Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Friday, March 11, 2016

ဖတ်နေရင်း မျက်ရေကျမိတယ်

ဖတ်နေရင်း မျက်ရေကျမိတယ်
ကျနော့သူငယ်ချင်းတွေကိုလဲ ဒီပို့စ်လေးကို အစအဆုံးဖတ်ပေးပါလို့ တောင်းဆိုပါရစေ။

၁၀.၃.၂၀၁၆ ဒီနေ့ညနေ ၅:၀၀ တိတိမှာ စည်ပင်ဝင်းထဲက စားရိပ်သာ (၄)ဆီ ကျမတို့ခေါင်းဆောင်ရောက်ရှိလာပါတယ်။ ဒီတစ်ခါတော့ပြုံးရွင်ချိုသာတဲ့ မျက်နှာလေးနဲ့ ပါ။ ရောက်ရောက်ချင်း " အားလုံးမင်္ဂလာပါ ဒီနေ့တော့ ကျမတို့ရဲ့ ကိုယ်စားလှယ်တွေကို မဆူပါဘူး" တဲ့ သူမတူအောင်ချိုသာတဲ့အပြုံးလေးနဲ့  စပြီးနှူတ်ဆက်တယ်လေ။ ကျမတို့ရင်ထဲ နေပူပူမှာလမင်းအစင်းတစ်ရာ သာသွားသလိုပါပဲရော။
ကျမတို့ရဲ့ ဥက္ကဌကဆက်ပြောတယ် ဒီလိုမဆူတာဘာ့ကြောင့်လဲဆိုတော့ မနက်ဖြန်မှာရွေးချယ်ရမယ့် မဲအတွက် စိတ်ဖိစီးမှုကင်းကင်းနဲ့ အမှားအယွင်း မရှိရအောင်ပါ တဲ့ ။မနက်ဖြန် ရွေးချယ်ရမယ့် နိုင်ငံ့သမ္မတဟာ ပါတီအတွက်လည်းမဟုတ်ဘူး ပြည်သူ့အတွက်ပါ နိုင်ငံ့အနာဂတ် အတွက်ပါတဲ့။ ကျမတို့ကိုပြည်သူက ယုံကြည်မှုနဲ့ အပ်နှင်းလိုက်တဲ့တာဝန်အတွက်
တာဝန်ကျေရမှာမို့  ပြည်သူ့ကိုယ်စားအစစအရာရာဂရုတစိုက်ဆောင်ရွက်ပေးပါတဲ့။ ပြီးတော့မနက်ဖြန် ပင်နီ ဝတ်စုံဖို့နဲ့ ပင်နီရဲ့  သမိုင်းကြောင်းကိုလည်း ရှင်းပြသွားပါတယ်။ ပင်နီဆိုတာ ကိုယ့်ကိုကိုယ် အားကိုးတဲ့ သင်္ကေတ၊ လွတ်လပ်ခြင်းရဲ့ သင်္ကေတ ၊ စိတ်ဓာတ်မာကျော အင်အားရှိခြင်းရဲ့ သင်္ကေတ ကိုယ့်တိုင်းပြည်ကိုချစ်မြတ်နိုးတဲ့သင်္ကေတ စသည်ဖြင့် အဓိပ္ပာယ်ပေါင်းများစွာ ဖွင့်ပြသွားပြီး ပြည်သူတွေက ပင်နီရောင်လွှမ်းနေတဲ့ မြင်ကွင်းကို မြင်ရရင် အင်မတန်မှအားတက်တယ် ဆိုပြီးလည်း ပြည်သူ့ရင်ထဲ ဘာတွေရှိတယ်ဆိုတာ သိထားတဲ့ကျမတို့ခေါင်းဆောင်က ပြောပါသေးတယ်။ဒီနေရာမှာစကားမစပ်
