Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ BobbySoxer Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HTDTunYin&ဟသာင်္တထွန်းရင် HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JMe&ဂျေးမီ JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း KKT&ကေကေတီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LDKyaw&L.ဒီကျော် LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MaNaw&မနော Madi&မဒီ Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NO&နိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PanYaungChel&ပန်းရောင်ခြယ် PannEiPhyu&ပန်းအိဖြူ Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SiThuLwin&စည်သူလွင် SiYan&စီယံ SinPauk&ဆင်ပေါက် SithuWin&စည်သူဝင်း Snare SoTay&ဆိုတေး SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SuNit&ဆူးနစ် SungTinPar&ဆုန်သင်းပါရ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TinZarMaw&တင်ဇာမော် TintTintTun&တင့်တင့်ထွန်း TuTu&တူးတူး TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း V.NoTun&V.နိုထွန်း WaNa&ဝန WaiLa&ဝေလ WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး XGALZ Xbox Y-Zet YY&၀ိုင်ဝိုင်း YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YuZaNa&ယုဇန YummyRookie Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့် khinMgHtoo&ခင်မောင်ထူး
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Tuesday, September 17, 2013

အမေရိကန်စက်ဘီးသမားတဦးဖော်ထုတ်ခဲ့သောမြန်မာ၏ သရုပ်မှန်

Burma-Newselite
အမေရိကန်စက်ဘီးသမားတဦးဖော်ထုတ်ခဲ့သောမြန်မာ၏ သရုပ်မှန်

မြန်မာဆိုတာကို သေချာဂဃနဏသိရှိရန်နိုင်ငံအနှံ့ ကျေးလက်တောရွာများကိုဖြတ်သန်းပြီး ကျနော်တကိုယ်တော်စက်ဘီးစီးခရီးနှင်ခဲ့ သည်မှာ ရက်သတ္တပတ်သုံးပတ်တောင်ကြာပါသည်။

ဘားမားဟု သိကြသော မြန်မာ၏ နွေးထွေးပျူငှာနှစ်လိုစရာကောင်းမှုက သိသာလွန်းလှပါသည်။ စိမ်းလန်းစိုပြည်သောကျေးလက်သဘာဝအလှများ။ နွေးထွေးသောစောင်တခုနှင့် ပတ်ထားသလိုခံစားရသည့် ရာသီဥတု။ကံ၏ အကျိုးတရားနှင့် သံသရာဘ၀အဆက်ဆက်ကို သက်ဝင်ယုံကြည်သော ဗုဒ္ဓဘာသာအများစုဖြစ်သည့် ဌာနေတိုင်းရင်းသားများ။ ထို့ ကြောင့် ဘေးအန္တရာယ်ကင်းရှင်းသော ဒေသတခုဖြစ်ရုံသာမက အနောက်ကစကားပုံတခုဖြစ်သည် တသက်မှာတဘ၀ဘဲဆိုသည့် အသုံးလည်း မကြားရသောနေရာတခုဖြစ်ပါသည်။

မြန်မာနိုင်ငံကိုသွားခဲ့ ဖူးသောခရီးသားများအကြားမှာ ပြောဆိုနေကြသည့် စွန့် စားသွားလာရသော ခရီးလမ်းများကိုပါ မြန်မာက ခွင့်ပြုပေးနေပြီဆိုသည်မှာ တကယ့်ကို အမှန်ဘဲဖြစ်သည်။ တကယ့် ကို လူတွေကသဘောကောင်းကြပြီး တပြုံးပြုံးနှင့် ဇဝေဇ၀ါဖြစ်နေသော နိုင်ငံခြားခရီးသွားများကို ကူညီချင်သူများဖြစ်ကြသည်။ ကျနော်တောင် မြန်မာစကားနှစ်ခွန်းပြောတတ်လာခဲ့ သည်။တခုက နူတ်ဆက်စကား မင်္ဂလာပါနှင့် တခုက အဆိုတော် ဂျပ်စတင်တင်ဘာလိပ်နာမည်နှင့် ခပ်ဆင်ဆင်တူသည့်  ကျေးဇူးတင်ပါတယ်ဆိုသောစကား ဖြစ်ပါသည်။

