ပညာရေးဆိုသည်မှာ
“ပညာ” ဆိုတာ အတတ်ပညာ၊ ယဉ်ကျေးမှု၊ အကျင့်တရားရှိမှု၊ ဣနြေ္ဒတို့ကို စောင့်ထိန်းနိုင်မှုစသည်တိုးပွား၍ အဝိဇ္ဇာစသော အပြစ်ဒေါသများကင်းစင်သွားခြင်းကိုပင် ပညာ အဆုံးအမဟုခေါ်သည်ဟု ” ဇိနတ္ထပကာသဏီ” ကျမ်းတွင် ဖွင့်ဆိုထားသည်။ပညာရေးသည် နိုင်ငံနှင့် လူမျိုး၏ အခြေခံအုတ်မြစ်လည်း ဖြစ်သည်။ ပညာရေး သည် ခေတ်ရေစီးကြောင်း နှင့်အတူ စုန်ချည်ဆန်ချည်လူးလိမ့် မျော ပါနေရင်းက နိုင်ငံတကာနှင့် ရင်ပေါင်တန်းနိုင်အောင် အလေးထားဆောင်ရွက်ရမည့် အရေးပါဆုံးေ သာ အမျိုးသားလုပ်ငန်းကြီး တစ်ရပ်လည်း ဖြစ်သည်။
ပညာရေးဆိုသော ဝေါဟာ ရသည် အလွန်ကျယ်ဝန်းနက် ရှိုင်းသည်ဟု ဆိုရမည်။ လူအများ သိနားလည်သော ကျောင်းသင်ပညာရေး(Formal Educa-tion) သာမက ကျောင်းပြင်ပ ပညာရေး(Non-Formal Education) စသည်တို့ အားလုံး ပညာရေးနယ်ပယ်တွင် အကျုံး ဝင်သည်။ နိုင်ငံတစ်နိုင်ငံ၏ပညာရေးအခြေအနေသည် ကာလ၊ ဒေသ၊ ပယောဂ အခြေ အနေတွေ အလိုက်ပြောင်းလဲ လေ့ရှိသည်။ ပညာရေးဆိုသည်မှာ အတိတ်သင်ခန်းစာကို အခြေခံ ပြီး ပစ္စုပ္ပန်အခြေအနေအရပ်ရပ်ကို သုံးသပ်သော အနာဂတ်ကာလ အတွက် မျှော်မှန်းရခြင်းဖြစ်သော ကြောင့် ပညာရေးအသီးအပွင့်ကို ချက်ချင်းစိုက်၊ ချက်ချင်းခူးဆွတ် စားရန် မဖြစ်နိုင်ပေ။ အနည်းဆုံး ၁၄ နှစ်၊ ၁၅ နှစ်လောက်ကြာမှ ခံစားရတတ်ပါသည်။ ပညာရှိ တစ်ဦးက “ပညာ၏အမြစ်ကား ခါးပြီး၊ အသီးကားချိုမြိန်လှသည်” ဟု ဆိုထားသည်ကို မှတ်သားမိသည်။
ပညာသင်ခွင့်
ပညာသင်ခွင့်သည် လူ တိုင်း၏ မွေးရာပါအခွင့်အရေး တစ်ခုဖြစ်သည်။ ကမ္ဘာ့နိုင်ငံ အသီးသီးသည် ပညာရေးကို လူ့အခွင့်အရေးတစ်ခု အဖြစ် ခံယူပြီး ၄င်းမူဝါဒကို အကောင် အထည်ဖော်ရန် မိမိတို့၏နည်း၊ မိမိတို့၏ မာန်ဖြင့် တစ်မျိုးတစ် ဖုံစီ အကောင်အထည်ဖော် လျှက်ရှိရာ ကွဲပြားမှုများစွာ လည်း ရှိနေသည်။ မြန်မာနိုင်ငံ တွင်လည်း မသင်မနေရ မူလ တန်းပညာရေးကို ၂ဝ၁၁-၂ဝ၁၂ ပညာသင်နှစ်မှစတင် အကောင် အထည်ဖော်လျက်ရှိနေပြီး ဖြစ် သည်။ ထို့ပြင်ကလေးများ ဘက် စုံ ဖွံ့ဖြိုးမှုအခြေခံရရှိစေရန် အခြေခံ ပညာသင်ကျောင်းများ ၌ အသက်၅နှစ် ပြည့်ပြီးကလေး များ မသင်မနေရ မူလတန်းကြို တန်းများကို လာမည့် ၂ဝ၁၄-၂ဝ၁၅ ပညာသင်နှစ်တွင် စတင် ဆောင်ရွက်သွားမည်ဟုလည်း သိရှိရသည်။
ပညာသင်ကြားရခြင်း၏ ရည်ရွယ်ချက်
ပညာသင်ကြားရခြင်း၏ ရည်ရွယ်ချက် (၅)မျိုးရှိသည်။
(၁) ပြည်ထောင်စု မြန်မာနိုင်ငံ တော်တွင် ဗလ ငါးတန်(ကာယ၊ ဥာဏ၊ စာရိတ္တ၊ ဘောဂ၊ မိတ္တ)နှင့် ပြည့်စုံသော နိုင်ငံသား ကောင်းများပေါ်ထွန်းလာစေရန်
(၂) ရည်မွန် တင့်တယ်သော နိုင်ငံများ ဖြစ်လာစေရန်
(၃) မိမိတို့၏ ပတ်ဝန်းကျင်နှင့် ကျယ် ဝန်းသောကမ္ဘာလောက ကြီးကို သိရှိနားလည်စေရန်
(၄) လောကဇာတ်ခုံပေါ်တွင် မိမိပါဝင်ကပြရမည့် အစိတ် အပိုင်းအခြေအနေကို ကောင်း စွာ သဘောပေါက်စေရန်။
