Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ BobbySoxer Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HTDTunYin&ဟသာင်္တထွန်းရင် HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JMe&ဂျေးမီ JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း KKT&ကေကေတီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LDKyaw&L.ဒီကျော် LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MaNaw&မနော Madi&မဒီ Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NO&နိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PanYaungChel&ပန်းရောင်ခြယ် PannEiPhyu&ပန်းအိဖြူ Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SiThuLwin&စည်သူလွင် SiYan&စီယံ SinPauk&ဆင်ပေါက် SithuWin&စည်သူဝင်း Snare SoTay&ဆိုတေး SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SuNit&ဆူးနစ် SungTinPar&ဆုန်သင်းပါရ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TinZarMaw&တင်ဇာမော် TintTintTun&တင့်တင့်ထွန်း TuTu&တူးတူး TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း V.NoTun&V.နိုထွန်း WaNa&ဝန WaiLa&ဝေလ WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး XGALZ Xbox Y-Zet YY&၀ိုင်ဝိုင်း YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YuZaNa&ယုဇန YummyRookie Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့် khinMgHtoo&ခင်မောင်ထူး
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Monday, March 7, 2016

မြန်မာ့ဓားအကြောင်း သိကောင်းစရာ (သို့မဟုတ်) ရာဇဝင်ထဲက ငှက်ကြီးတောင်ဓား

မြန်မာ့ဓားအကြောင်း သိကောင်းစရာ (သို့မဟုတ်) ရာဇဝင်ထဲက ငှက်ကြီးတောင်ဓား
ဓါး ပုံစံမှာ အရင်းတွင် လက်နှစ်သစ်သာရှိ၍
အဖျားတွင် လက်သုံးသစ်မှ လက်လေးသစ်ခန့် ရှိသည်။ ငှက် အတောင်ကဲ့သို့ အရင်းမှ အဖျားဘက်သို့ ကော့ပြီး တက်သွားသောကြောင့် ငှက်ကြီးတောင်ဟု ခေါ်ဆိုခြင်းဖြစ်သည်။

ခုတ်ဓါးလိုလည်း သုံးနိုင်သည်။ ထိုးဓါးလိုလည်း သုံးနိုင်သည်။ ပိုင်းဓါးလိုလည်း သုံးနိုင်သည်။ ပေါက်ဓါးလိုလည်း သုံးနိုင်သည်။
ဓါးအရှည်
ဓါး အရှည် မှာ အသွား တတောင့်၊ တထွာ၊ တစ်မိုက် (၃၃ လက်မခန့်)၊ အရိုး တထွာ (၁၀ လက်မခန့်) ရှိ သည်။

ဓါးရိုး(ဓါးနှောင့်)
ဓါး တလက် ၏ အသက်မှာ ဓါးရိုးဖြစ်သည်။ ဓါးသွားကောင်းပြီး ဓါးရိုး မကောင်းပါက ဓါးကျွတ် ထွက်သွား မည် ဖြစ်သည်။ ဓါးရိုးကို ကြေး၊ ငွေ၊ ရွှေ မိမိတို့ ကြိုက်နှစ်သက်သလို ပြုလုပ်ကြသည်။
လက်ကိုင် မကျွတ်ထွက်စေရန် ဓါးရိုး သံကို ဓါးနှောင့်နှင့် မြဲအောင် တခါထဲ သက်ရိုက်ထားသည်။

ဓါး လက်ကိုင်

(ဓါးရိုး) ၏ အဆုံးတွင် ရွှေ၊ ငွေ၊ မိုးကြိုးသွား တို့ဖြင့် ပြုလုပ်ထားသော ငယ် ဟုခေါ်သည့် ဘုချွန်လေး ရှိသည်။ ဓါးပြီး၊ တုတ်ပြီးသော သူများအား ထို ငယ်ဖြင့် ထုရိုက်ပါက သေလေသည်။
ဓါးကောင်း သတ်မှတ်ပုံ
ဓါး ၏ အလေးချိန်မှာ အတိအကျ မရှိသော်လည်း ဓါး အလယ်မှ ကိုင်ကာ လက်ဖ၀ါးပေါ် တင်ပါက ငြိမ်နေရမည်။ အရှေ့ဘက် ကို ညွတ်ကျပါက ဦးလေးသော ဓါးဖြစ်ပြီး၊ အနောက်ဘက်ကို
ညွတ်ပါက ဓါးနှောင့်လေးသော ဓါးဖြစ် သည်။

