ကိုသောင်း ပုလဲမြေ
" နိုင်ငံရေးပြဿနာတွေကို ဒီဖွဲ့စည်းပုံဘောင်ထဲမှာ မဖြေရှင်းနိုင်ဘူးဆိုတာသေချာတယ်"
============================
၈၈ မျိုးဆက် ( ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း ) မှ ကိုကိုကြီးနှင့် တွေ့ဆုံခြင်း
ယခင်အပတ်မှ အဆက်
► ကျွန်တော်တို့ နားလည်ထားတာက ၈၈မျိုးဆက်ဆိုတာ ပြည်သူကပိုင်နေပြီ။ ကိုယ့်ကိုယ်ကို မပိုင်တော့ဘူးလေ။ ဒီ အချိန်မှာ ဦးကိုကိုကြီးက နိုင်ငံရေး ဆက်လုပ်မယ်။ ကိုမင်းကိုနိုင်က မလုပ် တော့ဘူးဆိုပြီး ဒီလိုအပြောလည်းရှိတယ်။ ပြည်သူတောင်းဆိုမှုနဲ့ ၈၈ မျိုးဆက်တို့ရဲ့ တစ်ဦးချင်း ပုဂ္ဂလိက အိပ်မက်တွေ ယှဉ် လာရင် ပြည်သူ့အိပ်မက်ကိုငြင်းပယ် သင့်သလားဗျာ။
အဲဒါကတော့လည်း ကျွန်တော် မြင်တာက မင်းကိုနိုင်ဆိုတာ ရှစ်လေး လုံး အရေးတော်ပုံကြီးရဲ့ သမိုင်းမှာ အင်မတန်ထင်ရှားတဲ့ ခေါင်းဆောင် တစ် ယောက်ပါ။ သူ့ရဲ့ ရှစ်လေးလုံး စထွက် တဲ့အချိန်ဆိုရင် ကျွန်တော်တို့အပါအဝင် ပေါ့။ မင်းကိုနိုင်ဆိုပြီး နာမည်တစ်လုံးနဲ့ ထွက်လာတဲ့အချိန် ကျွန်တော်တို့တွေ အားလုံးဝိုင်းပြီးတော့ လုပ်ကြတဲ့အချိန် မှာ ထူးခြားတာက နိုင်ငံရေးကို မြန်မာ့ ဆိုရှယ်လစ်လမ်းစဉ်ပါတီကလွဲပြီး တခြားဘာပါတီမှ ရပ်တည်ခွင့် မရှိဘူး။ ဘာနိုင်ငံရေးပါတီမှ မရှိဘူး။
ထင်ရှားတဲ့ နိုင်ငံရေးခေါင်းဆောင်ရယ်လို့လည်း ပေါ်မလာဘူး။ အဲဒီလို အခြေအနေမျိုး မှာတောင်မှ သူစပြီးတော့ ဖောက်ထွက် လာခဲ့တဲ့ သူ့ရဲ့စွန့်လွှတ်အနစ်နာခံမှု ပေးဆပ်မှုတွေဟာ သူ့သမိုင်းတာဝန်ကို သူ ထိုက်ထိုက်တန်တန် ထမ်းဆောင်ခဲ့ ပါတယ်။ နောက်တစ်ခု လူတစ်ယောက် က သူ့မှာ တစ်ဦးချင်းရဲ့ ပုဂ္ဂလိကရွေး ချယ်မှုဆိုတာ ရှိပါတယ်။ တစ်ခါတလေ ကျတော့ သူ မလုပ်ချင်တဲ့၊ သူမနိုင်တဲ့ ကိစ္စမျိုး ဝန်ကြီးကို သူကြိတ်မှိတ်ပြီးတော့ ထမ်းနေဖို့ အတင်းအဓမ္မသွားပြီး သူ့ကို တောင်းဆိုနေတာလည်း ကျွန်တော်တို့ ပြန်စဉ်းစားဖို့ ကောင်းတယ်။
အဲဒီတော့ နောက်တစ်ပိုင်းက လည်းမှန်ပါတယ်။ လူသိများထင်ရှားတဲ့ သူတစ်ယောက်ဖြစ်လာပြီဆိုရင် သူ့ရဲ့ ပုဂ္ဂလိကဘဝဟာ ကျဉ်းကျဉ်းလာတာ ပေါ့။ ဝတ္ထုတစ်ပုဒ်မှာဆိုရင် စာရေး ဆရာက ပထမတော့ ဇာတ်ကောင်တွေကို သူဖန်တီးတာပေါ့။ နောက်ပိုင်းမှာ ဇာတ်က စီးသွားတဲ့အခါကျတော့ အဲဒီ ဇာတ်ကောင်တွေကို စာရေးဆရာ ကိုယ်တိုင်က လက်လွှတ်လိုက်ရတာ။ ဇာတ်ကောင်တွေက သူ့ဘာသာသူ အလိုအလျောက် ဆက်ပြီးတော့ သူ့ရဲ့ ရုပ်လုံးက သူ့ဖာသာသူ ဖန်တီးသွားတဲ့ ဟာမျိုး။ သဘောက စာရေးဆရာက ဇာတ်ကို မစီးနိုင်ဘဲ ဇာတ်ကောင်က ဇာတ်ကိုစီးသွားတာဆိုတော့ ဒါက သိပ် ပြီးတော့ ဂန္ထဝင်မြောက်တဲ့ဝတ္ထုတွေ၊ စာပေတွေမှာဆို အဲဒါ ပိုသိသာတယ်။
ကျွန်တော်တို့လည်း တစ်ခါတလေ ကျတော့ အခုကျွန်တော်တို့ ရောက်နေ တဲ့အခြေအနေဟာ ကျွန်တော်တို့ဇာတ် ကိုစီးတာ မဟုတ်တော့ဘဲနဲ့ ပရိသတ် ရဲ့ မျှော်လင့်ချက်၊ တောင်းဆိုချက်တွေ က စီးသွားတာမျိုးပေါ့။ အဲဒါမျိုးကို ကျွန် တော်တို့လည်း ကြုံရပါတယ်။
