Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ BobbySoxer Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HTDTunYin&ဟသာင်္တထွန်းရင် HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JMe&ဂျေးမီ JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း KKT&ကေကေတီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LDKyaw&L.ဒီကျော် LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MaNaw&မနော Madi&မဒီ Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NO&နိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PanYaungChel&ပန်းရောင်ခြယ် PannEiPhyu&ပန်းအိဖြူ Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SiThuLwin&စည်သူလွင် SiYan&စီယံ SinPauk&ဆင်ပေါက် SithuWin&စည်သူဝင်း Snare SoTay&ဆိုတေး SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SuNit&ဆူးနစ် SungTinPar&ဆုန်သင်းပါရ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TinZarMaw&တင်ဇာမော် TintTintTun&တင့်တင့်ထွန်း TuTu&တူးတူး TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း V.NoTun&V.နိုထွန်း WaNa&ဝန WaiLa&ဝေလ WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး XGALZ Xbox Y-Zet YY&၀ိုင်ဝိုင်း YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YuZaNa&ယုဇန YummyRookie Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့် khinMgHtoo&ခင်မောင်ထူး
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Friday, August 16, 2013

နိုင်ငံသားတစ်ဦး၏နိုင်ငံရေးယုံကြည်ချက်(အပိုင်း-၁)

 
Peace Man
နိုင်ငံသားတစ်ဦး၏နိုင်ငံရေးယုံကြည်ချက်(အပိုင်း-၁)
*- - - - - - - - - - - - - - - - - - - - - - - - - -- - - - - - *
ဤစာစုကိုရေးနေသည့် အချိန်ထိ ကျနော့်အနေဖြင့် မည်သည့် နိုင်ငံရေးလှုပ်ရှားမှုကိုမျှပါဝင်ဆောင်ရွက်
ခြင်း၊အားပေးကူညီခြင်းများတစ်စုံတစ်ရာမရှိသေးပဲ လေ့လာနေဆဲကာလသာဖြစ်ကြောင်းဦးစွာတင်ပြ
လိုပါသည်ခင်ဗျာ။

ဤကဲ့သို့ တင်ပြရခြင်းမှာလည်း ကျနော့်ကို နိုင်ငံရေးသမားတစ်ဦးဟုအထင်ခံရမည်ကိုစိုးရိမ်၍သော်
လည်းကောင်း၊ သဘောထားမတူသူများ၏ဝေဖန်ပြစ်တင်မှုများကိုထိတ်လန့် ၍သော်လည်းကောင်း
(လုံးဝ)မဟုပ်ပါခင်ဗျာ၊ဤစာစုကိုရေးသားတင်ပြနေသူသည်ဤ စာစုကို ရေးသားတင်ပြနေချိန်အထိ
နိုင်ငံရေးအရောင်အသွေးတစ်စုံတစ်ရာမရှိသေးသူတစ်ဦး၏ တင်ပြချက်များကိုစာရှုသူများစိတ်ရှင်းရှင်းဖြင့်
ဓမ္မဓိဌါန်ကျကျ သုံးသပ်ဝေဖန်မှုများပြုလုပ်နိုင်ရန်အတွက်သာဖြစ်ပါသည်။

သို့ သော်---နိုင်ငံရေးကိုကျနော်အခုမလုပ်သေးပါ၊တစ်ချိန်ချိန်တွင်တော့ကျိန်းသေလုပ်မည်ဖြစ်ပါ
ကြောင်းကိုလည်း တစ်လက်စတည်း တင်ပြထားလိုပါသည်ခင်ဗျာ။

ကျနော်နိုင်ငံရေးကိုဝါသနာပါသော်လည်းနိုင်ငံရေးမလုပ်နိုင်/မလုပ်ရသေးသည်.့ အချက်အလက်များ
နှင့်ကျနော်ယုံကြည်သည်.့ နိုင်ငံရေးကိုဆက်စပ်၍ ဆက်လက်တင်ပြပါမည်။လက်ရှိကျနော်တို့ တိုင်း
ပြည်တွင်ဖြစ်ပေါ်လျှက်ရှိသောနိုင်ငံရေးအယူအဆများနှင့်ထိုအယူအဆများမှတစ်ဆင့်ဖြစ်ပေါ်လာ
သောနိုင်ငံရေးပုံရိပ်များကိုလည်းအလျဉ်းသင့်သလိုတင်ပြသွားပါမည်ခင်ဗျာ။

