Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ BobbySoxer Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HTDTunYin&ဟသာင်္တထွန်းရင် HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JMe&ဂျေးမီ JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း KKT&ကေကေတီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LDKyaw&L.ဒီကျော် LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MaNaw&မနော Madi&မဒီ Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NO&နိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PanYaungChel&ပန်းရောင်ခြယ် PannEiPhyu&ပန်းအိဖြူ Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SiThuLwin&စည်သူလွင် SiYan&စီယံ SinPauk&ဆင်ပေါက် SithuWin&စည်သူဝင်း Snare SoTay&ဆိုတေး SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SuNit&ဆူးနစ် SungTinPar&ဆုန်သင်းပါရ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TinZarMaw&တင်ဇာမော် TintTintTun&တင့်တင့်ထွန်း TuTu&တူးတူး TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း V.NoTun&V.နိုထွန်း WaNa&ဝန WaiLa&ဝေလ WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး XGALZ Xbox Y-Zet YY&၀ိုင်ဝိုင်း YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YuZaNa&ယုဇန YummyRookie Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့် khinMgHtoo&ခင်မောင်ထူး
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Tuesday, August 20, 2013

သင့်ဦးနှောက် စွမ်းရည် ကောင်းစေနို်င်သည့် နည်းလမ်းများ

 
Pi Xell
သင့်ဦးနှောက် စွမ်းရည် ကောင်းစေနို်င်သည့် နည်းလမ်းများ
++++++++++++++++++++++++++++++++++++++++

မှတ်ဥာဏ် ပိုကောင်းချင်သလားပိုကောင်းတဲ့ ဆုံးဖြတ်ချက်တွေ ချလိုသလား၊ စာသင်တဲ့အခါ ပိုပြီးလိုက်နိုင် လိုပါသလား၊ သင်ရဲ့ ဦးနှောက် စွမ်းရည်ကိုပိုပြီးကောင်းမွန်စေနိုင်တဲ့ နည်းလမ်းကောင်းတွေ များစွာရှိပါတယ်။

(၁) သင်ကြားရပိုလွယ်ကူစေဖို့ ချရေးပါ

အတန်းတက်တာပဲ ဖြစ်ဖြစ်၊ ဟောပြောပွဲနားထောင်တာပဲ ဖြစ်ဖြစ်၊ ရှေ့က ဆရာ/ ဟောပြောသူတွေ ပြောတဲ့ အကြောင်းအရာတွေကိုဒီအတိုင်းနားထောင်မယ့်အစားစာရွတ်လွတ်ထဲမှာဘောပင်နဲ့ ချရေးကာလိုက်မှတ်ပါ။ Laptop ဒါမှမဟုတ် Tablet တို့၊ I-pad တို့ထဲမှာစာရိုက်ကာမှတ်တာထက်စာရင် လက်ရေးနဲ့ ရေးမှတ်တာကအသေးစိတ်အချက်အလက်တွေကိုပိုမှတ်မိလွယ်စေသလိုအချိန်ကြာကြာလည်းမှတ်မိစေပါတယ်။

ဘာကြောင့်လဲ

ဘောပင်ကိုစာရွတ်ပေါ်တင်လိုက်တဲ့ လက်ရဲ့ လှုပ်ရှားမှုကဦးနှောက်ရှိသင်ကြားရေးဌာနအစိတ်အပိုင်းကိုလှုံ့ဆော်လိုက်တာကြောင့် အချက်အလက်တွေကိုပိုလွယ်ကူစွာမှတ်ယူနိုင်တာပဲ ဖြစ်ပါတယ်။ စာလုံးတစ်လုံးချင်းကိုသေချာအချိန်ယူရေးပါကအဲဒီစာလုံးကိုပိုပြီးမှတ်ရလွယ်ကူပါတယ်။

လက်ဟန် ခြေဟန်ကိုလည်းသုံးပါ

လက်ဟန်ခြေဟန် အသုံးပြုပြီးစိတ်ထဲပုံဖော်ကြည့်တာကလည်းအချက်အလက်တွေကိုပိုမှတ်မိစေပါတယ်။ ဥပမာအားဖြင့် ကားမောင်းဖို့ လမ်းကြောင်းမှတ်တဲ့အခါ ညာဘက် ကွေ့ရမယ့်နေရာမှာညာဘက်ကိုလက်ညှိုးထိုးပြီးမှတ်တဲ့အခါ ပိုမှတ်မိစေပါတယ်။ ဦးနှောက်ကစာကြောင်းတွေထက် စာရင် ပုံရိပ်ကိုပိုမှတ်မိတတ်ပါတယ်။


