အဆိုတော် တင်ဇာမော်၏ ငယ်ဘ၀ ဖြတ်သန်းရာ
တေးသီချင်းများနဲ့ ပရိသတ်များကို ဖမ်းစားနိုင်တဲ့ ဂီတအနုပညာရှင်တွေအတွက် တစ်ကိုယ်တော် ဖျော်ဖြေပွဲပြုလုပ်နိုင်ခြင်းက အိပ်မက်တစ်ခုဖြစ်သလို ဘ၀ရဲ့အထင်ကရ မှတ်တိုင်တစ်ခုလို့လည်း ဆိုနိုင်ပါတယ်။ ဒီလို ဂီတအနုပညာရှင်တွေထဲကမှ ပရိသတ်တွေနဲ့နှစ်အတန်ကြာ ဝေးကွာခဲ့ပြီးချိန်မှာ ပထမဆုံး တစ်ကိုယ်တော်ဖျော်ဖြေပွဲအဖြစ် အသက်(၄၀)ပြည့် မွေးနေ့မှာ ကျင်းပခဲ့ပြီး စစ်မှန်တဲ့ အနုပညာရှင်တစ်ဦးအဖြစ် သက်သေထူနိုင်ခဲ့သူ အဆိုတော် တင်ဇာမော်ပဲဖြစ်ပါတယ်။
အဆိုတော် တင်ဇာမော်ကို ဖေဖော်ဝါရီ ၇ ရက် ၁၉၇၆ ခုနှစ်မှာ ဦးအောင်မိုးနဲ့ ဒေါ်သန်းသန်းနွယ်တို့က တစ်ဦးတည်းသော သမီးအဖြစ် ရန်ကုန်မြို့မှာ မွေးဖွားခဲ့ပါတယ်။ “ငယ်ငယ်က အရမ်းအေးတယ်လို့ပြောတယ်။ ပြုံးပြုံးနဲ့ပဲ အမြဲနေတယ်။သီချင်းတွေကိုတော့ ငယ်ငယ်ကတည်းက ကြိုက်တတ်တာ။ သီချင်းသံကြားရင် လူက လှုပ်စိလှုပ်စိ ဖြစ်နေတတ်တယ်လို့ မေမေတို့က အမြဲပြောပြတယ်” လို့ တင်ဇာမော်က အမှတ်တရ ဆိုပါတယ်။
ကျောင်းပညာရေး အနေနဲ့ မူလတန်းနဲ့ အလယ်တန်းကျောင်းတွေကိုတော့ ကျောက်တန်းမှာ တက်ရောက်ခဲ့ရပြီး ၈ တန်းကနေ တက္ကသိုလ်ဝင်တန်းအထိကို အ.ထ.က (၅) ဗိုလ်တထောင်မှာ တက်ရောက်ခဲ့ပါတယ်။
တက္ကသိုလ်ဝင်တန်းကို ဂုဏ်ထူး နှစ်ဘာသာနဲ့ အောင်မြင်ခဲ့ပြီး ငယ်စဉ်ကတည်းက ၀ါသနာပါခဲ့တဲ့ အင်္ဂလိပ်ဘာသာအထူးပြုနဲ့ ဘွဲ့ရရှိခဲ့တယ်လို့ သိရပါတယ်။ ကျောင်းနေစဉ် တစ်လျှောက်လုံးမှာ သီချင်းတွေကို ကြိုက်တတ် ခံစားတတ်ခဲ့ပေမယ့် ကျောင်းကပွဲတွေ အပါအ၀င် အနုပညာလှုပ်ရှားမှုတွေမှာ မိဘတွေရဲ့ခွင့်မပြုမှုကြောင့် ပါဝင်ခွင့်မရခဲ့ဘူးလို့ ဆိုပါတယ်။
အဆိုတော် တင်ဇာမော်ရဲ့ ပထမဆုံး ဂီတခြေလှမ်းက ဦးစောနု အဆိုပြိုင်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်ခဲ့ခြင်းပါ။ မိန်းကလေးပြိုင်ပွဲဝင်တွေထဲမှာ တင်ဇာမော်က ပထမရခဲ့သလို အဆိုတော် စည်သူလွင်ကတော့ အမျိုးသားပြိုင်ပွဲဝင်တွေထဲမှာ ပထမရခဲ့ပါတယ်။ အဲဒီကနေ တစ်ကိုယ်တော် စီးရီးသွင်းနိုင်ဖို့အတွက် ပိုက်ဆံစုရသလို အတွေ့အကြုံများစွာလည်း စုဆောင်းခဲ့ရတယ်လို့ ဆိုပါတယ်။ ဒီနောက်မှာတော့ စွဲလမ်းမှု ပြဿနာအပါအ၀င် တစ်ကိုယ်တော် တေးစီးရီး လေးခွေ ထွက်ရှိနိုင်ခဲ့ပါတယ်။
