Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Tuesday, May 6, 2014

“မေမေနဲ့သမီးရဲ့ ကစားပွဲ”


နိုင်ငံအလိုက် မိခင်များနေ့ကျင်းပတဲ့ရက်ချင်း မတူကြပါဘူး။ အမေရိကန်မှာတော့ မေလဒုတိယပတ်တနင်္ဂနွေနေ့ကို မိခင်များနေ့အဖြစ် သတ်မှတ်ပြီး ကျင်းပကြပါတယ်။ ဘယ်နေ့ပဲကျင်းပပါစေ... ပုံထဲကအတိုင်း ငယ်ရွယ်ချိန်မှာ ကိုယ့်လက်ကိုတွဲခဲ့တဲ့မိခင်ကို သူတို့အိုမင်းလို့ မသွားမလာနိုင်တဲ့အခါမှာလည်း သူတို့ရဲ့လက်ကိုတွဲနိုင်ကြပါစေ။ အမေအပေါ် ကျွန်မတို့ နွဲ့ဆိုးဆိုးခဲ့ဖူးသလို စိတ်တိုစိတ်ကောက်ချိန်၊ မေမေနဲ့ ခွန်းကြီးခွန်းငယ် ပြန်အော်ငေါက်ချိန်လည်း ရှိဖူးကြပါလိမ့်မယ်။ ကျွန်မတို့ဘယ်လိုဆိုးဆိုး အမေကတော့ အပြုံးမပျက်၊ မေတ္တာမလျော့ဘဲ ကျွန်မတို့ကိုချစ်ခဲ့ပါတယ်။ The Chic မဂ္ဂဇင်း မေလထုတ်မှာပါတဲ့ ကျွန်မရဲ့ ဘာသာပြန်စာတစ်ပုဒ်ကို မျှဝေလိုက်ပါတယ်... စာကတော်တော်ရှည်ပါတယ်... ပျင်းရင်ဖတ်ကြည့်ပါလို့.....
“မေမေနဲ့သမီးရဲ့ ကစားပွဲ”

တခြားလူရဲ့မေမေနဲ့တူတဲ့ မေမေတစ်ဦး ကျွန်မမှာရှိတယ်။ ကျွန်မရဲ့မေမေဟာ နေ့တိုင်း လုပ်နေကျဖြစ်တဲ့ အလုပ်တက်အလုပ်ဆင်းဆိုတဲ့အချိန်ထဲကနေ အချိန်တစ်ချိန်ဖဲ့ပြီး ကျွန်မအတွက် စားကောင်းသောက်ဖွယ်တွေ ချက်ပြုတ်ပေးနိုင်သူဖြစ်တယ်။ ကျွန်မရဲ့မေမေဟာ ချမ်းအေးတဲ့ဆောင်းရာသီမှာ အဝတ်လျှော်စက်မပါဘဲ အဝတ်တွေကိုလက်နဲ့လျှော်နိုင်သူဖြစ်တယ်။ ကျွန်မရဲ့မေမေဟာ အိမ်ထဲအိမ်ပြင်ကို အစဉ်အမြဲ သပ်ရပ်သန့်ရှင်းအောင်ထားနိုင်သူဖြစ်တယ်။ ကျွန်မရဲ့မေမေဟာ ဘာမှန်းညာမှန်းမသိ ကျွန်မကိုဆူဆဲတတ်သူလည်းဖြစ်တယ်။ အခြေခံအားဖြင့် မေမေဟာ ကျွန်မထင်မြင်တဲ့မိခင်စံချိန်ကို မီခဲ့သူဖြစ်တယ်။ မေမေဟာ ကိုယ့်ကိုယ်ကိုလှအောင်မပြင်ဆင်တတ်ခဲ့ပေမယ့် ရိုးစင်းတဲ့နေ့ရက်တွေကို အဓိပ္ပာယ်ရှိရှိ ဖြတ်သန်းနိုင်ခဲ့တယ်။ ပျော်ရွှင်ချမ်းမြေ့အောင် နေတတ်ခဲ့တယ်။