သို့ သော်လည်း ပုံမှန်အလည်အပတ်ခရီးထက်ပိုကြာကြာနေပြီး ကျနော်လုပ်သကဲ့ သို့ အတွင်းကျကျ လေ့လာကြည့်မည်ဆိုပါက အဆိုပါအပြုံးများက ဟန်ဆောင်အပြုံးတွေ ဖြစ်လာနိုင်ပါသည်။
ကျနော်၏ အစီအစဉ်က မြန်မာနိုင်ငံ၏ အကြီးဆုံးမြို့ တော်ရန်ကုန်ကနေ တောင်ဘက်မိုင်နှစ်ရာအကွာကို ဦးတည်သွားရန်ဖြစ်ပါသည်။ ရန်ကုန်ကနေ တညကားစီးပြီး ထိုနေရာကနေ ရန်ကုန်ကိုငါးရက်ကြာစက်ဘီးဖြင့် ပြန်လာခဲ့ ပါသည်။ ထိုသို့ လုပ်ရခြင်းက အပြင်ကိုထွက်ပြီးလေ့လာရန်နှင့် မြန်မာကျေးလက်လူနေမှုဘ၀ကို အပြည့်အ၀ ခံစားတွှေ့ ကြုံနိုင်ရန်ဖြစ်ပါသည်။

နိုင်ငံအနှံတွင် ကမ္ဘာလှည့်ခရီးသားများကို ကောင်းမွန်စွာကြိုဆိုရန်နှင့် ဂရုစိုက်ရန် ဆိုင်းဘုတ်များနှင့် လူအများကို ညွန်ကြားထားပါသည်။ သို့ သော်လည်း ဧည့်ဝတ်ကျေပွန်မှုနှင့် ခိုင်းသည့်အတိုင်းလုပ်ရခြင်းတို့ အကြားက ကွဲပြားခြားနားမှုကို ပြောပြရန်အတော်ခက်ပါသည်။


