Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Friday, March 18, 2016

အဆိုရှင် မေလသံစဉ် နှင့် တွေ့ဆုံခြင်း



နည်းပညာ မြင့်မား တိုးတက်လာသည် နှင့်အမျှ လူငယ်များ အတွက် အခွင့်အလမ်းများက ပေါ်ထွက်လာခဲ့သည်။ မိမိတို့ ၀ါသနာပါရာကို အင်တာနက်မှ တစ်ဆင့် ပရိသတ်များ သိရှိစေရန် အလွယ်တကူ ဝေမျှနိုင်သည့် အခွင့်အလမ်းများလည်း ထွက်ပေါ်လာခဲ့သည်။ အောင်မြင်သည့် တေးသီချင်းများအား Cover  ပြန်လည် သီဆိုကာ အင်တာနက်မှ တစ်ဆင့် ပရိသတ် အားပေးမှု ရယူနိုင်ခဲ့သည့် ဆယ်ကျော်သက် အဆိုတော်မလေးမှာ မေလသံစဉ် ဖြစ်သည်။ ဂီတ ၀ါသနာ ကြီးမားသူ အဆိုရှင် မေလသံစဉ်နှင့် တွေ့ဆုံ၍ ဂီတ၀ါသနာ၊ သီချင်းများအား သီဆိုဖြစ်ပုံများကို မေးမြန်းဖြစ်ခဲ့ပါသည်။



မေး- သမီး ဂီတကို ၀ါသနာပါမှန်း ဘယ်အရွယ်လောက် ကတည်းက ကိုယ့်ကိုယ်ကိုယ် သတိထားမိလာတာလဲ။

ဖြေ- သမီး ငယ်ငယ်ကတည်းက မှတ်မှတ်ရရ ဆိုရင် ခြောက်နှစ်သမီးလောက် ကတည်းက ၀ါသနာပါ လာတာပါ။

မေး- သီချင်းဆိုတာကိုရော ဘယ်အရွယ်မှာ စလုပ်ဖြစ်လဲ။

ဖြေ- ခြောက်နှစ်သမီးလောက် သမီး ၀ါသနာပါလာတဲ့ အချိန်မှာတုန်းက ကာရာအိုကေ ဆိုတာတွေ ဘာတွေ လုပ်ဖြစ်တယ်။ တကယ်တမ်း Cover သီချင်းတွေ စဆိုဖြစ်တာကတော့ ခြောက်တန်းနှစ် တက်တဲ့ အချိန်မှာပါ။ ခြောက်တန်းနှစ်က စပြီးတော့ အဆိုပိုင်းရော အတီးပိုင်းပါ သေချာ လေ့လာသင်ယူ ဖြစ်တယ်။ သီချင်းတွေလည်း စဆို ဖြစ်ပါတယ်။

မေး- အတီးပိုင်းကို သင်ကြားခဲ့တယ် ဆိုတော့ အတီးပိုင်းနဲ့ ပတ်သက်လို့ ဆရာတွေက ဘယ်သူတွေလဲ။

ဖြေ- သမီးရဲ့ Piano ဆရာမက တီချယ်ခိုင်ပါ။ တီချယ်ဆီမှာ ခြောက်တန်းနှစ်က စပြီး သေချာလေး လေ့လာ သင်ယူ ဖြစ်ခဲ့ပါတယ်။



မေး- ဂီတ တူရိယာတွေ အများကြီးရှိတဲ့ အထဲက Piano  ကို ရွေးချယ် သင်ယူဖြစ်တဲ့ အကြောင်းကိုလည်း ပြောပြ ပေးပါဦး။

ဖြေ- သမီးက သီချင်းလည်းဆိုချင်တယ်။Drumတို့ ဘာတို့ ဆိုရင်လည်း သိပ်အဆင်မပြေဘူး။ ဂီတာကျတော့လည်း သမီးက မိန်းကလေး ဆိုတော့ အရမ်းကြီး အဆင်မပြေနိုင်ဘူး။ ဒါကြောင့် တွဲဖက် တီးခတ်ပြီး သီချင်းဆိုလို့ အဆင်ပြေနိုင်တဲ့ Piano  ကို သင်ကြား ဖြစ်တာပါ။

မေး- Piano  သင်ယူတာရော အချိန် ဘယ်လောက် ရှိသွားပြီလဲ။

ဖြေ- Piano လေ့လာ သင်ယူတာ ကတော့ အချိန် ခြောက်လ တစ်နှစ်လောက် ရှိသွားပါပြီ။ ပုံမှန်ပဲ လေ့လာ သင်ယူ ဖြစ်ပါတယ်။

မေး-အင်တာနက်မှာ သီချင်းလေးတွေ တင်ရင်း ကနေ ပရိသတ်တွေ သိသွားကြတာ ဆိုတော့ ပရိသတ် သတိထား မိသွားတဲ့ သီချင်းက ဘာဖြစ်မလဲ။

