Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ BobbySoxer Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HTDTunYin&ဟသာင်္တထွန်းရင် HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JMe&ဂျေးမီ JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း KKT&ကေကေတီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LDKyaw&L.ဒီကျော် LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MaNaw&မနော Madi&မဒီ Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NO&နိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PanYaungChel&ပန်းရောင်ခြယ် PannEiPhyu&ပန်းအိဖြူ Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SiThuLwin&စည်သူလွင် SiYan&စီယံ SinPauk&ဆင်ပေါက် SithuWin&စည်သူဝင်း Snare SoTay&ဆိုတေး SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SuNit&ဆူးနစ် SungTinPar&ဆုန်သင်းပါရ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TinZarMaw&တင်ဇာမော် TintTintTun&တင့်တင့်ထွန်း TuTu&တူးတူး TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း V.NoTun&V.နိုထွန်း WaNa&ဝန WaiLa&ဝေလ WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး XGALZ Xbox Y-Zet YY&၀ိုင်ဝိုင်း YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YuZaNa&ယုဇန YummyRookie Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့် khinMgHtoo&ခင်မောင်ထူး
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Tuesday, September 17, 2013

ဦးသန်းရွှေ သား .. ထွန်းနိုင်ရွှေအကြောင်း ...


ဦးသန်းရွှေ သား .. ထွန်းနိုင်ရွှေအကြောင်း ...

......................................................................................

သံတော်ဆင့်ဂျာနယ်(အတွဲ၂ အမှတ်(၂၇)ပါ ယခင်တပ်ချုပ်ကြီး(ငြိမ်း)ရဲ့သား ...

ထွန်းနိုင်ရွှေအကြောင်း တိုင်ကြားစာ မဟုတ်တဲ့ အမှန်တရားစာ...

Sunday, September 15, 2013 ဒီမိုဝေယံ

ဒီမိုဝေယံသို့ ပေးကပို့လာတဲ့ တိုင်ကြားစာ မဟုတ်တဲ့ အမှန်တရားစာလို့... ဆိုတဲ့

သံတော်ဆင့်ဂျာနယ်ပါ ယခင်တပ်ချုပ်ကြီး(ငြိမ်း)ရဲ့သား ထွန်းနိုင်ရွှေအကြောင်းတစေ့တစောင်း (ပေးစာ)

သံတော်ဆင့်ဂျာနယ်တို့ လုပ်ချလိုက်ပုံကတော့ လွန်တယ်။
မယားကြီးနဲ့မကွာ ရသေးတဲ့ ယခင်တပ်ချုပ်ကြီး(ငြိမ်း)ရဲ့သား ထွန်းနိုင်ရွှေနဲ့ ဇနီးဆိုပြီး သံတော်ဆင့် (စက်တင်ဘာ (၁၄ - ၂၀ -၂ဝ၁၃) မှာ မျက်နှာဖုံး ထိပ်ဆုံးမှာ ဖေါ်ပြထားတာ ကျန်လူကြီးတွေကို စော်ကားလိုက်တာဘဲ။ မယားကြီးနဲ့  ကွာရှင်းထားတာ မလုပ်ရသေးတဲ့ မယားငယ် ပုံကို အောက်က ရဲမေဒေါ်ကြည်ညွှန့်  ရဲ့ အထက်မှာ။ နောက်ဒေါ်အောင်ဆန်းစု ကြည် နာမည် ရဲ့အထက်မှာ။ အလိုတော်ပြည့်ဆရာတော်ရဲ့ ဘွဲ့  အထက်မှာ တင်ပြီး ယတြာချေ ထားတယ်လို့  ယူဆ ရပါတယ်..။

မယားကြီးက ဒေါ်ခင်သန္တာ(ခ) မတူးမာနဲ့က မကွာရှင်းရသေးဘူး။ မတူးမာရဲ့ပထမ အိမ်ထောင်က လားရှိုးစော်ဘွားကြီး စဝ်ခွန်မိန်းရဲ့ သားအငယ်ဆုံး စဝ်ခွန်မိန်းနွှုက် (ခ)JERRY ဖြစ်ပါတယ်။ ထွန်းနိုင်ရွှေမှ လင်ကြီးငုတ်တုတ် ရှိလျက် အတင်းအဓမ္မလိုက် ကြိုက်နစ်သက်ပြီး ပတ်သက်နေလို့  လင်မယား ကတောက်ကဆ ဖြစ်ပြီး ၁၉၉၁ မှာ ကွာရှင်းလိုက်ကြရပါတယ်။ ကွာရှင်းပြီးထွန်းနိုင်ရွှေ နဲ့ယူလိုက်ကြတာပေါ့။

ပထမအိမ်ထောင်ဖြင့် သမီးတစ်ယောက်နဲ့ သားတစ်ယောက် ထွန်းကားခဲ့ပါတယ်။ (နာမည်တွေ မဖေါ်ပြတော့ပါ)။

