Eric Martin ( Mr.Big )
ကျတော်တို့ သိထားတဲ့ Mr.Big အဖွဲ့ ရဲ့  အဆိုတော် နာမည်ကတော့ Eric Martin ဖြစ်ပြီး အဖေက အီတလီလူမျိုး နဲ့ အမေက အိုင်းရစ် လူမျိုးဖြစ်ကြတယ်။ ၁၉၆၀ အောက်တိုဘာ ၁၀ ရက်မှာ မွေးခဲ့တယ်။ သူ့အောက်မှာ မွေးချင်း ၃ ယောက်ရှိသေးတယ်။
အသက် ၁၈ နှစ်မှာ သူ့ဘ၀ကို သူ လွတ်လပ်စွာ ရွတ်လွင့်ဖို့ ဆုံးဖြတ်ခဲ့ပြီး သူ့ဘ၀ ရဲ့ ပထမဆုံး အလုပ်ကတော့ ရေခဲမုန့် ရောင်းခဲ့တယ်။ သူဟာ အစတော့ Drum တီးတယ်။ အချိန် အကန့်အတန့် ခဏလေးပါပဲ။
သူ့ဆရာကတော့ Judy Davis ဖြစ်တယ်။ သူမ ဟာ Eric Martin ကို သီချင်းရေးတဲ့အခါ စကားလုံး ရွေးချယ်မှူ အသုံးပြုပုံ ရေးစပ် ပုံတွေ ၊ သီချင်းဆိုတဲ့အခါ သက်လုံ ကောင်းမွန်ဖို့နဲ့ အသက်ရှူ အ၀င်အထွက် ထိန်းချုပ်တတ်အောင်သွန်သင်ပေးခဲ့တယ်။
သူတို့မိသားစုဟာ ၁၉၇၀ ၀န်းကျင်လောက်မှာ San Francisco ကို ပြောင်းရွှ့  ခဲ့ပြီး Galileo အထက်တန်းကျောင်မှာ မှာ ပညာသင်ရင်းနဲ့ အဲဒီမှာ သူ့ရဲ့  ဂီတ ဘော်ဒါ တစ်ချို့ နဲ့ ဆုံစည်းခဲ့ ပြီး "Kid Courage" ဆိုတဲ့ အဖွဲ့တစ်ဖွဲ့ကို ဖွဲ့ စည်းခဲ့တယ်။
သူဟာ either rock, soul နဲ့ country သီချင်းတွေကို နားထောင်ရင်းနဲ့ ကြီးပြင်းခဲ့တာဖြစ်တယ်။
သူ့ရဲ့  အအောင်မြင်ဆုံး သီချင်းတစ်ပုဒ်ဖြစ်တဲ့ To Be With You ဆိုတာ သူ့ဘ၀ ဆယ်ကျော်သက်အရွယ်မှာရေးခဲ့တဲ့ သီချင်းတစ်ပုဒ်ဖြစ်တယ်။ အဲဒီ သီချင်းဟာ နိင်ငံ ပေါင်း ၁၅ နိင်ငံမှာ NO.1 ချိတ်ခဲ့တယ်။
Mr.Big အဖွဲ့ကို ၁၉၈၈ ခုနှစ်မှာ ဖွဲ့ စည်းခဲ့တယ်။ အဖွဲ့ ဝင်တွေကတော့ ဘေ့စ် (Bass)ဂီတာသမား Billy Sheeehan / Drummer- Pat Torpey/ နဲ့  Lead ဂီတာ သမားကတော့ Paul Gilbert တို့ဖြစ်ကြတယ်။ Mr.Big အဖွဲ့ ဟာ လူငယ်တွေကြားမှာ လျင်မြန်စွာရေပန်းစားခဲ့ပြီး အောင်မြင်လာခဲ့တယ်။ ဒါပေမယ့် နောက်ပိုင်း မှာ Paul Gilbert ဟာ အဖွဲ့ မှ ခွဲထွက်ခဲ့တယ်။ Mr.Big ဟာ Paul Gilbert နေရာမှာ Richie Kotzen ဆိုတဲ့ ဂီတ သမားနဲ့ အစားထိုးခဲ့တယ်။ Mr.Big ဟာ Paul Gilbert မရှိတော့တဲ့ နောက်ပိုင်းမှာလည်း အောက်မြင်မှူတွေ ဆက်လက် ဆွတ်ခူးနိင်ခဲ့တယ်။ အာရှ ဖျော်ဖြေရေး ခရီးစဉ်ပေါင်းမြောက်များစွာကို ပြုလုပ်နိင်ခဲ့တယ်။ အထူးသဖြင့် ဂျပန်နိင်ငံရဲ့ အားပေးမှူတွေဟာ အားကောင်းခဲ့တယ်။ ၂၀၀၈ ခုနှစ် မေလ လောက်မှာ Mr.Big နဲ့ Paul Gilbert ဟာ Los Angeles မှာပြန်လည်လက်တွဲခဲ့တယ်။

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။