မိန်းကလေးတစ်ဦးကနေ မိခင်တစ်ဦးဖြစ်ဖို့ အချိန်ဘယ်လောက်ကြာလိုအပ်သလဲဆိုတာကို ကျွန်မနားမလည်ခဲ့ဘူး။ မိခင်တစ်ဦးဟာ တခြားလူတစ်ယောက်ကို ဂရုစိုက်စောင့်ရှောက်မယ့်တာဝန်ကို ကျင့်သားရအောင် ဘယ်လိုလုပ်ခဲ့သလဲဆိုတာကို ကျွန်မနားမလည်ခဲ့ဘူး။ သေချာတာကတော့ ၁ဝလလောက်သူအပင်ပန်းခံပြီး သူ့ကိုပြန်အာခံမယ့်သူကို သူမွေးဖွားခဲ့တယ်။ အဲဒီနောက် ချီးသေးတွေနဲ့လုံးချာလိုက်ပြီး အဲဒီကလေးကြီးပြင်းအောင် သူကျွေးမွေးစောင့်ရှောက်ခဲ့တယ်။ အဲဒီနောက် ဒီမျက်စိရှေ့က ဒီကလေးငယ်ကို သူ့ဘဝထက်ပိုတိုးတက်ကောင်းဖို့ နေ့နေ့ညညတွေးတောနေခဲ့တယ်။
ကျွန်မမေမေက ပြောတယ်… ကျွန်မကို မွေးတုန်းက သေမတတ်နာကျင်ခဲ့ပေမယ့် ကျွန်မရဲ့ငိုသံကိုကြားတာနဲ့ ငါမိခင်တစ်ဦးဖြစ်ပြီဆိုတဲ့စိတ်ကို နူးနူးညံ့ညံ့ ခိုင်ခိုင်မာမာချခဲ့တယ်လို့ ဆိုတယ်။ ဒီတစ်စက္ကန့်အချိန်အတွင်းလေးမှာပဲ ကလေးဆန်တဲ့စိတ်ကနေ မိခင်ဖြစ်ပြီ၊ မိခင်တာဝန်တွေကို ထမ်းဆောင်တော့မယ်ဆိုတဲ့ ဆုံးဖြတ်ချက်ကို သူပြတ်ပြတ်သားသားချနိုင်ခဲ့တာကိုလည်း ကျွန်မနားမလည်ခဲ့ပါဘူး။
မေမေ့အပေါ်ထားတဲ့ သံယောဇဉ်နဲ့ပတ်သက်လာရင် ကျွန်မ မရေမရာ တွေတွေဝေဝေဖြစ်နေခဲ့တယ်။ တစ်ခါတလေမှာ သူဟာ ကြီးကျယ်မြင့်မြတ်သူလို့ ခံစားမိတယ်။ တစ်ခါတလေမှာတော့ သူ့ကိုမုန်းလိုက်တာလို့ ခံစားမိတယ်။ ဒါပေမယ့် ဒီအသက်အရွယ်မှာ ကျွန်မနားလည်တဲ့အရာတစ်ခုရှိခဲ့တယ်။ အဲဒါကတော့ ကျွန်မရဲ့တစ်သက်စာ အချစ်၊ အမုန်းတွေပေါင်းစုလိုက်လည်း ကျွန်မအပေါ်ချစ်တဲ့ မေမေရဲ့အချစ်ကို မမီဘူးဆိုတာကို ကျွန်မနားလည်ခဲ့တယ်။ ဒါကြောင့် မေမေ့ကိုဘယ်လိုပဲစိတ်ဆိုးအောင် ကျွန်မလုပ်ခဲ့လုပ်ခဲ့ ကျွန်မပဲနစ်နာခဲ့ပါတယ်။ ဒါပေမယ့် ကလေးသဘာဝ ကျွန်မအရှုံးမပေးချင်ခဲ့ဘူး။ မေမေ့ကို ကျွန်မရဲ့အလိုမကျမှု၊ ခေါင်းမာမှု၊ ဆင်ခြင်ကင်းမဲ့မှုတွေနဲ့ရန်စရင်း သူ့ရဲ့တကယ့်နူးညံ့သိမ်မွေ့တဲ့စိတ်ကို စူးစမ်း စမ်းသပ်ခဲ့ပါတယ်။
