အရင်တစ်ရက်က
အိပ်ချင်တဲ့နေရာ၊ အိပ်ချင်တဲ့အချိန် အိပ်၊ စားချင်တဲ့နေရာ၊
စားချင်တဲ့အချိန်မှာ စားတတ်ကြသော လူပျိုကြီးများကို
ကလေကချေနဲ့တူတယ်ပြောပြီး အိမ်ထောင်ပြုခိုင်းခဲ့တယ်။ အခုတော့
အပျိုကြီးများကို အိမ်ထောင်ပြုစေချင်သော ရည်ရွယ်ချက်ဖြင့်
"အညွှန့်မခူးတတ်သူများ" လို့ ရေးသားထားတာလေးကို ဖော်ပြပေးလိုက်ပါတယ်။
ပေါ့ပေါ့ပါးပါးဖတ်ပြီး ပြုံးနိုင်ကြပါစေ။
အညွန့်မခူးတတ်သူများ
ᵒᵒᵒᵒᵒᵒᵒᵒᵒᵒᵒᵒᵒᵒᵒᵒᵒᵒᵒᵒᵒᵒᵒᵒᵒᵒᵒ
မြန်မာပြည်က မိန်းကလေးတော်တော်များများ အတီးအတ နိုင်လှတယ်။ အဟဲ... အဲဒီထဲမှာ ကျွန်တော့်မိန်းမတော့ မပါဘူး။ ကျွန်တော်လို အသက်လေးဆယ်ကျော် အဖိုးကြီးကို ရအောင်ယူနိုင်ခဲ့လို့ သူမ မပါဘူးလို့ ကျွန်တော် ပြောတာပါ။ အဖိုးကြီးတယ်ဆိုတာ တန်ဖိုးကြီးတယ်ကို ဆိုလိုတာဆိုတော့ တော်ရုံတန်ရုံနဲ့ ဝယ်နိုင်ဖို့ခဲယဉ်းတယ်။ လေးဆယ်ကျော်လူပျိုကြီးဆိုတာကလည်း အဖိုးကြီးလို့ သတ်မှတ်လို့ ရမယ်ထင်တယ်။ ဒီလိုအဖိုးကြီးတစ်ယောက်ကို အရယူနိုင်တဲ့ ကျွန်တော့်မိန်းမက အတတတော့ မဟုတ်ဘူး။
(စကားချပ် ။ ။ ကိုယ့်ကိုယ်ကို ချစ်တဲ့စိတ်များသည့်အတွက် လူပျိုကြီး ဖြစ်ရသည်။ ထို့ကြောင့် လူပျိုကြီးများသည် အတ္တကြီးသူများလို့ ဆိုနိုင်သည်။ အသက်ကြီးလေ အစဉ်းစားလွန်လေ၊ အတ္တကြီးလေ ဖြစ်သည်။ ထိုအတ္တများ လွင့်စင်သွားအောင် လုပ်နိုင်ခဲ့သည့် ကျွန်တော့်မိန်းမကို ကျွန်တော် ချီးကျူးပါသည်။)
လူရယ်လို့ ဖြစ်လာရင် အသိုင်းအဝိုင်း မိသားစုနဲ့ နေကြရတာ ဓမ္မတာပါပဲ။ ဒီလိုနေနိုင်အောင်လည်း မိသားစုဘဝကို ထူထောင်ကြရတယ်။ ဒီအတွက် အိမ်ထောင်ပြုဖို့ဆိုတာ မလွှဲမသေ လိုအပ်ချက် တစ်ခုပဲ။ အိမ်ထောင်မပြုပဲနေနေတဲ့ မိန်းမတွေတွေ့ရင် ကျွန်တော့်အနေနဲ့တော့ "ဒီမိန်းမ အ,ကိုအ,လွန်းတယ်၊ အညွန့်မခူးတတ်ဘူး" လို့ သတ်မှတ်တယ်။ ဘာလို့ ဒီလိုယူဆသလဲဆိုတာကို ဆက်ရှင်းပြပါ့မယ်။
