အ၀တ်ဟောင်းဆိုင်ကအ၀တ်တွေပဲ ၀ယ်ဝတ်တဲ့ ဘီလျံနာသူဌေးကြီး
ကမ္ဘာကျော် ဘီလျံနာသူဌေးကြီးတွေမှာ တစ်ယောက်တစ်မျိုးဆိုသလို ထူးခြားတဲ့အမူအကျင့်တွေ ရှိတတ်ကြပါတယ်။
ကမ္ဘာကျော် ပရိဘောဂနဲ့ အိမ်တွင်းသုံးပစ္စည်းတွေထုတ် လုပ်တဲ့
ကုမ္ပဏီကြီး IKEA ကိုတည်ထောင်သူ ဆွီဒင်လူမျိုး ဘီလျံနာသူဌေးကြီး
အင်ဂဗာခမ်းပရက်ဒ် ရဲ့ ထူးခြားတဲ့အကျင့်ကတော့ တန်ဖိုးကြီးအ၀တ်အစားအသစ်တွေ ကို မ၀တ်ဘဲ အ၀တ်ဟောင်းဆိုင်တွေကနေသာ ၀ယ်ဝတ်လေ့ရှိတာပဲ ဖြစ်ပါတယ်။
အသက် ၈၉ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ခမ်းပရက်ဒ်ဟာ ကမ္ဘာ့စတုတ္ထအချမ်းသာဆုံးဘီလျံနာသူဌေးအဖြစ်တောင် သတ်မှတ်ခံခဲ့ရဖူးသူဖြစ်ပြီး ကပ်စည်းနည်းတတ်သူတစ်ယောက်အြ ဖစ် နာမည်ကျော် သူလည်း ဖြစ်ပါတယ်။
ဒါပေမဲ့သူ့အနေနဲ့ အ၀တ်ဟောင်းတွေကို ၀ယ်ဝတ်တယ်ဆိုတာက ပိုက်ဆံအကုန်အကျသက်သာဖို့အြ ပင် သူ့ပတ်ဝန်းကျင်ကလူတွေအတွက် စံနမူနာကောင်းဖြစ်ဖို့လည်း ရည်ရွယ်တယ်လို့ ခမ်းပရက်ဒ်ကရှင်းလင်းပြောကြား ထားပါတယ်။
ဒါ့အပြင်သူ့ရဲ့ ခြိုးခြံချွေတာတတ်တဲ့အကျင့် က IKEA ကို ကမ္ဘာ့ထိပ်တန်းအမှတ်တံဆိပ်တစ်ခုအဖြစ်ရောက်အောင် ပို့ပေးနိုင်ခဲ့တယ်လို့ ယူဆကြောင်းလည်း ခမ်းပရက်ဒ်က ပြောကြားထားပါသေးတယ်။
ဆွီဒင်မီဒီယာတွေက နောက်ဆုံးရရှိထားတဲ့အချက်အလ က်တွေအရ ခမ်းပရက်ဒ်ရဲ့ ပိုင်ဆိုင်မှုစုစုပေါင်းဟာ ပေါင် ၅၁ ဘီလျံ လောက်အထိ ရှိမယ်လို့ ခန့်မှန်းရပါတယ်။
Credit; Mizzima Burmese
ကမ္ဘာကျော် ဘီလျံနာသူဌေးကြီးတွေမှာ တစ်ယောက်တစ်မျိုးဆိုသလို ထူးခြားတဲ့အမူအကျင့်တွေ ရှိတတ်ကြပါတယ်။
ကမ္ဘာကျော် ပရိဘောဂနဲ့ အိမ်တွင်းသုံးပစ္စည်းတွေထုတ်
အသက် ၈၉ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ခမ်းပရက်ဒ်ဟာ ကမ္ဘာ့စတုတ္ထအချမ်းသာဆုံးဘီလျ
ဒါပေမဲ့သူ့အနေနဲ့ အ၀တ်ဟောင်းတွေကို ၀ယ်ဝတ်တယ်ဆိုတာက ပိုက်ဆံအကုန်အကျသက်သာဖို့အြ
ဒါ့အပြင်သူ့ရဲ့ ခြိုးခြံချွေတာတတ်တဲ့အကျင့်
ဆွီဒင်မီဒီယာတွေက နောက်ဆုံးရရှိထားတဲ့အချက်အလ
Credit; Mizzima Burmese
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။