ကျွန် တော်တို့က မျှပြီး စဉ်းစားဖို့က လူတစ် ဦးချင်းမှာ သူ့ရဲ့ ပုဂ္ဂလိကဘဝရွေးချယ် မှု ဆိုတာလေးကိုလည်း ထည့်ပြီးစဉ်း စားဖို့လိုတယ်။ နောက်တစ်ခုကလည်း ဒီလို အင်မတန် ကြီးကျယ်တဲ့ခမ်းနား တောက်ပြောင်ခဲ့တဲ့ ခေါင်းဆောင်တစ် ယောက်၊ နိုင်ငံတကာ အသိအမှတ်ပြု မှုတွေရလာအောင် ကျောင်းသားလှုပ် ရှားမှုကြီးကို ဦးဆောင်ခဲ့တဲ့ အခန်း ကဏ္ဍဟာ အင်မတန်ကြီးပါတယ်။ အဲဒီ တော့ သူ့အခြေအနေမှာလည်း သူ့ရဲ့ ကိုယ်ပိုင် ရွေးချယ်ခွင့် ရှိသင့်ပါတယ်။ နောက်တစ်ခုကလည်း သူဟာဒီလှုပ်ရှား မှုကြီးထဲက ဘယ်တော့မှ မတရားမှုကို ဆန့်ကျင်တယ်ဆိုတဲ့ ဇာတ်ကွက်ကြီးပေါ့။ အဲဒီအထဲကနေ ဘယ်တော့မှ ကျောခိုင်း သွားမယ့်သူ မဟုတ်ပါဘူး။ ဒါကတော့ ကျွန်တော့်သူငယ်ချင်းအပေါ်မှာရော၊ ကျွန်တော်တို့ ကျောင်းသားခေါင်းဆောင် တစ်ယောက်အနေနဲ့ရော အပြည့်အဝ ယုံကြည်ပါတယ်။
► ဦးကိုကိုကြီးတို့ ၈၈ မျိုးဆက်က ပါတီထောင်တော့မလိုလိုနဲ့တော့ ကြား နေတာကြာပါပြီ။ ၂ဝ၁၅ ဟာ ဝေးနေ သေးတယ်။ အချိန်ရသေးတယ်လို့ ယူဆနေလား။
ကျွန်တော်တို့ကိုယ်တိုင်လည်း စဉ်းစားတာ ကျွန်တော်တို့က ရေရှည်ကို စဉ်းစားတာပါ။ လက်ရှိ အခင်းအကျင်း မှာကတော့ ကျွန်တ်ာတို့ကိုယ်တိုင် လွှတ် တော်ထဲမှာ မရှိပေမယ့်လို့ ကျွန်တော်တို့ နဲ့ ရင်းနှီးတဲ့ ကျွန်တော်တို့ လုပ်ဖော်ကိုင် ဖက်တွေ အများကြီးရှိပါတယ်။ သူတို့ဆီ ကတစ်ဆင့် လွှတ်တော်ရဲ့ ဆောင်ရွက်မှု တွေကိုလည်း ကျွန်တော်တို့ အမြဲတမ်း လေ့လာပါတယ်။ နောက်လွှတ်တော်က တရားဝင် ထုတ်ထားတဲ့ လွှတ်တော် တွင်း ဆွေးနွေးချက်တွေ အစည်းအဝေး မှတ်တမ်းတွေအားလုံး ကျွန်တော်တို့ လေ့လာပါတယ်။ ဆိုတော့ လွှတ်တော် နဲ့ ကျွန်တော်တို့ မျက်ခြည်မပြတ်ပါဘူး။ နောက်တစ်ခုက ကျွန်တော်တို့ ပြောချင် တဲ့ ကျွန်တော်တို့ ဖြစ်ချင်တဲ့ ဟာတွေကို လည်း ကျွန်တော်တို့ မိတ်ဆွေရဲဘော် ရဲဘက်တွေကတစ်ဆင့် လွှတ်တော်ထဲကို ပြောတာ တင်တာရှိပါတယ်။
ဒါက ပြောကြစို့ဆို ခုကတည်းက လွှတ်တော် နဲ့ နီးနီးစပ်စပ် ဆက်ဆံပါတယ်။ အဲဒီ တော့ နောက်ပိုင်းမှာလည်း ကျွန်တော် တို့ ပြောရေးဆိုခွင့်ပေါ့။ ကျွန်တော်တို့ ကို ထင်ဟပ်မယ့် ကိုယ်စားပြုမယ့် စပီ ကာလို့ခေါ်တာပေါ့။ အဲဒါတွေက လွှတ် တော်ထဲမှာ အခိုင်အမာရှိသွားအောင် ကြိုးစားသွားမှာပါ။ အဲဒီတော့ စဉ်းစား နေတာက ဒီထက် ပိုကျယ်ပြန့်တဲ့ ရေ ရှည်ပြင်ဆင်မှုပါ။ ကျွန်တော်တို့ ကြိုးစား နေပါတယ်။
► အခုလွှတ်တော်မှာ အခြေခံဥပဒေ ပြင်ဖို့ လုပ်နေပြီ။ လွှတ်တော်ရဲ့ ချိန်ခွင် လျှာအရ ပြည်ခိုင်ဖြိုးပါတီစိတ်ကြိုက် ပြင်ဆင်မှုသာ ဖြစ်လိမ့်မယ်လို့ ပြောနေ ကြတယ်။ နောက်မီဒီယာတွေမှာလည်း ရေးတယ်။ လွှတ်တော်ပြင်ပကနေ အခြေခံဥပဒေ ပြင်ဖို့ပေါ့။ ဒီမှာ ဦးကိုကို ကြီးတို့လည်း ပါဝင်ပတ်သက်မှုရှိနေ တယ်ဆိုတော့ အခြေခံဥပဒေပြင်ရေးနဲ့ ပတ်သက်လို့ ဘယ်လိုမြင်ပါသလဲ။
ကျွန်တော်မြင်တာက ဒီအခြေခံ ဥပဒေ စဖြစ်လာကတည်းက အငြင်းပွား စရာတွေ အပြည့်နဲ့ဖြစ်လာတယ်။ အမျိုး သားညီလာခံဆိုတာလည်း ကမ္ဘာပေါ် မှာ အရှည်ဆုံး၊ အကြာဆုံး အမျိုးသား ညီလာခံ။ အဲဒီတော့ ဆွေးနွေးပုံ၊ ဆုံး ဖြတ်ပုံ၊ ညီလာခံဖွဲ့စည်းပုံကစပြီးတော့ တောက်လျှောက် ဝေဖန်ထောက်ပြခဲ့ တယ်။ သေချာတာကတော့ ဒီဖွဲ့စည်းပုံ ဟာ နိုင်ငံရေးပြဿနာတွေကို ဒီဖွဲ့စည်း ပုံဘောင်ထဲမှာ မဖြေရှင်းနိုင်ဘူးဆိုတာ သေချာတယ်။