မြန်မာပြည်က မိန်းမတွေအဖို့ ယောက်ျားယူရတာ ခိုင်းနွားတစ်ကောင်ကို အလကား ရလိုက်သလိုပါပဲ။ ကိုယ်ယူမယ့် ယောက်ျား အရွယ်ရောက်လာအောင် သူ့မိဘတွေက ကျွေးမွေးခဲ့ရတယ်။ ကိုယ်ဘာမှ ကျွေးမွေးစရာ မလိုခဲ့ဘူး။ အတတ်ပညာတွေ တတ်အောင်လည်း သူ့မိဘတွေက သင်ပေးလိုက်တယ်။ ပညာသင်စရိတ်အတွက်လည်း ကိုယ်က ဘာမှ စိုက်ထုတ်စရာ မလိုဘူး။ ကြန်အင်လည်းစုံပြီ၊ ခိုင်းလို့ရမယ့် အရွယ်ရောက်တော့ ဘာအရင်းမှ စိုက်ထုတ်စရာမလိုဘဲ ယူပြီး ခိုင်းစားရုံပါပဲ။
နွားတစ်ကောင်ကို ခိုင်းစားဖို့ ခေါ်ထားပြီဆိုမှတော့ နွားစာကျွေးရမယ်၊ နောက်ချေး (ချီး) ကျုံးရမယ့် အလုပ်ကလေးလောက်ပဲ မပျင်းမရိ လုပ်ဖို့ လိုတယ်။ အဲဒီအလုပ်တွေအတွက် ညည်းငြူနေစရာ မလိုဘူး ထင်တယ်။ နွားစားကျင်းထဲ ရေထည့်၊ ကောက်ရိုးခြောက်လေးတွေ ထည့်ပြီး ပုံမှန်ကျွေးနေရုံပဲ။ အလုပ်ပင်ပန်းတဲ့ နေ့မျိုးမှာ မြေပဲရိုးကလေးထည့်ကျွေးလို့ကတော့ နွားခဗျာ အားပါးတရ စားပြီး ကျေနပ်နေလေရဲ့။
နွားတစ်ကောင်ကို အလကားရဖို့ အခွင့်အရေးရှိပါရက်နဲ့ မယူတတ်တဲ့ မြန်မာပြည်က မိန်းမပျိုတွေကို အညွန့်မခူးတတ်ဘူးလို့ ပြောမိတာ ကျွန်တော့်ကိုယ်ကျွန်တော် လွန်တယ်လို့ မထင်ပါဘူးဗျာ။
သုသိလှိုင်
သတိပြုစရာ။ ။
နွားဆိုတာကလည်း မြက်နုနုစိမ်းစိမ်းလေး မြင်ရင် စားချင်စိတ် ပေါ်တယ်။ သူများခြံထဲက မြက်တွေမစားအောင် နွားပိုင်ရှင်တွေအနေနဲ့ နွားကို ပါးခြုပ်တပ်ထားပေးရမယ်။ မြက်စိမ်းစိမ်းလေးတွေ မြင်ရရင် စားချင်စိတ်ပေါ်ပေမဲ့ "ငါဟာ အိမ်ထောင်သည်၊ ကလေးနှစ်ယောက်အဖေ" ဆိုတဲ့ အသိတရား ပါးခြုပ်ကြီးကြောင့် ကိုယ့်အရှင်သခင် အစာမကျွေးသ၍ ဘာမှ မစားဖြစ်တော့ဘူး။ ဒါကြောင့် တစ်ခါတစ်လေ မြက်စိမ်းစိမ်းလေးမြင်ပြီး စားချင်စိတ်ပေါ်တဲ့အခါ ခွန်သန်းထွန်းရဲ့ "မြင်သာမြင် အကြင်ခက်တဲ့ ဒီဘဝအဖြစ်ဟာ ဪ... ကျိန်စာရှိရင် ကျေပါစေ" ဆိုတဲ့ သီချင်းစာသားကို ညည်းနေတတ်တယ်။
ဆန္ဒမွန်။ ။
အရွယ်ရောက်ပြီးတဲ့ မိန်းမတိုင်း နွားတစ်ကောင်စီ ပိုင်ဆိုင်ကြပါစေလို့ ဆန္ဒပြုပါတယ်။ ကိုယ်ပိုင်မယ့်နွားက ခိုင်းနွားဖြစ်ဖို့က အရေးကြီးတယ်။ နွားပျင်း၊ နွားကပ်ကြား၊ ဗွေဆိုးတဲ့နွားဆိုရင် နွားပိုင်ရှင် စိတ်ဒုက္ခရောက်ရလိမ့်မယ်။ ခိုင်းနွားဟုတ်မဟုတ်ဆုံးဖြတ်တဲ့အခါ ကြန်အင်လက္ခဏာကို ကြည့်ကြတယ်။ ဒီလိုကြည့်တဲ့အခါ နွားရဲ့ဗွေကို အဓိကထားကြည့်ပြီး ဆုံးဖြတ်လေ့ရှိတယ်။