ဦးစွာပထမကျနော်ယုံကြည်သည့် နိုင်ငံရေးသဘောတရားများကိုအောက်ပါအတိုင်းတင်ပြအပ်ပါသည်-

(၁) နိုင်ငံရေးဟူသည်ကျား/မ မရွေး အသက်အရွယ်မရွေး ဆင်းရဲ ချမ်းသာမရွေး နိုင်ငံသားတိုင်း လူတိုင်း
ပါဝင်ပါက်သတ်ရမည့် လူသတ္တဝါအားလုံး၏ မွေးရာပါတာဝန်ဖြစ်သည်။

(၂) ကမ္ဘာပေါ်တွင် နိုင်ငံရေးဝါဒလမ်းစဉ်သဘောတရားများ များစွာပေါ်ထွန်းခဲ့ပြီးဖြစ်သော်လည်း မည်သည့် 
သဘောတရားမျှ ပြည်သူလူထု၏ စားဝတ်နေရေးကို ပြီးပြည့် စုံအောင်ဖေါ်ဆောင်ပေးနိုင်ခြင်းမရှိသေး
ပဲ သက်ဆိုင်ရာ နိုင်ငံ့ခေါင်းဆောင်တစ်ဦးခြင်း/တစ်ဖွဲ့ ခြင်း၏ ကိုယ်ကျင့်တရား စိတ်နေစိတ်ထား၊ပညာ
အရည်အချင်း၊ပြည်သူ တို့ ၏လိုအပ်ချက်ကို သိမြင်နိုင်မှုစွမ်းရည်၊social psychology သဘောတ
ရားမျာကိုနားလည်သိမြင်နိုင်မှုစွမ်းရည်စ သည့် အချက်များကိုပိုင်နိုင်ကြွမ်းကျင်စွာဆောင်ရွက်နိုင်သည့် 
အရည်အချင်းကောင်းများရှိသောနိုင်ငံရေးခေါင်းဆောင်/ပါတီ များ၏အပေါ်တွင်သာနိုင်ငံတိုးတက်/
ဆုတ်ယုတ်မှုသည်တည်မှီနေသည်။

(၃) အထက်အပိုဒ်-၂-ပါဖေါ်ပြချက်သည်ဒီမိုကရေစီစနစ်တည်ငြိမ်ရင့်ကျက်ပြီးဖြစ်သည့် နိုင်ငံများမပါဝင်ပါ။
၎င်းနိုင်ငံများတွင်လူတစ်ဦးချင်းနိုင်ငံရေးအရည်အသွေးပြည့် ဝပြီးဖြစ်၍ပုဂ္ဂိုရေးကိုးကွယ်မှုများမှတစ်
ဆင့်ပေါက်ဖွားလာသောသူရဲကောင်းနိုင်ငံရေးမျိုးမရှိတော့ပါ။နိုင်ငံရေးသမား/ပါတီများ၏လက်ရှိပြည်
သူအကျိုးဖေါ်ဆောင်နိုင်မှုပေတံဖြင်သာ၎င်းနိုင်ငံသားများသည်နိုင်ငံရေးသမားများအပေါ်ချစ်ခြင်း/မုန်း
ခြင်းမရှိမှန်ကန်စွာအကဲဖြက်နိုင်ကြပြီဖြစ်ပါသည်။ထိုသို့ သောနိုင်ငံများသည်ဖြူခြင်း/မဲခြင်းနှင့်မဆိုင်အ
နောက်တွင်လည်းရှိသလို အရှေ့ တွင်လည်းရှိနေပြီဖြစ်ပါသည်။

