Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ BobbySoxer Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HTDTunYin&ဟသာင်္တထွန်းရင် HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JMe&ဂျေးမီ JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း KKT&ကေကေတီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LDKyaw&L.ဒီကျော် LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MaNaw&မနော Madi&မဒီ Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NO&နိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PanYaungChel&ပန်းရောင်ခြယ် PannEiPhyu&ပန်းအိဖြူ Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SiThuLwin&စည်သူလွင် SiYan&စီယံ SinPauk&ဆင်ပေါက် SithuWin&စည်သူဝင်း Snare SoTay&ဆိုတေး SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SuNit&ဆူးနစ် SungTinPar&ဆုန်သင်းပါရ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TinZarMaw&တင်ဇာမော် TintTintTun&တင့်တင့်ထွန်း TuTu&တူးတူး TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း V.NoTun&V.နိုထွန်း WaNa&ဝန WaiLa&ဝေလ WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး XGALZ Xbox Y-Zet YY&၀ိုင်ဝိုင်း YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YuZaNa&ယုဇန YummyRookie Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့် khinMgHtoo&ခင်မောင်ထူး
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Thursday, August 15, 2013

ကိုယ်တိုင်ရေးစာမူ (မင်းလူ)


မင်းလူ၏ ၀တ္တုတိုများ
ဒီရက်ပိုင်း၊ လပိုင်းအတွင်းမှာ စိတ်မကောင်းစရာသတင်းတွေချည်း ဆက်တိုက်ကြားရလိမ့်မယ်လို့ ဘယ်သူက မျှော်လင့်ထားပါ့မလဲ။

နာရေးသတင်းတွေချည်းဖြစ်၏။ အစ်ကိုကြီးမြင့်မောင်မောင်၊ အစ်ကိုကြီးမောင်မောက်(ဥက္ကလာ)၊ အစ်ကိုကြီးခင်မောင်မြင့်(မဟေသီ) ကျွန်တော်နဲ့ ညီအစ်ကိုလို ခင်နေတဲ့သူတွေချည်းပါပဲ။
ဒါတင်မက တခြားစာပေသမားတွေကလည်း ဒီကာလအတွင်း ကြွေလွင့်သွားခဲ့တာရှိသေးသည်။ တစ်ရက်ကဆိုလျှင် မြန်မာ့အလင်းသတင်းစာ နာရေးကြော်ငြာကဏ္ဍမှာ စာပေသမား လေးဦးတိတိ တစ်ပြိုင်တည်းပါလာတာ တွေ့လိုက်ရသေးသည်။
ဒါတော့ မဟုတ်သေးဘူး။ မရဏမင်းက စာပေသမားတွေကိုပဲ ဆက်တိုက်ခေါ်နေတာတော့ တရားမျှတမှုမရှိပါဘူးဟု မကျေမနပ်တွေးမိသည်။
တိုက်ဆိုင်မှုတစ်ခုဟု ဆိုရမည်။ ကျွန်တော်သည် ဆရာမကြီးဂျာနယ်ကျော်မမလေး၏ သူလိုလူစာအုပ်ကြီးကို ဖတ်နေသည်။ ဂျာနယ်ကျော်ဦးချစ်မောင်အကြောင်း ဖြစ်၏။ အောင်မြင်သောသတင်းစာကြီးတစ်စောင်ကို နေ့မနား ညမအိပ်ဘဲ တာဝန်ခံရေးသား ထုတ်ဝေနေရပါလျက် ထင်ပေါ်ကျော်ကြားခြင်းကို အလိုမရှိသူ၊ အရေးပါသောတာဝန်များ ထမ်းဆောင်နေရပါလျက် လူသိမခံဘဲ နောက်ကွယ်မှာပင် ရိုးရိုးကုပ်ကုပ်နေချင်သူ၊ မီးဖွားပြီးကာစ သွေးသားနုနုဇနီးသည်၏ အသက်အန္တရာယ်လုံခြုံရေးထက် လူအများအတွက် အကျိုးရှိစေသောသတင်းတစ်ပုဒ်ကို ပို၍ဦးစားပေးသူ၊ သတင်းစာပိုင်ရှင်တွေထက်ပင် သူက ပိုပြီးသတင်းစာအပေါ် သံယောဇဉ်ကြီးသူ။
ထိုအကြောင်းအရာများကို တရှိုက်မက်မက်ဖတ်နေဆဲမှာပင် မဟေသီမဂ္ဂဇင်းတာဝန်ခံအယ်ဒီတာ ဆရာခင်မောင်မြင့် ကွယ်လွန်ကြောင်းသတင်းကို ကြားလိုက်ရခြင်းဖြစ်၏။