(၂) မှတ်ဥာဏ်ထက်စေဖို့ စကားပြောပါ

နာမည်တွေ၊ နေ့စွဲတွေ၊ နံပါတ်တွေကိုသတိမမေ့ဘဲမှတ်မိနေစေမယ့် လျှို့ဝှက်ချက်ကတော့ သူငယ်ချင်းတွေနဲ့ စကားစမြည်ပြောဆိုတာပါပဲ။ စကားကိုစိတ်ပါလက်ပါ ပြောသူတွေဟာဦးနှောက်ကောင်းစေတဲ့ ဂိမ်းကစားနည်းတွေကိုအချိန်ကြာကစားသူတွေလောက် မှတ်ဥာဏ်ကောင်းတာကိုလေ့လာချက်တစ်ခုအရတွေ့ရပါတယ်။ တစ်နေ့ကိုဆယ်မိနစ်လောက် စိတ်ပါလက်ပါ စကားပြောဆိုရုံနဲ့တိုးတက်မှုရှိတာကိုတွေ့ရပါလိမ့်မယ်။

ဘာကြောင့်လဲ

ဥာဏ်ကစားနည်းတွေလိုပဲစကားပြောဆိုခြင်းကမှတ်ဥာဏ်ကိုထိန်းချုပ်တဲ့ ဦးနှောက်အစိတ်အပိုင်းကိုလှုံ့ဆော်ပေးပါတယ်။ ဒီအစိတ်အပိုင်းတွေကိုများများအသုံးပြုလေမှတ်ဥာဏ် ပိုကောင်းလေပါပဲ။

အပေါင်းအသင်းများလေကောင်းလေ

သူငယ်ချင်းမိတ်ဆွေအပေါင်းအသင်းများသူတွေဟာဦးနှောက်ရှိမှတ်ဥာဏ်ထိန်းပေးတဲ့ အာရုံစူးစိုက်စေတဲ့ သူများရဲ့ စိတ်ခံစားချက်တွေကိုသိစေတဲ့ အစိတ်အပိုင်းပိုကြီးကြောင်းလေ့လာချက်တစ်ခုအရတွေ့ရပါတယ်။ ဒါကြောင့် မိတ်ဆွေအပေါင်းအသင်းနယ်ပယ် ချဲ့ထွင်ပါ။

(၃) ဦးနှောက်အိုမင်းမှု လျော့ကျစေဖို့ ဘလူးဘယ်ရီစားပါ

အာဟာရပြည့်ဝတဲ့ ဘလူးဘယ်ရီသီးတွေကဦးနှောက်ကိုကာကွယ်ပေးပါတယ်။ တစ်နေ့ကိုဘယ်ရီသီးလက်တစ်ဆုပ်စာလောက် တစ်လစားပေးရင် အသက်အရွယ်ကြောင့်ဖြစ်တဲ့ မှတ်ဥာဏ် လျော့နည်းကျဆင်းမှုကိုသက်သာစေပါတယ်။

ဘာကြောင့်လဲ

ဘလူးဘယ်ရီသီးတွေမှာဦးနှောက်ဆဲလ်တွေ ဆက်သွယ်မှု ကောင်းစေနိုင်တဲ့ Anthocyanin လို့ ခေါ်တဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ပါဝင်နေတာကြောင့်ပါ။

အစေ့အဆန်လည်းစားပေးပါ

ကောင်းမွန်တဲ့ HDL ကိုလက်စထရောများသူတွေဟာအယ်လ်ဇိုင်းမားရောဂါ ဖြစ်နိုင်ခြေနည်းတယ်လို့ သိရပါတယ်။ ဒါကြောင့် HDL ကိုလက်စထရောများစေနိုင်တဲ့ အစေ့အဆန်လေးတွေကိုများများစားပေးသင့်ပါတယ်။

(၄) အလုပ်ပြီးစေဖို့ လေချွန်ပါ

အလုပ်လုပ်ရင်းလေချွန်တာဟာအလုပ်ကိုအနှောင့်အယှက် မဖြစ်စေတဲ့အပြင် အလုပ်တောင် ပိုပြီးစေကြောင်းသိရပါတယ်။ စိတ်ဖိစီးမှု များစေနိုင်တဲ့ အလုပ်ကိုလုပ်ရာမှာလေလေးတချွန်ချွန်၊ သီချင်းလေးတညည်းညည်းလိုစဉ်းစားစရာမလိုဘဲအလိုလိုလုပ်မိနေတဲ့ အပြုအမူတွေကိုလုပ်သူတွေဟာအလုပ်ထဲမှာပဲအာရုံအားလုံးစူးစိုက်ထားသူတွေထက် စာရင် အလုပ်ပိုပြီးတာကိုတွေ့ရပါတယ်။