ဝန်ခံချက်။ ။
တက္ကသိုလ်တက်စဉ်တုန်းက သူများတွေမှာ ရည်းစားရှိကြတော့ ကိုယ်လည်း ရည်းစားရချင်ခဲ့တယ်။ ပိုးပန်းခဲ့တဲ့ မိန်းမတွေလည်း အရေအတွက် မနည်းခဲ့ဘူး။ ဘယ်သူမှ ပြန်မကြိုက်တော့ အသည်းတွေကွဲ၊ ကွဲသွားတဲ့အသဲတွေ ပြန်ဆက်ဖို့ ကော်ရည်ခေါက်ဆွဲ စားခဲ့ရတာလည်း မနည်းဘူး။ တစ်ယောက်ကြိုးစားလို့ အဆင်မပြေရင် နောက်တစ်ယောက် ထပ်ပြီး ကြိုးစားခဲ့တော့ သူငယ်ချင်းတွေက "သုသိလှိုင်ရဲ့ အချစ်က ပျဉ်းမငုတ်တိုပင်ကြီးလိုပါလား။ ဒဏ်ရာဒဏ်ချက်ဘယ်လောက်များများ မိုးလေးတစ်ဖြိုက်နှစ်ဖြိုက်ကျလိုက်တာနဲ့ ချက်ချင်းကို အညွန့်တလူလူ ပြန်ထွက်လာပါလား" လို့ လူကို ခနဲ့ကြတယ်။
ဒါပေမဲ့ ကျွန်တော်ကတော့ "တစ်ယောက်ပြီး တစ်ယောက် ချစ်ခဲ့ဖူးလို့၊ ငါ့နှလုံးသားကို လူတွေရှုတ်ချကြပေမဲ့၊ ဒီရှုတ်ချခံခဲ့ရတဲ့အချစ်တွေကို
အရင်းတည်ပြီး၊ နောက်တစ်ယောက်ကို ထပ်ချစ်ရတာပါ"။ နောက်ဆုံးအနေနဲ့
ပြောရရင်တော့ ကြိုးစားခဲ့သမျှ အဆင်မပြေတဲ့အခါတိုင်း စိတ်နာနာနဲ့
"ဒီမိန်းမတွေ အညွန့်ကို မခူးတတ်ဘူး" လို့ မှတ်ချက်ချမိရာကနေ ဒီစာလေး
ဖြစ်လာရပါတယ်။
ခံယူချက်။ ။
ယောက်ျားဆိုတာ "နွား မဟုတ်ဘူး၊ ကျား" လို့ ငြင်းချင်တဲ့သူတွေ ငြင်းနိုင်ပါတယ်။ စာရေးသူအနေနဲ့ကတော့ မိသားစု ကောင်းစားဖို့အတွက်ဆိုရင် နွားပဲဖြစ်ဖြစ်၊ ခွေးပဲဖြစ်ဖြစ် ဖြစ်ချင်တာ ဖြစ်ပါစေ ကျေနပ်ပါတယ်။ မိသားစုကို ဘယ်လိုပဲ ကျေးဇူးပြုရ၊ ပေးဆပ်ရ ကျေနပ်ပါတယ်။
အညွန့်မခူးတတ်သူများ
ᵒᵒᵒᵒᵒᵒᵒᵒᵒᵒᵒᵒᵒᵒᵒᵒᵒᵒᵒᵒᵒᵒᵒᵒᵒᵒ
မြန်မာပြည်က မိန်းကလေးတော်တော်များများ အတီးအတ နိုင်လှတယ်။ အဟဲ... အဲဒီထဲမှာ ကျွန်တော့်မိန်းမတော့ မပါဘူး။ ကျွန်တော်လို အသက်လေးဆယ်ကျော် အဖိုးကြီးကို ရအောင်ယူနိုင်ခဲ့လို့ သူမ မပါဘူးလို့ ကျွန်တော် ပြောတာပါ။ အဖိုးကြီးတယ်ဆိုတာ တန်ဖိုးကြီးတယ်ကို ဆိုလိုတာဆိုတော့ တော်ရုံတန်ရုံနဲ့ ဝယ်နိုင်ဖို့ခဲယဉ်းတယ်။ လေးဆယ်ကျော်လူပျိုကြီးဆိုတာ