ထိုသို့သော ဓါးမျိုးများသည် ဓါးကောင်း စာရင်း မ၀င်ပါ။ အရှေ့နောက် မညွတ်ဘဲ ငြိမ်နေသည့် ဓါးမျိုးမှ ဓါးကောင်းစာရင်းဝင်သည်။ မြန်မာ သမိုင်းကြောင်း တလျှောက် ငှက်ကြီးတောင် ဓါးရဲ့ အစွမ်းကို ရန်သူတိုင်းက လေးစားခဲ့ရသည်။
မြန်မာ့သမိုင်းတွင် သုံးခဲ့သောဓါးများ
မင်းကြီးရန်နောင်၏ ယိမ်းနွဲ့ပါးဓါး
(ရဟန်းသံဃာတော်များကို သတ်ဖြတ်သည့် သိုဟန်ဘွား၏ ခေါင်းဆေးမင်္ဂလာပွဲတွင် သိုဟန်ဘွားကို ခုတ်ရာ ဦးခေါင်းနှင့်တကွ ခင်းထားသည့် ၀ါးပိုးဝါး ကြမ်းခင်းမှ ၀ါး ၅လုံးပါ ပြတ်သည်) *
ရွှေဓါးဗိုလ်၏ ကိုးသချို င်္င်း သံဓါး (ဓါး ဓါးချင်း ခုတ်လျှင် ရန်သူ့ဓါး ထက်ပိုင်းပြတ်သည်။) *
ဒွတ္တပေါင်မင်းကြီး၏ ဓါး (တစ်ချက်ထဲနှင့် နွားလည်ပင်း အကွင်းလိုက် ပြတ်သည်။) *
စစ်ကိုင်းမင်း အသင်္ခယာစောယွန်း ၏ ညိုရောင်ဓါး (ဆင်လည်ပင်းကို ပြတ်သည်။) *
ပထမ မင်းခေါင်(မင်းဆွေ)၏ စိန်သွားရောင်ဓါး (နှစ်မိုက်ခန့်ရှိသော ငွေတုံးကို ပြတ်သည်။) *
ဗျည်းနွဲ့၏ဓါး (ကျောက်ထု တစ်တောင်ကို ပြတ်သည်။) *
မက္ခရာမင်းသားကြီး၏ မက္ခရာဓါး (ဓါး ဓါးခြင်း ခုတ်လျှင် ရန်သူ့ဓါးထက်ပိုင်း ပြတ်သည်။)
ငှက်ကြီးတောင်ဓါးဖြင့် ကစားရသော ဓါးသိုင်းပညာရပ်များတွင် ဓားကြီး (၄)ပါး နှင့် ဓားစုံ (၁၀)ချင်းသည် ၃၇ ချင်း၏ အခြေခံဓားကွက်များ ဖြစ်ကြသည်။ ၃၇-ချင်းဟုသာ ဆိုသော်လည်း ဓားရေး တစ်ချင်းလျှင် အပိုဒ်ခွဲပေါင်းများစွာ ပါဝင်နေပါသည်။ ၃၇-ချင်းဓားတွင် ဓားကွက်များမှာ မျက်နှာအနီး၊လည်ပင်းအနီး စသည်ဖြင့် ပွတ်ကာ သီကာ ကစားရသောအကွက်များ ၊ ဘယ်နှင့်ညာ တပြိုင်နက်တည်းမှာပင် မတူညီသော ဓားကွက်များ ပါဝင်သည်။ မြန်မာမင်းများလက်ထက်တွင် ဓါးရေး ၃၇ ချင်း တတ်မှသာ တပ်မှူးအဖြစ် လည်းကောင်း၊ တပ်ဗိုလ်အဖြစ် လည်ကောင်း ခန့်အပ်သည်။
<>
မြန်မာမင်းများလက်ထက် ပြာသိုလ မြင်းခင်းသဘင်ပွဲတွင် ယှဉ်ပြိုင်ရသော ဓါးပြိုင်ပွဲများတွင် ဓါးရေး ၃၇ ချင်းဖြင့် အစွမ်းပြခဲ့ကြသည်။
ထိုဓါးရေး ၃၇ ချင်းမှာ………..
1. ဓားချီ
2. ဓားခင်း
3. မျက်နှာကာ
4. ဓားလှ
5. ဓားလျှိုး
6. မှောက်ထိုးရပ်
7. ရင်ခွဲ
8. အသားလှန်
9. ဓားခုတ်
10. ဇင်ယော်သုတ်
11. တဖက်ထိုး
12. ရှေ့လှည်း
13. နောက်လှည်း
14. ရွှေနှုတ်မြွက်ယာလှ
15. ရွှေနှုတ်မြွက်ဝဲလှ
16. စွန်သုတ်
17. ပါးကပ်
18. ပန်းကုံးဖြတ်
19. ဓားလွှင့်
20. ပန်းကုံးသီ၊
21. ဆက်ရက်ခုန်
22. မီးတိုင်ပြ
23. ပိုးချည်လွှား
24. သက်တင်ရေသောက်
25. ရွှေဘယက် လည်လျောက်
26. ဒေါင်းမြီးကာ
27. ကျားမြီးဆွဲ
28. ဓားရွက်
29. လက်ကောက်ဝတ်
30. မောင်းကပ်
31. ရွှေနှုတ်လည်လျောက်
32. နောက်လည်လျောက်
33. ဓားသွဲ့
34. ဓားပြ
35. တဖက်နှုတ်
36. နှစ်ဖက်နှုတ်
37. နောက်လှည့် တို့ဖြစ်ပါသည်။

တစ်ပုံချင်းစီ ထောက်ကြည့်ပေးပါ။ နောက်ဆုံး လက်ကျန် ဓားတစ်ချောင်းအကြောင်း ပါနေပါတယ်။
From Mandalaygazett
Credit. . . (မှတ်စုကြမ်း)

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။