ဖြေ- သမီးကို ပရိသတ် စသိသွားတဲ့ သီချင်းကတော့ မမပိုပိုရဲ့ ဘာမှမလိုဘူး ဆိုတဲ့ သီချင်းလေးပါ။



မေး- အောင်မြင်ခဲ့တဲ့ သီချင်းတွေ အများကြီးကို Cover အနေနဲ့ ပြန်လည် သီဆို အောင်မြင်တာ တွေ့ရပါတယ်။ အဲဒီလို ပြန်လည် သီဆိုဖြစ်တဲ့ ရည်ရွယ်ချက်ကိုလည်း ပြောပြ ပေးပါဦး။

ဖြေ- အောင်မြင်တဲ့ သီချင်းတွေကို ပြန်ပြီး သီဆိုဖြစ်တာကတော့ သမီး ကြိုက်တာလည်း ပါတယ်။ ဒက်ဒီနဲ့ မာမီတို့က ရွေးပေးတာလည်း ပါတယ်။

မေး- အင်တာနက်မှာ တင်ဖြစ်ခဲ့တဲ့ သီချင်းတွေထဲက သမီးအတွက် အမှတ်တရ ဖြစ်ပြီး ပရိသတ် အားပေးမှုများ ခဲ့တဲ့ သီချင်းတွေက ဘာတွေ ဖြစ်မလဲ။

ဖြေ- အင်တာနက်မှာ တင်ခဲ့တဲ့ သီချင်းတွေထဲက သမီးအတွက် အမှတ်တရ ဖြစ်ခဲ့တဲ့ သီချင်းတွေကတော့ Save Myanmar ဆိုတဲ့ သီချင်းရယ်၊ စံပယ်ပန်းရယ်၊ မြန်မာ့ သူရဲကောင်း ဆိုတဲ့ သီချင်းလေးတွေပါ။ အဲဒီ သီချင်းလေးတွေကို ဆိုတုန်းက သမီးလည်း အရမ်း ကြိုက်သလို ပရိသတ်တွေလည်း အားပေးမှု များခဲ့ပါတယ်။

မေး- Save Myanmar ဆိုတဲ့ သီချင်းလေးက အရမ်းလည်း ထူးခြားသလို ပရိသတ် အားပေးမှု အမြင့်ဆုံးလည်း ဖြစ်ခဲ့တာ ဆိုတော့ အဲဒီ သီချင်းကို ဆိုဖြစ်ခဲ့တဲ့ ခံစားချက်ကိုလည်း ပြောပြ ပေးပါဦး။

ဖြေ- သမီး ဘယ်သီချင်းလေးပဲ ဆိုဆို ခံစားချက် သွင်းပြီးတော့ အကောင်းဆုံး ဖြစ်အောင် ကြိုးစား သီဆိုပါတယ်။ Save Myanmar   သီချင်း ကတော့ တခြား သီချင်းတွေထက်ကို ပိုပြီး အာရုံစိုက် ရပါတယ်။ သူများ သီချင်းလည်း မဟုတ်သလို အကြောင်းအရာပိုင်းကလည်း အရမ်း လေးနက်ပါတယ်။

မေး- အဲဒီ သီချင်းအတွက် ဘယ်လို ပြင်ဆင်ခဲ့ရလဲ။

ဖြေ- အဲဒီ သီချင်းတွေ အတွက် ကတော့ တော်တော်လေးကို ပြင်ဆင်ခဲ့ရပါတယ်။ Piano  လည်း ရှာရတယ်။ သီချင်းကို ဘယ်လို ဆိုရမလဲ ဆိုတာလည်း စဉ်းစား ရတယ်။ သံစဉ် ထပ်ဖို့ အတွက်လည်း စီစဉ် ရတယ်။ တခြား သီချင်း တွေထက် ပိုပြီး ခက်ခဲပါတယ်။ ဒါပေမဲ့ သမီး အကောင်းဆုံး ကြိုးစားပြီး သီဆိုခဲ့ပါတယ်။ အဲဒီအပေါ်မှာ အားပေးကြလို့ ပျော်ပါတယ်။



မေး-အင်တာနက်မှာ သီချင်းတင်တဲ့အခါတိုင်းမှာ နောက်ခံ Location တွေ၊ ၀တ်စားဆင်ယင်မှု အပိုင်းလေးတွေက အစ သေချာလေး ပြင်ဆင်ထားတာ တွေ့ရတယ်။ ဘယ်သူတွေက စီစဉ်ပေးလဲ။

ဖြေ- ဒက်ဒီက ကင်မရာပိုင်း ဆိုင်ရာ တာဝန်ယူ ပေးတယ်။ မာမီကလည်း တခြား လိုအပ်တာတွေ ပြင်ဆင် ပေးပါတယ်။

မေး- ဆိုတေးရဲ့ မင်္ဂလာပါ ဆိုတေး အခွေထဲမှာ သမီး သီချင်းခွေကို လက်ဆောင်ထည့်ပေးတဲ့ ရည်ရွယ်ချက်ကရော။