တစ်ခါက အပြင်ကနေ ကျွန်မအိမ်ပြန်တော့ မိုးကဗြုန်းစားကြီးရွာချပါတယ်။ ကျွန်မမှာမိုးကာအင်္ကျီပါတယ်ဆိုပေမယ့် ကျွန်မရဲ့ဖိနပ်၊ ဘောင်းဘီတွေ မိုးရေစိုကုန်ပါတယ်။ အိမ်ထဲဝင်တာနဲ့ မိုးစိုဖိနပ်ကိုတစ်နေရာပစ်ထုတ်ပြီး မေမေကို ကျွန်မတစ်ချက်အော်ပြောလိုက်တယ်။
“မေမေ… ခဏနေရင် သမီးဖိနပ်ကိုခြောက်အောင်လုပ်ပေးပါ.. မိုးစိုစိုနဲ့ မနက်ဖြန်ဝတ်လို့မရဘဲနေမယ်”။
မေမေ့ကိုပြောပြီးတဲ့နောက် တစ်နေရာမှာထိုင်ပြီး ကျွန်မသတင်းစာဖတ်နေလိုက်ပါတယ်။ အဲဒီနေက ကျွန်မရဲ့စိတ်ဟာ အပြင်မှာစိုစွတ်နေတာထက်ပိုပြီး ယမ်းမှုန့်တွေစားထားတဲ့အတိုင်း ပေါက်ကွဲချင်နေခဲ့ပါတယ်။ မေမေ့ကိုလည်း အကြောင်းမရှိအကြောင်းရှာပြီး ရန်ရှာပါတော့တယ်။ မေမေလည်း ကျွန်မကိုစိတ်တိုပါတယ်.. ကျွန်မကို ခပ်ပြင်းပြင်းဆူပါတယ်။ အပြင်မှာ မိုးကရွာလေကြီးလေ.. အိမ်ထဲမှာ ကျွန်မတို့ကငြင်းလေ ပြင်းထန်လေနဲ့ နောက်ဆုံးမှာ မေမေ့ကို ကျွန်မစကားပြင်းပြင်းတစ်ခွန်းနဲ့ ပစ်ထည့်လိုက်ပါတယ်။
“မေမေကဘာမို့လဲ.. ကျောင်းစာအိမ်စာတွေနဲ့ ကျွန်မဒီလောက်အလုပ်များတာ မေမေကကျွန်မကို ဆူသေးတယ်.. မေမေနဲ့ကျွန်မဆက်ရန်မဖြစ်ချင်တော့ဘူး”
အဲဒီလိုပြောပြီး ကျွန်မဘာမှဆက်မပြောတော့ဘဲ အိမ်စာပဲထိုင်လုပ်နေခဲ့ပါတယ်။ ကျွန်မအငေါက်ကို မေမေကြောင်သွားပုံရတယ်။ မျက်နှာနီကြီးနဲ့ ကျွန်မကို သူတစ်ခွန်းပြန်ပြောမလို့ပါပဲ.. ဒါပေမယ့် ကျွန်မဖက်က ဘာသံမှမထွက်တော့လို့ သူလည်း စိတ်တိုတိုနဲ့ ဆိုဖာပေါ် ဆောင့်အောင့်ထိုင်ချလိုက်ပါတယ်။
မေမေစိတ်ကြီးတာက ကျွန်မစိတ်ကြီးတာလောက်မမီပါဘူး၊ မေမေကို ကျွန်မဂရုမစိုက်သလိုနေမယ် မေမေကြိုက်သလောက် ဒေါသထွက်စမ်းပါလို့ ကျွန်မစိတ်ထဲမှာ တွေးနေမိတယ်။ မေမေ့ဆီကလည်း အသံမကြားခဲ့တော့ပါဘူး။ ၁ဝမိနစ်လောက်နေတော့ မေမေဘာလုပ်နေမလဲဆိုပြီး ကျွန်မဖြည်းဖြည်းချင်း ခေါင်းထောင်ကြည့်ပါတယ်။ သူ့ကို ကျွန်မခိုးကြည့်တယ်ဆိုတာကို သူသိသွားမှာလည်း စိုးမိပါတယ်။ တအောင့်ကြာတိုင်း မေမေ့ကို