Knowledge of the Day
==============
ငွေကြေးမချမ်းသာသော်လည်း ပျော်ရွှင်ဂုဏ်ယူနေသည့် ခေတ်သစ် အက်ဒီဆင်
==========================
နေ့ခင်းဘက်တွင် မှောင်မှောင်မည်းမည်းနှင့် လျှပ်စစ်မီး မရနိုင်သည့် နေရာများတွင် မီးအလင်းပေးနိုင်ရန် တီထွင်ခဲ့သည့်နောက် ၎င်းသည် ဆင်းရဲသားများအတွက် သောမတ်စ် အက်ဒီဆင်အဖြစ် တင်စားခံခဲ့ရသည်။ ဘရာဇီးလ် စက်ပြင်ဆရာ တစ်ဦးဖြစ်သော အယ်လ်ဖာဒို မိုဆာသည် လျှပ်စစ်မီးကို စတင်တီထ...ွင်သူ အက်ဒီဆင်ကဲ့သို့ ကမ္ဘာမကျော်ခဲ့ချေ။ ထို့အပြင် ၎င်း၏ တီထွင်ဖန်တီးမှု နည်းပညာကို ကမ္ဘာပေါ်တွင် တစ်စထက်တစ်စ တွင်ကျယ်စွာ အသုံးချလာသော်လည်း အကျိုးခံစားခွင့် မရဘဲ မိုဆာအနေဖြင့် ဆင်းရဲနွမ်းပါးသူ အဖြစ်သာ ရှိနေဆဲဖြစ်သည်။ မည်သို့ပင်ဖြစ်စေ မိမိ၏ စိတ်ကူးအတွက် အမြဲကျေနပ်နေမည်ဟု မိုဆာက ဆိုသည်။ ၎င်းသည် မှောင်မည်းနေသော ဂိုဒေါင်များ၊ အလုပ်ရုံများတွင် လျှပ်စစ်မလိုဘဲ နေ့ခင်းဘက် အလင်းပေးမည့် နည်းလမ်းကို ရိုးရှင်းလွယ်ကူစွာ တီထွင်ခဲ့သည်။
(၂၀၀၂)ခုနှစ်က မိုဆာသည် ရေဘူးနှင့် အစွန်းချွတ်ဆေးတို့ကို အသုံးပြုကာ နေစွမ်းအင်သုံး မီးလုံးများကို တီထွင်ခဲ့သည်။ မိုဆာ၏ စိတ်ကူးမှာ အလင်းပြန် နိယာမကို အကောင်းဆုံး အသုံးချထားခြင်း ဖြစ်သည်။ ၎င်း၏ စိတ်ကူးသည် စတင်အကောင်အထည်ဖော်ပြီး (၂)နှစ်အတွင်း ကမ္ဘာ့နေရာ အနှံ့အပြားသို့ ပျံ့နှံ့သွားသည်။ လာမည့်နှစ်တွင် ကမ္ဘာတဝှမ်းရှိ လျှပ်စစ်စွမ်းအင် ပြတ်လပ်ရာ၊ ဆင်းရဲနွမ်းပါးရာ နေရာများမှ အိမ်ခြေ တစ်သန်းကျော်မျှတွင် အဆိုပါ မီးသီးများကို တပ်ဆင်ထားပြီး ဖြစ်နေမည်ဟု သုတေသီများက တွက်ချက်ထားသည်။
မိုဆာ၏ နည်းလမ်းတွင် (၂)လီတာ ဝင်ဆံ့သည့် ပလပ်စတစ် ရေဘူးအကြည် နှစ်ဘူးကို စတင်၍ ရေဖြည့်ရသည်။ "ရေဘူးတွေထဲကိုတော့ အစွန်းချွတ်ဆေး (၂)ဇွန်းလောက်စီ ထည့်ရမယ်။ ဒါမှ ရေဘူးထဲမှာ ရေညှိတက်ပြီး စိမ်းမသွားတော့မှာပါ။ ဒီနေရာမှာ သတိထားရမယ့် အချက်က ရေဘူးမျက်နှာပြင် သန့်ရှင်းလေ၊ အလင်းပေးနိုင်တဲ့ အရည်အသွေး ပိုကောင်းလေ ဆိုတာပါပဲ"ဟု မိုဆာက ရှင်းပြခဲ့သည်။ လက်တွေ့စမ်းသပ်ချက်တွင် မိုဆာသည် မျက်နှာကို အဝတ်ဖြင့်စည်းကာ လွန်ပူတစ်လက်ဖြင့် အိမ်အမိုးကို ဖောက်ခဲ့သည်။ ထို့နောက် ပုလင်း၏ ကျဉ်းမြောင်းသော ထိပ်ပိုင်းကို အဆိုပါ အပေါက်ထဲ ထိုးထည့်လိုက်သည်။
