ကမ္ဘာ့အချမ်းသာဆုံး ကိုယ့်ဒူးကိုယ်ချွန် အမျိုးသမီးများ (၂၀၁၆)
~*~*~*~*~*~*~*~*~*~*~*~*~* ~*~*~
ကမ္ဘာ့စီးပွားရေးလောကမှာ ကျားမခွဲခြားမှုရှိနေပေမယ့်၊
အကြံဥာဏ်ကောင်းနဲ့ ကြိုးစားအားထုတ်မှုကို အရင်းတည်ပြီး၊ ကမ္ဘာ့အချမ်းသာဆုံး
ဘီလျှံနာတွေဖြစ်လာတဲ့ ကိုယ့်ဒူးကိုယ်ချွန် အမျိုးသမီး ၃၃ ဦးရှိပါတယ်။
ဒီအရေအတွက်ဟာ ကမ္ဘာ့ဘီလီယံနာ (ဒေါ်လာသန်းထောင်ချီချမ်းသာသူ) စုစုပေါင်းရဲ့ ၂% ပဲရှိတာပါ။
တကယ်တော့ ကမ္ဘာ့ဘီလီယံနာစုစုပေါင်း ၁,၈၁၀ ထဲမှာ ၁၉၀ က အမျိုးသမီးတွေပါ။ ဒီ ၁၉၀ ထဲက အများစုဟာ ဖခင်၊ ဒါမှမဟုတ် ခင်ပွန်းသည်ဆီက အမွေရလို့ ချမ်းသာလာသူတွေပါ။ ဒါကြောင့် ကိုယ့်ဒူးကိုယ်ချွန် ကြီးပွားလာတဲ့ အမျိုးသမီး ၃၃ ယောက်ကတော့ အင်မတန်ထူးခြားသူတွေလို့ ဆိုရမှာပါ။
ကိုယ့်ကိုကိုယ် တည်ဆောက်ခဲ့တဲ့ ဒီအမျိုးသမီးတွေဟာ ကမ္ဘာတလွှားရှိ နိုင်ငံပေါင်း ၈ နိုင်ငံကနေ ပေါ်ထွက်လာတာပါ။ ဒီနိုင်ငံတွေကတော့ တရုတ်၊ ဟောင်ကောင်၊ ဂျာမဏီ၊ အီတလီ၊ ရုရှ၊ နိုင်ဂျီးယား၊ ယူကေနဲ့ ယူအက်စ်အေတို့ ဖြစ်ပါတယ်။ သူတို့ကျွမ်းကျင်တဲ့ နယ်ပယ်တွေထဲမှာ ကွန်ပြူတာအပျော့ထည်၊ သွေးစစ်ခြင်း၊ ဆောက်လုပ်ရေးနဲ့ အခြားနယ်ပယ်တွေ ပါဝင်ပါတယ်။ သူတို့တည်ထောင်ခဲ့တဲ့ ကုန်အမှတ်တံဆိပ် (Brand Name) တွေထဲမှာ အီးဘေး (eBay)၊ ဂပ်ပ် (Gap) နဲ့ စပဲန်ခ်စ် (Spanx) တို့ ပါဝင်ပါတယ်။
နံပါတ်တစ်အချမ်းသာဆုံး ကိုယ့်ဒူးကိုယ်ချွန် အမျိုးသမီး ချူကွမ်ဖေး (Zhou Qunfei) ဟာ ဒေါ်လာ ၅.၉ ဘီလီယံ ချမ်းသာပါတယ်။ သူမဟာ ဆင်းရဲတဲ့ တရုတ်ကျေးလက်ဒေသမှာ မွေးဖွားကြီးပြင်းသူဖြစ်ပြီး၊
ရှင်းကျင့်မြို့ကို စက်ရုံအလုပ်သမားအဖြစ် ပြောင်းရွေ့ခဲ့ပါတယ်။
မှန်ချက်လုပ်ငန်းကရတဲ့ အတွေ့အကြုံကြောင့် အမြတ်အစွမ်းကြီးမယ့် ထိမှန်
(touchscreen) ဈေးကွက်ကို မြင်နိုင်ခဲ့ပြီး လန်းစ်တက်ခနော်လော်ဂျီ (Lens
Technology) ကုမ္ပဏီကို တည်ထောင်ခဲ့ပါတယ်။ ဒီကုမ္ပဏီက အဲပ်ပဲလဲနဲ့
ဆမ်ဆောင်းအတွက် မိုလ်ဘိုင်းဖုန်းနဲ့ တက်ဘလက်တွေမှာ သုံးတဲ့ ထိမှန်တွေကို