ဒီဖွဲ့စည်းပုံ အကျပ် အတည်းကို အခု ကျွန်တော်တို့က အခု ဒီမှာ အယူအဆနှစ်ခုရှိတာပေါ့။ တချို့ ကဆိုလည်း အသစ်ပြန်ဆွဲဖို့ဆိုတာ ရှိ တယ်။ အနိမ့်ဆုံးအဆင့်က ပြင်ကို ပြင် ရမယ်။ ပြင်ရမယ်ဆိုတာကို ပြောရင် ကိုယ်တိုင် ပါဝင်ရေးဆွဲခဲ့တဲ့ သူတွေပေါ့။ အခုအနိုင်ရပါတီကိုယ်၌က ပြင်ဖို့လို အပ်တယ်ဆိုတာကို သူတို့ဝန်ခံတာပေါ့။ ဆိုတော့ ဒါဟာ ဘာပဲပြောပြော ရှိနေ တဲ့ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ အခြေ အနေကို ထင်ဟပ်တယ်။ ဒီဖွဲ့စည်းပုံက မလုံလောက်ဘူး။ ပြင်ကိုပြင်ရမယ်ဆို တာ အားလုံး အငြင်းမပွားတော့ဘူး။ သို့သော် ဘယ်အချက်တွေကို ပြင်မလဲ။ ဘယ်လိုပြင်မလဲဆိုတာနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ ဆက်စကားပြောရမယ်။ အဲသလို ပြောတဲ့အခါမှာ ကျယ်ပြန့်တဲ့ ကိုယ်စားပြုမှုတွေ ဖြစ်ဖို့လိုတယ်။
သေချာတာကတော့ လက်ရှိ လွှတ်တော် ကိုယ်၌က ကျယ်ပြန့်တဲ့ နိုင်ငံရေးကိုယ် စားပြုမှုမရှိဘူး။ အထူးသဖြင့်ဆို လွှတ် တော်ပြင်ပမှာ ရှိနေသေးတဲ့ တိုင်းရင်း သား အဖွဲ့အစည်းတွေ အဲဒါဟာ နိုင်ငံ အတွက် အင်မတန်အရေးပါတယ်။ သူတို့ရဲ့ အသံတွေ၊ သူတို့ရဲ့ ကိုယ်စား ပြုမှုတွေ ထင်ဟပ်တဲ့ အခါကျမှ ဖွဲ့စည်း ပုံအခြေခံဥပဒေကို ပြင်ဆင်တာတွေဟာ တကယ်ရုပ်လုံးပေါ်လာမှာ။ အသက်ဝင် လာမှာ။ အဲဒီအတွက်ကို ကျွန်တော်တို့ က လွှတ်တော်အတွင်းမှာရော၊ လွှတ် တော်အပြင်မှာရော လက်ရှိနိုင်ငံရဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးပြဿနာ တွေကို ဖြေရှင်းနိုင်မယ့် ပုံစံတစ်ခုပေါ့။
ဆိုလိုတာကတော့ အားလုံးပါဝင်တဲ့ ညီလာခံတစ်ခု လုပ်ဖို့ကတော့ လိုအပ် တယ်။ လွှတ်တော်တွင်းမှာ ကြိုးစားတာ လည်း ကြိုးစားပေါ့။ လွှတ်တော်ထဲမှာ မပါဝင်သေးတဲ့ နိုင်ငံရေး ကိုယ်စားပြုမှု ခိုင်ခိုင်မာမာရှိတဲ့ လူပုဂ္ဂိုလ်တွေ၊ အဖွဲ့ အစည်းတွေ အနေနဲ့ ကလည်း လွှတ် တော်ပြင်ပမှာ ကျယ်ကျယ်ပြန့်ပြန့် ဆွေး နွေးဖို့လိုတယ်။ လွှတ်တော်ရဲ့ ကိုယ် စားပြုမှုက ၂ဝ၁၅ ဆိုပြောင်းသွားဦးမှာ။ ဖွဲ့စည်းပုံပြင်ဆင်ရေးဆိုတာ လက်ဝှေ့ ကြိုးဝိုင်းလိုဆို တစ်ချီတည်းနဲ့ ပြီးသွား မယ့် ကိစ္စမဟုတ်ဘူး။ ဒါက ရေရှည်။ ရေရှည်မှာ ဒီထက်ပိုပြီး ကိုယ်စားပြုတဲ့ လွှတ်တော်။ လွှတ်တော်က အားကောင်း လာရမယ်။
တစ်ဖက်ကလည်း လွှတ် တော်ထဲမှာ မပါဝင်သေးတဲ့ ပုဂ္ဂိုလ်တွေ လွှတ်တော်ထဲမှာ ပါဝင်ခွင့်ရအောင်၊ နောက်တစ်ခုကလည်း လွှတ်တော် သက်သက်နဲ့ မဖြေရှင်းနိုင်တဲ့ ကိစ္စတွေ ကို လွှတ်တော်ပြင်ပမှာ ကျယ်ပြန့်တဲ့ ဆွေးနွေးပွဲတွေ ဖြစ်အောင် အဲဒါနှစ်ခု က ရေရှည်ဆက်သွားရလိမ့်ဦးမယ်လို့ မြင်တယ်။ တကယ်သာ လွှတ်တော်က နိုင်ငံတကာ ဒီမိုကရေစီနိုင်ငံကြီးတွေမှာ ရှိတဲ့ စနစ်ကျတဲ့ တကယ့်ကို ကိုယ်စား ပြုတဲ့ လွှတ်တော်ကြီးဖြစ်သွားပြီဆိုရင် အိုကေပေါ့။ လွှတ်တော်တစ်နေရာတည်း မှာပဲ ဆွေးနွေးပြီး ဖြေရှင်းကြတာပေါ့။ အခုအခြေအနေက လွှတ်တော်ရဲ့ ကိုယ် စားပြုမှုကိုယ်၌က ကျွန်တော်တို့အတွက် စိန်ခေါ်မှုပဲ။ ဆိုတော့ လွှတ်တော်ရဲ့ ပြင်ပမှာရှိတဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေ က ဆက်ပြီးအရေးပါနေဦးမှာပဲ။
