Lynn Wai Oo
ဒေါ်စုရဲ့ အရမ်းကောင်းတဲ့ စကားလေးတစ်ခွန်းပါ...
................................................................................
မည်သည့်ဥပဒေကိုမဆို ပြင်ဆင်လို့ရပါတယ်...
အနိုင်အရှုံးအတွက် မဟုတ်ပဲ ပြည်သူ့ကောင်းကျိုးအတွက်
ပြင်ဆင်ခြင်းမျိုး ဖြစ်ရမယ်...

သူ့ရဲ့ နိုင်ငံရေးအတွေးအခေါ်က နေအိမ်အကျယ်ချုပ်ကျပြီးတဲ့ ...
နောက်ပိုင်း အချိန်မှာ ပိုပြီး ကောင်းလာတာကို သတိထားမိတယ်...
နောက်ပိုင်း အချိန်မှာ ပိုပြီး ကောင်းလာတာကို သတိထားမိတယ်...
တစ်ချို့စကားတွေကို တစ်ခါတည်းနားမလည်ဘူး...
စကားရဲ့နောက်မှာ အတွေးပါလာတယ်...
မတွေးတဲ့သူနားမလည်တော့ဘူး...
တွေးမှ နားလည်မယ့် စကားမျိုး...
တစ်ခါတစ်ခါ လူတော်တော်များများက
သူတွေးခိုင်းတာကို မတွေးပဲ သူပြောသလောက်သာ
Interpret လုပ်လိုက်တဲ့ အချိန်မှာ လွဲကုန်တော့တာပဲ...
ဒါကျွန်တော်တစ်ယောက်တည်းအမြင်နော်...
လွတ်လပ်စွာကွဲလွဲ..ရတယ်...
မူပိုင်ခွင့်လုပ်လို့မရတဲ့ အထဲမှာ လူတစ်ယောက်ရဲ့ အတွေးလဲပါတယ်...
နောက်ပိုင်းလူငယ်တော်တော်များများကို ဒေါ်စု
အဓိကဘာသင်လဲဆိုတာ လိုက်ဖမ်းကြည့်တော့
Thinking ပိုင်းကို အဓိကထားလာတယ်...
ဘယ်အလုပ်ကိစ္စမဆို တွေးပြီးမှ အကောင်အထည်ဖော်ရတာကိုး...
တွေးတာ မှားရင် လုပ်ရပ်မှားမယ်...
တွေးတာ မှန်ရင် လုပ်ရပ်မှန်မယ်...
ကိုယ်ရပ်တည်နေရတဲ့ နေရာက အဖွဲ့အစည်းတစ်ခုရဲ့ Decision Making Power အပြည့်အဝရှိတဲ့ အုပ်ချုပ်သူနေရာမှာ ဆိုရင် ပိုတွေးရတယ်...
ပိုချင့်ချိန်ရတယ်...ပိုစဉ်းစားဆုံးဖြတ်ရတယ်...
သူမှားရင် အကုန်လုံးမှားမှာကိုး...
နောက်ပိုင်း သူအဓိကပြောချင်နေတာက
လူငယ်တော်တော်များများကို တွေးခိုင်းနေတာပဲ...
အမှန်အမှားကိုတွေးခိုင်းတယ်...
သင့်တော်၏ မသင့်တော်၏ တွေးခိုင်းတယ်...
အဓိက နဲ့ သာမည ဘာလဲ တွေးခိုင်းတယ်...
ကြိုဆိုပါတယ်...
သံချေးအထပ်ထပ်တက်နေတဲ့ ကျွန်တော်တို့ရဲ့
လူ့စွမ်းအားအရင်းအမြစ်ကို စတင်ပြီး သံချေးစားတဲ့ အနေနဲ့
အရေးကြီးဆုံးကိစ္စတွေးခေါ်တတ်အောင် သင်ပေးနေတာကို...
Thank...
ပုံကတော့ ကျနော်ထည့်တာပါ...မူရင်းမဟုတ်ပါ.........ချို

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။