ထုတ်လုပ်ပါတယ်။ "ထိမှန်ဘုရင်မ" လို့ နာမည်အပေးခံရတဲ့ ချူကွမ်ဖေးဟာ သူမရဲ့
ဟောင်ကောင်အခြေစိုက်ကုမ္ပဏီကို ၂၀၁၅ မတ်လမှာ ရှယ်ယာဈေးကွက်တင်ရောင်းချခဲ့ပါတယ်။ သူမက ရှယ်ယာစုစုပေါင်းရဲ့ ၈၈% ကို ပိုင်ပါတယ်။ သူမရဲ့ ကုမ္ပဏီက လူပေါင်း ၆၀,၀၀၀ ကျော်ကို အလုပ်ပေးထားပါတယ်။
ဒုတိယအချမ်းသာဆုံး အမျိုးသမီးကလည်း တရုတ်ကပါပဲ။ သူ့နာမည်က ချန်လိုင်ဝ။ သူ့ကြွယ်ဝမှုက ဒေါ်လာ ၅.၂ ဘီလီယံ။ သူပိုင်တာက ဖူဝါအင်တာနေရှင်နယ်လုပ်ငန်း စုကုမ္ပဏီ။ ဒီကုမ္ပဏီဟာ ပီကင်းအခြေစိုက် အိမ်ယာမြေရင်းနှီးမြုပ်မှုကု မ္ပဏီပါ။ လောလောဆယ်မှာ နယူးဇီလန်နိုင်ငံက ဝယ်လင်တန်နိုင်ငံတကာလေဆိပ်ပ ရောဂျက်နဲ့ အောက်ကလန်ရှိ ပါ့ခ်ဟိုက်ဟိုတယ်ပရောဂျက်တွေကို လုပ်ကိုင်ဆောင်ရွက်နေပါတယ်။ နေ့စဉ်စီမံခန့်ခွဲမှုကိုတော့
သူမရဲ့သားက အဓိက ဆောင်ရွက်နေတာဖြစ်ပြီး၊ သူမကိုယ်တိုင်ကတော့
ချိုင်းနားရက်ဆန်ဒယ်လ်ဝုဒ် (China Red Sandalwood) ပြတိုက်ကို
စိတ်အားထက်ထက်သန်သန် ထူထောင်နေပါတယ်။ ဒီပြတိုက်ဟာ တရုတ်ပြည်
ပုဂ္ဂလိကပိုင်ပြတိုက်တွေထဲက အကြီးဆုံးတခုပါ။
ကိုယ့်ဒူးကိုယ်ချွန် ကမ္ဘာ့တတိယအချမ်းသာဆုံး အမျိုးသမီးကတော့ ဒိုင်ယန်ဟန်းဒရစ် (Diane Hendricks) ဖြစ်ပါတယ်။ သူမဟာ အမေရိကန်နိုင်ငံ၊ ဝက်စ်ကွန်စင်အခြေစိုက် အေဘီစီဆပ်ပလိုင်း (ABC Supply) ကုမ္ပဏီကို ကွယ်လွန်သွားရှာပြီဖြစ်တဲ့ ခင်ပွန်းသည်နဲ့အတူ ၁၉၈၂ မှာ ပူးတွဲထူထောင်ခဲ့ပါတယ်။ အိမ်ယာဈေးကွက်ပျက်နေတဲ့ အချိန်မှာတောင် သူမဦးဆောင်တဲ့ကုမ္ပဏီဟာ အိမ်အမိုးနဲ့ ဆောက်လုပ်ရေးပစ္စည်းတွေကို နှစ်ဆတိုးရောင်းချနိုင်ခဲ့ပါတယ်။
၂၀၁၀ မှာ အကြီးဆုံးပြိုင်ဖက်ကုမ္ပဏီ "ဘရက်ဒ်ကိုဆပ်ပလိုင်း" ကို
ဦးဆောင်ဝယ်ယူခဲ့ပါတယ်။ သူမရဲ့ ချမ်းသာကြွယ်ဝမှုအစုစုဟာ ဒေါ်လာ ၅.၁ ဘီလီယံ
ရှိပါတယ်။
Ref: The Richest Self-made Women In The World 2016, Forbes website, 2 March 2016
Credit-W&A Business and Finance
~*~*~*~*~*~*~*~*~*~*~*~*~*
ကမ္ဘာ့စီးပွားရေးလောကမှာ ကျားမခွဲခြားမှုရှိနေပေမယ့်၊