( ဒီလိုပြောနေတဲ့အချိန် လွှတ်တော်သက်တမ်းငါးနှစ်လုံးလုံး ပင်နီ တစ်မျိုးတည်းသာဝတ်ဖို့  ဆုံးဖြတ်ထားတဲ့ကျမရင်ထဲ ဖြစ်နေတဲ့ပီတိကို ပြောမပြတတ်တော့ဘူး။ )
လူထုခေါင်းဆောင်က ဆက်ပြောပါတယ်။ ဒါဆိုကျမက ဘာလို့ပင်နီ မဝတ်သလဲ လို့မေးစရာ ရှိပါတယ်တဲ့။
ပင်နီ ဆိုတာကျမတို့ပါတီရဲ့ ကိုယ်စားပြုဝတ်စုံပါ။ ကျမက ပါတီခေါင်းဆောင်တစ်ယောက်အနေနဲ့ပါတီကိုပဲကိုယ်စားပြုမှာမဟုတ်ဘဲ ပါတီဝင်မဟုတ်တဲ့ ပြည်သူအားလုံးကို ကိုယ်စားပြုတဲ့သဘောနဲ့  ပင်နီကို မဝတ်ရတာပါတဲ့။ ကျမတို့ကိုတော့ပင်နီဝတ်စေပြီး ဥက္ကဌကဘာလို့  ပင်နီ မဝတ်ရသလဲ လို့သိချင်သူများလည်း ကျေနပ်မယ်ထင်ပါတယ်။
ဒီနောက်တော့ ကျမတို့ရဲ့ သမ္မတလောင်း တွေကို ဘယ်လိုစံနှုန်းတွေနဲ့ ရွေးချယ်ခဲ့ရသလဲဆိုတာ ရှင်းပြပြီး ပြည်သူ့ထံ ပန်ကြားလွှာ တစ်စောင်ရေးကြောင်း နဲ့ ပြည်သူတွေကလည်း နားလည်လိမ့်မယ်လို့သူ ယုံကြည်ပါတယ်တဲ့ ။
ဘာလို့လဲဆိုတော့ နှစ်ပေါင်းသုံးဆယ် ပြည်သူနဲ့တသားတည်းနေခဲ့တဲ့အတွေ့အကြုံအရ ပြည်သူတွေကိုယုံကြည်တဲ့ အကြောင်းပြောပါတယ်။ ပြည်သူကိုမယုံကြည်ပဲနဲ့  ဒီမိုကရေစီကိုလုပ်လို့မရကြောင်းလည်းပြောလိုက်သေးတယ်။
ပြည်သူဟာ ရှင်းပြရင်နားလည်ပြီး အရေးကြီးတဲ့ အချိန်သွေးစည်းတဲ့ အကြောင်းလည်းပြောပြီးသူချစ်တဲ့ ပြည်သူတွေကို သူဘယ်လောက်ယုံကြည်ကြောင်း ပြသေးတယ်။ ပြည်သူတွေက ရွေးချယ်ပေးလို့ဒီနေရာ ကိုရောက်လာတဲ့အတွက် ဘာပဲလုပ်လုပ်ပြည်သူ့ကို ရှင်းပြရမှာဖြစ်တယ်လို့လည်းပြည်သူ့ခေါင်းဆောင်က ဆိုပါသေးတယ်။ ဒီနောက်တော့
ဒု သမ္မတ ဦးဟင်နရီ ဗန်ထီးယူ နဲ့ မိတ်ဆက်ပေးပါတယ်။ဒီအ ချိန်မှာ ကျမတို့ရဲ့ ဒု သမ္မတဘယ်မှာထိုင်နေသလဲ ဆိုပြီးရှာယူရပါတယ်။ ရိုးရှင်းလွန်းတဲ့ ချင်းအမျိုးသားကြီးဟာ အခန်းရဲ့
