Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Thursday, March 6, 2014

ကိုယ့်ကိုကိုယ်အထင်ကြီးလွန်းခြင်း စိတ်ရောဂါ ဖြစ်နေသူတွေ ဆီမှာရှိတဲ့ အချက်(၁၈)ချက်


မိသားစုထဲမှာပဲဖြစ်ဖြစ်၊ သူငယ်ချင်းတွေထဲမှာပဲ ဖြစ်ဖြစ် သူတို့ဟာ သူများထက် ပိုသိပိုတတ်ကြောင်း အမြဲပြောနေတတ်တဲ့ လူတွေရှိပါတယ်။ မိတ်ဆွေခြင်း စကားပြောကြပြီဆိုရင်လည်း စကားဝိုင်းကို သူ့အကြောင်း မရောက်ရောက်အောင် သိသိသာသာပဲဖြစ်ဖြစ် မသိမသာပဲဖြစ်ဖြစ် အမြဲသယ်နေတတ်တဲ့ လူတွေရှိပါတယ်။ သူတို့အကြောင်း ရောက်သွားပြီဆိုရင်လည်း တခြားလူတွေဆီမှာ မရှိဘူးလို့ထင်ရတဲ့ အကြောင်းတွေကို ကြွားနေတတ်ကြပါတယ်။
 
လူတိုင်းဟာ သူများထက်တော့ ကိုယ့်ကိုကိုယ် အထင်ကြီးတတ်ကြတာပါပဲ။ ဒါပေမဲ့ ဆေးပညာအရ ကိုယ့်ကိုယ်အထင်ကြီးလွန်းခြင်း စိတ်ရောဂါအသေးစား (narcissistic personality disorder) ရှိနေပြီ ဆိုရင်တော့ ကိုယ့်အတွက်တင်မဟုတ်ဘူး ကိုယ့်အပေါင်းအသင်းတွေနဲ့ ဆက်ဆံရေးမှာပါ ပြဿနာရှိလာပါပြီ။
ကိုယ့်ကိုကိုယ် အထင်ကြီးလွန်းနေတဲ့ လူတွေရဲ့ အချက်အလက်လေးတွေကို ဂျော်ဂျီယာတက္ကသိုလ် စိတ်ပညာဌာနရဲ့ ခေါင်းဆောင်တစ်ဦးဖြစ်သူ ပေါမောက္ခ ဒဗလျူကီးကမ်းဘဲလ် က HuffPost ကို ပြောကြားခဲ့ပါတယ်။

မြင်မြင်ချင်း သဘောကျချင်စရာ
မြင်မြင်ချင်းမှာတော့ သူတို့ဟာ တကယ်ကို သဘောကျစရာပါ။ ဒါကြောင့်လည်း သူတို့ဟာ အင်တာဗျူးတွေဘာတွေဆို အလုပ်ဖြစ်တတ်ကြပါတယ်။ ”အိုးမိုင်ဂေါ့ ဒါငါခန့်ခဲ့တဲ့လူမှ ဟုတ်ရဲ့လားလို့ ပြောလာရလိမ့်မယ်” လို့ ကမ်းဘဲလ်က ပြောကြားခဲ့ပါတယ်။

အားလုံးက ကျယ်ကျယ်သမားတွေမဟုတ်
ဆရာကြီးစတိုင်ဆိုတာနဲ့ နေရာတကာမှာ ကျယ်ကျယ်နဲ့ လိုက်ကြွားနေတဲ့လူတွေကို သွားမြင်တတ်ကြပါတယ်။ “နှစ်မျိုးရှိတယ်ဗျ၊ အမြဲတမ်းကြွားကြွားဝါဝါသမားတွေရှိသလို ရှက်တတ်တဲ့လူတွေလည်းရှိတယ်။သူတို့ကတော့ ရှေ့တို့ဘာတို့ မထွက်ဘူး။ ဒါပေမဲ့ သူတို့နေ့ရောက်လာတော့မှာပါ ဆိုပြီး အခန်းထောင့်မှာ ထိုင်နေတတ်လူမျိုးတွေလည်းရှိတယ်”

ခေါင်းဆောင်တွေ
ကိုယ့်ကိုကိုယ်အထင်ကြီးလွန်းသူတွေဟာ သူတို့ကိုယ်သူတို့ ခေါင်းဆောင်တွေဖြစ်နေတာကိုလည်း တွေ့ရတတ်ပါတယ်။ ကိုယ့်ကိုကိုယ် အထင်ကြီးလွန်းနေပါတယ် ဆိုကတည်းက ခေါင်းဆောင်ဖြစ်ချင်နေတတ်ပါတယ်။

