ့ခြင်းဟာ နောက်တစ်ကြိမ်မှာလည်း ထပ်ရှုံးနိမ့်ဦးမှာပဲလို့ ဆိုလိုတာ မဟုတ်ဘူးဆိုတာ သင့်ကိုယ်သင် သတိပေးပါ။
သင် ရှင်သန် လုပ်ကိုင်နေသေးသရွေ့ အဲဒီရှုံးနိမ့်မှုဟာ သင့်ဘ၀တစ်လျှောက်လုံးမှာ ကြာရှည်မခံနိုင်ပါဘူး။ ဒါဟာ
အမှန်တရားပါ။

၃။ သင်ဟာ အရာရာကို အမြဲတမ်း 100% Perfect ဖြစ်အောင် မလုပ်နိုင်ဘူးဆိုတာ သင့်ကိုယ်သင် သတိပေးပါ။
---------------------------------------------------------------

ခြောက်ပစ်ကင်း သဲလဲစင်သမား (Perfectionist) တွေကို သင့်ရဲ့ စံပြပုဂ္ဂိုလ်တွေအဖြစ် မသတ်မှတ်ပါနဲ့။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီအခါမှာ သင်ဟာ သင်ကိုယ်သင် သူတို့လောက် ကောင်းအောင် မလုပ်နိုင်ဘူးလို့ ခံစားနေရမှာ မို့လို့ပါပဲ။
အဲဒီအစား၊ တိုးတက်မှုမှာပဲ အာရုံစိုက်ပါ။
ဒါဟာ သင့်ကိုယ်သင် ပိုပြီး ယုံကြည်မှု ရှိလာစေတယ်။ ပြီးတော့ ဒါဟာ ဘ၀ကို ပိုပြီး ဓမ္မဓိဋ္ဌာန်ကျကျ ချဉ်းကပ်တဲ့နည်းလမ်းလည်း ဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အရှုံးဆိုတာ ဘ၀ရဲ့ သဘာဝအစိတ်အပိုင်းတစ်ခု ဖြစ်နေလို့ပါပဲ။

၎။ ရှေ့မှာ ပိုကောင်းတဲ့ လမ်းကို ရှာပါ။
-----------------------------------------

ပြီးခဲ့နည်းလမ်းတွေဟာ အရှုံးကြောင့် ဖြစ်တဲ့ နာကျင်မှုတွေကို
သက်သာစေဖို့ ကျနော့်ကို ကူညီပေးခဲ့တယ်။ ကျနော့်ရဲ့ အပြုသဘောဆောင်တဲ့ အတွေးအမြင်တွေကို ပြန်လည်ရရှိလာစေ
ခဲ့တယ်။ ဒီနောက်ဆုံး နည်းလမ်းကတော့ ရှေ့ကို နောက်တစ်ကြိမ် ဆက်လှမ်းနိုင်ဖို့ အားဖြည့်ပေးမယ့် လောင်စာပါပဲ။
အဲဒီအတွက် ကျနော့်ကိုယ်ကျနော် မေးတဲ့ မေးခွန်းတွေကတော့ -
အခု ဖြစ်ခဲ့တဲ့ အရာကနေ ငါ ဘာကို သိလိုက်သလဲ?
နောက်တစ်ကြိမ်မှာ ငါ ဘယ်လိုမျိုး မတူအောင် လုပ်မလဲ?
ဒီကနေ့ ရှေ့ဆက်လှမ်းနိုင်ဖို့ ငါလုပ်နိုင်တဲ့ ပထမခြေလှမ်းက ဘာလဲ?
ရှုံးနိမ့်မှုကနေ သင် သိရှိနိုင်တဲ့အရာတွေ၊ ပြီးတော့ ရှေ့ဆက်လှမ်းနိုင်ဖို့
သင် လုပ်နိုင်တဲ့အရာတွေဟာ တစ်ခုမကဘူးဆိုတာကို သင် တွေ့ရပါလိမ့်မယ်။

Your Life Success Blog
#copy_by;နည်းစနစ်ကျကျအတွေးအခေါ်

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။