ကျွန်မခိုးကြည့်ချင်နေမိတယ်။ တကယ်တော့ မေမေက ကျွန်မနောက်ကျောမှာထိုင်နေတာပါ။ ကျွန်မခေါင်းနည်းနည်းစောင်းလိုက်တာနဲ့ သူ့ကိုတွေ့နိုင်ပါတယ်။ ဒါပေမယ့် ကျွန်မပေါ်ပေါ်တင်တင် လှည့်မကြည့်ခဲ့ပါဘူး။ မေမေမလှုပ်ဘဲထိုင်နေတာတွေ့တော့ ကျွန်မစိုးရိမ်မိပြန်တယ်။ ကျွန်မကြောင့် သူငိုသွားမလား၊ နောက်ဆို ကျွန်မကိုမခေါ်ဘဲနေမလား။ ကျွန်မစိတ်ကျဉ်းကြပ်လွန်းနေပါတယ်။ ခေါင်းလေးလှည့်ပြီး ကျွန်မမှားပါတယ်လို့တစ်ခွန်းပြောလိုက်ရင် အားလုံးအိုကေသွားမယ်ဆိုတာကို ကျွန်မသိတယ်။ ဒါပေမယ့် ကျွန်မအရှုံးမပေးချင်ဘူး၊ ခေါင်းမာချင်နေသေးတယ်။ ဒါကြောင့် နေရာမှာတင် ကျွန်မ မလှုပ်မယှက်ထိုင်နေခဲ့မိတယ်။
တစ်နာရီလောက်ကြာတော့ ဆိုဖာကနေအသံထွက်လာတာကို ကျွန်မကြားလိုက်တယ်။ ဆိုဖာခုံကို မေမေပြင်ဆင်နေတယ်ထင်ပါရဲ့။ သူထရပ်ပြီး ကျွန်မအနားကိုလျှောက်လာရင် ကျွန်မခေါင်းမော့ပြီး “မေမေ.. ခုနားက ကျွန်မမှားသွားတယ်”လို့ ပြောလိုက်မယ်လို့ ကျွန်မတွေးနေမိတယ်။ တအောင့်နေတော့ သူတကယ်ပဲ ထရပ်ပြီး ကျွန်မအနားလျှောက်လာပါတယ်။ ကျွန်မ ညစ်စုတ်စုတ်လေးတွေးလိုက်မိပြန်တယ်။ ကျွန်မရဲ့လွယ်အိတ်ကို ကျွန်မအိပ်ခန်းထဲယူဝင်ပေးရင် သူ့ကို ကျွန်မတောင်းပန်မယ်ပေါ့။ သိပ်မကြာပါဘူး.. တကယ်ပဲ သူယူဝင်သွားပါတယ်။
ကျွန်မ ဖြည်းဖြည်းချင်းခေါင်းထောင်ကြည့်တော့ မေမေရဲ့စိတ်ဆိုးရိပ်မပြယ်သေးတဲ့ မျက်နှာကိုတွေ့ပြန်တယ်။ ကျွန်မဆီက ဘာသံမှမထွက်သေးဘူး။ သူ့ဆီကလည်း ဘာသံမှမကြားသေးဘူး။ အတွေးတွေကိုတစ်ခုပြီးတစ်ခု ကျွန်မဆက်ပုံဖော်ကြည့်ပါတယ်။ ကျွန်မကို သူရေနွေးတစ်ခွက်ထည့်ပေးတယ်လို့ ပုံဖော်ကြည့်တယ်။ ကျွန်မရဲ့ သွားတိုက်တံပေါ် သွားတိုက်ဆေးထည့်ပေးတယ်လို့ ပုံဖော်ကြည့်တယ်။ သူ တကယ်ပဲ အဲဒါတွေကိုလုပ်နေပါတယ်။ ဒါတောင် ကျွန်မက မျက်နှာကိုရှစ်ခေါက်ချိုးထားတုန်း၊ နှုတ်ဆိတ်နေတုန်းပါပဲ။ နောက်ဆုံးမှာ တကယ်လို့ ကျွန်မဖိနပ်ကို