(၄) အထက်ပါအချက်များကြောင့်နိုင်ငံရေးအယူဝါဒလမ်းစဉ်တစ်ခုကိုအလွန်အမင်းယုံကြည်သက်ဝင်နေရန်
အရေးတကြီးမရှိမဖြစ်လိုက်နာဖက်တွယ်ထားရန်မလိုပါ။နိုင်ငံရေးသမားတိုင်းလိုက်နာဖက်တွယ်ထား
ရန်လိုအပ်သည်မှာ အမျိုးသားအကျိုးစီးပွားဖွံ့ ဖြိုးတိုးတက်မည်ဆိုပါက မည်သည့် အယူဝါဒသဘောတ
ရား/မည်သည့် ပုဂ္ဂိုလ်နှင့်မဆိုလက်တွဲဆောက်ရွက်နိုင် ပြီး အမျိုးသားအကျိုးစီးပွားကိုနှောက်ယှက်
ဟန့် တားလာမည့် မည်သည့် ပုဂ္ဂိုလ်/အဖွဲ့ အစည်းမျိုးကိုမဆို(ဆွေမျိုးသားချင်းပါမကျန်)ဆန့် ကျင်တိုက်
- - - - - - - - - - - - - - - - - - - -
ခိုက်ရမည်ဟူသောခိုင်မာရင့်ကျက်သည့် အမျိုးသားအကျိုးစီးပွားဖွံ့ ဖြိုးတိုးတက်ရေးမူဝါဒကိုသာလက်
တွေ့ ကျကျလိုက်နာကျင့်ကြံကြရန်အရေးကြီးသည်ဟုယုံကြည်ပါသည်။

(၅) နိုင်ငံရေးလုပ်ကိုင်ခြင်းသည် နိုင်ငံတော်နှင့်နိုင်ငံသားတို့ ကိုပေးဆပ်ခြင်းတစ်မျိုးသာဖြစ်၍အာဏာနှင့်
လုပ်ပိုင်ခွင့်များကိုပြည်သူ့ ထံမှ စီးဆင်းလာခြင်းသည်သာမှန်ကန်သောလမ်းစဉ်ဖြစ်ပြီးမိမိအာဏာ
တည်မြဲရေးအတွက်ရှေးရှုသည့် မည်သည့် ဆောင်ရွက်ချက်မျှမလိုအပ်ပဲမိမိလုပ်ရပ်များအပေါ်ပြည်သူ
မှလိုအပ်သည့် /လက်ခံသည့် အချိန်ထိဖြူစင်ရိုးသားစွာလုပ်နိုင်သမျှလုပ်ကိုင်ပေးရန်သာလိုအပ်သည်ဟု
ယုံကြည်ပါသည်။

(၆) ပညာရေးအပေါ်နိုင်ငံရေးသဘောထား
- - - - - - - - - - - - - - - - - - - - - - - -
နိုင်ငံတစ်ခု၏နိုင်ငံရေးတည်ငြိမ်မှသာကျန်စီးပွားရေး၊လူမှုရေး၊ကျန်းမာရေး၊ပညာရေးကဏ္ဌများတည်
ငြိမ်နိုင်မည်ဖြစ်သော်လည်း နိုင်ငံရေးတည်ငြိမ်မှုရှိရန်ပြည်သူတစ်ဦးခြင်းပညာရေးအဆင့်အတန်းမြင့်မား
မှုသည်အကြီးမားဆုံးအကြောင်းအချက်တစ်ခုဖြစ်သည်ဟုစွဲမြဲစွာယုံကြည်ပါသည်။ဥပမာပြရသော်-

ကျနော်တို့ နှင့်သိပ်မစိမ်းသောစင်္ကာပူနိုင်ငံဖြစ်ပါသည်။သယံဇာတပေါကြွယ်ဝပါတယ်ဆိုတဲ့နိုင်ငံများ
စွာကိုကျော်ဖြက်ပြီးယနေ့ စင်္ကာပူနိုင်ငံသည်ထိတ်တန်းသို့ တက်လှမ်းလာနိုင်ခဲ့ခြင်းမှာပညာရေးအ
ဆင့်အတန်းမြင့်မြင့်မားမားမှပေါက်ဖွားလာသောနိုင်ငံတကာစံမှီသည့် လူ့ စွမ်းအားအရင်းအမြစ်များ
ကိုစဉ်ဆက်မပြက်မွေးထုတ်ပေးနိုင်ခဲ့ခြင်းနှင့်နိုင်ငံတကာမှာပညာတတ်များကိုသူ့ နိုင်ငံတွင်လာရောက်
အခြေချလာစေရန်လုပ်နိုင်ခဲ့ခြင်းသည်အဓိကကျသောအချက်ကြီးတစ်ခုဖြစ်ကြောင်းလီကွမ်ယုကိုယ်တိုင်
ပြောခဲ့သည်ကိုမှက်သားခဲ့ဘူးပါသည်။

