MM Social Sky
အာလူးအစာသွပ်
ယခုအပတ် (ကျောင်းပိတ်ရက်၊ရုံးပိတ်ရက်) အိမ်မှာ အဆာပြေလုပ်စားဖို့ အတွက် တင်ဆက်ပေးလိုက်ပါတယ်။
ဒါကတော့ “အာလူးအစာသွပ်မီးဖုတ်” ဖြစ်ပါတယ်။ ပါဝင်တဲ့အမယ်က အများကြီး မဟုတ်သလို၊ လုပ်ရတာလဲ လွယ်ကူပါတယ်။ အဓိကလိုအပ်တာက မိုက္ကရိုဝေ့ မီးဖို( Microwave Oven) ရှိရင် အဆင်ပြေမှာပါ။
အာလူးအစာသွပ်အတွက် ပါဝင်ပစ္စည်းများ
- အာလူး
... - ဒိန်ခဲပြား
- အသားပြား
- ကြက်သွန်နီ
- ခရင်မ်ဆော့စ်

ပထမဆုံး - အာလူး၊ အသားပြားနဲ့ ကြက်သွန်နီကို ပုံပါအတိုင်း အနေတော် လှီးလိုက်ပါ။
အာလူးချပ်လွှာတွေကြား cheese ပြား၊အသားပြား၊ကြက်သွန်နီအချို့ကို သင့်တော်သလို ထည့်ညှပ်ပါ။
(အရသာအတွက် ဆား၊ငရုတ်ကောင်းမုန့်ကို အသုံးပြုနိုင်ပါတယ်။)
ပြီးလျှင် အပူခံဗန်းပေါ် အာလူးတွေကို စီလိုက်ပြီး၊ အပူချိန်ကိုတော့ 425ံဖာရင်ဟိုက် ထားပေးပါ။
မိုက္ကရိုဝေ့မီးဖိုမှာ ၄၅မိနစ်ခန့်ကြာ (သို့) အာလူးကျက်ပြီဆိုပါက ခရင်မ်ဆော့စ်ဖြူးပြီး သုံးဆောင်နိုင်ပါပြီ။
Ref: prakticideas.com
AkaRy (MM Social Sky)

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။