Kyar Phyu Nwe
" မိဘမဲ့ လေးတွေအတွက် နှလုံးသားခင်းထားတဲ့  ချင်းကျောင်း"
ဒီနေ့  အမေ ကွယ်လွန်ခဲ့တဲ့  ၉ နှစ်ပြည့် အတွက် လှည်းကူးဈေးရှေ့ လမ်း မှ သွားရတဲ့  ချင်းကျောင်း က မိဘမဲ့ ကလေးတွေကို နေ့ ခင်းစာ ထမင်းကျွေးပြီး မုန့်တွေ သွားလှူခဲ့ပါတယ်။
ပြောရရင် တနေ့ ကမှ ဒီမိဘမဲ့ ကျောင်းလေးရှိတယ်ဆိုတာ ကျွန်မ သိရတာပါ။
ဒီနှစ် အိမ်မှာလည်း ဆွမ်းချက်နိုင်တာနဲ့  စကားစပ်မိရင်း ဒီနေရာ မှာ ကျွေးဖို့ ဖြစ်လာတာပါ။ ကျွန်မ နဲ့  ရုံးက ညီအမတွေ မုန့် တွေချိုချဉ်တွေ ပါဝယ်ပြီး သွားကြတဲ့ အချိန်ထိ ကလေးတွေ ဘယ်အရွယ်ရှိမှန်းတောင်မသိပါဘူး။ နောက်ပြီးကျွန်မ ကအသင်းအဖွဲ့ တစ်ခုက ပြုစုစောင့်ရှောက် ထားတဲ့  မိဘမဲ့ ဂေဟာလို့ ပဲထင်တာပါ။
ဒါပေမယ့် ဟိုရောက်တော့ မှ ချင်းလင်မယား က မှိုစိုက်ပြီး အသက်မွေးကာ ဒီမိဘမဲ့ ကလေး ၃၂ယောက်ကို သူတို့ ကိုယ်တိုင် ချက်ပြုတ် ပြီး ကျွေးမွေးစောင့် ရှောက် ၊ ကျောင်း ထားပေးနေ တာပါ။ ဘယ်အဖွဲ့ အစည်း နဲ့ မှ မသက်ဆိုင်ပါဘူး။ ဘာ မှတ်ပုံတင်မှလည်း မလုပ်ထားပါဘူးတဲ့ ။ ကလေးတွေ ကိုလည်း လွတ်လွတ်လပ်လပ် ကိုယ့်အိမ်လိုပဲ ၀ိုင်းလုပ်ဝိုင်းစား ၊ကျောင်းသွား နဲ့  တကယ့်မိသားစုလိုနေတာပါတာ..ဆိုတော့ ကျွန်မ အံ့ သြလိုက်တာ...။
ဒီချင်းလူမျိုး လင်မယားက၂၀၀၃ ကတည်းက ဒီ လှည်းကူး မေဂ၀တီ လမ်း ဘက်မှာ မှိုလုပ်ငန်း လာလုပ်နေတာ ပါတဲ့ ..။သူ တို့ လင်မယားမှာ ကလေးမရှိပါဘူး။ တစ်နေ့  သူတို့ လင်မယားဆီကို ဗမာကလေးလေးနှစ်ယောက် ထမင်းရည်လာတောင်းတယ်တဲ့ ..။သူတို့ က ဘာလုပ်မလို့  လဲမေးတော့ သူတို့ သောက်မလို့ ..လို့ ပြောတော့ သနားပြီး ထမင်းကျွေးလိုက်ပါတယ်တဲ့ ။
ကလေးနှစ်ယောက်က မောင်နှမပါ။ သူတို့ ဘယ်မှာနေတာ လဲမေးတော့ အဖွားနဲ့ နေတယ်ပြောလို့  လိုက်ကြည့်တော့ သူတို့ မောင်နှမတွေ နဲ့  အိုမင်းနေတဲ့ အဖွားကြီးပဲရှိ ပါတယ်တဲ့ ..။နေတာက လည်း အိမ်လို့ တောင်ပြောဖို့ ခက်တဲ့  တကယ့် နေဖြစ်ရုံနေရာလေးပါတဲ့ ..။ဒါနဲ့  သူတို့ လည်း ကလေးတွေကိုသနားလို့  အဖွားကြီးဆီ ခွင့်တောင်းပြီး သူတို့ ပဲ တနေကုန်ကျွေးမွေးထားရင်း ကလေးတွေကလည်းမပြန်တော့ဘဲ သူတို့ အိမ်အပြီးနေဖြစ်သွားပါသတဲ့ ...။