၂၀၀၅ခုနှစ်ကထုတ်ဝေခဲ့ သည့် ဂျော့ အိုဝဲလ်ကို မြန်မာမှာရှာဖွေခြင်းစာအုပ်မှာ စာရေးဆရာမ အမ်မာလာကင်က စက်ဘီးငှားပြီး ဂျော့အိုဝဲလ်နေထိုင်ခဲ့ သောကသာမြို့ ကို သူလျှောက်ကြည့်ရန် ကြိုးစားခဲ့ သည့်အကြောင်းကို ရေးသားထားပါသည်။သို့ သော် ရဲများက သူ၏အကြံကိုလက်မခံခဲ့ပါ။
“ဆိုက်ကားငှားစီးပါလား၊ဆိုက်ကားဆရာက ခင်ဗျားကို စောင့်ရှောက်ပေးနိုင်တာပေါ့ “ဟု ရဲများက စာရေးဆရာမ အမ်မာကိုပြောကြားခဲ့သည်ဟုဆိုပါသည်။
ယခုလမ်းမှာ ဘယ်သူကမှကျနော့်ကို ရပ်ပြီးသွားလာခွင့် နှင့်စာရွက်စာတမ်းစစ်ဆေးခြင်းမလုပ်သည်က မငြင်းနိုင်သောတိုးတက်မှုတရပ်ဖြစ်ပါသည်။ သို့ သော်အဘယ်ကြောင့် ကျနော်စိတ်ပျက်လက်ပျက်ခံစားရပါသလဲ။
သည့် ထက်ပိုဝေးဝေးသွားလို့မရသည့်အတွက်ဖြစ်ကောင်းဖြစ်နိုင်သည်။ မော်လမြိုင်မြို့ ၏ တောင်ဘက်နေရာအားလုံးလိုလိုတွင် ခရီးသွားများအတွက် ကန့်သတ်ထားပါသည်။ မြေပိုင်ရှင်များက အကျိုးအမြတ်ရှိမည့်အပန်းဖြေရိပ်သာ များဆောက်ရန် စီစဉ်နေဆဲသည့်အတွက်လည်းဖြစ်မည်။ မည်သူမှ ထို အကြောင်းကို အရေးတယူလုပ်မေးမြန်းခြင်းမရှိကြပါ။
၁၉၄၈ခုနှစ်တွင် ဗြိတိသျှအုပ်ချုပ်မှုအောက်မှလွတ်မြောက်ခဲ့ သည့်မြန်မာနိုင်ငံသည် ၁၉၆၂ခုနှစ်တွင်ဗိုလ်ချုပ်နေ၀င်းဦးဆောင်သော စစ်အုပ်ချုပ်ရေးလက်အောက်သို့ ပြန်လည်ကျရောက်ခဲ့ သည်။ နှစ်ပေါင်းများစွာစစ်အုပ်ချုပ်ရေးအောက်မှာရှိစဉ်က အစစအရာပိတ်ပင်တားဆီးမှုများပြုလုပ်ခဲ့ သည့် အချိန်ကမှု မြန်မာကို လည်ပတ်ခွင့်ရသည့် ကမ္ဘာလှည့်ခရီးသည်ဗီဇာမှာ ၂၄နာရီသာ လည်ပတ်ခွင့်ပေးခဲ့ သည်။
ထို့ ကြောင့်ယခုကဲ့ သို့ မော်လမြိုင် ပတ်ဝန်းကျင်တလျှောက် ကျနော်၏စက်ဘီးဖြင့် လှည်ပတ်လျှောကိကြည့်ရခြင်းက တကယ့်ကို အခွင့်ထူးကြီးတရပ်အဖြစ်ခံစားရပါသည်။
မော်လမြိုင်က ကိုလိုနီခေတ်က စာရေးဆရာ ဗြိတိသျှစာရေးဆရာဂျော့အိုဝဲလ်နေခဲ့ သည့် နေရာဖြစ်သလို နေညိုချိန်အကြောင်းကို ကဗျာများရေးဖွဲ့ ခဲ့ သည့် စာရေးဆရာရုဒ်ရှဒ် ကီပလင်း၏ တထောက်နားခိုခဲ့ သည့် နေရာလည်းဖြစ်ပါသည်။