စကားဝိုင်းမှာ သူ့အကြောင်းပဲပြောဖို့ လုပ်နေမယ်
အစမှာတော့ သူ့မှာကင်ဆာရှိနေကြောင်းနဲ့ စပါလိမ့်မယ်။ သိပ်မကြာခင်မှာပဲ ကားသစ်ဝယ်တဲ့အကြောင်းလာပါလိမ့်မယ်။


ဟိုလူဒီလူနဲ့သိတယ်
ကမ်းဘဲလ်ပြောကြားချက်အရ ဒီလောက်လည်းမဟုတ်ဘဲနဲ့ ကျော်ကြားတဲ့ ဟိုလူဒီလူတွေနဲ့သိတယ်လို့လည်း သူတို့က လုပ်တတ်ကြပါသေးတယ်တဲ့။

သူတို့မကောင်းကြောင်းလည်း သူတို့ကိုယ်တိုင်ပြောတယ်
သူခံလိုက်ရတဲ့အကြောင်းတော့ပြောပါတယ်။
“ငါ့ကိုနားမလည်ဘူးကွာ။ ငါဘယ်လိုကောင်ဆိုတာ မင်းသိပါတယ်။ ငါ့ကိုလုပ်လိုက်လို့ သူတို့ဘာရမှာလဲ” ဒါမျိုးပေါ့ ။

အကောင်းကြိုက်ခြင်း
အကောင်းကြိုက်တဲ့လူတွေအားလုံး ကိုယ်ကို့ကိုယ် အထင်ကြီးတဲ့စိတ်ရောဂါ စွဲနေတယ်လို့ မဆိုလိုပါဘူး။ ဒီလိုလူမျိုးတွေနဲ့ သူတို့ကမတူပါဘူး။ သူတို့အဆင့်မြင့်ကြောင်းပြဖို့ အကောင်းစားတွေကို သူတို့ကလိုတာပါ။
အကောင်းတွေရွေးဝယ်ရတာ ဝါသနာပါတဲ့လူက ဘယ်ပစ္စည်းကိုတော့ ဈေးဘယ်လောက် ကောင်းကောင်းနဲ့ ရခဲ့တယ်ဆိုတာမျိုး ပြောပါလိမ့်မယ်။ ကိုယ့်ဆရာတွေကတော့ သူဝယ်လာတဲ့ပစ္စည်းဟာ ဘယ်လောက်ဂုဏ်သတင်းကြီး ထည်ဝါကြောင်းတွေပဲ ပြောနေတတ်ပါတယ်။

Smart ကျခြင်း
ခန္ဓာကိုယ်စတိုင်ဟာ သူတို့အတွက် အရမ်းကြီး စွဲဆောင်မှုရှိဖို့တော့ မလိုပါဘူး။ ဆံပင်ကိုသေချာသထားတာ၊ လက်သည်းခြေသည်းလေးတွေကို သေချာပြင်ထားတာမျိုးတော့ ရှိတတ်ပါတယ်။

ဖေ့စ်ဘုတ်ပေါ်မှာ သူငယ်ချင်းအများကြီး၊ ရုပ်ဆိုးတဲ့ပုံ တစ်ပုံမှမရှိ
ကမ်းဘဲလ်ရှင်းပြချက်အရတော့ သူတို့တွေဟာ လူအများအပြားနဲ့ ကိုယ့်ကိုကိုယ်မြှင့်တင်မှုတွေ လုပ်တတ်ကြပါတယ်။ ဖေ့စ်ဘုတ်မှာ ဆွဲဆောင်မှုရှိတဲ့ပုံတွေ သူများထက်ပိုရှိတတ်ကြပြီး သူငယ်ချင်းတွေလည်းအများကြီးနဲ့ပါ။

ဝေဖန်ရေး
ဝေဖန်ရေးတော့ သွားမလုပ်လိုက်ပါနဲ့။ သာမန်လူတွေထက် ပိုပြီးမခံနိုင်လို့ပါ။

အပြစ်ရှောင်သူ
သူများကိုပဲ အပြစ်ပုံချတတ်ပါတယ်။”ဆင်ခြေပေးတာမှာလည်း သူတို့က ကောင်းတယ်ဗျ။ သူတို့လုပ်တဲ့အမှားအတွက်တော့ တာဝန်မယူဘူး”လို့လည်း ကမ်းဘဲလ်က ပြောကြားခဲ့ပါတယ်။