ထွန်းနိုင်ရွှေနဲ့ သားတစ်ယောက် ကျော်ကျော်နို်င်ရွှေ (ခုစင်ကာပူတွင်ကျောင်းတက် - အသက် ၁၉ နှစ်) နင့် သမီးတစ်ယောက် (ခင်ခင်ဝတီနိုင်ရွှေ - ယခု အသက် ၁၄ နစ် ) တို့ ထွန်းကားခဲ့ပါတယ်။

မြန်မာနိုင်ငံတွင် မယားပြိုင် စံနစ်ကို ၁၉၇၆ မှာ ဆြာနေဝင်း စကျင့်သုံးခဲ့တာပဲ။ ၁၉၇၄ ခုနှစ် မှာ အခြေခံဥပဒေ အသစ်ရေးဆွဲ၊ ပြည်လုံးကျွတ် ဆန္ဒခံယူပွဲကြီး ခြိမ့်ခြိမ့်သဲသဲ ကြီးကျယ်စွာကျင်းပပြီး အတည်ပြုခဲ့တာပေါ့။ အတည်ပြုအပြီး တစ်နှစ်ခွဲအကြာမှာ အဲဒီ လမ်းလျှောက်သင်ခါစ အရွယ်ဥပဒေလေးကို မောင်နေဝင်း ရာဂစိတ် ထကြွသောင်းကျန်းလို့  ဥပဒေနှစ်ခု ပြင်လိုက်ပါတယ်။

ပထမ ပြင်တာက အီတလီနိုင်ငံသူ ခံယူထားတဲ့ ရတနာနတ်မယ် (ခ) John Rose ကို ဦးနေဝင်း ဘောတော်ခွေ့ နေလို့  ပြင်တဲ့ဥပဒေ။

မူလဥပဒေက မြန်မာနိုင်ငံကနေ အပြီးအပိုင် ပြည်ပထွက်ခွာသွားသူတွေ မြန်မာနိုင်ငံကို အလည်အပတ်ပင် ပြန်လာခွင့် မပြုရ ။ အလွတ် တင်းကြပ်လှသည့် ဥပဒေကို (နောင်တရပြီး အမိနိုင်ငံတော်သို့  အပြီးအပိုင်ပြန်လာလိုပီး အသနားခံ လျှောက်ထားလာပါက လူပုဂ္ဂိုလ် တစ်ဦးခြင်းအလိုက် နိုင်ငံတော်မှ သီးသန့်  လက်ခံစဉ်းစားပေးမည်) လူတိုင်းအတွက်မဟုတ်။ ဦးနေဝင်း သဘောတ်ာခွေ့ သူများသာ လို့ မရေးထားရုံတမယ်ပါ။

ဒုတိယ ပြင်လိုက်တာက ဆြာနေဝင်းရဲ့  စတုတ္ထ မယား ဒေါ်နီနီမြင့်က ကွာရှင်းစာ လက်မှတ်ထိုး မပေးတဲ့အတွက် အရေးအခင်းကာလက သမ္မတ တစ်လ လုပ်ခွင့်ရခဲ့သည့် ဥပဒေပညာရှင် ဆြာဒေါက်တာမောင်မောင် ကနေပြီး မယားပြိုင် ဆိုတဲ့ဝေါဟာရကို တီထွင်ပေးလိုက်ရပါတယ်။

အဲဒီလိုလဲ ဥပဒေကိုပြင်လို်က်တော့ FAR EASTERN ECONOMIC REVIEW ဂျာနယ်က ကာတွန်းလေးနဲ့ ဖဲ့ပါလေရော။ ပုခက်ပေါ်က ဆံပင်ကောက်ကောက် ၁၅ -လ သမိးအရွယ် ဗိုလ်မလေး က မျက်လုံးလေး ပြူးပြီး ပုခက်ပေါ်က ဆင်းပြေးဖို့  ဟန်ပြင်နေပြီး ဆြာနေဝင်းက ဗိုက်ပူပူ ဖွားဖက်တော်က ပျော့ပျော့နဲ့  ပါးစပ်က ပြုံးဖြဲပြ ပြီး တဏှာရာဂဝေနေတဲ့ မျက်နာနဲ့  ပုံပေါ့။

ရေးထားတာက နာတတ်ရင်လဲသေလောက်အောင်ရေးထားတာ။
Ne Win plot to rape it's own infant law. နေဝင်း သူကိုယ်တိုင်ရေးဆွဲထားတဲ့ မွေးကင်းစ ဥပဒေလေးကို မုဒိန်းကျင့်ရန် ကြံစည်နေပုံ တဲ့။