အသက် ၂၅ နှစ်အရွယ်မှာတော့ အဆိုတော် တင်ဇာမော်က ဒီဇိုင်းမျိုးဆွေသန်းနဲ့ အိမ်ထောင်ပြုခဲ့ပြီး သားလေးတစ်ယောက် မွေးဖွားခဲ့ပါတယ်။ အိမ်ထောင်ပြုပြီးနောက်ပိုင်းမှာလည်း တစ်ကိုယ်တော် တေးစီးရီးသုံးခွေ ထွက်ရှိနိုင်ခဲ့ပြီး အိမ်ထောင်ဖက်နဲ့ သဘောထားချင်း မတိုက်ဆိုင်တာကြောင့် ကွဲကွာခဲ့ပါတယ်။ ဒီနောက်မှာတော့ ဒုတိယ အိမ်ထောင်ဖြစ်တဲ့ ကိုမိုက်ကယ်နဲ့ဘ၀တစ်ခု ထူထောင်ခဲ့ကြပါတယ်။ ဒုတိယအိမ်ထောင်နဲ့အတူ အင်္ဂလန်နိုင်ငံကို လိုက်ပါသွားခဲ့ပြီး သူချစ်မြတ်နိုးတဲ့ အနုပညာအလုပ်တွေကို ရှစ်နှစ်လောက် စွန့်ခွာထားခဲ့သူပါ။
မတင်ဇာမော်က သူ့ဘ၀ရဲ့အချိုးအကွေ့တွေနဲ့ ပတ်သက်လို့လည်း “အိမ်ထောင်ပြုလိုက်တာက ဘ၀မှာ အများကြီးပြောင်းလဲစေပါတယ်။ ပထမအိမ်ထောင်ပြုပြီးတဲ့
အချိန်မှာ အနုပညာအလုပ်တွေ ဆက်လုပ်တယ်။ ဒါပေမဲ့ စိတ်သဘောချင်း မတိုက်ဆိုင်လို့ ကွဲကွာပြီးနောက် ဒုတိယအိမ်ထောင်ပြုတဲ့အခါ ကိုယ်ချစ်မြတ်နိုးရတဲ့ အနုပညာအလုပ်တွေကို စွန့်ထားခဲ့ရတယ်ပေါ့။ ဒါပေမဲ့ ပရိသတ်နဲ့တော့ စိမ်းမသွားပါဘူး။ တတ်နိုင်သလောက် ပြန်လာခွင့်ရတဲ့ အချိန်လေးမှာ အနုပညာအလုပ်တွေလုပ်တယ်။ အဲဒါလေးကပဲ ကျွန်မအတွက် စိတ်အဆာပြေသလို ပရိသတ်တွေလည်း ကျေနပ်စေမယ်လို့ ယုံကြည်ပါတယ်” လို့ပြောပြခဲ့ပါတယ်။
လက်ရှိမှာတော့ ဒုတိယအိမ်ထောင်နဲ့ သမီးလေးတစ်ယောက် မွေးဖွားထားပြီး သားဖြစ်သူ၊ သမီးဖြစ်သူတို့နဲ့အတူ ပျော်ရွှင်အောင်မြင်တဲ့ မိသားစုဘ၀လေးကို တည်ဆောက် ဖန်တီးထားပါတယ်။ မိသားစုဘ၀ ရဲ့အဓိပ္ပာယ်ပေါ် ခံယူထားမှုနဲ့ ပတ်သက်လို့ “မိသားစုဆိုတာကတော့ တစ်ဦးအပေါ်တစ်ဦး ရင်းနှီးနွေးထွေးပြီး သစ္စာရှိရှိ၊ တိုင်တိုင်ပင်ပင်၊ ယုံကြည်မှုနဲ့ တည်ဆောက်ရတာမျိုးပါ။ သားသမီးတွေကိုလည်းနွေးထွေးတဲ့ မေတ္တာ ပေးရသလို သူတို့နားလည်ဖို့ကိုလည်း စကားတွေ အများကြီးပြောပြပေးတယ်။ အဲဒီလိုပဲ တည်ဆောက်ထားတာပါ” လို့တင်ဇာမော်က ဆိုပါတယ်။