(စကားချပ် ။ ။ ကိုယ့်ကိုယ်ကို ချစ်တဲ့စိတ်များသည့်အတွက် လူပျိုကြီး ဖြစ်ရသည်။ ထို့ကြောင့် လူပျိုကြီးများသည် အတ္တကြီးသူများလို့ ဆိုနိုင်သည်။ အသက်ကြီးလေ အစဉ်းစားလွန်လေ၊ အတ္တကြီးလေ ဖြစ်သည်။ ထိုအတ္တများ လွင့်စင်သွားအောင် လုပ်နိုင်ခဲ့သည့် ကျွန်တော့်မိန်းမကို ကျွန်တော် ချီးကျူးပါသည်။)
လူရယ်လို့ ဖြစ်လာရင် အသိုင်းအဝိုင်း မိသားစုနဲ့ နေကြရတာ ဓမ္မတာပါပဲ။ ဒီလိုနေနိုင်အောင်လည်း မိသားစုဘဝကို ထူထောင်ကြရတယ်။ ဒီအတွက် အိမ်ထောင်ပြုဖို့ဆိုတာ မလွှဲမသေ လိုအပ်ချက် တစ်ခုပဲ။ အိမ်ထောင်မပြုပဲနေနေတဲ့ မိန်းမတွေတွေ့ရင် ကျွန်တော့်အနေနဲ့တော့ "ဒီမိန်းမ အ,ကိုအ,လွန်းတယ်၊ အညွန့်မခူးတတ်ဘူး" လို့ သတ်မှတ်တယ်။ ဘာလို့ ဒီလိုယူဆသလဲဆိုတာကို ဆက်ရှင်းပြပါ့မယ်။
မြန်မာပြည်က မိန်းမတွေအဖို့ ယောက်ျားယူရတာ ခိုင်းနွားတစ်ကောင်ကို အလကား ရလိုက်သလိုပါပဲ။ ကိုယ်ယူမယ့် ယောက်ျား အရွယ်ရောက်လာအောင် သူ့မိဘတွေက ကျွေးမွေးခဲ့ရတယ်။ ကိုယ်ဘာမှ ကျွေးမွေးစရာ မလိုခဲ့ဘူး။ အတတ်ပညာတွေ တတ်အောင်လည်း သူ့မိဘတွေက သင်ပေးလိုက်တယ်။ ပညာသင်စရိတ်အတွက်လည်း ကိုယ်က ဘာမှ စိုက်ထုတ်စရာ မလိုဘူး။ ကြန်အင်လည်းစုံပြီ၊ ခိုင်းလို့ရမယ့် အရွယ်ရောက်တော့ ဘာအရင်းမှ စိုက်ထုတ်စရာမလိုဘဲ ယူပြီး ခိုင်းစားရုံပါပဲ။
နွားတစ်ကောင်ကို ခိုင်းစားဖို့ ခေါ်ထားပြီဆိုမှတော့ နွားစာကျွေးရမယ်၊ နောက်ချေး (ချီး) ကျုံးရမယ့် အလုပ်ကလေးလောက်ပဲ မပျင်းမရိ လုပ်ဖို့ လိုတယ်။ အဲဒီအလုပ်တွေအတွက် ညည်းငြူနေစရာ မလိုဘူး ထင်တယ်။ နွားစားကျင်းထဲ ရေထည့်၊ ကောက်ရိုးခြောက်လေးတွေ ထည့်ပြီး ပုံမှန်ကျွေးနေရုံပဲ။ အလုပ်ပင်ပန်းတဲ့ နေ့မျိုးမှာ မြေပဲရိုးကလေးထည့်ကျွေးလို့
နွားတစ်ကောင်ကို အလကားရဖို့ အခွင့်အရေးရှိပါရက်နဲ့ မယူတတ်တဲ့ မြန်မာပြည်က မိန်းမပျိုတွေကို အညွန့်မခူးတတ်ဘူးလို့ ပြောမိတာ ကျွန်တော့်ကိုယ်ကျွန်တော် လွန်တယ်လို့ မထင်ပါဘူးဗျာ။
သုသိလှိုင်
သတိပြုစရာ။ ။