► ဖွဲ့စည်းပုံအခြေခံဥပဒေကို အလုံး စုံ ပြန်ရေးဆွဲဖို့ဆိုတဲ့အကြံကရော ဘယ်လို မြင်မလဲ။
ကျွန်တော်တို့က နိုင်ငံရေးမှာ အမြဲတမ်း သမိုင်းအရရော နိုင်ငံတကာ ဖြစ်စဉ်ပေါ့လေ။ အားလုံးမှာ အယူအဆ နှစ်ခုရှိတယ်။ တစ်ခုက ကိုယ့်ရဲ့ယုံကြည် ချက် စိတ်ကူးစံတွေပေါ။ အဲဒီဟာ တွေကို အခိုင်အမာကိုင်စွဲတာ။ နောက် တစ်ခုက လက်တွေ့အလုပ်ဖြစ်အောင် လုပ်တာ။ အဲဒီနှစ်ခုက ကွဲသလိုလိုနဲ့ အမှန်က ပေါင်းစပ်လုပ်လို့ရတယ်။ ကိုယ့်ရဲ့ယုံကြည်ချက်တွေ ရည်မှန်းချက် တွေကို စွန့်လွှတ်စရာမလိုဘဲနဲ့အဆင့် လိုက်ပေါ့။ ပထမအဆင့်မှာ ဘယ် လောက်အောင်မြင်အောင်လုပ်မလဲ ပေါ့။ အဲဒါကျတော့ လက်တွေ့ကျကျ ဖြေရှင်းဖို့လိုမယ်။
လက်တွေ့ကျတဲ့ အဖြေသာလျှင် ရလဒ်ကောင်းထွက် မယ်။ တစ်ခါတလေကျရင် ကိုယ့်အယူ အဆတွေဟာ နှစ်ဖက်ကိုင် စွဲထားတဲ့ အယူအဆတွေပေါ့။ သို့မဟုတ် နှစ်ဖက် တည်းမက အင်အားစုတွေက လက် တွေ့ မဖြစ်နိုင်တဲ့ အခြေအနေတွေကိုပဲ ဆက်ကိုင်ဆွဲထားဦးမယ်ဆိုရင် ဥပမာ အားဖြင့် ပြည်တွင်းစစ်လို ကိစ္စမျိုးမှာ ဒီ ဒဏ်ကို ခံရတဲ့အခါကျတော့ လက်နက် မဲ့တဲ့ ပြည်သူတွေ အရပ်သားတွေက အများကြီး ခံရတယ်။ အဲဒီတော့ ကျွန် တော်တို့က ပြဿနာကို ဖြေရှင်းမယ်ဆို ကိုယ့်ရဲ့ ယုံကြည်ချက်တွေ ပန်းတိုင်တွေ ကို ဆက်ပြီး ကိုင်စွဲထားပါ။
ဒါပေမဲ့ ဆွေးနွေးတဲ့အခါ ဖြေရှင်းတဲ့အခါမှာ တော့ အဆင့်တစ်ဆင့်ပြီးတစ်ဆင့် လက်တွေ့ပြေလည်နိုင်တဲ့ အခြေခံတွေ ကို စရှာဖွေခြင်းအားဖြင့် တဖြည်းဖြည်း နဲ့ ကွာဟမှုတွေ နည်းသထက် နည်း အောင် ကြိုးစားလို့ရတယ်။ ဆိုတော့ ဒီပုံစံနဲ့ပဲ လုပ်ရမယ်လို့ မြင်တယ်။
နောက်တစ်ခုက ဆရာဦးကျော်ဝင်း ပြောထားတာ တစ်ခုရှိတယ်။ လူသိများ ထင်ရှားတဲ့ ဦးသိန်းစိန်တို့၊ ဒေါ်အောင် ဆန်းစုကြည်တို့၊ သူရဦးရွှေမန်းတို့လို ပုဂ္ဂိုလ်မျိုးတွေ ဆွေးနွေးတိုင်ပင်ပြီး ပြင် ဖို့ပါ။ အတော်ထိရောက်မယ်လို့လည်း ပြောနေကြတယ်။ ဘယ်ဟာက ထိ ရောက်မယ်ထင်ပါသလဲ။
ဒါကလည်း ကျွန်တ်ာတို့ ကြိုးစား သင့်တဲ့ကိစ္စပဲ။ ဘာကြောင့်လဲဆိုတော့ အခုဟာ ကျွန်တော်တို့နိုင်ငံက လူပုဂ္ဂိုလ် တွေအပေါ်မှာ ဗဟိုပြုပြီးတော့ နိုင်ငံရေး က ရွေ့နေတာ။ ဒါက လက်ရှိအရှိတရား ပဲ။ ဆိုတော့ အရေးပါတျဲ့အေုန့သိုနမ တွေပေါ့။ နိုင်ငံရေးအရ အရေးပါတဲ့ သူတွေ အချင်းချင်းကြားထဲမှာ ရှိတဲ့ နားလည်မှုပေါ့။ အဲဒါက လက်ရှိနိုင်ငံ ရေးအဆုံးအဖြတ်ကို ထင်ဟပ်နေတုန်း ပဲဆိုတော့ တစ်ဖက်ကလည်း ကျယ်ပြန့် တဲ့ ဆွေးနွေးပွဲတွေ လုပ်သလို တစ်ဖက် ကလည်း အရေးပါတဲ့သူတွေ အချင်း ချင်းကြားထဲမှာ နားလည်မှုပေါ့။ အဖြေ တစ်ခုကို ထုတ်တာဟာ ဒါဟာ နှစ်ဖက် ပေါ့လေ။ နည်းလမ်းနှစ်ခုစလုံးလုပ်ရလိမ့် မယ်လို့ ကျွန်တော်က အဲဒီလိုမြင်တယ်။
► ပြီးခဲ့တဲ့ ရက်ပိုင်း (ဇူလိုင် ၁၈) က ဂျာနယ်လစ်တွေ လွှတ်တော်သွားတဲ့ ခရီးမှာသူရဦးရွှေမန်းနဲ့ ဒေါ်အောင်ဆန်း စုကြည်တို့ လက်ခံတွေ့ဆုံပါတယ်။ အဲဒီ မှာ ဒေါ်အောင်ဆန်းစုကြည်ပြောတာ က မျှမျှတတဆို ၂ဝ၁၅ ခုနှစ်မှာ သူနိုင် မယ်ပေါ့။ သူရဦးရွှေမန်းကလည်း ယှဉ် ပြိုင်ရတာကို သဘောကျကြောင်း ပြော ကြတော့ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင် ရေးနဲ့ပတ်သက်လို့ ဒေါ်အောင်ဆန်းစု ကြည်နဲ့ သူရဦးရွှေမန်း နားလည်မှု တစ် စုံတရာများ ရထားသလားပေါ့။ ၈၈ မျိုးဆက်ရောဘယ်လို မြင်လဲ။