တင်ဇာမော်နဲ့ခင်ပွန်းဖြစ်သူတို့က ကွဲကွာခဲ့ပြီးတဲ့အိမ်ထောင်ဖက် ကိုမျိုးဆွေသန်းနဲ့ ရင်းနှီးနွေးထွေးတဲ့ အပြန်အလှန် ဆက်ဆံရေးမျိုး တည်ဆောက်ထားနိုင်ကြသူတွေပါ။ အဲဒါနဲ့ပတ်သက်လို့လည်း “ဘ၀ဆိုတာ တွေ့ဆုံကြုံကွဲပဲလေ။ သဘောထားချင်း တိုက်ဆိုင်တုန်းက လက်တွဲခဲ့ပြီး မတိုက်ဆိုင်ကြတဲ့အချိန်မှာ ကွဲကွာခဲ့ကြတယ်။ သူ့အပေါ်ရှိခဲ့တဲ့ အပြစ်တွေကိုလည်း ခွင့်လွှတ်စေချင်သလို ကိုယ့်အပေါ်ရှိခဲ့တဲ့ အပြစ်တွေကိုလည်း ခွင့်လွှတ်တယ်။ အငြှိုးအတေး မရှိဘူး။ ကျွန်မတို့ နှစ်ယောက်လုံးရဲ့ အိမ်ထောင်ဖက်တွေလည်း သဘောထား ပြည့်ဝသူတွေ ဖြစ်တဲ့အခါ ကျွန်မတို့ ကံကောင်းတာပေါ့နော်” လို့ မတင်ဇာမော်က ပွင့်ပွင့်လင်းလင်း ဆိုခဲ့ပါတယ်။
တင်ဇာမော်က ၂၀၁၆ ဖေဖော်ဝါရီ ၇ ရက်မှာ ကျရောက်တဲ့ နှစ်(၄၀)ပြည့်မွေးနေ့ အမှတ်တရအနေနဲ့ တစ်ကိုယ်တော် ဖျော်ဖြေပွဲကို ဖေဖော်ဝါရီ ၆ ရက်မှာ ပြုလုပ်ခဲ့ပါတယ်။ အောင်မြင်တဲ့ တစ်ကိုယ်တော်ပွဲအဖြစ် ပရိသတ်တွေကြားမှာသာမက အနုပညာရှင်တွေကြားမှာပါ စိုက်ထူနိုင်ခဲ့သလို တစ်ကိုယ်တော်ပွဲက ရရှိလာတဲ့ အကျိုးအမြတ်နဲ့ ဆုငွေအားလုံးကို ပရဟိတလုပ်ငန်းအတွက် ပါဝင်လှူဒါန်းခဲ့တာကြောင့် ဘ၀အတွက် ထူးခြားတဲ့ မှတ်တိုင်တစ်ခု တည်ဆောက်နိုင်ခဲ့တယ်လို့ ဆိုရမှာပါ။ မတ် ၂၆ ရက်မှာလည်း မန္တလေးမြို့မှာ တစ်ကိုယ်တော်ပွဲတစ်ပွဲကို မတင်ဇာမော်က ထပ်မံပြုလုပ်သွားဖို့ စီစဉ်နေပါတယ်။ မြန်မာနိုင်ငံမှာ ခေတ္တလာရောက် နေထိုင်စဉ်အတွင်း အနုပညာလုပ်ငန်းတွေ၊ ပရဟိတလုပ်ငန်းတွေနဲ့ မအားလပ်နိုင်အောင် ရှိနေသူ မတင်ဇာမော်က မေလမှာတော့
မိသားစုရှိရာ အင်္ဂလန်နိုင်ငံကို ပြန်ဖို့ စီစဉ်ထားပါတယ်။ ဘ၀ကိုရိုးရှင်းတဲ့ခံယူချက်၊ ခိုင်မာတဲ့ ဆုံးဖြတ်ချက်တွေနဲ့ ဖြတ်သန်းနေတဲ့ မတင်ဇာမော်က ဘ၀မှာ ဘယ်ပြဿနာကိုမှ အကြာကြီး စိတ်ထဲမှာ သိမ်းမထားဘူး။
အတတ်နိုင်ဆုံး အကောင်းဆုံး ဖြေရှင်းနိုင်ဖို့တော့ အမြဲစဉ်းစားပါတယ်လို့ ဆိုပါတယ်။ အနုပညာအလုပ်နဲ့ ပတ်သက်လို့လည်း ပရိသတ်တွေ ဆိုခွင့်ပေးနေသရွေ့၊ ကိုယ်တိုင်ဆိုနိုင်သရွေ့ ဂီတအလုပ်တွေကို ဆက်လက် လုပ်ကိုင်သွားပါမယ်လို့လည်း သတင်းစကား ပါးခဲ့ပါသေးတယ်။