"ခင်ဗျားအနေနဲ့ ပုလင်းနဲ့ အမိုးပေါက်ကြားမှာ ပေါ်လီအက်စတာ အစေးနဲ့ လိုက်ဖြည့်ပြီး ပိတ်လိုက်ရုံပဲ။ မိုးရွာရင်တောင် ရေမယိုဘူး။ တစ်စက်မှ ရေမကျစေရဘူး"ဟု မိုဆာက ဆိုသည်။ နေရောင်သည် အပြင်ဘက်မှတစ်ဆင့် ရေဘူးမျက်နှာပြင်ကို ကျရောက်ကာ အလင်းပြန်ပြီး အတွင်းဘက်တွင် ထွန်းလင်းသော မီးလုံးတစ်ခုအဖြစ် အကျိုးသက်ရောက် လာစေခဲ့သည်။ အဆိုပါ လက်ဖြစ်မီးလုံး၏ အလင်းပေးအားမှာ ခပ်ညံ့ညံ့ မဟုတ်ချေ။ "အလင်းရောင်ရဲ့ ပမာဏကို အင်ဂျင်နီယာ တစ်ယောက်က လာတိုင်းဖူးတယ်။ အမိုးပေါ်ကို နေရောင် ဘယ်လောက်ကျရောက်သလဲ ဆိုတဲ့အချက်ပေါ်မှာ အဓိက မူတည်ပါတယ်။ များသောအားဖြင့်တော့ ဝပ်အား (၄၀)နဲ့ (၆၀)ကြားလောက် ဖြစ်တတ်တယ်"ဟု မိုဆာက ရှင်းပြခဲ့သည်။ ရေဘူးအဖုံးကို အနက်ရောင်ဖြင့် အသုံးပြုပါက အလင်းအား ပိုကောင်းကြောင်းလည်း ၎င်းက ဆိုသည်။
မိုဆာမီးအိမ်ဟု အမည်သညာ ပေးခံရသည့် အဆိုပါ မီးလုံးများကို ၎င်းနေထိုင်ရာ ဘရာဇီးလ်တောင်ပိုင်းရှိ အူဘီရာဘာတွင် စတင်အသုံးပြုလာကြသည်။ (၂၀၀၂)ခုနှစ်က ယင်းဒေသတွင် ဓာတ်အား လုံလုံလောက်လောက် မရရှိခဲ့ချေ။ "လျှပ်စစ်မီးက စက်ရုံတွေကိုပဲ ပေးတယ်ဗျ။ အိမ်တွေအတွက် မဟုတ်ဘူးလေ"ဟု ၎င်းက ဆိုသည်။ အစောပိုင်းက မိုဆာ၏ သူငယ်ချင်း တစ်ဦးသည် နေစွမ်းအင်ကို မှန်ဘီလူးဖြင့် ခံယူ အသုံးပြုပြီး အလင်းရောင်ပေးရန် ကြိုးစားဖူးသော်လည်း မီးလောင်မည့် အခြေအနေ ကြုံခဲ့သဖြင့် လက်လျှော့ခဲ့ရသည်။ ထို့နောက် မိုဆာက ပိုမို ဘေးကင်း အဆင်ပြေသည့် နည်းလမ်းကို ဖန်တီးလိုက်သည်။
"ကျွန်တော် အဲဒါကို ထွင်တုန်းက ဒီအတိုင်းပဲ စမ်းလိုက်တာပဲ။ ဒီဇိုင်းတောင် ချမဆွဲလိုက်ဘူး။ တကယ်တော့ နေရောင်ဟာ မြင့်မြတ်တဲ့ အလင်းဓာတ်ပါ။ ဘုရားသခင်က နေရောင်ကို လူတိုင်းအတွက် ပေးထားတာလေ။ ကျွန်တော့် မီးလုံးကို အသုံးချလို့ ဓာတ်မလိုက်စေရဘူး။ မီတာခလည်း တစ်ပြားမှ မကုန်စေရဘူး"ဟု မိုဆာက ရယ်ရယ်မောမော ပြောကြားခဲ့သည်။ မိုဆာသည် မိမိ၏စိတ်ကူး အထမြောက်မှန်း သိရှိလာပြီးနောက် အိမ်နီးချင်းများနှင့် ဒေသခံ စူပါမားကက် အချို့တို့တွင် ယင်းကို လိုက်လံတပ်ဆင်ပေးခဲ့သည်။ ထို့အတွက် ဒေါ်လာ အနည်းငယ်မျှ ရရှိခဲ့သည်။ သို့သော်လည်း ယခုအချိန်ထိ ခပ်ရိုးရိုး ခပ်စုတ်စုတ် အိမ်လေးနှင့် (၁၉၇၄)ခုနှစ်မော်ဒယ်လ် ကားဟောင်းလေးကိုသာ ပိုင်ဆိုင်နေဆဲ ဖြစ်သည်။ မိုဆာတစ်ယောက် ချမ်းသာမလာခဲ့ချေ။"ကျွန်တော