ဒီလို နဲ့  သူတို့ က ကျွေးမွေးစောင့် ရှောက်ထားမှန်းသိတဲ့သူတွေက လာလာပို့ရင်း ကလေးတွေ များများ လာပါတယ်တဲ့ ..။ သူတို့ လင်မယားက ချင်းလူမျိုးဆိုပေမယ့် ဒီကလေးတွေထဲမှာ ချင်းလူမျိုးတစ်ယောက်မှ မပါပါဘူး။ ဗမာ ၊ ရခိုင် ၊ လီဆူး ...စသဖြင့်  တိုင်းရင်းသားပေါင်းစုံ ပါပါတယ်။
ကျွန်မတို့ တွေ့ ခဲ့ တဲ့  ၂နှစ်အရွယ်ကလေးလေးဆိုရင် တစ်လသားကတည်းကမွေးစားထားတာ သူတို့ လင်မယားကိုပဲ မိဘအရင်းထင်နေပါတယ်။ အဲ့ ဒီကလေးလေး က လှည်းကူးဈေး မှာရှိတဲ့  စိတ္တဇဝေဒနာသည် မိန်းမတစ်ယောက် ကိုယ်ဝန်ရပြီး အမှိုက်ပုံမှာ မွေးထားတာပါ။ ဘယ်အသင်း အဖွဲ့ ကမှ လက်မခံဘဲ နောက်ဆုံးသူတို့ ဆီရောက်လာလို့ နို့ ဘူးတိုက်မွေးလာတာ ခု ၂ နှစ်ကျော်ပါပြီ။
တခြားကလေးတွေဆိုလည်း အဖေက သေသွားပြီးမိထွေးကနှိပ်စက်လို့ ပြေးလာတဲ့ သူ ၊ လူပွဲစားက ပြည့်တန်ဆာအိမ်ရောင်းစားလို့  ထွက်ပြေးပြီးဒုက္ခရောက်လာသူ..စသဖြင့်  ဘ၀တွေက ဆိုးလှပါတယ်။ခုတော့ သူတို့ ဟာ ဒီချင်းဇနီးမောင်နှ့  ရဲ့  စောင့်ရှောက်ပေးမှုအောက်မှာ ပညာလည်းသင်နေရပါပြီ။
ကျွန်မတို့ ကိုပြောပြနေတုန်း ကလေးတွေ ကျောင်းလွှတ်လာလို့  ထမင်းပြင်ပေးကျွးကြပါတယ်။ ဒီနေ့  အလှူရှင်ရှိလို့ အမဲသားဟင်းနဲ့  ဟင်းချို ဆိုတော့ စားကောင်းကြပုံပါပဲ...။ ကလေးတစ်ယောက်ချင်းတော်တော် စားကြတာပါ။ ဒီအရွယ်တွေက ဆော့ လို့ကောင်း ၊ စားလို့ ကောင်းတဲ့ အရွယ်တွေကိုး..။
ဒီ ကလေးတွေ ရဲ့ ပညာသင်စရိတ် ၊ နေဖို့ ထိုင်ဖို့  တွေအတွက် လုံလောက်ရဲ့ လားဆိုတော့ ဒီလိုပဲရုန်းကန် လာကြရတာပါပဲတဲ့ ..။ ခုတော့ သူတို့ စေတနာတွေ ကြောင့်သိပြီးလှူ တဲ့  သူတွေလာကြပါတယ်တဲ့ ။ ခု နေနေတဲ့ မြေကွက်က အမေရိက ကလှမ်းလှူတာပါ တဲ့ ။နောက် နှစ်ထပ် တိုက်အဆောက်အဦတစ်ခု လည်းကိုရီးယားတွေဆောက်ပေးနေကြပါ တယ်တဲ့ ။
ခုလောလောဆယ်တော့ ကလေးတွေအကုန်လုံး ဒီအဆောင်လေးမှာပဲ အိပ်ကြပါတယ် တဲ့ ။စောင်တွေခေါင်း အုံးတွေ စီထားတာကြည့်ပြီးတော့ ကျွန်မစိတ်မကောင်းပါဘူး။ အကုန်အတူတူသင့်သင့်မြတ်မြတ်သုံးကြ တယ်လို့တော့ပြောပါတယ်။
ဒီချင်းကျောင်းကို ရောက်လာတဲ့ ကလေးတွေအကုန်လုံး ကို သူတို့ လင်မယားက မေတ္တာပေးပါ တယ်တဲ့ ။ ကလေးတွေအတွက် သူတို့ လင်မယားဟာ အစေအပါးလို့ ကိုသဘောထား ပါတယ် တဲ့ ။ကလေးတွေဟာ သူတို့  ပြုစုစောင့်ရှောက်လုပ်ကျွေးရမယ့် အရှင်သခင်တွေပါတဲ့ ..။