တကယ်တော့ ကမ္ဘာ့ဘီလီယံနာစုစုပေါင်း ၁,၈၁၀ ထဲမှာ ၁၉၀ က အမျိုးသမီးတွေပါ။ ဒီ ၁၉၀ ထဲက အများစုဟာ ဖခင်၊ ဒါမှမဟုတ် ခင်ပွန်းသည်ဆီက အမွေရလို့ ချမ်းသာလာသူတွေပါ။ ဒါကြောင့် ကိုယ့်ဒူးကိုယ်ချွန် ကြီးပွားလာတဲ့ အမျိုးသမီး ၃၃ ယောက်ကတော့ အင်မတန်ထူးခြားသူတွေလို့ ဆိုရမှာပါ။
ကိုယ့်ကိုကိုယ် တည်ဆောက်ခဲ့တဲ့ ဒီအမျိုးသမီးတွေဟာ ကမ္ဘာတလွှားရှိ နိုင်ငံပေါင်း ၈ နိုင်ငံကနေ ပေါ်ထွက်လာတာပါ။ ဒီနိုင်ငံတွေကတော့ တရုတ်၊ ဟောင်ကောင်၊ ဂျာမဏီ၊ အီတလီ၊ ရုရှ၊ နိုင်ဂျီးယား၊ ယူကေနဲ့ ယူအက်စ်အေတို့ ဖြစ်ပါတယ်။ သူတို့ကျွမ်းကျင်တဲ့ နယ်ပယ်တွေထဲမှာ ကွန်ပြူတာအပျော့ထည်၊ သွေးစစ်ခြင်း၊ ဆောက်လုပ်ရေးနဲ့ အခြားနယ်ပယ်တွေ ပါဝင်ပါတယ်။ သူတို့တည်ထောင်ခဲ့တဲ့ ကုန်အမှတ်တံဆိပ် (Brand Name) တွေထဲမှာ အီးဘေး (eBay)၊ ဂပ်ပ် (Gap) နဲ့ စပဲန်ခ်စ် (Spanx) တို့ ပါဝင်ပါတယ်။
နံပါတ်တစ်အချမ်းသာဆုံး ကိုယ့်ဒူးကိုယ်ချွန် အမျိုးသမီး ချူကွမ်ဖေး (Zhou Qunfei) ဟာ ဒေါ်လာ ၅.၉ ဘီလီယံ ချမ်းသာပါတယ်။ သူမဟာ ဆင်းရဲတဲ့ တရုတ်ကျေးလက်ဒေသမှာ မွေးဖွားကြီးပြင်းသူဖြစ်ပြီ
ဒုတိယအချမ်းသာဆုံး အမျိုးသမီးကလည်း တရုတ်ကပါပဲ။ သူ့နာမည်က ချန်လိုင်ဝ။ သူ့ကြွယ်ဝမှုက ဒေါ်လာ ၅.၂ ဘီလီယံ။ သူပိုင်တာက ဖူဝါအင်တာနေရှင်နယ်လုပ်ငန်း
ကိုယ့်ဒူးကိုယ်ချွန် ကမ္ဘာ့တတိယအချမ်းသာဆုံး အမျိုးသမီးကတော့ ဒိုင်ယန်ဟန်းဒရစ် (Diane Hendricks) ဖြစ်ပါတယ်။ သူမဟာ အမေရိကန်နိုင်ငံ၊ ဝက်စ်ကွန်စင်အခြေစိုက် အေဘီစီဆပ်ပလိုင်း (ABC Supply) ကုမ္ပဏီကို ကွယ်လွန်သွားရှာပြီဖြစ်တဲ့ ခင်ပွန်းသည်နဲ့အတူ ၁၉၈၂ မှာ ပူးတွဲထူထောင်ခဲ့ပါတယ်။ အိမ်ယာဈေးကွက်ပျက်နေတဲ့ အချိန်မှာတောင် သူမဦးဆောင်တဲ့ကုမ္ပဏီဟာ အိမ်အမိုးနဲ့ ဆောက်လုပ်ရေးပစ္စည်းတွေကို နှစ်ဆတိုးရောင်းချနိုင်ခဲ့ပ
Ref: The Richest Self-made Women In The World 2016, Forbes website, 2 March 2016
Credit-W&A Business and Finance

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။