Writer:
လင်းလင်းခိုင် Eleven Media Group
တင်ဇာမော်ရဲ့သီချင်းများကို အွန်လိုင်းပေါ်ကနေ ရသလောက်ရှာဖွေပေးလိုက်ပါတယ်။ မူလတင်ထားသူတွေကိုလည်း ကျေးဇူးတင်ပါတယ်။
ဤသီချင်းများကို ဂီတမြတ်နိုးသူ အချင်းချင်း အခမဲ့ မျှဝေခံစားခြင်း ဖြစ်ပါသည်။
မူရင်း ပိုင်ရှင်များကို နစ်နာလိုစိတ် အလျဉ်း မရှိပါ။ ကျေးဇူး အထူးတင် လေးစားပါသည်။
သီချင်းများကို နှစ်သက်လျှင် မူရင်း ခွေများကို ဝယ်ယူ အားပေးခြင်းဖြင့် ဂုဏ်ယူပါ ခင်ဗျားးးး
စွဲလမ်းမှုပြဿနာ http://www.mediafire.com/?hm4u656fteodbjl
ကြယ်စင်လိုအချစ်များ http://phyuniwarpyar.blogspot.com/2015/09/blog-post_58.html…
Metal Zone http://phyuniwarpyar.blogspot.com/2015/09/metal-zone.html…
ကြင်နာသူနှစ်ဦးဆုံနိုင်ရင် http://phyuniwarpyar.blogspot.com/2015/09/blog-post_0.html…
တင်ဇာမော်ရဲ့တင်ဇာမော် http://phyuniwarpyar.blogspot.com/2015/09/blog-post_68.html…
အချစ်ကျောင်းသူ http://phyuniwarpyar.blogspot.com/2015/09/blog-post_18.html…
သုံးယောက်စကား ထွန်းအိန္ဒြာဗို မဒီ တင်ဇာမော် http://phyuniwarpyar.blogspot.com/2015/08/blog-post_7.html…
မြစ်နှစ်စင်းရဲ့ပင်လယ် + နွဲ့ယဉ်ဝင်း http://phyuniwarpyar.blogspot.com/2015/07/blog-post_83.html…
http://www.mediafire.com/?uoc7xxfec90zuaj တင်ဇာမော် ချောစုခင် စိတ်ကူးယဉ်သင်္ချာ
အချစ်ရဲ့ဆု + R ဇာနည် http://www.mediafire.com/?2y5zhyzaamm
ဟယ်ရီလင်း ရင်ဂို တင်ဇာမော် တစ်ခါက၁၆နှစ် http://pc.cd/POMrtalK
တင်ဇာမော် collections http://myanmarmp3album.com/2013/02/28/39621/
Title ; ကိုယ့်မွေးနေ့ (Single)
Vocal ; တင်ဇာမော်
Download ; http://www.mediafire.com/…/%E1%80%80%E1%80%AD%E1%80%AF%E1%8…
ဧည့်သည်
ဆို - တင်ဇာမော်
Download Mp3:https://my.pcloud.com/publink/show…

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။