ကလေးတွေအတွက် သူတို့ နှလုံးသားတွေခင်းပေးထားပါတယ်..တဲ့ ။
သူပြောတာကျွန်မလက်ခံယုံကြည်ပါတယ်။ဘာလို့ လဲဆိုတော့ တွေ့ ရတဲ့ ကလေးတွေရဲ့ မျက်နှာလေးတွေက ကြည်လင်ပြီးစိတ်ချမ်းသာပုံပေါ်နေပါတယ်။ဂေဟာတခုလို တင်းကြပ်တဲ့ စည်းကမ်း နဲ့ အုပ်ချုပ်တာမဟုတ်ဘဲ မိသားစုကြီးတခုလို ထားတာဆိုတော့ အကြီးတွေက အငယ်တွေကို ညှာတာတဲ့ စိတ်လည်းရှိပါတယ်တဲ့ ။
စားသောက်ပြီး သီချင်းဆိုပြီးဆုတောင်းပေးတော့ ကျွန်မတို့ ဝမ်းနည်းပြီး မငိုမိအောင်မနဲထိန်းထားရ ပါတယ်။မုန့် တွေဝေပေးပြီး တော့ကျွန်မတို့ ကို နုတ်ဆက်ပြီး ကလေးတွေကျောင်းပြန်သွားကြ ပါပြီ။သူတို့  ကိုကျောင်းတင်မက အများတန်းတူ ကျူရှင်လည်း ထားပေးပါတယ်တဲ့ ..။ကျူရှင်ခ ကတော့ အကြွေးထားရတာများပါတယ်တဲ့ ။ အလှူရှင်တွေပေါ်လာမှ စုပြီးဆပ်ပါတယ်တဲ့ ။
ဒီလိုနဲ့ ပဲ ခုဆို ကိုးတန်းကျောင်းသားတောင် ရှိနေပါပြီ။ သူတို့ ကတကူးတက လိုက်အလှူမခံဘဲ သိတဲ့ သူတွေလောက်ပဲလာလှူကြပါတာပါ။ဒီနေ့ ထမင်းကျွေးဖို့ လှူရင် လှူတဲ့ ပိုက်ဆံ ကို အကုန်သုံးပြီး ကလေးတွေဘာအသားစားမလဲမေးပြီး ချက်ကျွေးလိုက်တာပါ။ အလှူခံပုဂ္ဂိုလ်ဆီ အကုန်ရောက်တဲ့ အ လှူမို့ သိပ်ဝမ်းသာဖို့ ကောင်းပါတယ်။
ထမင်းတနပ်စားရိတ်ကလည်းမများပါဘူး။ နေ့ ခင်းစာဆို ၃သောင်း နဲ့ ရပါတယ်။ တစ်နေ့ လုံးစာဆို ၅ သောင်းနဲ့ ချက်ကျွေးလို့ရပါတယ်။ တတ်နိုင်သလောက်ဖဲ့ လှူလည်း ရပါတယ်။
သာမန်ရက်ဆိုရင်လည်း ချက်ကျွေးတာဆိုပေမယ့် အလှူရှင်တွေရှိရင်ကလေးတွေ ဟင်းကောင်းကောင်းစား ရပါတယ်။ဒီနေ့လည်း ကလေးတွေ ဟင်းတွေအများကြီးနဲ့ ထမင်းတွေ အားရပါးရစားနေတာ ကိုယ်တိုင်မြင်ရ တဲ့ ကျွန်မအတွက် တကယ်ပဲဝမ်းသာ ပီတိဖြစ်မိ ပါတယ်။ နောက်ဆို လတိုင်းပုံမှန် လာလှူဖို့ လည်း တိုင်ပင်ဖြစ်ကြပါ တယ်။ နောက်ဆိုဆောင်း ၀င်တော့ မှာမို့ ကလေးတွေ အတွက်စောင်တွေခြင်ထောင်တွေ လည်းလိုမှာပါ။
နောက်ကလေးတွေ ပညာရေးခါးမပြတ်သွားအောင် ပညာဒါန ထောက်ပံ့ မှုရအောင် ပဒေသာ ပင်လေး လုပ်ပေးချင်ပါတယ်။
ဒါကြောင့်မို့  အားလုံးကိုလည်း လိုအပ်တဲ့ ဒီနေရာလေးကို ၀ိုင်းဝန်းကူညီ
လှူဒါန်းကြဖို့ နှိုးဆော်တိုက်တွန်းချင်ပါတယ်ရှင်..

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။