မော်လမြိုင်မြို့ ပြင်ကိုကျနော်စက်ဘီးဖြင့်ထွက်လာပြီး လယ်သမားများကောက်စိုက်နေသည် ကိုရပ်ကြည့်ပြီး မင်္ဂလာပါဟု အော်ပြီးနုတ်ဆက်လိုက်သည့်အခါ ဒေသခံများက စက်ဘီးအနီရဲရဲပေါ်က လူဖြူတယောက်ကို သဘောကျစွာ ရယ်မောကြလေသည်။ ကျနော်စက်ဘီးကိုနင်းပြီးဖြတ်သွားသည့်အခါ လူတွေက ၀ိုင်းကြည့်ကြ၏ တချို့ ကအနားကပ်ပြီးလက်ဆွဲနုတ်ဆကိကြသည့်အတွက် ကိုယ့်ကိုယ်ကိုယ် အဆိုတော်ဂျပိစတင်တင်ဘားလိပ်ကဲ့သို့ နာမည်ကျော် တယောက်လို ကျနေိာခံစားမိလေသည်။
မော်လမြိုင်အနားက ကျွန်းလေးတကျွန်းဆီသို့ ကူးပြီးသွားကြည့်ရန် ကျနော်စက်ဘီးကို စီးလာခဲ့ ပါသည်။ သို့ သော်လည်း ထိုနေရာမှာနေ့ စဉ်ပြေးနေသည့် ခရီးသည်တင်ကုတို့ ကိုကျနော်လွတ်သွား၏။ဒေသခံများက စက်လှေများဖြင့် တခါကူးလျှင် ဒေါ်လာ ၃၀ဆင့်မျှပေးရသော ပုဂ္ဂလိက စက်လှေလေးများဖြင့် အပြန်အလှန်ကူးနေကြသည်။ ကျနော်ကူးဖို့ ကြိုးစားရာတွင် မည်သည့်လှေသမားမျှ ကျနော့် ငွေကိုမယူပါ။ အဘယ်ကြောင့်ဆိုသော်နိုင်ငံခြားသားများထိုနေရာတွင် ကိုယ့်အစီအစဉ်နှင့်ကိုယ် မြစ်ကို ဖြတ်ခွင့်မရှိ၍ဖြစ်ပါသည်။ လူတွေက ကျနော့် ကို ပခုံးသာတွန့်ပြကြပါသည်။
စောင့်ကြည် မှတ်တမ်းတင်
နောက်တနေ့မနက်တွင် မော်လမြိုင်ကနေ ဖားအံကို ကျနော်ထွက်လာခဲ့ ပါသည်။ လမ်းတွေက ကောင်းပြီးဖြူးနေပါသည်။ ရွေရောင်ဝင်းသောဘုရားစေတီများနှင့် စစ်တုရင်ကွက်များနှင့်တူသော လယ်ကွင်းများကို ဖြတ်ပြီးစက်ဘီးနင်းလာချိန်တွင် နွေးထွေးသောလေပြေက ကျနော့်ကျောဘက်ကို တိုးဝှေ့ တိုက်ခတ်နေပါသည်။

ယခုထိတိုင်အောင်မြန်မာဟိုတယ်များတွင် နိုင်ငံခြားသားများကို လက်ခံရန်အထူးလိုင်စင်လိုနေဆဲဖြစ်ပြီး နိုင်ငံခြားသားများအနေဖြင့် လမ်းပေါ်မှာ စခန်းချနေထိုင်ခွင့်မရှိသေးပါ။ မြန်မာနိုင်ငံက အကူအညီပေးမည့်ကားနှင့်စောင့်ကြည့်နေသော ဒရိုင်ဘာမပါဘဲ နိုင်ငံခြားသားများ စက်ဘီးစီးနိုင်သည့် ကားလမ်းမကြီးပေါ်တွင် ကျနော်တယောက်တည်းဖြစ်သည်။
ထိုနေရာမျိုးတွင်တောင် ကျနော်၏ လှုပ်ရှားမှုတိုင်းကို စောင့်ကြည့်ပြီး မှတ်တမ်းတင်ခံနေရသည်ဟု ခံစားမိပါသည်။ လူရှင်းနေသောအဝေးပြေးလမ်းမကြီးပေါ်တွင အရပ်ဝတ်စုံဝတ်ထားသည့် ရဲက မော်တော်ဆိုင်ကယ်နှင့် ကျနော့် နောက်မှာပါလာပါသည်။ သူကိုယ်သူ ရဲပါဟုပြောပြီး ကျနော့် နောက်မှာ ဆယ်မိနစ်လောက်ပါလာသေးသည်။ ထို့ နောက်မှာတော့ ဆိုင်ကယ်မောင်းပြီးထွကိခွာသွားပါသည်။