တကယ်က ရတနာနတ်မယ်က နိုင်ငံတော်ကို ပြန်သာလာတယ်။ နိုင်ငံခြားသားပတ်စပို့  ကိုင်ထားလျှက်ဘဲ။ အဲဒီတုန်းက လူဝင်မှုဥပဒေက ဘယ်နို်င်ငံခြားသားမဆို ဗွီဇာကို (၇ ) ရက်ဘဲပေးပါတယ်။ ဘယ်လိုအကြောင်းနဲ့ မှ သက်တမ်းတိုးခွင့်မပေးပါဘူး။ ခြွှင်းချက် နိုင်ငံတော် စီမံကိန်းများမှာ တာဝန်ထမ်းဆောင်နေသူကိုတော့ ချွင်းချက်ပေးထားပါတယ်။
ထိုစဉ်က လူတွေက ပြောကြတယ်။ နိုင်ငံတော် တာဝန်ထမ်းဆောင်နေသူကြီး အတွက်ဆိုတော့ ဗွီဇာ မဟုတ် ဆာဗွီတိုတဲ့။

ရတနာနတ်မယ်နဲ့  ပေါင်းနေစဉ်က ဒေါ်နီနီမြင့်ကို မြစ်ကြီးနား ကောလိပ် မဲဇာ ပို့ထားပြီး ဒေါ်နီနီမြင့်ရဲ့ မောင်နဲ့ ညီမတို့ ကို နိုင်ငံတော်ပိုင်ပစ္စည်းအလွှဲ သုံးစားမှုတွေ နဲ့ မဟုတ်တမ်းတရားစွဲ။ သတင်းစာ မျက်နာဖုံးတွေပေါ်မှာ အမြဲဖေါ်ပြ။ ရတနာနတ်မယ်နဲ့က ရက်တစ်ရာ မပြည့်ခင်ကွဲကြပါတယ်။

အဲဒီတော့ ဒေါ်နီနီမြင့်ကို ပြန်ပေါင်းဖို့  သံတော်ဆင့်တွေလွှတ် အခေါ်တော် ပင့်စေပါတယ်။ ဒေါ်နီနီမြင့်က အမှုတွေ မေးတော့ သတင်းစာတွေထဲ အမြဲထည့် ဖေါ်ပြနေတဲ့ အမှုတွေကို ဗိုလ်နေဝင်း တန်ခိုးနဲ့  ပျောက်စေ ဖြစ်သွားပါလေရော။ scrap with the balls .ကောင်းတွေမှာ ပြောသလိုပေါ့။ ဘောဖျက် ဘောဖျက် ဆရာမက ခိုင်းလိုက်လျှင်ပေါ့။

ဆြာနေဝင်းတို့ ကတော့ နိုင်ငံတော်အပေါ် အဲဒီလို သစ္စာရှိခဲ့ပြသည်။ အခုလဲ ဥာဏ်တော်မြင့်ပါတဲ့ သံတော်ဆင့်က ယတြာချေလေသလားမသိ။ ဂျာနယ်ထိပ်ဆုံးမှာ ထွန်းနိုင်ရွှေနဲ့ မယားငယ်ပုံကို ဦးစားပေးတင်ထားတယ်။ ဆရာတော်ပုံက ဘေးရောက်နေတယ်။ ဆရာတော်ရဲ့  ဘွဲ့ တော်ကိုတောင် အောက်မှာ ယောင်လည်လည်။ အဖြစ်သည်းပြနေတယ် ။ ခိုးပေါင်းရဲသူက ပေါင်းတာ မပြောလိုပေမည့်။ သံတော်ဆင့်က ဒီဇါတ်လမ်းဘယ်လိုရှိနေတယ် ကောင်းကောင်းသိတာပေါ့ ။ မယားကြီးရှိနေမှန်းလဲ သိနေတာဘဲ။

မယားကြီးက ကွာမပေးတာ မဟုတ်ဘူး။ လင်မယားနှစ်ဦး လုပ်ခဲ့တဲ့ စီးပွားရေးမှာ လက်ရှိ ထွန်းနိုင်ရွှေနဲ့  နှစ်ဦးသားဆိုင်နေတာက ပွားများပိုင်ဆိုင်ထားတဲ့ ဓန အင်အားက အမေရိကန်ဒေါ်လာ -၂ ဘီလျံ ( US$ TWO Billion) လောက်ရှိပါတယ်။ ကွာရှင်းမယ်ဆိုလျင် ထက်ဝက်ပေးဖို့ တောင်းဆိုနေတာပါ။
ဒါကို မယားငယ်က တပြားတစ်ချပ်မှ မပေးရ အကျပ်ကိုင်နေပါတယ်။
ထွန်းနိုင်ရွှေက ဦးသန်းရွှေတို့အိမ်နဲ့ သိပ်အဆင်ပြေလှတာ မဟုတ်ဘူး
ဒါတောင် ဒေါ်လာ၂ ဘီလျံလောက်ရှိတယ်။ သန္တာရွှေတို့ဘာတို့
အမ တွေ ညီမတွေက ဘယ်ပြောကောင်းမလဲ
၁-ယောက် စီကကို ၃ - ၅ ဘီလျံလောက်ချမ်းသာ နေတာ..။