ဘာကြောင့်လဲ

အလုပ်တစ်ခုထဲမှာပဲဦးနှောက်ကိုအားကုန်ထည့်ထားပါကအချက်အလက်တွေ ပိုလျှံ ကျလာနိုင်ပါတယ်။ ဒါပေမဲ့ လေချွန်တာ၊ သီချင်းညည်းတာလိုအာရုံလွှဲတဲ့ အရာနဲ့ တွဲလုပ်ပါကဦးနှောက်ကတစ်ချိန်ထည်းမှာပဲအချက်အလက်တွေကိုနည်းနည်းစီခွဲမှတ်တာကြောင့် ပိုပြီးအလုပ်ပြီးပါတယ်။

သစ်ပင်တွေရဲ့ အကူအညီလည်းယူပါ

ပန်းခြံထဲလမ်းထွက်လျှောက်တာ၊ ဓာတ်ပုံထဲရှိစိမ်းလန်းစိုပြည်နေတဲ့ ရှုခင်းတွေကိုငေးကြည့်တာကလည်းအလုပ်ကိုပိုပြီးစေပါတယ်။ သစ်ပင်၊ ပန်းမန်တွေရဲ့ ပုံတွေကစိတ်ဖိစီးတင်းကျပ်မှုကိုလျော့ကျစေလို့ပါ။

(၅) ပြဿနာတွေ ဖြေရှင်းနိုင်ဖို့ အိပ်ချိန် ၇ နာရီရှိပါစေ

ညဘက်အိပ်ချိန်ကအနည်းဆုံးခုနှစ်နာရီရှိဖို့ လိုပါတယ်။ ဒါမှသာအိပ်ရေးဝပြီးအိပ်မက်မက်စေတဲ့ REM Sleep အဆင့်ကိုအပြည့်အဝရမှာပါ။ ဒါဟာအရေးကြီးပါတယ်။ ဘာကြောင့်လဲဆိုတော့ အိပ်တဲ့အခါ ဒီအဆင့်ရောက်တဲ့ သူတွေဟာအိပ်ရေးမဝကာအိပ်မက် မက်သူတွေထက်စာရင် တီထွင်ဖန်တီးမှု ဥာဏ်နဲ့ မှတ်ဥာဏ် ပိုကောင်းတာကြောင့်ပါ။ ဒီဥာဏ်တွေ ပိုကောင်းမှလည်း ပြဿာနာတွေ ပိုဖြေရှင်းနိုင်မှာပါ။

ဘာကြောင့်လဲ

အချက်အလက်တွေကို ပြန်ပြီးမှတ်မိစေသလိုအနာဂတ်မှာလည်းစိတ်ကူးစိတ်သန်းပိုကောင်းစေနိုင်တာကြောင့်ပါ။

အခြားဦးနှောက်စွမ်းရည် တိုးစေသောအရာများ

-ဆုံးဖြတ်ချက်မြန်စေဖို့ ဟင်းနုနယ်စားပါ

ဟင်းနုနယ်၊ ဂေါ်ဖီထုပ်၊ မုန်လာဥတို့မှာဦးနှောက်ဆီသွေးစီးဆင်းမှု မြန်စေတဲ့ နိုက်ထရိတ်ဓာတ်တွေ ပါရှိပါတယ်။

-ဥာဏ်ကောင်းစေဖို့ ကော်ဖီချိုချိုသောက်ပါ။

ကော်ဖီမှာသကြားထည့်သောက်ပါ။ ဒါမှမဟုတ် ဘလက်ကော်ဖီ ကြိုက်ရင်လည်းကွတ်ကီးတစ်ခုခုနဲ့ တွဲစားပါ။ ကဖင်းနဲ့ သကြားတွဲပြီးစားသောက်တာကဦးနှောက်ဆဲလ်တွေကိုအားဖြည့်ကာဦးနှောက်စွမ်းအားပိုကောင်းစေပါတယ်။

-အိုင်ဒီယာသစ်တွေ ထွက်ဖို့ လမ်းလျှောက်ပါ

ခန္ဓာကိုယ် ချွေးထွက်ပြီး နှလုံးခုန်မြန်စေတဲ့ ကိုယ်လက်လှုပ်ရှားမှုတွေကဦးနှောက်ကိုလှုံဆော်ကာအလုပ်ပိုလုပ်စေတာကြောင့် ဖန်တီးနိုင်မှု စွမ်းရည်တွေ ပိုပြီးထွက်ရှိစေပါတယ်။

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။