နေ့ လယ်ပိုင်းမှာတော့ကိုကြိုင်ထွန်းအမည်ရှိလူတယောက်က သူ့ ဆိုင်မှာနေ့ လယ်စာစားရန် ကျနော့်ကိုဖိတ်ပါသည်။ ကျနော်တို့ အတူတူစက်ဘီးစီးမသွားနိုင်ပါ။ အဘယ်ကြောင့်ဆိုသော် ကရင်ပြည်နယ်နှင့်မွန်ပြည်နယ်ကို ခြားထားသည့် အစောင့်ဂိတ်ကိုဖြတ်သွားရမည်ဖြစ်သည့်အတွက် အစောင့်ဂိတ်ကို နိုင်ငံခြားသားတဦးနှင့်အတူတူ သူကအတူမဖြတ်ချင်သည့်အတွက် ဖြစ်ပါသည်။

နေ့ လည်စာစားချိန်တွင်မှူ ကိုကြိုင်ထွန်းက အကောင်းတွေချည်းပြောပါသည်။ အစိုးရကပြောင်းလဲသွားပြီး လမ်းတွေလည်းကောင်းလာပြီ။ အရာအားလုံးပိုကောင်းလာပြီဟုဆိုသည်။သို့ သော်လည်း သူ့ ရွာမှာအလုပ်အကိုင်များများစားစားမရှိသည့် အတွက် လူတွေက သူ့ကဲ့ သို့ နိုင်ငံအပြင်ကိုထွက်ပြီး စင်ကာပူမှာအလုပ်သွားကြသည်။ ပညာရေးစနစ်က ငွေအလုံအလောက်မရှိ။ မနှစ်က ကျောင်းအတွက်လိုအပ်သည့်အထောက်အပံ့ ကို ယူနီဆက်ခေါ် ကုလသမဂ္ဂကလေးများရံပုံငွေအဖွဲ့ က လှူဒန်းခဲ့ ရသည်။ဆေးရုံများကလည်း ထိုနည်းလည်းကောင်းပင်။ ကိုယ်ကိုယ်တိုင်တကယ်မကြုံသေးသ၍ ပြောပြရင်ယုံမည်တောင်မထင်။

ဆေးခန်းသွားရန်မတ်တပ်ရပ်လိုက်သည့်အခါကိုကြိုင်ထွန်းက တုံ့ ဆိုင်းနေသည်။ ဆေးခန်းကိုရောက်ရန် နယ်စပ်အစောင့်ဂိတ်ကို တခါပြန်ဖြတ်ရအုန်းမည်။ ကျနော်တို့ လူချင်းခွဲသွားသောလည်း အစောင့်ဂိတ်ကို နိုင်ငံခြားသားတယောက်ကထပ်တလဲလဲဖြတ်နေသည့်အတွက် မေးခွန်းများထုတ်လာစရာရှိသည်ဟု သူကဆိုသည်။

ထို့ ကြောင့်
သစ်ပင်များအုပ်မိုးနေသည့်ကားလမ်းမကြီးပေါ်မှာကျနော်စက်ဘီးဆက်နင်းလာခဲ့ သည်။ မကြာခင်မှာမိုးရွာချသည့်အတွက် ခက်ခက်ခဲခဲနင်းလာခဲ့ရသည်။ နောက်ထပ်မိုင် ၃၀လောက်ထပ်နင်းရပါအုန်းမည် ။သို့ သော်အနည်းဆုံးတော့ ထိုနေရာအထိကျနော် သွားနိုင်သေးသည်မဟုတ်ပါလား