* * * * * * * * * * * * *

ဆရာခင်မောင်မြင့်ကို စတင်မြင်ဖူးစဉ်က သူ့ဆံပင်တွေမဖြူသေးပါ။ ကြည့်ရတာ မဂ္ဂဇင်းစာအုပ်ထွက်တိုင်း ဆံပင် တစ်ချောင်းနှုန်းဖြူလာခဲ့ဟန်တူပါသည်။
သူ့ကို ပေဖူးလွှာမဂ္ဂဇင်းတိုက်မှာ စတင်မြင်ဖူးသည်။ နောက်တော့ မဟေသီမဂ္ဂဇင်းမှာ တာဝန်ခံအယ်ဒီတာဖြစ်လာ၏။ ထိုစဉ်ကတည်းက သူ့မဂ္ဂဇင်းမှာရေးဖို့ ပြောသည်။ ကျွန်တော်က နာမည်ရခါစ စာရေးဆရာပေါက်စဆိုတော့ နီးရာလက်သီးကိုကြောက်ရသဖြင့် အစ်ကိုဆရာများ၏ မဂ္ဂဇင်းများဖြစ်သော ရှုမ၀၊ ချယ်ရီ၊ ပေဖူးလွှာ၊ သဘင် စသည့်မဂ္ဂဇင်းတွေမှာသာ လှည့်ပတ်ရေးဖြစ်နေသည်။
အစ်ကိုခင်မောင်မြင့်က လူအေးဆိုတော့ ဘယ်ကြောက်ပါ့မလဲ။ ဒီအတွက် သူက "တော်တော်ကြီးကျယ်တဲ့ကောင်၊ မရေးလည်းနေပေါ့ကွ"ဆိုပြီး စိတ်ကောက်သွားတာမျိုး၊ စိတ်ခုသွားတာမျိုးမဖြစ်ခဲ့။ တွေ့မိဆုံမိတဲ့အခါတိုင်း "ဘယ်လိုလဲ၊ လုပ်ဦးလေ"ဟု စာမူတောင်းမြဲတောင်းသည်။ နှစ်အတော်ကြာမှပင် မဟေသီမှာ စတင်ရေးဖြစ်ခဲ့သည်။
သူသည် စာမူတောင်းရာမှာ အလွန်စိတ်ရှည်သူဖြစ်၏။ သဘောကောင်းပြီး လေအေးကလေးနှင့်ပြောတတ်သော်လည်း ဇွဲကျတော့ တော်တော်ကြီးသူဖြစ်၏။ "စိတ်ရှည်ဇွဲသန်၊ သည်းညည်းခံ၊ ကျင့်ရန် အယ်ဒီတာ"ဆိုသောဆောင်ပုဒ်ကို လက်ကိုင်ထားသူဟု စာတစ်ပုဒ်ထဲမှာ ကျွန်တော်ရေးဖူးသည်။ စာမူကို မရရအောင် အပျော့ဆွဲဆွဲပြီး တောင်းတတ်သောကြောင့် "ပျော့ပျော့လေးနဲ့စားလို့ကောင်းတဲ့ နနွင်းမကင်းလိုပဲ"ဟု ဥပမာပေးခဲ့ဖူးသည်။
သူ၏နာမည်အကြီးဆုံး စရိုက်လက္ခဏာကတော့ မာန်မာန လုံးဝကင်းခြင်းပင်ဖြစ်၏။ စောင်ရေအများဆုံး အအောင်မြင်ဆုံးကြီးမဂ္ဂဇင်းတစ်စောင်ကို တာဝန်ယူ ဦးစီးလုပ်ကိုင်နေရသူဖြစ်ပါလျက် ဟိတ်နှင့်ဟန်နှင့် မနေတတ်။ များစွာသောအခါတို့တွင် ရန်ကုန်မြို့လယ်ရှိ ပလက်ဖောင်းများပေါ်မှာ လွယ်အိတ်ကြီးလွယ်လျက် စိုက်စိုက် စိုက်စိုက် သွားနေပုံသာမြင်ကြရ၏။