သူတို့ဆီမှာ ဖွဲ့စည်းပုံပြင်ဖို့ ဏူညေ ရှိလားဆိုတော့ သူတို့ကို မေးမှပဲရမှာ။ ဘာကြောင့်လဲဆိုတော့ တရားဝင်သူတို့ ထုတ်ပြောတဲ့ အပေါ်မှာ ကောက်ချက်ချ တာပဲရှိ တယ်။နောက်တစ်ခု ကထုတ်မပြော သေးတဲ့သူတို့ရင်ထဲက စိတ်ကူးစိတ်သန်း တွေပေါ့။ အကြံအစည်တွေပေါ့။ အဲဒါ တွေကတော့ ကျွန်တော်တို့လည်း မသိ နိုင်ဘူး။ ခန့်မှန်းပြောတယ်ဆိုတဲ့ကိစ္စက လည်း တကယ့်တကယ်ကျတော့ ခိုင်လုံ တာ မဟုတ်ဘူးလေ။ သူတို့ဆီမှာ ဒီလို အကြံအစည်မျိုး ရှိသလား ဆိုတာတော့ ကာယကံရှင်တွေကိုမေးမှပဲ ရမှာပေါ့။
► ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ရေး ဟာ အကျပ်အတည်းတစ်ခုဆီ ဦးတည် သွားနိုင်တာမျိုးရော ဖြစ်နိုင်လား။
အကျပ်အတည်းကတော့ ဆွေး နွေးပွဲတိုင်းမှာ ရှိနိုင်တယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ရေးဆိုတာတော့ တစ် နိုင်ငံလုံးအတိုင်းအတာနဲ့ အင်မတန် ကြီးကျယ်တဲ့ကိစ္စကြီးဆိုတော့ ကျွန် တော်တို့ မျှော်လင့်ထားရမှာပဲ။ ဘယ်လို ကျော်လွှားမလဲဆိုတာကို ဝိုင်းဝန်းစဉ်း စားကြဖို့။ ဘယ်နေရာတွေမှာ အကျပ် အတည်း ဖြစ်နိုင်သလဲ။ အချို့ဟာ တွေက ကျော်လွှားနိုင်တဲ့ အကျပ် အတည်း။ အချို့ဟာတွေက ပိတ်သွား နိုင်တဲ့ ပုလင်းလည်ပင်းပေါ့။
အဲသလို ဟာမျိုးတွေကိုလည်း ကျွန်တော်တို့က ကြိုတင်ပြီးတော့ မှန်းဆထားတဲ့ အကျပ် အတည်းတွေရှိနိုင်သလို၊ ကြိုတင်မျှော် လင့်မထားတဲ့ အကျပ်အတည်းတွေ လည်း ဖြစ်နိုင်တယ်။ အဲဒါကတော့ ဦး ဆောင်ဆွေးနွေးတဲ့သူတွေ ဆုံးဖြတ်သူ တွေရဲ့အရည်အသွေးပေါ်မှာ တည်လိမ့် မယ်လို့ အဲဒီလိုပဲ မြင်တယ်။
► ဒီနေ့ အစိုးရဖော်ဆောင်နေတဲ့ ပြည်တွင်းငြိမ်းချမ်းရေးက ၂ဝ၁၅ မတိုင် မီ ပြီးပြတ်နိုင်မယ်ထင်လား။
အဲဒါ အဲသလောက်လွယ်တဲ့ မေး ခွန်းတော့ မဟုတ်ဘူး။ ဘာကြောင့်လဲ ဆိုတော့ အာရပ်-အစ္စရေးကိစ္စက စာ ရွက်ပေါ်မှာ ရှင်းရင်ပြီးတာကြာပြီ။ တ ကယ့် Ground ပေါ်မှာကျတော့ ဒါဟာ ပြောရရင် ကမ္ဘာဦးကနေစပြီး ဖြစ်လာ တယ်လို့ ပြောရမယ့် ပြဿနာမျိုးပေါ့။ ကျွန်တော်တို့ဆီမှာကတော့ ပြောရရင် ကိုယ့်တိုင်းရင်းသားအချင်းချင်း ကိုယ့် ညီအစ်ကိုချင်းလည်း ဖြစ်တယ်ဆိုတော့ တကယ်သာ ပွင့်ပွင့်လင်းလင်း ပြောကြ မယ် ဆွေးနွေးကြမယ် ဆိုရင် အဆင်ပြေ စရာရှိပါတယ်။ ဒါပေမဲ့ တစ်ခုတော့ ရှိ တာပေါ့။
တစ်ဖက်ရဲ့ ခံစားမှုကို တစ် ဖက်က နားလည်နိုင်ဖို့ အသိအမှတ်ပြု နိုင်ဖို့ လိုတယ်။ အဲဒီလိုမဟုတ်ဘဲနဲ့ ဆွေးနွေးပွဲကို ဟိုးတုန်းက နိုင်ငံရေး အယူအဆတွေအရ ကိုယ်၌က ဆွေးနွေး ပွဲဟာလည်း စစ်မြေပြင်တစ်မျိုးပဲဆိုတာ မျိုးနဲ့ ချဉ်းကပ်လာလို့ကတော့ ဒီ ပြဿနာက ဘယ်တုန်းကမှ မပြေလည် ဘူး။ အခု ကျွန်တော်တို့က ဆွေးနွေးပွဲ ဆိုတာကတစ်ကြိမ် မပြေလည်ရင် နောက်တစ်ကြိမ် ဆွေးနွေးမယ်။ မဖြစ် ဖြစ်အောင် ဆွေးနွေးမယ်ဆိုတဲ့ Commitment ပေါ့။ ပိုင်းဖြတ်မှုမျိုး အားလုံး မှာ ရှိဖို့လိုတယ်။ နောက်တစ်ခုကလည်း အပစ်အခတ်ရပ်စဲရေးဆိုတာက တစ် သက်လုံး လုပ်ခဲ့တာပဲ။ ရပ်လိုက် ပစ် လိုက်၊ ရပ်လိုက်ပစ်လိုက် အပစ်အခတ် ရပ်စဲရေးနောက်မှာ အဓိပ္ပာယ်ပြည့်ဝတဲ့ နိုင်ငံရေးဆွေးနွေးပွဲ မဖော်ဆောင် နိုင်ဘူး။