နောက်ပြန်ဆုတ်ခဲ့ ရသောကြက်ခြေနီဆေးခန်း

နောက်တနေ့ မနက်ကျနော်နိုးလာသည့်အခါ မနေ့ ကကဲ့သို့ ဖိတ်ကြားမှူတခုနှင့်ကြုံရပါသည်။ နိုင်ငံတကာဖွံဖြိုးရေးအစီအစဉ်မှာလုပ်နေသည့်မိတ်ဆွေတဦးကကြက်ခြေနီဆေးခန်းကို လာခဲ့ ရန်ခေါ်သည့်အီးမေးလ်တစောင်ရပါသည်။ ထိုဆေးခန်းကစစ်ပွဲများမှာ မြေမြုပ်မိုင်းထိထားသူ များအတွက် ခြေတုနှင့်သင်တန်းများပေးနေသော နေရာဖြစ်ပါသည်။
“အဲဒိဆေးခန်းအရှေ့ တံခါးကို ခေါက်လိုက်ရုံဘဲ။ သူတို့ က ရှင့်ကို ၀မ်းမြောက်ဝမ်းသာ ဆေးခန်းကို လိုက်ပြပါလိမ့်မယ်’ဟု ကျနော့် မိတ်ဆွေက အီးမေးလ်ထဲမှာရေးသားထားပါသည်။

သို့ သော်လည်းကျနော်လာသည်ကိုသူတို့ က၀မ်းမသာကြပါ။ ဆေးခန်းတံခါးအပေါက်ဝမှာတွင် ဒေါက်တာဝင်းနိုင်ဆိုသူဆီက ခွင့်ပြုချက်ယူရန် သူတို့ ကကျနော့်ကိုပြောပါသည်။ သူ့ ကိုတနာရီခွဲခန့်ကြာအောင်လိုက်ရှာရပါ၏သူ့ ဝန်ထမ်းများ၏ ရုံးခန်းထဲမှာလည်း နောက်ထပ် ၄၅ မိနစ်ခန့် ထပ်စောင့်လိုက်ရပါသေးသည်။
နောက်ဆုံးတွင်တော့ ကျနော်မှာ ဆရာဝန်တဦးကို တွေ့ ခွင့်ရပါပြီ။ ဒေါက်တာဝင်းနိုင်ကို မြန်မြန်ဆန်ဆန်မိတ်ဆက်ပြီး လျှင် ရာဘာတံဆိပ်တုံးထုသည့်ခွင့်ပြုစာတခုရလိမ့်မည်ဟု ကျနော်မျှော်လင့်မိပါသည်။

“ မင်္ဂလာမနက်ခင်းပါဗျာ”ဟု ကျနော်ကနုတ်ဆက်လိုက်ပါသည်။
ဒေါက်တာဝင်းနိုင်ကက ၁၂နာရီ ၁၄မိနစ်ဖြစ်နေသောသူ့ လတ်ပတ်နာရီကိုတချက်ကြည့်ပြီး နေ့လယ်ခင်းပါဟု ပြန်ပြောပါသည်။
ကိစ္စကအဆင်မပြေပါ။ ကျနော်ကကြက်ခြေနီ ဆေးခန်းကိုလာလည်ရန်ဖြစ်နိုင်မည်လားဟုမေးသည်အခါ ကျနော်စာရေးဆရာအစစ်ဖြစ်ကြောင်း သက်သေပြရမည်ဟုသူကဆိုပါသည်။ ကျနော်၏အင်တာနက်ပေါ်က၀က်ဘ်ဆိုက်စာမျက်နှာကလည်း စာရေးဆရာဖြစ်ကြောင်းပြသရန်မလုံလောက်ပါ။ ထို့ ကြောင့် ကျနော်ကဗီဇာနှင့်နိုင်ငံကူးလတ်မှတ်ကို မိတ္တုကူးပြီး အစိုးရအာဏာပိုင်တွေထံကို ခွင့်တောင်းစာပို့ ရမည်ဟုဆိုသည်။ သူတို့ က ခွင့်ပြုခဲ့ လျှင် သူက ကျနော်တောင်းဆိုသည်ကို စဉ်းစားမည်ဟုဆိုသည်။တလထက်ပိုမကြာပါဟုဆိုသည်။

