Aung Lynn Thit
ဆရာ မင်းလူအတွက် ဆရာအောင်သင်းရဲ့ မှတ်ချက်
ဒီကောင်က သိပ် - စာရေးကောင်းတဲ့ကောင်။
သူရေးတဲ့ စာတွေလည်း ပေါ့ပေါ့ပါးပါးရှိသလို
သူကိုယ်တိုင်လည်း ဘ၀ကို ပေါ့ပေါ့ပါးပါးပဲနေတယ်။
လူချင်း လည်း သိပ်ပေါင်းလို့ ကောင်းတဲ့ ကောင်။
စိတ်ရင်းသဘောထားလည်း သိပ်ကောင်းတယ်။
သူ့စာတွေက သရော်တာတွေပါတယ်။...
သရော်တယ်ဆိုတာလည်း လူလူချင်း မကျေနပ်လို့ ဖြစ်ကတတ်ဆန်း သရော်တာမဟုတ်ဘူး။
လောကကြီးရဲ့ အဖြစ်အပျက်တွေကို သရော်တာ။ ဓမ္မဓိဌါန်ကျတယ်။
ရယ်စရာမောစရာတွေနဲ့ ရေးတတ်တယ်။
သူ့စာတွေထဲမှာ ကြွားလုံးတွေမပါဘူး၊ မာန်မာနတွေမပါဘူး။
ဒီကောင် သိပ် တော်တဲ့ကောင်။
အသက်ငယ်ငယ် လေးပဲ ရှိသေးတယ်။
သူထွက်သွားတာ ငါ နှမြောတယ်…။ ။
အောင်သင်း-၁၅-၈-၂၀၁၃

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။