Chaw Su's Food Friends
ကိုးရီးယားစတိုင် Pock Hock
http://chawsufoodfriends.wordpress.com/2013/07/22/
(အရမ်းလုပ်ရတာလွယ်ပြီး အရမ်းစားလို့ကောင်းလှပါတယ်။
the pigs’ feet are filled with gelatins, jokbal is great for the skin and helps prevent wrinkles. Also, jokbal is known to detoxicate alcohol, meaning it’s perfect for those awful hangovers in the morning. အလွန်ဝမှာကြောက်တဲ့ ကိုးရီးယားလူမျိုးတွေက ဒီထဲမှာပါတာတွေက လူကိုမဝစေပဲ လှပနုပျိုစေတယ်လို့ပြေပါတယ်။ လှပနုပျိုချင်သူများနဲ့ နဂိုလှကို ထိန်းသိမ်းလိုသူများ အမြန်ဆုံးလုပ်စားကြရအောင်နော်... )
** ကိုးရီးယားစတိုင် Pock Hock အတွက် လိုအပ်တာလေးတွေ…
...

Pock Hock – ၁ ခု ( ၁ ကီလိုခန့်)
အခွံပါသော ကြက်သွန်ဖြူ အတက်ကြီး – ၃ တက်
၃ ပိုင်းဖြတ်ထားသော လက်မအရွယ် ဂျင်း – ၁ တက်
လက်ညှိုးအရွယ်ခန့် သစ်ဂျပိုး (cinnamon stick) – ၂ ချောင်းခွဲ
အမည်းရောင် ဖာလာစေ့ (black cardamom) – ၁ ခု
နာနတ်ပွင့် (star anise) – ၃ ပွင့်
ပဲငံပြာရည် အကျဲ (thin soy sauce) – ဟင်းခပ်ဇွန်းကြီး ၁ ဇွန်း
ပဲငံပြာရည် အပျစ် (sweet soy sauce) – ဟင်းခပ်ဇွန်းကြီး ၁ ဇွန်း
အရသာမှုန့် (chicken powder) – လက်ဖက်ရည်ဇွန်း ၃ ဇွန်း
နှမ်းဆီ – အနည်းငယ်
နှမ်းဖြူလှော် – အနည်းငယ်
ကြက်သွန်ဖြူ၊ ဂျင်း၊ သစ်ဂျပိုး၊ အမည်းရောင် ဖာလာစေ့၊ နာနတ်ပွင့် နှင့် ပြောင်စင်အောင်ဆေးကာ၊ အမွှေးများကုန်အောင် နှုတ်ထားသော Pock Hock ကို ပွက်ပွက်ဆူနေသော ရေထဲ ထည့်ကာ ပြုတ်ပါ။ (အသားမြှုပ်အောင် ရေကိုထည့်ပါ။)
ပဲငံပြာရည် အကျဲ၊ ပဲငံပြာရည် အပျစ် နှင့် အရသာမှုန့်တို့ကို ဆက်ပြီးထည့်ကာ ပြုတ်ထားပါ။
အသားမှထွက်လာသည့်အမြှုပ်များကို ခပ်ထုတ်ပစ်ပြီးလျှင် အိုးအဖုံး ဖုံးကာ medium high heat ဖြင့် ၂ နာရီခန့် ပြုတ်ထားပါ။
ပြီးလျှင် ဆယ်ထုတ်ပြီး အအေးခံထားပါ။ (လှီးသောအခါ လှလှပ ပလေးဖြစ်ရန် အခေါက်များပေါက်ပြဲမထွက်အောင် ဂရုစိုက်ပြီး ဆယ် ထုတ်ပေးပါ။)
ခပ်နွေးနွေးဖြစ်လာလျှင် အသားတုံးကို နှမ်းဆီအနည်းငယ်ဖြင့် နံ့သွားအောင် သုတ်ထားပါ။
လုံးဝအေးသွားလျှင် အသားတုံး အောက်ဖက် အလည် တည့်တည့်လောက် နှင့် အပေါ်ဖက် အလည်တည့်တည့်လောက်ကို ဓါးဖြင့် အလျားလိုက်ပြတ်အောင်လှီးကာ စိတ်ရှည်ရှည် ခွါထုတ်လိုက်လျှင် အသားပိုင်း ၂ ပိုင်း ကိုရပါပြီ။
ရလာသည့်အသားပိုင်း ၂ ပိုင်းကို အကွင်းလိုက် လှီးပြီးလျှင် မိမိကြိုက်နှစ်သက်ရာ အချဉ်၊ အရွက်တို့ဖြင့်တွဲဖက်ပြီး အရသာရှိစွာ သုံးဆာင်နိုင်ပါပြီ။
** Pork Hock ဖြင့် တွဲဖက်စားရန် အချဉ်
ကိုးရီးယား salted shrimps – ထမင်းစားဇွန်း ၄ ဇွန်း
ရေ – ထမင်းစားဇွန်း ၄ ဇွန်း
ပါးပါးလှီးထားသော ကြက်သွန်ပင် – ထမင်းစားဇွန်း ၁ ဇွန်း
ပါးပါးလှီးထားသော ငရုတ်သီးစိမ်း – ထမင်းစားဇွန်း ၁ ဇွန်း (စားနိုင်သလောက်)
နှမ်းဖြူလှော်ထောင်း – ထမင်းစားဇွန်း ၁ ဇွန်း
ကိုးရီးယား ငရုတ်သီးမှုန့် (red pepper powder) – ထမင်းစားဇွန်း ၁ ဇွန်း
အားလုံးကို ပန်းကန်လုံး တစ်လုံးထဲထည့်ကာ ရောဖျော်ပြီးလျှင် pork hock ဖြင့်တွဲဖက်စားနိုင်သော အချဉ်ကိုရပါပြီ။
ကျွန်မကတော့ salted shrimps ကို မကြိုက်လို့ ထားဝယ်ငါးပိထောင်းကို သံပုရာရည်လေးနဲ့ဖျော်ပြီး တွဲဖက်စားပါတယ်။
Pock Hock ကို lattuce ရွက် နဲ့ တွဲဖက်ပြီး salted shrimps အချဉ် (သို့) သံပုရာရည်ဖြင့် ဖျော်ထားသော ငါးပိထောင်းတို့ဖြင့် တွဲဖက်စားနိုင်သလို၊ သုပ်စားလို့လည်းကောင်းလှပါတယ်။

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။