သူခြောက်အောင်လုပ်ပေးရင် ကျွန်မစကားပြောမယ်လို့ ပုံဖော်ကြည့်ပြန်တယ်။ သူတကယ်ပဲ ခါးကုန်းချ ဖိနပ်ကိုကောက်ယူပြီး ရေချိုးခန်းဆီထွက်သွားပါတယ်။ ရေချိုးခန်းကနေ ဖိနပ်ကို လေမှုတ်စက်နဲ့မှုတ်သံကို ကျွန်မကြားလိုက်မိတယ်။ ဒီလိုအချိန်မှာ ကျွန်မခေါင်းထောင်ပြီး သူလုပ်သမျှကို မမှိန်မသုန်ထိုင်ကြည့်နေခဲ့ပါပြီ။ ခါးကုန်းတာ၊ လက်ဆန့်ပြီး ဖိနပ်ကိုကောက်ကိုင်တာတွေ.. ကျွန်မစိတ်ထဲမှာ သူဒီလိုလုပ်တာကိုတားမယ့်စိတ် ပေါ်ပါသေးတယ်။ ဒါပေမယ့် သူလုပ်နေခဲ့ပါပြီ။
ကျွန်မနားထဲမှာ ရုတ်တရက် ဝုန်းဝုန်းအသံတွေ ဆူဆူညံညံကြားလိုက်မိတယ်၊ ရင်ထဲဆို့နင့်ပြီး ပါးရိုးတွေညောင်းကိုက်လာခဲ့တယ်။ မျက်ရည်တွေက ကျွန်မကိုင်ထားတဲ့ဘောပင်ကနေတဆင့် ရေးနေတဲ့စာလုံးတွေပေါ် စီးကျလာခဲ့ပါတယ်။ မျက်ရည်ကြောင့် အပြာရောင်စာလုံး အရောင်လွင့်သွားပါတယ်။ မျက်ရည်တွေကြားထဲကနေ သူလုပ်သမျှကို ကျွန်မကြည့်နေမိတယ်။ သူက ခါတိုင်းလုပ်နေကျလိုပဲ လုပ်နေပါတယ်။ ကျွန်မကိုယ်ကျွန်မ ရက်ရက်စက်စက်ဆဲလိုက်မိပါတယ်။ ကျွန်မကို သူနောက်ကျောပေးထားတာကြောင့် ကျွန်မငိုနေတာကို သူလုံးဝမမြင်ပါဘူး။ တအောင့်နေတော့ ရေချိုးခန်းထဲကနေ သူထွက်လာပြီး ကျွန်မကို စကားတစ်ခွန်းပြောပါတယ်။
“အချိန်မစောတော့ဘူး.. သွားလာတိုက်တော့” သူ့လေသံက ခါတိုင်းလိုပဲ နူးညံ့သိမ်မွေ့ချိုမြိန်နေပါတယ်။ ကျွန်မကိုယ်ကျွန်မ အရမ်းရှက်ခဲ့မိပါတယ်။
သူပြုမူပြောဆိုခဲ့တဲ့ ကိစ္စရပ်တစ်ခုတိုင်း၊ စကားလုံးတစ်ခုတိုင်း၊ လေသံတစ်ခုတိုင်းကို ကျွန်မပြန်ပြောင်း တွေးတောနေမိပါတယ်။ အဲဒီလေသံ၊ အဲဒီနူးညံ့သိမ်မွေ့မှုအတိုင်း သူနေ့စဉ်ထပ်တလဲလဲ ပြောဆိုပြုမူခဲ့ပါတယ်။ မကျေမနပ်ညည်းတွားမှုတွေ တစ်ခုမှမပါခဲ့ပါဘူး။ ဒီမြင်ကွင်းတွေကို ကျွန်မအလွတ်ရမတတ် ကျင့်သားရ ရင်းနှီးနေခဲ့ပေမယ့် ထပ်တလဲလဲဖြစ်အောင် ကျွန်မပြုမူနေခဲ့မိပါတယ်။ ကျေးဇူးစကားတစ်ခွန်းမှမပြောဘဲ ဒီမြင်ကွင်းတွေကိုပဲ ကျွန်မထပ်တလဲလဲဖြစ်စေခဲ့ပါတယ်။ ဒါတွေကို ပြန်တွေးမိတိုင်း ကျွန်မကိုယ်ကျွန်မ မုန်းမိပါတယ်။