မိုဆာ၏ ဇနီးဖြစ်သူကလည်း သူမ၏ ခင်ပွန်းသည် အရာရာ တီထွင်လုပ်ကိုင်လိုစိတ်ရြှိ
၎င်းက "ရေဘူးထဲကို ရွှံ့တွေဖြည့်ပြီး ကျွန်တော်တို့က နံရံတွေလုပ်တယ်။ တချို့ကို ခွဲပြီး ပြူတင်းပေါက် မှန်အနေနဲ့ သုံးတယ်။ ဒီထက်ကောင်းတဲ့ နည်းကိုတော့ အမြဲလိုလို စဉ်းစားနေမိတာပါ။ တစ်နေ့တော့ လူတစ်ယောက်က လာပြောတယ်။ ဘရာဇီးလ်မှာ ရေဘူးတွေကို မီးလုံးလို သုံးနေတယ် ဆိုတာကိုပါ။ အဲဒီနောက် ကျွန်တော် မိုဆာရဲ့ နည်းအတိုင်း အမိုးပေါ်မှာ ရေဘူးတွေ စပြီး တပ်ဆင်လာခဲ့ပါတယ်"ဟု ဒိုင်ယက်ဇ်က ရှင်းပြခဲ့သည်။ (၂၀၁၁)ခုနှစ်၊ ဇွန်လမှစ၍ MyShelter ဖောင်ဒေးရှင်း၏လက်ရာ အိမ်ငယ်လေးများတွင် ရေဘူးမီးလုံးလေးများ ပါရှိလာသည်။ မိုဆာ၏ စိတ်ကူးကို အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ တန်ဇန်းနီးယား၊ အာဂျင်တီးနားနှင့် ဖီဂျီတို့အပါအဝင် အနည်းဆုံး နိုင်ငံပေါင်း (၁၅)ခုမျှတွင် အသုံးပြုနေပြီ ဖြစ်သည်။
ဒိုင်ယက်ဇ်က လာမည့်နှစ်တွင် ကမ္ဘာပေါ်၌ မိသားစု တစ်သန်းခန့်သည် မိုဆာ၏ စိတ်ကူးလေးအတွက် အကျိုးခံစားနေရလိမ်မည်ဟု မှတ်ချက်ချခဲ့သည်။ "သူဟာ အရေအတွက် အများကြီးရှိနေတဲ့ လူတွေရဲ့ ဘဝကို ပြောင်းလဲပေးခဲ့သူပါ။ ဒီအတွေးကို ကျွန်တော် အမြဲတမ်း တွေးနေမိမယ် ထင်ပါတယ်"ဟု ဒိုင်ယက်ဇ်က ဆိုသည်။ မိုဆာ ကိုယ်တိုင်ကမူ မိမိ၏ တီထွင်မှုသည် ကမ္ဘာကြီးကို ကြီးကြီးမားမား အကျိုးပြုမည်ဟု ခံယူမထားကြောင်း နှိမ့်နှိမ့်ချချ ဆိုသည်။ "ဟင့်အင်း"ဟု ၎င်းက စိတ်လှုပ်ရှားပုံ မရဘဲ ခေါင်းခါ ငြင်းဆိုခဲ့သည်။ "ကျွန်တော် တွေးမိတာ တစ်ခုပါပဲ။ ဒီမီးလုံးလေးတွေကို အသုံးပြုလို့ အဆင်ပြေတယ်ဆိုရင် ကျေနပ်စရာ ဖြစ်နေရင် ပြီးတာပဲလေ"ဟု မိုဆာက ခပ်အေးအေးပင် ပြောကြားသွားသည်။
Credit to >> Planet Myanmar Network <<
Shared By >>https://www.facebook.com/

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။