(၅) အရည်အသွေးပြည့်မီသော လူသားများ ဖြစ်လာစေရန် ကျောင်းမှ စတင်၍ ပြင်ဆင်မှု များ ပြုလုပ်စေရန် တို့ပင်ဖြစ် သည်။
(၂) ရည်မွန် တင့်တယ်သော နိုင်ငံများ ဖြစ်လာစေရန်
(၃) မိမိတို့၏ ပတ်ဝန်းကျင်နှင့် ကျယ် ဝန်းသောကမ္ဘာလောက ကြီးကို သိရှိနားလည်စေရန်
(၄) လောကဇာတ်ခုံပေါ်တွင် မိမိပါဝင်ကပြရမည့် အစိတ် အပိုင်းအခြေအနေကို ကောင်း စွာ သဘောပေါက်စေရန်။
(၅) အရည်အသွေးပြည့်မီသော လူသားများ ဖြစ်လာစေရန် ကျောင်းမှ စတင်၍ ပြင်ဆင်မှု များ ပြုလုပ်စေရန် တို့ပင်ဖြစ် သည်။
ခေတ်သမိုင်းထဲက မြန်မာ့ပညာရေးစနစ်များ
မြန်မာနိုင်ငံတွင် ရှေးခေတ်မြန်မာဘုရင်များလက်ထက်ကတည်းက ဗုဒ္ဓရဲ့တရားဓမ္မနှင့်အဆုံး အမများကိုအခြေခံသော ပညာရေး ထွန်းကားခဲ့သည်။ ယင်း ပဒေသရာဇ်ေ ခတ်ပညာစနစ်ကို ” ဘုန်းကြီးကျောင်း၊ ပညာရေးစနစ်ဟု ခေါ်ပြီး ကိုယ်ကျင့်တရားကောင်းမွန်သော ပြည်သူ ပြည်သားကောင်းဖြစ်လာရေးကို ဦးတည်သော ပညာရေး ဖြစ် သည်။ အဓိကသင်ယူကြရသောဘာသာရပ်မှာပါဠိနှင့် မြန်မာဘာသာရပ်များ ဖြစ်သည်။ စာတတ်မြောက်မှုနှုန်း ၈၅ ရာခိုင်နှုန်းကျော်ရှိခဲ့သည်။
၁၈၈၅ခုနှစ်တွင် မြန်မာ တစ်နိုင်ငံလုံး အင်္ဂလိပ်လက် အောက်ကျရောက်ခဲ့ရသည်။ ကိုလိုနီခေတ်တွင် ကျောင်းသုံးမျိုးရှိသည်။ (၁) အင်္ဂလိပ်ကျောင်း English School ၊(၂) အင်္ဂလိပ်-မြန်မာစာသင်ကျောင်း Anglo-Vemacular School ၊ (၃)တိုင်းရင်းသား-မြန်မာစာသင်ကျောင်း ermacular School တို့ ဖြစ်သည်။ စာတတ် မြောက်မှုနှုန်း ၃၅ ရာခိုင်နှုန်း သာရှိခဲ့သည်။ ၁၉၄၈ခုနှစ် လွတ်လပ်ရေး ရပြီး နောက်ပိုင်း နိုင်ငံတော် အစိုးရ ကျောင်းဆိုပြီး ကျောင်း တစ်မျိုးတည်းထားပြီး သင်ရိုးကို လည်း တစ်မျိုး တည်းထားရှိခဲ့ သည်။ ၁၉၅၂ခုနှစ်တွင် ” ဘဝ သစ်ဖန်တီးမှုပညာရေးစီမံကိန်း” ကို ရေးဆွဲပြီး ပြည်တော်သာ ညီလာခံတွင် အတည်ပြုခဲ့သည်။ စာပေပညာရေးလမ်းကြောင်း တစ်ခုတည်းသာ အောင်မြင်ခဲ့ သည်ဟုဆိုကြသည်။၁၉၆၂ခုနှစ်၊မတ်လ ၂ရက် နေ့ ဦးနေဝင်းဦးဆောင်သော တော်လှန်ရေးကောင်စီက နိုင်ငံ တော်တာဝန်ကို ယူပြီးနောက် ပိုင်းတွင်အသက်မွေးဝမ်းကျောင်း ကို အထောက်အကူပြုသော စာရိတ္တမြင့်မားရေးကို အခြေခံ ကာ ပညာရေးစနစ်ကို ပြောင်းလဲ ကျင့်သုံးခဲ့သည်။ ၁၉၅၄ခုနှစ် တွင် တက္က သိုလ် ပညာရေး ဥပဒေ ကို ပြဋ္ဌာန်းခဲ့သည်။ ၁၉၆၆ ခုနှစ်တွင် အခြေခံပညာရေး ဥပဒေ ထုတ်ပြန်ကြေညာခဲ့ပြီး အထွေထွ ပညာရေးကို အခြေခံ ပညာရေး ဟု ခေါ် တွင်ေ စခဲ့ သည်။ ၁၉၇၄ခုနှစ် ဇန်နဝါရီလ ၃ရက် နေ့တွင် မြန်မာနိုင်ငံသည် ပြည်ထောင်စု ဆိုရှယ်လစ် သမ္မတ နိုင်ငံတော်ဘ ဝရောက်ခဲ့ရ သည်။ မြန်မာဆိုရှယ် လစ်ဘောင် အ တွက် လိုအပ်နေသော လုပ်သားကောင်း များ မွေးထုတ်ရေးကို အခြေခံ သော ပညာရေးဖြစ်လာခဲ့သည်။
အလင်းဆက်(I.R)

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။