တကယ်တော့ ကျွန်မဟာ မေမေနဲ့ဂိမ်းကစားရတာကို အကျင့်ဖြစ်နေခဲ့တာပါ။ ဂိမ်းတစ်ခုပြီးတစ်ခုကစားရင်း အဲဒီဂိမ်းမှာ ကျွန်မအမြဲနိုင်နေခဲ့ပါတယ်။ ကျွန်မစိတ်သေးသိမ်လို့၊ ခေါင်းမာလို့ ကျွန်မအမြဲနိုင်နေခဲ့တာမဟုတ်သလို မေမေစိတ်ကောင်းရှိလို့၊ စိတ်ပျော့လို့ သူအမြဲရှုံးနေတာလည်း မဟုတ်ခဲ့ပါဘူး။ ကျွန်မက သူ့သမီးဖြစ်လို့ သူကကျွန်မရဲ့မေမေဖြစ်နေလို့ပါ။ မေမေက ကျွန်မရဲ့အမှားတစ်ခုစီတိုင်းကို ပြုံးပြုံးလေး ခွင့်လွှတ်ခြင်းတွေနဲ့ လက်ခံရင်ဆိုင်နေခဲ့ပါတယ်။ ဒါတောင် ကျွန်မက ကျွန်မနံဘေးမှာလက်နဲ့ဖမ်းဆုပ်လို့ရနိုင်တဲ့ ပျော်ရွှင်မှုတွေကို ဂရုမစိုက်၊ အလေးမထားဘဲနေခဲ့မိပါတယ်။
ကျွန်မစက်ဘီးစီးပြီး ကျောင်းသွားတဲ့အခါတိုင်း မေမေဟာ ဝရံတာမှာရပ်ပြီး ကျွန်မရဲ့နောက်ကျောပုံရိပ်ကို အဝေးကနေ ငေးကြည့်နေတတ်ခဲ့တယ်ဆိုတာကို ကျွန်မ မထင်မှတ်ဘဲသိခဲ့ရပါတယ်။ အဲဒီလိုသိပြီးတဲ့နောက် ကျွန်မဘာမှမလုပ်ခဲ့ပါဘူး။ ဒါပေမယ့် ကျွန်မစိတ်ထဲမှာ တာဝန်ဆိုတဲ့အရာတစ်ခု ပထမဆုံးအကြိမ်ခိုအောင်းခဲ့ပါတယ်။ အဲဒီတာဝန်က ကျောင်းသွားချိန် စက်ဘီးပေါ်ကို ကျွန်မအမြန်ခုန်တက်တယ်.. ပြီးတော့ လမ်းချိုးကိုကွေ့ ပြီး ကျွန်မကိုမေမေမြင်နိုင်တဲ့ လမ်းနေရာရောက်ရင် စက်ဘီးကိုဖြည်းနိုင်သမျှ ဖြည်းဖြည်းချင်းစီးတာပါပဲ။ ဒီလိုလုပ်ရတာကလည်း “သမီးကျောင်းသွားပြီ မေမေရေ…”လို့ သူ့ကိုသိစေချင်တာလေးပါပဲ။ ကျွန်မဟာ ပထမဆုံးအကြိမ်အဖြစ် ပျော်ရွှင်တဲ့ရှုံးနိမ့်သူဖြစ်ချင်ခဲ့ပါတယ်။ မေမေကို တစ်ကြိမ်တစ်ခါလောက် အောင်နိုင်သူဖြစ်စေချင်ခဲ့ပါတယ်။ မေမေနဲ့ကျွန်မကြားက ကစားပွဲမှာ မေမေဟာတစ်သက်လုံး ရှုံးနိမ့်သူအဖြစ် စီရင်ချက်ချခံရသူပါ။ သူ့အပေါ် ကျွန်မရဲ့ချစ်မြတ်နိုးမှုက ကျွန်မအပေါ် သူ့ချစ်မြတ်နိုးမှုကို ဘယ်တော့မှမမီခဲ့ပါဘူး။
