Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ BobbySoxer Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HTDTunYin&ဟသာင်္တထွန်းရင် HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JMe&ဂျေးမီ JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း KKT&ကေကေတီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LDKyaw&L.ဒီကျော် LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MaNaw&မနော Madi&မဒီ Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NO&နိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PanYaungChel&ပန်းရောင်ခြယ် PannEiPhyu&ပန်းအိဖြူ Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SiThuLwin&စည်သူလွင် SiYan&စီယံ SinPauk&ဆင်ပေါက် SithuWin&စည်သူဝင်း Snare SoTay&ဆိုတေး SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SuNit&ဆူးနစ် SungTinPar&ဆုန်သင်းပါရ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TinZarMaw&တင်ဇာမော် TintTintTun&တင့်တင့်ထွန်း TuTu&တူးတူး TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း V.NoTun&V.နိုထွန်း WaNa&ဝန WaiLa&ဝေလ WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး XGALZ Xbox Y-Zet YY&၀ိုင်ဝိုင်း YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YuZaNa&ယုဇန YummyRookie Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့် khinMgHtoo&ခင်မောင်ထူး
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Friday, August 2, 2013

"တစ်ကိုယ်တော် အခွေကို အွန်လိုင်း ကနေ အလကား ဖြန့်မယ်"

 
Popular Journal
"တစ်ကိုယ်တော် အခွေကို အွန်လိုင်း ကနေ အလကား ဖြန့်မယ်"
သားစိုးက မေလမှာ မိသားစု နဲ့ အတူ အမေရိက ကို အလည် သွားခဲ့ပြီး ဇူလိုင် ၆ ရက်နေ့က ပြန်လည် ရောက်ရှိခဲ့ပါတယ်။ အမေရိကမှာ VOA အသံလွှင့် ဌာန နဲ့ လည်း တွေ့ဆုံ ဖြစ်ခဲ့ပြီး ဂီတအစည်းအရုံး အပါအဝင် တခြား အဖွဲ့အစည်း တွေ လှုပ်ရှားနေတဲ့ မူပိုင်ခွင့် ဥပဒေ အကြောင်းလည်း ဆွေးနွေး ဖြစ်ခဲ့ပါတယ်။ မိသားစုနဲ့ အတူ သွားရောက်တဲ့ ခရီးဖြစ်တဲ့ အတွက် သားဖြစ်သူ အတွက် ကစားစရာ အရုပ်တွေကို ဝယ်ပေးရင်း နဲ့ မြန်မာနိုင်ငံ မှာလည်း ကလေး ကစားစရာ ပစ္စည်းဆိုင် ဖွင့်လှစ်ဖို့ အတွက် ပါ အမေရိကက ဆိုင်တွေ နဲ့ ချိတ်ဆက် လာခဲ့ပါသေးတယ်။ တစ်လခွဲကြာ အလည်အပတ် အဖြစ် ရောက်ရှိခဲ့တဲ့ အမေရိက ခရီးစဉ် နဲ့ ပတ်သက်ပြီး သားစိုးကို အင်တာဗျူး ဖြစ်ခဲ့ပါတယ်။