ကျနော် လှောင်ပိတ်နေသောထိုရုံးခန်းထဲကနေဒေါ်သဖြင့်ချက်ချင်းထွက်လာကာ မြို့ တွေအကြားက အဝေးပြေးကားလမ်းမကြီးပေါ်ကို ပြန်ရောက်လာခဲ့ပါသည်။ ဒေါက်တာဝင်းနိုင်က ကျနော်၏ နိုင်ငံကူးလတ်မှတ်နံပတ်ကိုရေးရန်စာရွက်ပေးပါသေးသည်။ သို့ သော်လည်း နောက်ထပ်ရက်နှစ်ရက်ကို တောင်ကုန်းများပေါ်ကို ဖြတ်နင်းပြီး လမ်းဘေးမှာရောင်းသည့်ငှက်ပျောခြောက်ကြောက်ကို ၀ယ်စားကာ လေတဖြူးဖြူးနှင့်သာ စက်ဘီးနင်းဖို့ ကျနော်စိတ်ကူးပြီးသားဖြစ်ပါသည်။

ရန်ကုန်ကိုကျနော်ရောက်သည့်အခါတွင် အစိုးရကိုဆန့် ကျင်မှုကြောင့် အကျဉ်းထောင်ထဲ၌၁၄နှစ်ခန့်နေခဲ့ ရသည့် နိုင်ငံရေးအကျဉ်းသမားဟောင်း ကိုအောင်အောင်နှင့် အတူ ထိုင်စကားပြောဖြစ်ခဲ့ သည်။ သူပြောပြသည့် ထောင်အတွေ့ အကြုံက ထောင်များအကြောင်း ရိုက်ကူးထားသည့် အမေရိကန်ရုပ်သံဇတ်လမ်းတွဲ Cool Hand luke ကို မြန်မာဟန်ဖြင့်ကြည့်ရသည့် အတိုင်းပင်။

လက်တလောပြောင်းလဲမှုများကို သူမြင်ရသည့်အပေါ်အနာဂတ်တွက်ဘာတွေဖြစ်လာနိုင်မလဲဆိုသည်ကိုလည်း ကျနော်တို့ စကားပြောဖြစ်ခဲ့ ကြပါသည်။ အစိုးရက ယခုတော့ အရပ်သားဝတ်စုံပြောင်းဝတ်ထားပါပြီ။ ကျောင်းတွေမှာ ပညာရေးစနစ်က ဆိုးရွားနေဆဲဖြစ်သည်။ လမ်းတွေကတော့ ပိုကောင်းလာသည်။ ကမ္ဘာလှည့်ခရီးသွားများလည်း တလထက် ပိုကြာကြာနေနိုင်လာသည်။ ပုဂ္ဂိလကသတင်းစာတွေလည်းတိုးတက်လာနေသည်။

အစိုးရက လူတွေကိုယခင်ကဲ့ သို့ ထောင်ထဲပို့ မည့် အစား စီးပွားရေးအရပိုပြီး နှိပ်စက်လာသည်ဟုသူကဆိုသည်။ နိုင်ငံ၏ကြွယ်ဝချမ်းသာမှုများကို အစိုးရကထိန်းချုပ်ထားသည်။ လယ်သမားတွေဆီက မြေကိုသိမ်းပြီး နိုင်ငံခြားသားရင်းနှီးမြုပ်နှံသူများကို သူတို့ ကြိုက်ဈေးဖြင့်ရောင်းသည်။
ထို့ ပြင်ကျနော်၏ ခရီးစဉ်တလျှောက်မှာ ကြုံခဲ့ရသည့်အဖြစ်အပျက်များက တခုတည်းကိုဘဲရှင်းရှင်းလေးပြောနေပါသည်။
မြန်မာသည် တံခါးပွင့်လာပါသည်။ သို့ သော်စီးပွားရေးအတွက်သာဖြစ်ပါသည်။

စာရေးဆရာPeter Frick-Wright ရေးသားထားသော Myanmar is a new adventure hot spot, but a Portland mountain biker finds the downside: big brother ကိုထားထားမြင့်မှဘာသာပြန်ဆိုပါသည်။

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။