ဒါနဲ့  တဆက်ထဲပေါ့။ ထွန်းနိုင်ရွှေနဲ့  ခင်သန္တာ (မတူးမာ)တို့  ၁၉၉၁ မှာ လက်ထပ်တယ်။ ၁၉၉၂ ..ဧပြီလ ၂၃ -ရက်နေ့ မှာ ဦးသန်းရွှေ အာဏာသိမ်းတယ်။ အာဏာသိမ်းပြီး နှစ်လလောက်အရမှာ မတူးမာရဲ့ ပထမ ခင်ပွန်း ဦးဂျယ်ရီ ဟာ ညဦးပိုင်း အိမ်အပြန် ပြည်လမ်းပေါ်မှာ လိုက်ပို့တဲ့ ကားပေါ်က အဆင်းမှာ ပျောက်ခြင်းမလှ ပျောက်သွားပါတယ်။

အဲဒီတော့ သူ့ ညီအကိုမောင်နှမတွေ အခုရှမ်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဦးခွန်ထွန်းဦး (ညီအကိုဝမ်းကွဲ တော်) တို့တတွေပါ အလောင်းရှာကြတဲ့အထိ အလုပ်ရှုပ်ကုန်ပါတယ်။ ရဲစခန်းလူပျောက်တိုင်ကြ။ ရင်ခွဲရုံကို ရှာကြရ။ နှစ်ပတ်ခန့် နေမှ ပြန်ရောက်လာပါတယ်။
မေးတော့ အဖေါ်နဲ့ တွေ့ လို့  တာချီလိတ်ဘက်ကနေ ယိုးဒယားဖက်အထိ ရောက်သွားနေလို့ ပါပေါ့။ ဟိုတွေကလဲ လူအ တွေမှတ်လို့။ တာချီလိတ်ဖက်တွေက ဆွေမျိုးတွေကိုမေးတော့။ သူပြောတဲ့ သူ့အဖေါ်ဆိုသူက ဂျပန်ရောက်နေတာ။

အဲဒီတော့မှ ကိုဂျယ်ရီက ဝန်ခံတယ်။ သူ့ ကိုထောက်လှမ်းရေးက ဆွဲ သွားတာ။ မတူးမာနဲ့  ကွာရှင်းစာချုပ်မှာ ပါတဲ့သူ့ လက်မှတ်က (အင်)- လက်မှတ်ဖြစ်နေလို့  ထပ်အသစ်ထိုးခိုင်းတာ။ ထွန်းနိုင်ရွှေကို မယားခိုးမှုနဲ့  တရားဆွဲမယ် သတင်းရထားလို့  ကာကွယ်တဲ့သဘော။ န . ဝ ..တ အဖွဲ့ ထဲက အရေးပါတဲ့ လူကြီးတစ်ယောက် ကိုယ်တိုင် သူ့ ကို တွေ့ တယ်။ လိုတာရှိပြော ကူညီမယ်ပေါ့။ လက်မှတ်တေ့ ထိုးပေးပါပေါ့။
တကယ်လို့ သာ မထိုးပေးလျင် ဘယ်လိုလုပ်လေမလဲ လို့ လဲတွေးကြည့် ပေးကြပါဦး။

လက်မှတ်အစစ်ကို ပြန်ထိုးပေးခဲ့ရပါတယ်။ မယားခိုးမှု မဆွဲပါဘူးပါ ဆိုတဲ့တိခံဝန်ချုပ်ပါ ထိုးခဲ့ရပါတယ်။ အဲဒီတော့ သူများမယားကို ခိုးတယ် မခိုးဘူးဆိုတာကို ဖြစ်စဉ်ကိုသာကြည့် သုံးသပ်ကြပေတော့။

မယုံလျင် ဦးခွန်ထွန်းဦးနဲ့  သူ့ ဘော်ဒါအဟောင်းတွေသာ မေးကြည့်ကြလို့ ရပါတယ်။ ဦးခွန်ထွန်းဦးကို ပြသနာထဲ ဆွဲထဲ့ရတာကို တောင်းပန်ပါရစေ။ တိုင်ကြားစာ မဟုတ်တဲ့ ပြည်သူတွေ သိသင့်တဲ့ အမှန်တရားစာ ဖြစ်ပါကြောင်း..။

(အခင်းအကျင်းသိတဲ့ အတွင်းသိ)

BY - Aung Khaing Myint
(Via-Mungdung La)

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။