ဖြေ- သမီးက သီချင်းတွေကို အင်တာနက်မှာပဲ တင်ဖြစ်တာလေ။ သမီး သီချင်းတွေကို အခွေအနေနဲ့ နားထောင်ချင်တဲ့ သူတွေအတွက် ရည်ရွယ်တာပါ။ အင်တာနက်မှာကျတော့ လိုင်းမကောင်းရင် သီချင်းလေးတွေ ကြည့်ဖို့ မလွယ်ကူတာကြောင့် တစ်စုတစ်စည်းတည်း ဖြစ်အောင် စုပြီး ထုတ်ဖြစ်သွားတာပါ။ ကိုဆိုတေးရဲ့အခွေကို ဒက်ဒီတို့က ထုတ်ပေးတာ ဆိုတော့ အဲဒီအခွေမှာပဲ လက်ဆောင်အနေနဲ့ ထည့်ပေးဖြစ်သွားတာ။ အဲဒီတုန်းက မရလိုက်တဲ့ သမီးရဲ့ပရိသတ်တွေလည်း လိုချင်တဲ့သူ ရှိရင် သမီးအခွေကို လက်ဆောင်ပေးသွားမှာပါ။

မေး- ဂီတပိုင်းနဲ့ ပတ်သက်လို့ရော ဘာတွေ ဆက်လုပ် ဖြစ်သွားမလဲ။

ဖြေ- ဂီတနဲ့ ပတ်သက်လို့တော့ အဆိုပိုင်းရော အတီးပိုင်းပါ ဆက်ပြီး ကြိုးစားသွားမှာပါ။ ၁၀ တန်းအောင်ပြီးရင်တော့ ကိုယ်ပိုင် သံစဉ် အခွေထုတ်ဖို့ စီစဉ်ထား ပါတယ်။



မေး- အဆိုတော်တွေထဲက ဘယ်အဆိုတော်တွေကိုရော လေးစား အားကျလဲ။

ဖြေ- အဆိုတော်တွေထဲမှာတော့ မမနီနီခင်ဇော်ကို လေးစား အားကျပါတယ်။ သူက သီချင်းတစ်ပုဒ် ဆိုမယ်ဆိုရင် အရမ်းလည်း လေ့ကျင့်တယ်။ သူ့သီချင်းတွေဆိုရင် အရမ်း ကြိုက်ပါတယ်။

မေး-ပညာရေးကရော အခု ဘယ်နှတန်း တက်နေလဲ။

ဖြေ- သမီးအခု DHS ကိုယ်ပိုင် အထက်တန်းကျောင်းမှာ ခုနစ်တန်း တက်နေပါတယ်။

မေး- ပညာသင်နေတုန်း ဆိုတော့ ပညာရေးနဲ့ ဂီတ၀ါသနာကို အချိန် ဘယ်လိုမျှပေး ဖြစ်မလဲ။

ဖြေ- သမီးက ကျောင်းဖွင့်ရက် ဆိုရင်တော့ ကျောင်းစာကိုပဲ ဦးစားပေး သင်ယူ ဖြစ်ပါတယ်။ စနေ၊ တနင်္ဂနွေမှာ ဆိုရင်တော့ သမီးရဲ့ ဂီတ၀ါသနာကို လုပ်ဖြစ်ပါတယ်။

မေး- မိဘတွေကလည်း သမီးရဲ့ ဂီတ၀ါသနာကို ပံ့ပိုးပေးကြတော့ ဘယ်လို ခံစားရလဲ။

ဖြေ- ဒက်ဒီနဲ့ မာမီတို့က သမီးရဲ့ ၀ါသနာကို မကန့်ကွက်ဘဲ ပံ့ပိုးပေးကြတဲ့အတွက် ပျော်ပါတယ်။ အားလည်း ပိုရှိတယ်။



မေး- သမီးရဲ့ ရည်ရွယ်ချက် ဆိုရင်ရော။

ဖြေ- သမီး ၁၀ တန်းအောင်ပြီးသွားရင်တော့ ယဉ်ကျေးမှုတက္ကသိုလ် တက်ဖို့ ရည်ရွယ်ထားပါတယ်။ ကိုယ်ပိုင်သံစဉ်တွေ ပါဝင်မယ့် တစ်ကိုယ်တော်အခွေလည်း ထုတ်ဖို့ စဉ်းစားထားတယ်။

မေး- သမီးကို အွန်လိုင်းက တစ်ဆင့် အားပေးကြတဲ့ သူတွေကိုရော ဘာများ ပြောချင်သေးလဲ။

ဖြေ- သမီးကို ပိုက်ဆံ ကုန်ခံပြီး အင်တာနက်က တစ်ဆင့် အားပေးကြတဲ့ ပရိသတ်အားလုံးကို ကျေးဇူး အများကြီး တင်ပါတယ်။

Writer: 
လင်းလင်းခိုင်
 http://news-eleven.com/

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။