Myanmar International News
သွားညီအောင် ခွဲစိတ်ပြုပြင်တော့မယ့် ရော်နယ်ဒင်ညို
Thursday, 15 August 2013
သွားညီအောင် ခွဲစိတ်ပြုပြင်တော့မယ့် ရော်နယ်ဒင်ညို၂၀၀၂ ခုနှစ်က အင်္ဂလန် ဂိုးသမားကြီး ဒေးဗစ်ဆီးမင်း စောင့်ရှောက်သော ဂိုးပေါက်သို့ လှလှပပ ဂိုးသွင်းပြီး သွားပေါ်ကာ ပြုံးရယ်ပြီး အောင်ပွဲခံခဲ့သည့် အချိန်မှ စတင်ကာ ဘောလုံးပရိတ်သတ်များအား အမြဲအမှတ်ရ စေခဲ့သော
ရော်နယ်ဒင်ညိုသည် ၎င်း၏ သွားများကို ခွဲစိတ်ပြုပြင် တော့မည် ဖြစ်သည်။
ရော်နယ်ဒင်ညို ဆိုသည်နှင့် အမြဲသွားဖော်ကာ ပြုံးနေတတ်သော ဟန်ကို ပရိတ်သတ်များ ချက်ချင်း မြင်ယောင်မိမှာပင်။ သို့သော်ငြားလည်း အဆိုပါ သွားများကို ရော်နယ်ဒင်ညို အနေဖြင့် ညီညာသွားအောင် ခွဲစိတ်မှု ခံယူတော့မည် ဖြစ်ကြောင်း တရားဝင် ဖွင့်ဟလိုက်သည်။
...

အသက်(၃၃)နှစ် အရွယ် ရော်နယ်ဒင်ညိုသည် ခွဲစိတ်ကုသမှု ခံယူရေး အတွက် သွားဆရာဝန်ဖြင့် တစ်နာရီခန့် တွေ့ဆုံ ဆွေးနွေးပြီး ဖြစ်ကြောင်း
လည်း သိရသည်။ ရော်နယ်ဒင်ညို၏ အေးဂျင့်အဖြစ် ဆောင်ရွက်နေသူ၊ ၎င်း၏ အစ်ကိုတော်စပ်သူ ရော်ဘက်တိုက - "ပုံမှန်ကုသမှု တစ်ခုပါပဲ၊ သူ့အပေါ် ဘာမှ ဆိုးကျိုးဖြစ်စေမှာ မဟုတ်ပါဘူး" ဟု ပြောကြားသွားခဲ့သည်။
ဘရာဇီးကလပ် အက်သလီတီဂိုဖြင့် ပြန်လည် လေ့ကျင့်ခန်း ဆင်းနေပြီ
ဖြစ်သော ရော်နယ်ဒင်ညိုအား ခွဲစိတ်မှုခံယူပြီးပါက ဂိုးသွင်းပြီး အောင်ပွဲ
ခံမည့် အပြုံးနောက်တစ်မျိုးဖြင့် မြင်တွေ့ရတော့မည် ဖြစ်သည်။
Ref - http://football-cafe.com/index.php
YoYarLay

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။