TechSpace Journal
အွန်လိုင်းစတိုးမှာရေးပန်းစားနေတဲ့ Magic Cup
==========================
လတ်တလောနိုင်ငံတကာအွန်လိုင်းစတိုးမှာ ရေပန်းစားနေတဲ့ ကော်ဖီခွက်
အမျိုးစားပါ။အပူချိန်အလိုက်အရောင်အမျိုးမျိုးပြောင်းလည်းပေးနိုင်မှာဖြစ်တဲ့
အတွက် မှော်ဆန်တဲ့ Magic Cup လို့ဆိုရမှာပါ။

ခွပ်ဒီဇိုင်းကပုံစံတူထုတ်လုပ်ထားပေမယ့် ခွပ်ပေါ်မှာရှိတဲ့ အသွင်အပြင်ဒီဇိုင်း
အမျိုးစားပေါ်မှုတည်ပြီး ဈေးနှုန်းကအမျိုးမျိုးကွာဟပါတယ်။မိမိ ကြိုက်နှစ်
သက်တဲ့ အသွင်ပြင်ဒီဇိုင်းတွေကို မှာယူလို့ရမှာဖြစ်သလို ယခုမိတ်ဆက်
ပေးမယ့်ခွပ်ကတော့ Mug လို့အမည်ရတဲ့ခွပ်လေးပါ။
အကြောင်းကတော့ အဆိုပါခွပ်ထဲကို ကော်ဖီဖြစ်ဖြစ်၊ရေနွေးဖြစ်ဖြစ် အပူရှိန်
ရှိမယ့်ရေကိုထည့်လိုက်မယ်ဆိုပါက ပုံမှာမြင်တွေ့ရတဲ့အတိုင်း အဆင့်ဆင့်
ပြောင်းလဲကာ Mug လို့ခေါ်တဲ့ ရှုံ့မဲ့ရာကနေ ပြုံးပျော်တဲ့အနေထားကို
ပြောင်းလည်းပေးသွားမှာဖြစ်ပါတယ်။
သာမန်ခွပ်ထက်ထူးခြားတဲ့ ကော်ဖီခွပ်မျိုးကိုကြိုက်နှစ်သက်သူတွေ
အတွက်အဆင်ပြေစေမှာဖြစ်သလို လာရောက်လည်ပတ်တဲ့သူတွေကို
ဖျော်ဖြေမှုတစ်ခုအနေနဲ့ ဧည့်ခံလို့အဆင်ပြေမယ့်ခွက်အမျိုးစားဖြစ်ပါတယ်။
ဒီဇိုင်းအမျိုးစားလိုက်ဈေးနှုန်းကွာဟမှုရှိပြီး ယခုဖော်ပြထားတဲ့ Mug Cup
ကတော့ မူရင်းပေါက်ဈေး ၂၅ ဒေါ်လာကျသင့်မှာဖြစ်ပေမယ့် အွန်လိုင်းစတိုး
မှာတော့ လျှော့ဈေး ၆ ဒေါ်လာဝန်းကျင်နဲ့ရောင်းချပေးနေတယ်လို့ တော့
သိရပါတယ်။
ပြည်တွင်းမှာလည်း အွန်လိုင်းစတိုးနဲ့ချိတ်ဆက်မှာယူလို့ရတဲ့ ဝန်ဆောင်မှု
မျိုးတွေရှိသလို အဆိုပါခွပ်မျိုးကိုဝန်ဆောင်မှုကနေမှာယူမယ်ဆိုရင် မှုရင်း
ဈေးနှုန်းထက် အနည်းငယ်ကွာဟမယ်လို့ ခန့်မှန်းမိပါတယ်။
Ref:techblog
Khun Nay(August Myanmar Media Group)

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။