မေမေဟာ ခါတိုင်းလိုပဲ နေ့တိုင်းစိတ်ပါလက်ပါနဲ့ ကျွန်မအတွက် စားကောင်းသောက်ဖွယ်တွေကို ချက်ပြုတ်ပေးနေဆဲပါ။ နေ့တိုင်း ကျောင်းသွားဖို့ ထမင်းထုပ်ကို ထုပ်ပေးနေဆဲပါ။ နေ့တိုင်း ဝရံတာမှာအချိန်မှန်မှန်ရပ်ပြီး နေရောင်အောက်က ကျွန်မရဲ့တယိုင်တယိမ်းအရိပ်ကို ငေးကြည့်နေဆဲပါ။ နေ့တိုင်း ကျွန်မသတိမထားမိတတ်တဲ့ သာမန်အသေးအမွှားကိစ္စတွေကို ပြုလုပ်နေဆဲပါ။ နေ့တိုင်း အလုပ်များတဲ့ကြားက ပြဿနာရှာတတ်တဲ့သမီးကို သတိရနေဆဲပါ။
ကျွန်မနဲ့မေမေဟာ လူမသိတဲ့ကစားပွဲကို ဆက်လက်ကစားနေခဲ့ပါတယ်။ ရိုးစင်းတဲ့ဒီကစားပွဲရဲ့စည်းကမ်းကို လိုက်နာနေခဲ့ပါတယ်။ ကျွန်မလည်း တစ်နေ့နေ့တစ်ချိန်ချိန် နေရောင်ပက်ဖြန်းထားတဲ့လမ်းမပေါ်မှာ ဆံဖြူသွားကျိုးတဲ့ ဒီအမေအိုလက်ကိုဆွဲပြီး အသံကျယ်ကြီးနဲ့ သူ့ကိုစကားတွေပြောနေမှာပါ။ အဲဒီနောက် သူ့ကို ခပ်ပြင်းပြင်း တစ်ချက်နမ်းပစ်မှာပါ။ လမ်းသွားလမ်းလာတွေရဲ့အားကျတဲ့မျက်လုံးအောက်မှာ ပျော်ပျော်ကြီး ကျွန်မလက်ကျန်ဘဝကို ကျွန်မဖြတ်သန်းပစ်မှာပါ။
ကျွန်မတို့မိဘတွေ ဘာများတွေးတောနေကြသလဲဆိုတာကို ကျွန်မတို့ ဘယ်တော့မှ နားလည်ကြမှာမဟုတ်ပါဘူး။ ဒါပေမယ့် သူတို့ဘဝကိုရိုးရိုးစင်းစင်းဖြတ်သန်းနေတာ၊ အလုပ်ကို ပင်ပင်ပန်းပန်းလုပ်နေတာတွေဟာ ကျွန်မတို့အတွက်ဆိုတာကိုတော့ ကျွန်မတို့သေချာသိပါတယ်။ သူတို့ဘာတွေတွေးနေသလဲဆိုတာကို ကျွန်မတို့နားလည်သဘောပေါက်ချိန်မှာ ကျွန်မတို့လည်း သားသမီးရှိတဲ့ မိဘတွေဖြစ်နေခဲ့ပါပြီ။
ကျွန်မတို့နဲ့အနီးဆုံးမှာရှိတဲ့ပျော်ရွှင်ခြင်းက ကျွန်မတို့ရဲ့နံဘေးမှာရှိနေခဲ့ပါတယ်။ ဒီပျော်ရွှင်ခြင်းကို အချိန်တစ်စက္ကန့်လေးနဲ့ ကျွန်မတို့ဖတ်ရှုနားလည်နိုင်သလို တစ်သက်တာအချိန်ကို အသုံးပြုပြီးမှလည်း နားလည်နိုင်ပါလိမ့်မယ်။
မူရင်းရေးသားသူ-- Sun Xue Qing
နိုင်းနိုင်းစနေ ဆီလျော်အောင် ဘာသာပြန်ခံစားသည်။

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။