နွားဆိုတာကလည်း မြက်နုနုစိမ်းစိမ်းလေး မြင်ရင် စားချင်စိတ် ပေါ်တယ်။ သူများခြံထဲက မြက်တွေမစားအောင် နွားပိုင်ရှင်တွေအနေနဲ့ နွားကို ပါးခြုပ်တပ်ထားပေးရမယ်။ မြက်စိမ်းစိမ်းလေးတွေ မြင်ရရင် စားချင်စိတ်ပေါ်ပေမဲ့ "ငါဟာ အိမ်ထောင်သည်၊ ကလေးနှစ်ယောက်အဖေ" ဆိုတဲ့ အသိတရား ပါးခြုပ်ကြီးကြောင့် ကိုယ့်အရှင်သခင် အစာမကျွေးသ၍ ဘာမှ မစားဖြစ်တော့ဘူး။ ဒါကြောင့် တစ်ခါတစ်လေ မြက်စိမ်းစိမ်းလေးမြင်ပြီး စားချင်စိတ်ပေါ်တဲ့အခါ ခွန်သန်းထွန်းရဲ့ "မြင်သာမြင် အကြင်ခက်တဲ့ ဒီဘဝအဖြစ်ဟာ ဪ... ကျိန်စာရှိရင် ကျေပါစေ" ဆိုတဲ့ သီချင်းစာသားကို ညည်းနေတတ်တယ်။
ဆန္ဒမွန်။ ။
အရွယ်ရောက်ပြီးတဲ့ မိန်းမတိုင်း နွားတစ်ကောင်စီ ပိုင်ဆိုင်ကြပါစေလို့ ဆန္ဒပြုပါတယ်။ ကိုယ်ပိုင်မယ့်နွားက ခိုင်းနွားဖြစ်ဖို့က အရေးကြီးတယ်။ နွားပျင်း၊ နွားကပ်ကြား၊ ဗွေဆိုးတဲ့နွားဆိုရင် နွားပိုင်ရှင် စိတ်ဒုက္ခရောက်ရလိမ့်မယ်။ ခိုင်းနွားဟုတ်မဟုတ်ဆုံးဖြတ
ဝန်ခံချက်။ ။
တက္ကသိုလ်တက်စဉ်တုန်းက သူများတွေမှာ ရည်းစားရှိကြတော့ ကိုယ်လည်း ရည်းစားရချင်ခဲ့တယ်။ ပိုးပန်းခဲ့တဲ့ မိန်းမတွေလည်း အရေအတွက် မနည်းခဲ့ဘူး။ ဘယ်သူမှ ပြန်မကြိုက်တော့ အသည်းတွေကွဲ၊ ကွဲသွားတဲ့အသဲတွေ ပြန်ဆက်ဖို့ ကော်ရည်ခေါက်ဆွဲ စားခဲ့ရတာလည်း မနည်းဘူး။ တစ်ယောက်ကြိုးစားလို့ အဆင်မပြေရင် နောက်တစ်ယောက် ထပ်ပြီး ကြိုးစားခဲ့တော့ သူငယ်ချင်းတွေက "သုသိလှိုင်ရဲ့ အချစ်က ပျဉ်းမငုတ်တိုပင်ကြီးလိုပါလ
ဒါပေမဲ့ ကျွန်တော်ကတော့ "တစ်ယောက်ပြီး တစ်ယောက် ချစ်ခဲ့ဖူးလို့၊ ငါ့နှလုံးသားကို လူတွေရှုတ်ချကြပေမဲ့၊ ဒီရှုတ်ချခံခဲ့ရတဲ့အချစ်တွေက
ခံယူချက်။ ။
ယောက်ျားဆိုတာ "နွား မဟုတ်ဘူး၊ ကျား" လို့ ငြင်းချင်တဲ့သူတွေ ငြင်းနိုင်ပါတယ်။ စာရေးသူအနေနဲ့ကတော့ မိသားစု ကောင်းစားဖို့အတွက်ဆိုရင် နွားပဲဖြစ်ဖြစ်၊ ခွေးပဲဖြစ်ဖြစ် ဖြစ်ချင်တာ ဖြစ်ပါစေ ကျေနပ်ပါတယ်။ မိသားစုကို ဘယ်လိုပဲ ကျေးဇူးပြုရ၊ ပေးဆပ်ရ ကျေနပ်ပါတယ်။
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။