မဖြေရှင်းနိုင်ဘူးဆိုရင် ဒီအပစ် အခတ်ရပ်စဲရေးက အာမခံချက်မရှိဘူး။ အဲဒီတော့ ကျွန်တော်တို့က ဒီပြဿနာ ဟာ ကျွန်တော်တို့အသက်ထက်ကြီးတဲ့ ပြဿနာ။ ပြဿနာ အဟောင်းပေါ့။ ပြဿနာအဟောင်းကို စဉ်းစားပုံ အဟောင်းတွေ ချဉ်းကပ်ပုံ အဟောင်း တွေနဲ့ နှစ်ပေါင်း ၆ဝ လောက် ဖြေရှင်း လာခဲ့ပြီးပြီ။ အဲဒီတော့ ဒီနေ့ဒီအချိန်မှာ တော့ ကျွန်တော်ထင်တယ်။ ပလေယာ တွေကလည်း အသစ်တွေဖြစ်လာပြီ။ ဒီကိစ္စမှာ ပါဝင်ပတ်သက်နေတဲ့သူတွေ ကလည်း လူငယ်တွေပေါ့။ လူကြီးတွေ ဆီက အတွေ့အကြုံတွေ၊ ဗဟုသုတတွေ ရယူတာလည်း ရယူတာပေါ့။ တစ်ဖက် ကလည်း ကျွန်တော်တို့ရဲ့ ချဉ်းကပ်ပုံတွေ စဉ်းစားပုံတွေ အသစ်တွေနဲ့ ဝိုင်းပြီး စဉ်းစားကြဖို့လိုမယ်လို့ ကျွန်တော် အဲသလိုပဲ မြင်တယ်။
► အခုငြိမ်းချမ်းရေးဆွေးနွေးတဲ့ နေရာမှာ တိုင်းရင်းသားအတော်များများက ဒေါ်အောင်ဆန်းစုကြည်ပါဖို့ပြောတယ်။ ကေအိုင်အေဘက်က ဒေါ်အောင်ဆန်း စုကြည်ပါတာ မလိုလားတဲ့ ပုံစံမျိုးလည်း ကြားနေရတယ်။ အဲဒါနဲ့ပတ်သက်လို့ တစ်တိုင်းတစ်ပြည်လုံး ငြိမ်းချမ်းရေးဟာ အနှောင့်အယှက်ဖြစ်စရာ၊ ရှေ့မရောက် နိုင်တဲ့အကြောင်းဖြစ်နိုင်လား။ ဒေါ်အောင် ဆန်းစုကြည်ကို မလိုလားဘူးဆိုတာမျိုး တိုင်းရင်းသားအားလုံး ရင်ထဲမှာ မရှိဘူး လို့ ထင်တယ်။ ဒါပေမဲ့ အခြားအကြောင်းအရာတွေ လည်း ရှိနိုင်တာပေါ့။ ဒီအပေါ်မှာ ကောက်ချက်ချစရာတွေက အများကြီး ရှိတယ်။ နိုင်ငံရေးအင်အားစုတစ်ရပ် အနေနဲ့ ဘယ်လိုမြင်ပါသလဲ။
တစ်ခုရှိတာက ဒေါ်အောင်ဆန်း စုကြည်က အခုအချိန်ထိ လူထုအများ စုက ယုံကြည်ကိုးစားတဲ့ ခေါင်းဆောင် တစ်ယောက်။ အဲဒီတော့ နိုင်ငံရေးဖြေ ရှင်းမှုတွေ လုပ်ပြီဆိုရင် ဒေါ်အောင် ဆန်းစုကြည်ကိုယ်၌ကလည်း သူ့ကို ငြိမ်းချမ်းရေးကိစ္စနဲ့ ဖိတ်ခေါ်ရင် ပါချင် ပါတယ်လို့ ပြောထားတော့၊ အဲဒီတော့ ဖိတ်ခေါ်လို့ရှိရင်လို့ သူက ပြောထားတာ ကိုး။ သူပါဝင်ဖို့ လိုအပ်တယ်၊ ပါဝင် ဆွေးနွေးပေးပါ သို့မဟုတ် ဝင်ရောက် ဆောင်ရွက်ပေးပါဆိုတာကို ဖိတ်ခေါ် ချင်ရင်တော့ ပိုအဆင်ပြေတာပေါ့။ သို့ သော် ဘာပဲပြောပြော ပြီးခဲ့တဲ့ ၁၉၉ဝ ရွေးကောက်ပွဲမှာ ကြည့်လို့ရှိရင်လည်း မဲဆန္ဒနယ်အားလုံးရဲ့ ၈ဝ ရာခိုင်နှုန်း ကျော် အနိုင်ရတယ်။
ဒါဟာ လူထုရဲ့ ထောက်ခံမှုညွှန်ကိန်းတစ်ခုပေါ့။ ပြီးခဲ့တဲ့ ကြားဖြတ်ရွေးကောက်ပွဲမှာလည်း ၄၄ နေရာပြိုင်တာ ၄၃ နေရာနိုင်တယ် ဆိုတာက အဲသလို နိုင်ငံရေးကိုယ်စား ပြုမှုရှိတဲ့ လူထုထောက်ခံမှုရှိတဲ့ ပုဂ္ဂိုလ် တစ်ယောက် ငြိမ်းချမ်းရေး ဖြစ်စဉ်ထဲမှာ ပါလာလို့ရှိရင်တော့ ကျွန်တော်ထင်ပါ တယ် ငြိမ်းချမ်းရေးပိုပြီးတော့ အား ကောင်းလာမယ်ပေါ့။ ဆွေးနွေးသဘော တူညီချက်တွေဟာလည်း အဲသလိုမျိုး ထင်ရှားတဲ့ ခွန်အားရှိတဲ့ လူပုဂ္ဂိုလ်တွေ အဖွဲ့အစည်းတွေပါလာရင် တစ်ယောက်နဲ့ တစ်ယောက် ဖောက်ဖျက်ရတာခက် တာပေါ့။ သဘောတူညီမှုတွေအတွက် ခိုင်မာမှုပိုရှိတယ်လို့ မြင်ပါတယ်။