* * * * * * * * * * * * *

ကျွန်တော်က ဆောင်းပါးတွေထဲမှာ သူ့ကို တည်တည်တံ့တံ့ဂုဏ်ပြုရေးသားခဲ့တာမျိုးရှိသလို ၀တ္ထုထဲမှာ ဇာတ်ကောင်လုပ်ပြီး ပေါက်တတ်ကရ နောက်တီးနောက်တောက် ရေးခဲ့တာမျိုးလည်းရှိ၏။ ဒါကို သူကလည်း သဘောကျကျေနပ်ပုံရပါသည်။ ၀တ္ထုဖတ်ပြီးလျှင် ဖုန်းလှမ်းဆက်ပြီး "မဟေသီအတွက်လည်း အဲဒါမျိုးလုပ်ဦးလေ"ဟု ဆိုတတ်သည်။
သွန်းနှင်းအိမ်က သင်္ဃန်းကျွန်းမှာနေသည်။ မဂ္ဂဇင်းတိုက်ကိုသွားရင်း ကျွန်တော့်အိမ်ကို လမ်းကြုံဝင်လို့ရသည်။ ထို့ကြောင့် စာမူပေးစရာရှိလျှင် သွန်းနှင်းအိမ်နှင့် ထည့်ပေးလေ့ရှိ၏။ တစ်ခါတော့ နှစ်လည်မဂ္ဂဇင်းအတွက် စာမူပေးစရာရှိသဖြင့် ဖုန်းဆက်ပြီး မှာထားလိုက်သည်။
ညနေစောင်း မှောင်စပျိုးတော့မှ ဧည့်သည်လာတယ်ဆိုသဖြင့် ထွက်ကြည့်လိုက်တော့ ဧည့်ခန်းမှာထိုင်နေသော အစ်ကိုခင်မောင်မြင့်ကို တွေ့လိုက်ရ၏၊။ မိုးတွေလည်း စိုလို့၊ ကျွန်တော် အရမ်းအားနာသွားသည်။ "ဘာဖြစ်လို့ ကိုယ်တိုင်လာရတာလဲ အစ်ကိုရာ"ဟု ကျွန်တော်ကပြောတော့ "သွန်းနှင်းအိမ်ကို တခြားအလုပ်တစ်ခု ခိုင်းထားလို့၊ စာမူလည်း အချိန်မီရချင်တာနဲ့ အိမ်ပြန်ရင်း ၀င်လာတာ"ဟု ပြောသည်။ "အချမ်းပြေသွားအောင် ကော်ဖီပူပူလေးသောက်လိုက်ပါလား"ဆိုတော့ "မသောက်တော့ဘူး၊ အိမ်ပြန်တော့မှာ၊ ထမင်းစားပျက်နေမယ်"ဟု ဆိုသည်။ ပြီးတော့ အေးအေးဆေးဆေး ထိုင်နားပါဦး ပြောတာတောင်မရဘဲ သည်းကြီးမည်းကြီး ရွာနေသော မိုးရေထဲမှာပင် ထီးကလေးဆောင်းပြီး ထွက်သွားသည်။
မဂ္ဂဇင်းအတွက် စာမူသာရမယ်ဆိုရင် မိုးသည်းရုံမက လေမုန်တိုင်း တိုက်နေရင်တောင် ရအောင်လိုက်မယ့်ပုဂ္ဂိုလ်မျိုးပဲဟု မှတ်ချက်ချမိ၏။

* * * * * * * * * * * * *

သူ ကွယ်လွန်သွားခြင်းအတွက် အမှန်တကယ်ပင် ၀မ်းနည်းကြေကွဲရပါသည်။ စာပေနယ်ပယ်အတွက် အယ်ဒီတာကောင်းတစ်ယောက် ဆုံးရှုံးရခြင်းအတွက်ရော၊ ပုဂ္ဂိုလ်ရေးအရ လေးစားချစ်ခင်မှုအတွက်ပါဖြစ်၏။ ခုချိန်မှာ နားပူနားဆာလုပ်ပြီး စာမူတောင်းမယ့်သူတစ်ယောက် လျော့သွားပြီဖြစ်၏။ ဒီအတွက် "တစ်ရန်တော့ အေးပြီ"ဟု မထင်ရက်ပါ။
ကျွန်တော်တို့ကသာ လွမ်းလို့ကောင်းနေတာ၊ သူက ဟိုမှာ အဆင်ပြေချင်ပြေနေမှာ။ ကျွန်တော်စိတ်ကူးယဉ်ဖန်တီးထားသော "ဒေ၀တာမြို့တော်"ဆိုတာသာ အမှန်တကယ်ရှိနေခဲ့လျှင် ခုလောက်ဆို ဆရာခင်မောင်မြင့်သည် ဟိုမှာ ရောက်နှင့်ပြီးသော စာရေးဆရာကြီးတွေဆီမှာ စာမူလိုက်တောင်းရင်း ပျော်ချင်ပျော်နေမှာပဲဟု တွေးပြီး ကိုယ့်စိတ်ကို ဖြေရတော့သည်။
(ဒီစာမူရဲ့ထူးခြားချက်ကတော့ သူရှိစဉ်ကလို အကြိမ်ကြိမ်တဖွဖွ မတောင်းရပါပဲလျက် ကျွန်တော်ကိုယ်တိုင်က ရေးပါရစေဟု မေတ္တာရပ်ခံ ခွင့်ပန်ခဲ့ခြင်းနှင့် မဟေသီအတွက် ရေးခဲ့သမျှထဲမှာ အမြန်ဆုံးပေးဖြစ်ခဲ့ခြင်းတို့ပါပဲ။ အစ်ကိုသာသိရင် ဒီတစ်ခါတော့ တယ်ဟုတ်ပါလားဆိုပြီး ၀မ်းသာရှာမှာပဲ။ ခုလိုပြောရတာ နည်းနည်းတော့ စိုးရိမ်စရာကောင်းသည်။ တော်ကြာ ဂျာနယ် မဂ္ဂဇင်း အယ်ဒီတာတွေက စာရေးဆရာတွေဆီက စာမူမြန်မြန်ရနိုင်တဲ့နည်းလမ်းတွေ့ပြီဆိုပြီး ဒါမျိုးလိုက်လုပ်ကြလျှင် ခက်မည်။
နေကြပါဦး ဆရာတို့ရယ်၊ "သူလိုလူ"တွေ အရမ်းရှားပါးနေလို့ပါခင်ဗျာ။)


မင်းလူ
--------------
မဟေသီမဂ္ဂဇင်း
ဇွန်၊ ၂၀၀၄။

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။