မေး- ဒီတစ်ခေါက် ခရီးစဉ်မှာ အမေရိက ရဲ့ ဂီတဈေးကွက် အခြေအနေကို လေ့လာ ဖြစ်ခဲ့သေးလား။ သူတို့နိုင်ငံ ရဲ့ အခွေ ဖြန့်ချိမှု ကကော မြန်မာနိုင်ငံ နဲ့ ဘယ်လို ကွာခြားနေလဲ။
ဖြေ- သူတို့ဆီမှာ စီဒီရောင်းအားက တအားကို ကျသွားတယ်။ သူတို့ဆီ မှာ ဘာကောင်းလဲ ဆိုတော့ အွန်လိုင်း ကနေရောင်းတဲ့ Digital Sale က တော့ တစ်နှစ်ထက် တစ်နှစ်တက် လာတယ်။ ကျွန်တော်တို့ တိုင်းပြည် မှာကျတော့ စီဒီ ရောင်းအားက လည်း မတက်ဘူး။ Digital Sale ကလည်း လုံးဝ မရှိသေးတဲ့ အတွက် ကြောင့် ကျွန်တော် တို့တိုင်းပြည်ရဲ့ ဂီတလောက အခြေအနေက တစ်နှစ် ထက်တစ်နှစ် ပိုဆိုးလာတယ်။ အမေရိကမှာ စီဒီက ရောင်းအား မကောင်း ပေမယ့် Digital Sale နဲ့ အသက်ရှင် နေတာတွေ့ရတယ်။ ဒါပေမဲ့ သူတို့ ဆီမှာလည်း ၂ဝဝဝ ခုနှစ်လောက် က တော့ တအား ဒုက္ခရောက်ခဲ့တယ်။ ၂ဝဝ၅ လောက် ကစပြီးတော့ Digital Sale က ဖြည်းဖြည်းချင်းအား ကောင်းလာတယ်။ အခု ၂ဝ၁၃ မှာ ဆိုရင် Digital Sale က တအား ကောင်းသွားပြီ။ အရင်တုန်းက အခွေ ကတစ်သောင်း ၊ နှစ်သောင်းလောက် ရောင်းရတယ် ဆိုရင် အခု Digital Sale က တစ်သိန်းလောက် ကို ရောင်း နေရတယ်။ တစ်ပုဒ်ချင်းစီ ရောင်းရ တာလေ။ ကျွန်တော် တို့ ဆီမှာက လုံးဝ မရှိသေးတော့ တော်တော် ဒုက္ခ ရောက်တယ်။ ဒီမှာက အင်တာနက်လိုင်းက လည်း သိပ်မကောင်းဘူး ဆိုတော့ ဘယ်လိုမှ မဖြစ်နိုင်သေးဘူး။ အမေရိက ရဲ့ ဂီတ ကတော့ ပုံမှန် ချီတက်နေ တုန်းပါပဲ။ Rock, Hip Hop, Pop Music တွေကလည်း သူ့ Music နဲ့ သူ ဆက်သွားနေတာပါပဲ။ ကျွန်တော် တို့ တိုင်းပြည်မှာ ကတော့ မနည်း အသက် ဆက်နေရတယ်။ အဆိုတော် တွေ အနေနဲ့လည်း မင်္ဂလာဆောင်ဆို လိုက်၊ ပွဲတွေ ဆိုလိုက်နဲ့ မနည်းရုန်း ကန်နေရတာပေါ့။ ကိုယ့် အနုပညာနဲ့ ဖန်တီး ထားတဲ့ အခွေကိုဖြန့်ပြီးအေး အေးဆေးဆေး ထိုင်နေလို့မရဘူးလေ။
မေး- အမေရိကမှာ ကျောင်းတက် နေတဲ့ ဗုံဗုံ ရဲ့ မြူးဇစ် အပေါ် စိတ်ဝင်စားမှု ကိုကော အစ်ကို တစ်ယောက် အနေ နဲ့ ဘယ်လိုမြင်လဲ။ အမေရိက မှာ နှစ်ကာလ ကြာနေ ထိုင်နေတဲ့ လူတစ်ယောက်ရဲ့ Life က မြန်မာ နိုင်ငံက လူငယ် တစ်ယောက်ရဲ့ Life နဲ့တော့ကွာခြားမှုတွေရှိမယ်ထင်တယ်။
ဖြေ- ဘုံဘုံကတော့ နောက်ထပ် ၂ နှစ် တက်ပြီးရင် သူကဘွဲ့ရပြီ။ သူကတော့ သီချင်းတော့ လုပ်ချင်တယ်။ ကျွန်တော် ကတော့ သူ့သဘောပါပဲ။ မြန်မာနိုင်ငံ မှာတော့ မြူးဇစ် အနေနဲ့ မလုပ်စေချင်တော့ဘူး။ တအား ပင် ပန်းတယ်။ ကိုယ်နဲ့ ဘဝတူ လောက သားတွေ ဘယ်လောက် ပင်ပန်းလဲ ဆိုတာ ကိုယ်သိနေ တာ ပဲလေ။ အောင် မြင်မှု တစ်ခုရဖို့ ဆိုတာလည်း လွယ်တာ မဟုတ်ဘူး။ လူတွေက ပြောတော့ သာအလွယ်လို့ ထင်နေတာ။ လုပ် ကြည့်မှပဲ အင်မတန် ခက်ခဲတယ်ဆို တာ လူတွေက သိမှာလေ။ ကျွန်တော် ကတော့ သူဝါသနာ ပါရင်ပေး လုပ် ပါတယ်။ သူကိုယ်တိုင် ကလည်း ကျွန်တော့်လောက်ကို Serious မထား ပါဘူး။ သူ့ဘာ သာ ကျောင်းတက်တယ်။ သူ့လိုင်း နဲ့သူပေါ့။ အမေရိက ရောက်သွားတဲ့ အခါကျတော့ အမေရိက Life ပေါ့။ အမေရိကမှာ နေတာကြာ လာတော့ သူ့ အသိုင်းအဝိုင်း ကလည်း အမေရိက က လူတွေဖြစ်တဲ့ အခါကျ တော့ အတွေးအခေါ်တွေ ကတော့ ကျွန်တော် တို့နဲ့မတူဘဲ ပြောင်းလဲနေပြီပေါ့။ ဒါပေမဲ့ ကျွန်တော့် အနေ နဲ့ လည်း နိုင်ငံခြား မှာနေခဲ့တယ်။ ပြန် လာတော့လည်း မြန်မာနိုင်ငံ နဲ့ သဟ ဇာတဖြစ်အောင် ပြန်ပြီး ထိန်းသိမ်း ရတာပေါ့။
မေး- ၂ဝ၁ဝ တုန်းက အခွေထွက် မယ်လို့ ပြောခဲ့ဖူးတယ်။ ဒါပေမဲ့ မထွက်ဖြစ်ခဲ့ဘူး။ အခုလည်း အခွေ ထွက်တော့မယ်လို့ သိရတယ်။ နှစ်ခွေ ပေါင်းပြီး ထွက်တာလား။ ကုန်သလောက် ပြန်မရတဲ့ ကာလမှာ ဘယ်လို ပုံစံနဲ့ ဖြန့်ချိမယ်လို့ စိတ်ကူးထားလဲ။
ဖြေ-အခွေကိုတော့ ၈ လပိုင်းမှာ အွန်လိုင်း ကနေစပြီး ဖြန့်မယ်လို့ စဉ်းစားထားတယ်။ အခွေ နာမည်က တော့ အာလူး၊ သာကူး၊ နှာဗူး၊ ဂန်ဒူးလို့ ပေးထားတယ်။ အခွေက လုပ်ထားတာ ကြာပါပြီ။ ဒီအခွေမှာ ငွေမြင်ရင် လင်လုပ်မယ် အခွေထဲက သီချင်းတွေ အကုန်လုံး ထည့်လိုက်တယ်။ ပြီးတော့ သီချင်း အသစ်တွေ ထပ်ထည့်တယ်။ သီချင်း အားလုံး ၂၂ ပုဒ်လောက် ပါမယ်။ အမေရိကန် နယူးယောက်က ကျွန်တော့် သူငယ် ချင်းတွေ အဖွဲ့ဖြစ်တဲ့ BOG အဖွဲ့ရဲ့ ဟစ်ဟော့ပ် သီချင်းတွေပါမယ်။ နောက် နဒီဝင့်နိုင်၊ ဧကရီမှူးပိုင်၊ မြကြာညို၊ ခခ၊ ရတနာဖြူဖြူအောင် တို့လည်းပါ မယ်။ ပြီးတော့ ဦးသုမောင် နောက် ဆုံး ဆိုသွားတဲ့ အောင်ပါစေ သီချင်း လည်း ပြန်ထည့်ထားတယ်။ ၂ဝ၁ဝ မှာ ထွက်ရမယ့် အခွေရယ်။ ၂ဝ၁၃ မှာ လက်ရှိ လုပ်နေတဲ့ အခွေရယ်ကို နှစ် ခွေပေါင်းလိုက်တာပါ။ ဘာကြောင့် လည်း ဆိုတော့ တစ်ခွေပြီး တစ်ခွေ ထွက်နေရင် ကျွန်တော့် အတွက်က ပိုက်ဆံလည်း ပိုကုန်တယ်။ ပြန်လည်း ရတာ မဟုတ် ဘူး။ အဲဒီတော့ အားလုံးပေါင်းလိုက် ပြီးတော့ အခွေ ထုတ်လိုက်တာပါ။ အွန်လိုင်း ကနေပဲ အလကား ဖြန့်မှာပါ။ ဒါပေမဲ့ ကြော် ငြာတွေတော့ ထည့်ရမှာပေါ့။ အခွေ က ထွက်ရင်လည်း ပြန်မမရတာလေ။ ကျွန်တော့် အနေနဲ့ ကလည်း အခွေကို မလုပ်ရရင် မနေနိုင် ဘူးလေ။ တတ် နိုင်ရင် နိုင်သလောက်လေး လုပ်ပြီး တော့ ပေးလိုက်တော့မယ် လို့ပဲ စဉ်း စားလိုက်တော့တယ်။ နောက်အခွေ တွေလည်း အွန်လိုင်းကနေ ပဲဖြန့်ဖြစ်ဖို့ပဲ များပါတယ်။ စီဒီလည်း ရောင်းမယ်။ ကိုယ့်ကို တကယ်ချစ်တဲ့ ပရိသတ်တွေ ကတော့ စီဒီကို ရှာဝယ်ကြမှာပေါ့။