► နောက်ဆုံး မေးခွန်းတစ်ခုပါဗျ။ ငြိမ်းချမ်းရေး ကိစ္စတွေ၊ နောက်ဖွဲ့စည်းပုံပြင်မှာတွေရောပေါ့။ ၂ဝ၁၅ ခုနှစ် ရွေးကောက်ပွဲ မတိုင်မီမှာများ ပြီးခဲ့ရင် အဲဒီအလွန်ကာလကို ခန့်မှန်းကြည့်ပါဦး။
ဒီပြဿနာတွေကို ၂ဝ၁၅ ခုနှစ်မ တိုင်မီ ပြီးခဲ့လို့ရှိရင် ဆိုတာနဲ့ ပတ်သက် လို့ကတော့ ပြီးချင်တာပေါ့။ ဖြစ်နိုင်ရင် နေ့ချင်းညချင်း ပြီးချင်တာပေါ့။ ပြော ရရင် အပြင်ထွက်လေ့လာတော့ စိတ်ထဲ မှာ မချင့်မရဲဖြစ်တယ်။ ပြောရရင် ကျွန် တော်တို့ထက် နောက်ကျတဲ့ ကျွန်တော် တို့နဲ့ တန်းတူဖြစ်တဲ့ နိုင်ငံတွေကို အိမ် နီးချင်းတွေကို ကြည့်လိုက်တဲ့အခါကျ တော့ ဘာလို့ ဒီအခြေအနေမျိုးမှာ ဖြစ်ကျန်ခဲ့ရတာလဲဆိုတာ မျိုးချစ်စိတ် ရှိတဲ့တိုင်းချစ်ပြည်ချစ်စိတ်ရှိတဲ့ ကျောင်း သားခေါင်းဆောင်တစ်ယောက်အနေနဲ့ အပြင်ထွက်တိုင်း မချင့်မရဲ ဖြစ်တယ်။
အဲဒီတော့ ၂ဝ၁၅ခုနှစ် မတိုင်ခင်မဟုတ် ဘူး။ အခုချက်ချင်း နေ့ချင်း ညချင်းကို ပြေလည်စေချင်တယ်။ ကျွန်တော်တို့က ကိုယ့်အိမ်တွင်းပြဿနာတွေထဲမှာ တဝဲလည်လည်နဲ့ အပြင်ကိုထွက်ပြီး တော့ အမီလိုက်ဖို့ ကြိုးစားဖို့ကိစ္စတွေ မှာပြတ်ကျန်ခဲ့တာ ကျွန်တော်တို့ နိုင်ငံ သားအားလုံးအတွက် ဆုံးရှုံးမှုကြီးပဲ။ အဲသည်မှာပဲ တကယ့်တကယ်က ဘယ်သူတွေမှာ တာဝန်ရှိသလဲဆိုတော့ သန်း ၆ဝ မှာ အများစုကြီးက ဘာ ဆုံး ဖြတ်ခွင့်မှ မရဘဲ ဒီဒဏ်ကို ခံနေရတာ။ အဲတော့ ကျွန်တော်တို့ လေးလေး နက်နက်စဉ်းစားသင့်တယ်။ ဒီပြဿနာ တွေဟာ မြန်လေကောင်းလေပဲ။
ကျွန် တော်တို့ ပြည်သူတွေ အရမ်းဒုက္ခ ရောက်ပြီး ထိခိုက်ဆုံးရှုံးမှုတွေ များလွန်း လှပြီ။ နောက်ဆုံး ဈေးကွက်စီးပွားရေး ဆိုပြီးဖွင့်လိုက်တဲ့ ဈေးကွက်စီးပွားရေး ကလည်း ပုံသဏ္ဌာန်မှန်တဲ့ ဈေးကွက် စီးပွားရေးကို ရောက်မလာဘဲနဲ့ တိုင်း ပြည်ရဲ့ အရင်းအမြစ်တွေ အများစုကို လက်တစ်ဆုပ်စာ လက်ထဲမှာရှိပြီးတော့ ဧရာမလူများစုကြီးက ဆင်းရဲမှုလိုင်း အောက်မှာ ရှိနေတယ်ဆိုတဲ့ကိစ္စကြီးဟာ လက်ခံနိုင်စရာ အကြောင်းမရှိဘူး။ အဲဒီ တော့ ကျွန်တော်တို့က တိုင်းရင်းသား ကိစ္စပြောတဲ့ တစ်ချိန်တည်းမှာ ဓနဥစ္စာ ခွဲဝေမှုနဲ့ ပတ်သက်တဲ့ စိန်ခေါ်မှုကြီးကို အကြီးအကျယ် ကျွန်တော်တို့ ကြုံနေရ ပြီ။ အဲဒီတော့ ကျွန်တော်တို့ဟာ ကျယ် ကျယ်ပြန့်ပြန့် စဉ်းစားပြီးတော့ တကယ့် နိုင်ငံသားတွေရဲ့ လူနေမှုဘဝကို တိုးတက် အောင် ဘယ်လိုလုပ်မလဲ။ တိုးတက်ဖို့ အတွက် အဟန့်အတားဖြစ်နေတဲ့ ပြည်တွင်းစစ် ကိစ္စ၊ ဖွဲ့စည်းပုံ ကိစ္စ၊ ပုဂ္ဂိုလ်ရေးပဋိပက္ခကိစ္စတွေကို ဘယ်လို ကျော်လွှားမလဲဆိုတာကို ဝိုင်းစဉ်းစား သင့်တယ်လို့ ကျွန်တော် ဒီလို မြင်တယ်။
► ၈၈ မျိုးဆက်အနေနဲ့ ပြည်သူကို ပြောလိုတာရှိရင် ပြောပါဦး။
ပြည်သူတွေအနေနဲ့ကလည်း အစဉ်အလာစဉ်းစားတဲ့ပုံစံတွေ အတွေး အမြင်တွေကနေ ဖောက်ထွက်ဖို့ လိုပြီ။ ဥပမာအားဖြင့် ညီညွတ်ရေးနဲ့ ပတ်သက် လို့ အမြင်၊ နောက်တစ်ခါ ပုဂ္ဂိုလ်ရေး ဦးဆောင်မှုနဲ့ ပတ်သက်တဲ့ အမြင်၊ အဲဒါ တွေကို ကျွန်တော်တို့က ဒီမိုကရေစီနဲ့ တကယ်လိုက်လျောညီထွေ ဖြစ်အောင် သူတို့ရဲ့ အတွေးအမြင်တွေကို ပြောင်း ဖို့လိုတယ်။ ဆိုလိုတာကတစ်လျှောက်လုံး မှာ ကျွန်တော်တို့က လူပုဂ္ဂိုလ် ဦးဆောင် မှုကိုပဲ ကျွန်တော်တို့က အလေးပေး လေ့ရှိတယ်။