နောက်ထပ်ဥပမာတစ်ခုမှာအမေရိကန်နိုင်ငံဖြစ်ပါသည်။အမေရိကန်တို့ ယခုလိုစူပါ ပါဝါနိုင်ငံအဖြစ်က
့မ္ဘာ့အလယ်ရပ်တည်လာနိုင်ခဲ့ခြင်း၏လျှို့ ဝှတ်ချက်တစ်ခုမှာ ဒုတိယကမ္ဘာစစ်အပြီးစစ်ဒဏ်ကိုအပြင်းထန်
ဆုံး ခံစားခဲ့ရသည့် နိုင်ငံများမှ ပညာတတ်များကို သူ့ နိုင်ငံအတွင်းခိုလှုံခွင့်ပေးခဲ့ခြင်းကြောင့်စစ်ကြီးပြီးဆုံး
သွားချိန်တွင်နိုင်ငံတကာမှပညာတတ်တော်တော်များများကိုအလကားနီးနီးရရှိခဲ့ခြင်းအကျိုးတရားပင်
ပင်ဖြစ်ပါသည်။

အထက်ပါအချက်များကိုထောက်ရှုခြင်းအားဖြင့် နိုင်ငံတစ်နိုင်ငံဖွံ့ ဖြိုးတိုးတက်ရေးအတွက်ပညာရည်မြင့်
မားသည့် လူ့ စွမ်းအားအရင်းအမြစ်များတိုးတက်များပြားလာစေရန်မှာမိမိတို့ နိုင်ငံ၏မလုပ်မဖြစ်ဦးစား
ပေးအကောင်အထည်ဖေါ်ဆောင်ရွက်ရမည့် ကဏ္ဌတစ်ခုဖြစ်သည်ဟုယုံကြည်ပါသည်။ထို့ ကြောင့်နိုင်
ငံ၏ပညာရေးကဏ္ဌကိုတိုင်းပြည်ဝင်ငွေ၏အများဆုံးအသုံးပြု၍နိုင်ငံတကာအဆင့်မီပညာတတ်နိုင်ငံ
သားများမွေးထုတ်ပေးရန်လိုအပ်သည်ဟုယုံကြည်ပါသည်။နိုင်ငံကိုအုပ်ချူပ်နေသူများ၏လုပ်ကိုင်ဆောင်
ရွက်နေမှုများသည်တိုင်းပြည်နှင့်လူမျိုးအကျိုးစီးပွားကိုမည်မျှအထိအကျိုးပြုနိုင်သည်/အကျိုးပြုနေသ
လည်း၊အာဏာရအဖွဲ့ အစည်းကိုဆန့် ကျင်ဝေဖန်ထောက်ပြနေသည့်အတိုက်အခံအဖွဲ့ အစည်းများ၏ဝေ
ဖန်ထောက်ပြနေမှုများသည်လည်းအစိုးရပြုတ်ကျရုံသတ်သတ်လား/တိုင်းပြည်အကျိုးစီးပွားအတွက်
လားဆိုသည်များကိုမှန်မှန်ကန်ကန်ဓမ္မဓိဌါန်ကျကျသုံးသပ်ဆုံးဖြက်ပေးနိုင်ရေး။ပုဂ္ဂိုလ်ရေးကိုးကွယ်
သည့် နိုင်ငံရေးစံနစ်ကိုတားဆီးနိုင်သည့် ရင့်ကျက် ပြည့် ဝသည့် လူ့ စွမ်းအားအရင်းအမြစ်များပေါ်ထွန်း
လာရေးတို့ အတွက်ပညာရေးသည်တိုင်းပြည်၏အသဲနှလုံးဖြစ်သည်ဟုယုံကြည်ပါသည်။