မေး- ကိုသားစိုး အနေ နဲ့ အနုပညာ ထက် စီးပွားရေးဘက်ကို ပိုပြီး ဦးစား ပေးလာတာ တွေ့ရတယ်။ စီးပွားရေး သမား တစ်ယောက် ဖြစ်လာနေပြီလို့ တချို့တွေ ရဲ့ သုံးသပ်မှုတွေ ကို ဘယ် လိုတုံ့ပြန်ချင်လဲ။
ဖြေ- အမှန်အတိုင်း ပြောရရင်တော့ စီးပွားရေး မလုပ်ချင်ဘူး။ ကိုယ့်ရဲ့ အနုပညာနဲ့ ရသလောက်လေး နဲ့ပဲ နေချင်တာပါ။ ဒါပေမဲ့ သားကျွေးမှု၊ မယားကျွေးမှုတွေ ပါလာတဲ့ အခါကျ တော့ အနုပညာနဲ့က လောက်တော့ လောက်တယ်။ သုံးချင် သလောက် မသုံးရဘူး။ အဲဒီလို မျိုးဖြစ်နေတဲ့ အတွက်ကြောင့် စီးပွားရေး ဘက် လုပ်တာ ပါ။ နောက် ပိုင်းမှာလည်း စီးပွားရေးကိုပဲ ဆက်တိုက်လုပ်ဖြစ် သွားမယ်။ စီးပွားရေးက လုပ်စရာတွေ အများကြီးပဲလေ။ တိုင်းပြည်က လည်း ပြောင်းလဲလာတယ် လို့ ပြော နေ ပြီ။ ပြောနေတဲ့ အခါမှာ ဒီပြောင်း လဲတာကို ဘယ်လောက်အထိ ပြောင်းလဲမှု ပေးမှာလဲ ဆိုတာကို စီးပွားရေး ဘက်က လုပ်ရမှာပါ။ ကျွန်တော်တို့ အနေ နဲ့ ၂ဝ၁၄၊ ၂ဝ၁၅ လောက်မှာ တော့ Construction ပိုင်းတွေပါ လုပ်ဖြစ်ဖို့ ကြိုးစားသွားမယ်။
မေး- အနုပညာသမား တစ်ယောက် အနေနဲ့ စီးပွားရေး လုပ်တဲ့ အခါမှာ ဘယ်လို အခက်အခဲတွေ ရှိနေလဲ။ အနုပညာ နယ်ပယ်နဲ့ စီးပွားရေး နယ်ပယ်က မတူဘူးလေ။ နယ်ပယ် မတူညီမှု ကြားထဲမှာ ကိုသားစိုး ဘယ် လိုရှေ့ဆက်နေလဲ။
ဖြေ-အနုပညာ ပဲဖြစ်ဖြစ်၊ စီးပွားရေး ပဲဖြစ်ဖြစ်ပါ။ စီးပွားရေးလည်း အနုပညာလေးပါ တွဲပြီး လုပ်တဲ့ အခါဆို ပိုပြီးတော့ အောင်မြင်တယ်။ စီးပွားရေးကို စီးပွားရေးလို လုပ်နေပြန် ရင် လည်း မကောင်းဘူး။ အနုပညာလေး နဲ့နွှယ်ပြီး စေတနာ ထားပြီး လုပ်တော့ ပိုကောင်းတာပေါ့။ ကျွန်တော့် အနေ နဲ့ ကတော့ အနုပညာ သမားတစ်ဝက်၊ စီးပွားရေး သမား တစ်ဝက်လို့ပဲ ခံယူ ထားတယ်။ အနုပညာ သမားနဲ့ စီးပွား ရေးသမား တစ်ယောက်ရဲ့ Feel ချင်း ကတော့ မတူဘူး။ စီးပွားရေး သမား တွေ ကျတော့ လည်း ဘယ်လောက် ရောင်းရင် ဘယ်လောက် ရမလဲပေါ့။ အမြတ် များများ ရအောင် ရောင်းနိုင် ရင် ဆရာဖြစ်တာပဲလေ။ အနုပညာ လောက ကျတော့ အဲဒီလို မဟုတ်ဘူး။ ဝါသနာ နဲ့လုပ်ရတာလေ။ သီချင်း တွေရေးပြီး ပေါက်ချင် မှပေါက်တာ။ ကျွန်တော့် အနေနဲ့ကတော့ အနုပညာသမား တစ်ယောက်က အင်မ တန်တန်ဖိုး ရှိတယ်။ အများ ပြည်သူ လက်ခံမှ အနုပညာသမား ဖြစ်တာလေ။ စီးပွားရေးသမား ဆိုတာ ဘယ်သူမှ လက်မ ခံလဲရတယ်။ ကိုယ့်ဘာသာကိုယ် အမြတ် ရအောင် ရှာမယ်။ ပြီးရင် ကိုယ့်မိသားစု နဲ့ ကိုယ်နေမယ်။ အနုပညာနဲ့ စီးပွားရေးသမား Type က တော်တော်ကွာ ပါတယ်။ အနုပညာ သမား တစ်ယောက် ဖြစ်နေတဲ့ အတွက် စီးပွား ရေး သမားတွေ ရဲ့ ယုံကြည် ခြင်း ကို တော့ ခံရပါ တယ်။
လင်းအက္ခရာ

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။