ဟိုး နောက်ဆုံးထောင့်မှာ ထိုင်နေတာပါ သူထိုင်နေတဲ့ နေရာ ဆီက လူထုခေါင်းဆောင်ဆီ လျှောက်လာတဲ့ တစ်ချိန်လုံး ကျမတို့အားလုံးသူ့ကို တိုင်ပင်မထားရဘဲနဲ့  လက်ခုပ်သံအရှည်ကြီးံနဲ့ကြိုဆိုလိုက်ကြပါတယ်။ အဖွဲ့ချုပ်ဥက္ကဌရှေ့ရောက်လာတဲ့ သူ့ကို ပြုံးပြီးကြည့်နေသူကတော့ ကျမတို့ရဲ့ အဓိပတိပေါ့။ ပြီးတော့ လက်ခုပ်သံများနဲ့ ကြိုဆိုလိုက်တဲ့ အတွက်သိပ်ဝမ်းသာတဲ့အကြောင်း ကျမတို့ရဲ့ ဥက္ကဌက ချီးကျူးးလိုက်ပါသေးတယ်။ ဒု သမ္မတလောင်းဟာ သစ္စာရှိစွာ တာဝန်ထမ်းပါမယ့် အကြောင်းကတိသစ္စာစကားဆိုပ်ါတယ်။
သူ့နေရာဆီ မပြန်ခင် အဖွဲ့ချုပ်ဥက္ကဌကို ဦးညွှတ် အရိုအသေပေးနေတဲ့ မြင်ကွင်းဟာ ကျမတို့ရဲ့ လက်ခုပ်သံတွေကို ဒုတိယအကြိမ်အကြာကြီးမြည်စေခဲ့ပြန်ပါတယ်။ ဆွေးနွေးပွဲနောက်ဆုံးပိုင်းမှာတော့
ကျမတို့ ကျန်းမာရေးကို ဒေါက်တာဇော်မြင့်မောင်က တာဝန်ယူဖို့  နဲ့ ဦးဝင်းထိန်ကလည်း ကျမတို့ကိုမဆူဖို့  မှာနေပါသေးတယ်။အဲဒီတဒင်္ဂဟာ ကျမတို့ရဲ့ ခေါင်းဆောင်ဆိုတာထက် အိမ်နဲ့ ဝေးနေတဲ့ ကျမတို့အားလုံးအတွက် မိခင်တစ်ယောက်နဲ့ တူနေတာ အမှန်ပဲ။ ကျမတို့အားလုံးလည်း ဒီနေ့အထူးပဲ ကျေနပ်နေကြပါတယ်။ ကျမတို့ရဲ့ ခေါင်းဆောင်နဲ့ တွေ့ရတဲ့ အခါတိုင်း အမြဲပဲ သံမဏိ မျက်နှာထားနဲ့  တင်းကျပ်သောစည်းကမ်းတွေကိုသာ ပြောဆို သွန်သင်နေတတ်တဲ့ သူမကို ပထမဆုံးအကြိမ် ဟာသလေးတွေပြောရင်း ကြည်လင်တဲ့မျက်နှာထားလေးနဲ့  ပြောဆိုခဲ့တဲ့ အတွက်တစ်ခါလေးပဲဖြစ်ဖြစ် လူသားများပီပီကျေနပ်တာတော့အမှန်ပဲ ။နောက်ထပ်တင်းကျပ်မယ့် သံမဏိစည်းမျဉ်း တွေကိုလည်းပန်းပွင့်တွေအလား ခံယူဖို့ အားတွေဖြစ်ရပါတယ်။ ခေါင်းဆောင်ပြောခဲ့တဲ့ မဲဆန္ဒနယ်က ပြည်သူတွေထံ ပြန်တင်ပြရမယ် ဆိုတဲ့စကားအရ ကျမတို့ကြုံခဲ့ရသမျှ ဒီနေရာတဆင့်တင်ပြချင်ပါတယ်။

( Thiri Yadanar )
.
Credit : Thiri Yadanar

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။