အပိုင်း(၂)ဆက်လက်တင်ြပပါမည်၊---



နိင်ငံသားတစ်ဦး၏နိုင်ငံရေးယုံကြည်ချက်(အပိုင်း -၂)
*- - - - - - - - - - - - - - - - - - - - - - - - - - - - - - - - *
(၇) စီးပွားရေးအပေါ်နိုင်ငံရေးသဘောထား
- - - - - - - - - - - - - - - - - - - - - - - - -
နိုင်ငံတစ်နိုင်ငံ၏ဖွံ့ ဖြိုးတိုးတက်မှုကိုတိုင်းတာရာဠ် အခြားသောကဏ္ဍထက်ပိုမိုအရေးပါပြီး၎င်းနိုင်ငံ၏
နိုင်ငံရေး၊စစ်ရေး၊ပညာရေး၊ကျန်းမာရေး၊လူမှုရေးစသောကဏ္ဍများကိုအကောင်အထည်ဖေါ်ဆောင်
ရွက်လျှက်ရှိသည့် နိုင်ငံရေးဦးဆောင်အဖွဲ့ /ပုဂ္ဂိုလ်များ အာဏာပိုင်အစိုးရများ၏ မူဝါဒလမ်းစဉ်များ မည်မျှ
မှန်ကန်အောင်မြင်တိုးတက်မှုရှိလည်းဆိုသည့် အဖြေကိုတိုက်ရိုက်ထင်ဟပ်ပေါ်လွင်စေမည့် ကဏ္ဍတစ်ခု
ဖြစ်သည်ဟုယုံကြည်ပါသည်။
နိုင်ငံ့စီးပွားဖွံ့ ဖြိုးတိုးတက်ရေး၏အခြေခံအကျဆုံးဖြစ်သောပြည်သူတစ်ဦးခြင်း၏per capital income
နှင့်GDP(Gross Domestic Product)အညွှန်းကိန်းများမှန်ကန်တိကျစွာအပေါင်းလက္ခဏာဘက်သို့ 
ညွှန်ပြနေစေရန်နှင့်ဆင်းရဲနွမ်းပါးမှုများပပျောက်စေရေးတို့ အတွက်အောက်ပါအတိုင်းဆောင်ရွက်ရန်
လိုအပ်မည်ဟုယုံကြည်ပါသည်-

ဆင်းရဲနွမ်းပါးမှုပပျောက်ရေး
- - - - - - - - - - - - - - - - - -
လူတစ်ဦးခြင်းဝင်ငွေ တိုးတက်ရေးစီမံကိန်းများကိုချမှက်အကောင်အထည်ဖေါ်ရာ၌ ဦးစွာပထမဖြေရှင်း
ရန်လိုအပ်သည်မှာဆင်းရဲနွမ်းပါးမှုလျှော့ချရေးပင်ဖြစ်ပါသည်။
ကျနော်တို့ နိုင်ငံ၏ဆင်းရဲနွမ်းပါးမှုအခြေအနေနှင့်တိုင်းပြည်လူဦးရေ၏ဆင်းရဲနွမ်းပါးမှုရာခိုင်နှုန်းကိုတိတိ
ကျကျမှန်မှန် ကန်ကန်သိရှိသတ်မှတ်နိုင်ရေး တစ်နိုင်ငံလုံးအတိုင်းအတာဖြင့်ဦးစွာစစ်တမ်းကောက်ယူ
သင့်ပါသည်။ထိုသို့ စစ်တမ်းကောက်ယူရာ၌အိမ်ထောင်စုတစ်ခုခြင်းအလိုက်(၁)တစ်ဦးခြင်းဝင်ငွေ(၂)
ပညာတတ်မြောက်မှုအဆင့်အတန်း(၃)အလုပ်လုပ်နိုင်သည့် အင်အား(၄)အလုပ် လုပ်နိုင်သည့် အသက်
အရွယ်(၅)မှီခိုသူဦးရေစသည့် အချက်များအားဘောဂဗေဒပညာရှင်များ၏ ပညာရပ်ဆိုင်ရာနည်းနာများ
အတိုင်းစံနစ်တကျစစ်တမ်းကောက်ယူမှုကိုအမြန်ဆုံးဆောင်ရွက်နိုင်ရန်လိုအပ်နေသည်ဟုယုံကြည်ပါ
မိပါသည်။


ဆက်လက်ရေးသားပါအုံးမည်
ငြိမ်းချမ်းလူ
၂၄-၉-၂၀၁၂

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။