သူ့နောက်မှာ ပျက်စီးမှုတွေတစ်သီကြီးနဲ့
သိပ်မကောင်းတဲ့ ဆက်ဆံရေးသမိုင်းတွေ၊ အလုပ် အတွေ့အကြုံ့တွေ သူတို့မှာရှိတတ်ပါတယ်။ ကုမ္ပဏီတွေမှာ လုပ်မယ်၊ အမှားတွေဖြစ်မယ်၊ နောက်ကုမ္ပဏီပြောင်းမယ် ဆိုတာမျိုးပါ။ ပေါင်သင်းဆက်ဆံရေးမှာ သူတို့က မဟုတ်တာလုပ်လို့ ကွဲကြပြဲကြပြီး နောက်တစ်ခုကို သူတို့ကပြောင်းကြတာမျိုးပါ။

လိမ်တတ်ခြင်း
သူတို့သဘောကျတဲ့လူပဲဖြစ်ပါစေ ဒီလူဟာ သူတို့ထက်သာတယ်ဆိုတာမျိုးကိုတော့ သူတို့ကလက်မခံပါဘူး။ ပေါင်းသင်းဆက်ဆံရေးမှာ မပြောသင့်တာ မလုပ်သင့်တာ၊ လိမ်တာတွေဟာ ကိုယ့်ကိုကိုယ်အထင်ကြီး စိတ်ရောဂါ စွဲကပ်နေသူတွေဆီမှာ ပိုပြီးအဖြစ်များလေ့ရှိပါတယ်။

အားလုံးဟာပုဂ္ဂိုလ်ရေး
ရှက်တတ်တဲ့ အမျိုးအစားမှာ ပိုဖြစ်လေ့ရှိပါတယ်။ ကြွားတဲ့ဝါတဲ့လက္ခဏာမျိုး သူတို့မှာမရှိဘူးဆိုရင်တောင်မှ အသိအမှတ်မပြုဘူးဆိုရင်တော့ သူများထက်ကို ဒေါသတကြီးတုံ့ပြန်ပါတယ်။ သူမကြိုက်တာလေးတစ်ခု လုပ်မိပြီဆိုတာနဲ့ သူ့ကိုဆန့်ကျင်တယ်လို့ ယူဆပါတယ်။ သူ့ကိုဂရုမစိုက်ဘူးလို့ထင်ပါတယ်။


ကိုယ့်အကြောင်းကိုယ်မသိ
ဒီလိုဖြစ်တာဟာ သူတို့က သူများထက် ပိုတော်ပိုတတ်တယ်လို့ ထင်နေတာကြောင့်မဟုတ်ပါဘူး။ကြွားကြွားဝါဝါအမျိုးအစားမှာဆိုရင်သူတို့ဟာ သူများထက် သာတယ်လို့ ခံစားနေရတဲ့အကြောင်းက စစချင်းမှာပဲ သူများနဲ့မတူတဲ့ အောင်မြင်မှုကြီးတွေဘာတွေ ရခဲ့တာမျိုးတွေကြောင့်ပါ။ 

လိုက်လျောပေးခြင်း
ရုံးတွေအိမ်တွေမှာ ဒီလိုလူမျိုးနဲ့ဆက်ဆံရပြီဆိုရင်တော့ အကောင်းဆုံးနည်းကတော့ သူတို့ကို မြှောက်ပြောတာပါပဲ။ ဒါမှ သူတို့နဲ့ ငြိမ်ငြိမ်းချမ်းချမ်း ဆက်ဆံလို့ရပါမယ်။ 

ကိုယ့်ကိုကိုယ်ယုံကြည်မှု
ကိုယ့်ကိုကိုယ် အထင်တွေကြီးပြီး ယုံကြည်မှုမရှိလို့ ပြဿနာတွေဖြစ်ရတယ်လို့တော့ မထင်လိုက်ပါနဲ့။ အလွန့်အလွန်ကို ကိုယ့်အပေါ်ကိုယ် ယုံကြည်မှုရှိသူတွေပါ။

မိန်းမတွေထက် ယောကျာ်းတွေပိုဖြစ်နိုင်
ယနေ့ခေတ်မှာတော့ ကိုယ့်ကိုကိုယ် အထင်ကြီးလွန်းမှု ဖြစ်ပွားခြင်းဟာ တော်တော်လေးကို မြင့်တက်လာနေပါတယ်။ ဘောလုံးသမား၊အဆိုတော် စသဖြင့် လုပ်ငန်းအမျိုးအစားနဲ့ ယဉ်ကျေးမှုပေါ် မူတည်ပြီးတော့ ဖြစ်ပွားမှုနှုန်းကွာခြားနိုင်ပါတယ်။ ယောကျာ်းတွေက မိန်းမတွေထက် ပိုဖြစ်တတ်ကြပါတယ်။
ဒီရောဂါကို သုသေတနတွေ ပိုမိုပြုလုပ်ဖို့လည်း လိုအပ်နေတယ်ပါတယ်။

ဖိုးသူတော်phothutaw.com

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။