တကယ်က ဒီမိုကရေစီမှာ နိုင်ငံသားတစ်ဦးချင်းရဲ့ နိုင်ငံရေး နိုး ကြားမှု၊ တက်ကြွမှုဟာ အဆုံးအဖြတ်ပဲ။ လူပုဂ္ဂိုလ်အပေါ်မှာ တည်တာထက်ကို နိုင်ငံသားအားလုံးက နိုင်ငံရေးအပေါ် မှာ လေ့လာမှု၊ နိုးကြားမှု၊ ပါဝင်ဆောင် ရွက်မှု အားကောင်းဖို့လိုတယ်ဆိုတဲ့ အတွေးအမြင် စပြောင်းဖို့ လိုတယ်။ နောက်တစ်ခုက ဟာ ... ကွဲကြပြန်ပြီ၊ အဖွဲ့အစည်းတွေကလည်း ပွစိတက် နေတာပဲဆိုတဲ့ဟာ သည်အစဉ်အလာက ဘာလဲဆိုတော့ တစ်သွေးတစ်သံတစ်မိန့် အောက်မှာ နေခဲ့တာ။
နေခဲ့တော့ အဖွဲ့အစည်းတွေများရင် ဒါကိုအပြစ်လို့ မြင်တယ်။ ကျွန်တော်တို့က ပြောချင် တာက လူထုအနေနဲ့ ပြည်သူအနေနဲ့ ကလည်း လုပ်ပိုင်ခွင့်မရတုန်းက အကုန် လုံးက ကိုယ့်ကိုယ်ကို ချုပ်ထားရတယ်။ လုပ်ပိုင်ခွင့် နည်းနည်းရတဲ့အချိန်မှာ အရပ်ဘက်အဖွဲ့အစည်းတွေပဲ ဖြစ်ဖြစ်၊ နောက်ဆုံးဂျာနယ်တွေပဲ ဖြစ်ဖြစ်၊ စာပေနယ်မှာပဲဖြစ်ဖြစ်၊ နိုင်ငံရေးနယ်ပယ် မှာပဲဖြစ်ဖြစ် အဖွဲ့အစည်းတွေအများကြီး ပေါ်လာတဲ့ကိစ္စဟာ ကြိုဆိုရမယ့်ကိစ္စ လို့ ကျွန်တော်မြင်တယ်။
ကာလတစ်ခု ဖြစ်ပြီးရင် မတူတဲ့သူတွေ ဘယ်လို လက်တွဲလုပ်နိုင်သလဲဆိုတဲ့ဟာက အဲဒါ ဒီမိုကရေစီ။ အဲဒီတော့ ကျွန်တော်က ညီညွတ်ရေးနဲ့ ပတ်သက်လို့ရှိရင်လည်း တစ်သွေးတစ်သံတစ်မိန့်နဲ့ဟာကို ကိုယ်က မကြိုက်ဘူး။ ဆန့်ကျင်တယ်။ ဆန့် ကျင်ရင်းနဲ့ တစ်ချိန်တည်းမှာအဲဒီဟာ တွေကကိုယ့်ဆီမှာ စွဲကျန်နေခဲ့တယ်။ ဆိုတော့ တစ်ခုတည်း ဖြစ်ရမယ်။ ဘာဖြစ်လို့ ဒီလောက်တောင် အဖွဲ့တွေ အများကြီး ဖြစ်နေသလဲ။ ဂျာနယ်တွေ အများကြီးဖြစ်နေသလဲ။ NGO ဆို လည်း NGO တွေ အများကြီး ဖြစ်နေသလဲ။
အပြစ်ပြောမယ့်အစား သူတို့ ကို ကာလတစ်ခုပေးဖြတ်လိုက်ပါ။ မာရသွန်ပြေးပွဲမှာဆိုရင်တော့ သက်လုံ မကောင်းတဲ့သူတွေ။ အမောမစေ့တဲ့ သူတွေက သူ့ဟာသူ ရပ်သွားလိမ့်မယ်။ သို့မဟုတ် တချို့ကလည်း တူရာတူရာ တွေပေါင်းပြီးတော့ အသေးတွေပေါင်းပြီး အကြီးတစ်ခုဖြစ်ရင်လည်း ဖြစ်သွား မယ်။ စတည်တုန်းက အကြီးကြီးပဲ။ အဲဒီကနေ အကြောင်းမသင့်လို့ ကွဲတာ တွေလည်း ရှိချင်ရှိသွားမယ်။ အဲဒါသည် ဒီမိုကရေစီ အလေ့အကျင့်ပဲ။ သို့သော် ကျွန်တော်ကတော့ ရိုးရိုးလေးပြောရင် အကွဲအပြဲက ပြဿနာမရှိဘူး။ လက် မပါနဲ့။ ကစားပွဲစည်းမျဉ်းစည်းကမ်း ဘောင်ထဲမှာ စနစ်တကျ ကွဲတတ်လို့ ရှိ ရင်ကျွန်တော်တို့ နိုင်ငံက အရောင် အသွေးစုံတဲ့ အရောင်အသွေးစုံ ပေါင်း စုထားတဲ့ ပန်းခင်းကြီးပေါ့။
အဲသလိုမျိုး ဒီမိုကရေစီနိုင်ငံတော်ကြီးကိုရောက်လိမ့် မယ်ကို ကျွန်တော် မျှော်လင့်ပါတယ်။ ပြည်သူတွေဘက်ကလည်း တစ်အချက် က နိုင်ငံရေးအရ တစ်ဦးချင်းမှာ တာဝန် ရှိတယ်။ တက်တက်ကြွကြွနဲ့ နိုးနိုးကြား ကြားနဲ့ ပူးပေါင်းပါဝင်ဖို့ လိုတယ်။ ညီညွတ်ရေးလို့ ပြောလို့ရှိရင်လည်း ကွဲပြားမှုတွေကို လက်ခံနိုင်တဲ့ညီညွတ်ရေး အယူအဆမျိုးဖြစ်ဖို့လိုတယ်လို့ ပြောချင်တယ်။
မိုး မြ င့် မြ တ်ေ တွ့ ဆုံေ မး မြ န်း သ ည်
------------------------------------------------------
Popular Myanmar News Journal

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။