Andrew Myo Aung
ပြင်သစ်ဘုရင် နပိုလီယံကို နန်းကနေချပြီး အကျယ်ချုပ်ထား နိုင်တဲ့အထိ အောင်မြင်အောင်တိုက်နိုင်တဲ့ ဗြိတိန်စစ်ဗိုလ်ချုပ်ကြီး (နောက် ၀န်ကြီးချုပ်) လော့ဒ်ဝယ် လင်တန်ဟာ ပြင်သစ်မှာ ရှိနေတုန်း အမဲလိုက်ထွက်ပါတယ်။
အမဲလိုက်ထွက် ရင်း သမင်တစ်ကောင်ကို တွေ့ပြီး လိုက်ကြရာ သမင်က တောစပ်နားက ခြံ ကြီးတခုထဲ ပြေးဝင်သွားပါတယ်။
အဲမှာ နောက်လိုက်တွေက ခြံထဲ ၀င်မလို့ ခြံစောင့်လေး (ကလေး) ကို တံခါးဖွင့်ခိုင်းပါတယ်။
အဲမှာ ကလေးက မဖွင့်ပေးနိုင်ဘူးလို့ ငြင်းပါတယ်။ အဲမှာ နောက်လိုက်က “ တံခါးကို ဖွင့်ပါ။ ခုလာနေတာ စစ်ဗိုလ်ချုပ်ကြီး ၀ယ်လင်တန်ဖြစ်တယ်“ လို့ ပြောပြပါတယ်။
အဲ့ကလေးကလည်း ” ဘယ်သူလာလာ မဖွင့်ရလို့ ကျနော့် သခင်မှာထားတယ် မဖွင့်နိုင်ဘူး ” လို့ငြင်းပါတယ်။
နောက်လိုက်တွေကလည်းအတင်းဖွင့်ဖို့ကြိုးစားပါတယ်။
နောက်တော့ ၀ယ်လင်တန်က တားပြီး ပြန်လှည့်လာကြတယ်။ အဲချိန်မှာ ကလေးက သူ့သခင်ကို အော်ပြော လိုက်တဲ့စကားကို ၀ယ်လင်တန်က သိချင်တာနဲ့ ဘာသာပြန်ကို မေးတော့
အဓိပ္ပါယ်က” သခင်ကြီး.. ကျနော်တို့နန်းကျသခင် နပိုလီယံ တောင် ရူံးနိမ့်ခဲ့တဲ့ စစ်ဗိုလ်ချုပ်ကြီးကို ကျနော် မောင်းထုတ်နိုင်ခဲ့ပြီ ” ၀ယ်လင်တန် လည်း အားရပါးရ ရယ်မောနေလိုက်ပါတယ်။
ပြီးတော့ သူက မှတ်ချက်ချ တာက အဲ့သည် လူငယ်ကို စစ်ပညာသင်ပေးရင် နပိုလီယံထက်တောင် သာအုံးမှာ ဆိုပြီး မှတ်ချက်ချခဲ့ပါတယ်။
ဝယ်လင်တန်က ဗိုလ်ချူပ်တဦးဖြစ်ပေမယ့် ယာစောင့်လေးကို အာဏာလက်နက်အားကိုးပြီး အနိုင်မကျင့် ခဲ့ပါဘူး။
(ဆရာအောင်သင်းရဲ့ ကျနော်ကျောင်းဆရာစာအုပ်ကနေ ကောက်နုတ်ပါတယ်။ )
-MM-
သုတစွယ်စုံကျမ်း
သုတစွယ်စုံကျမ်း
=========
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။