Burma-Newselite
မြန်မာနိုင်ငံကျင့်သုံးလိုက်နာရမည့်အချက် ၁၀ချက်
( ထားထားမြင့်၏ ဆဲဗင်းဒေးသတင်းစာတွင်ဖော်ပြပြီးဆောင်းပါး)
Asia Society မှဒုတိယဥက္ကဌ ဆူဆန်နီ ဒီမက်ဂီယိုနှင့်အမေရိကန်နိုင်ငံခြားရေးဌာနမှ မြန်မာနိုင်ငံဆိုင်ရာအငြိမ်းစားကောင်စစ်ဝန် ပရစ်ဆီလာ ကလပ်တို့ သည် မကြာသေးခင်က မြန်မာနိုင်ငံကိုသွားရောက်ပြီး အစိုးရခေါင်းဆောင်များ၊ အတိုက်အခံခေါင်းဆောင်များ၊ သံတမန်များ၊စီးပွားရေးသမားများနှင့် မြန်မာနိုင်ငံ၏လက်ရှိအခြေအနေကို လေ့လာသုံးသပ်ခဲ့ပါသည်။
ထို့ နောက် မြန်မာနိုင်ငံ၏လက်တလောပြုပြင်ပြောင်းလဲရေးကာလမှာ နောက်ပြန်မလှည့် အောင်မြင်စေရန်အတွက် မြန်မာအစိုးရအနေနှင့်မလွှဲမသေကျင့်သုံးရမည့် အချက်ဆယ်ချက်ကိုသူတို့ နှစ်ဦးက ထုတ်ဖော်ရေးသားခဲ့ပါသည်။
အဆိုပါအချက် ၁၀ချက်မှာ
(၁)စစ်တပ်၏ နိုင်ငံရေးနှင့်စီးပွားရေးအခန်းကဏ္ဏကို ပုံစံပြောင်းခြင်းနှင့် ကိုယ့်ကဏ္ဏကိုသာကျွမ်းကျင်အောင်ပြုလုပ်စေခြင်း
နိုင်ငံ၏စီးပွားရေးတွင် စစ်တပ်ပါဝင်လွှမ်းမိုးနေမှုကို မဖယ်ရှားနိုင်သရွေ့  တိုင်းရင်းသားလူနည်းစုနှင့် ပြန်လည်ပေါင်းစည်းခြင်းနှင့် စီးပွားရေးဖွံဖြိုးမှုတို့ ကိုအကောင်အထည်ဖော်နိုင်မည်မဟုတ်ပါ။ နိုင်ငံ၏ပြုပြင်ပြောင်းလဲမှုက တိုင်းပြည်၏ဆင်းရဲမွဲတေမှုကို သက်သာစေမည့် စီးပွားရေးတိုးတက်မှုကို မပေးစွမ်းနိုင်လျှင် တိုင်းပြည်မငြိမ်သက်မှုက ဆက်လက်ဖြစ်ပေါ်နေမည်။
(၂)တရားဥပဒေစိုးမိုးမှုအခိုင်အမာရရှိအောင်ဆောင်ရွက်ရေးနှင့်တရားရေးကဏ္ဏအားကောင်းလာရေး
မြန်မာအစိုးရအသစ်ဖွဲ့ စည်းပုံတွင် တရားရေးဌာနသည် အားအင်အချိနဲ့ ဆုံးဌာနတခုအဖြစ် ဆက်လက်ရှိနေဆဲဖြစ်သည်။
ထိုကဲ့ သို့ အားနည်းခြင်းသည် တစိတ်တပိုင်းအားဖြင့် ဖွဲ့ စည်းပုံကြောင့်ဖြစ်ပြီး တစိတ်တပိုင်းမှာ စစ်အစိုးရလက်ထက်က နှစ်ပေါင်းများစွာတရားစီရင်ရေးကို မတရားအသုံးချခဲ့သည့်အတွက်ဖြစ်သည်။ ထို့ ကြောင့် တိုးတက်ရန်အရှိန်ယူကာစ တရားရုံးများသည် တရားမျှတစွာစီရင်မှုနှင့် တရားဥပဒေစိုးမှိုးမှုကိုလုပ်ဆောင်နိုင်စွမ်းရှိပမလားဟု လူတွေကို အတွေးရောက်စေသည်။
(၃)လူတဦးခြင်းအခွင့်အရေးကာကွယ်ခြင်း
နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများက နှစ်နှစ်အတွင်းမှာလွတ်လပ်မှု အတော်များများကို လမ်းဖွင့်ပေးခဲ့သော်လည်း ဥပဒေနှင့် အတိအကျပြဌာန်းချင်းတော့ မရှိသေးပါ။ ၂၀၀၈အခြေခံဥပဒေကပြဌာန်းထားသော်လည်း တဦးချင်းအခွင့်အရေးအတွက်ဥပဒေအကြောင်း ကာကွယ်မှုမရှိသေးပါ။ တကယ်တမ်းတွင်မှု လက်ရှိစည်မျဉ်းစည်းကမ်းအားလုံးက ၁၉၆၂ခုနစ်ကတည်းက တိုင်းပြည်၏လုံခြုံရေးအတွက်ပြဌာန်းခဲ့သော စည်းကမ်းများမှ ရယူထားခြင်းဖြစ်ပြီး လုံခြုံရေးတပ်ဖွဲ့ သဘောအတိုင်းအသုံးပြုနိုင်ရင် ဥပဒေစာအုပ်ထဲတွင်ခုထိရှိနေဆဲပင်ဖြစ်သည်။
(၄)
တိုင်းရင်းသားလူမျိုးများတန်းတူညီမျှရေးအတွက်တိုးတက်ထိရောက်သောမူဝါဒချမှတ်ခြင်း
နိုင်ငံရေးကူးပြောင်းခြင်းတခုတည်းနှင့် တိုင်းရင်းသားများတန်းတူညီမျှရှိရေး၊ အာဏာခွဲဝေယူရန် ခိုင်မာလက်တွေ့ ကျသောဆုံးဖြတ်ချက်များချမှတ်ပြီး တိုးတက်အကောင်အထည်ဖော်ရန် မလုံလောက်သေးပါ။ နိုင်ငံရေး၊စီးပွားရေး၊ အခြေခံဖွဲ့ စည်းပုံဆိုင်ရာပြင်ဆင်ချက်များလည်းလိုအပ်ပါသည်။ မြန်မာနိုင်ငံမှာ ပြည်ထောင်စုစနစ်ကို မည်သို့ အဓိပ္ပယ်သတ်မှတ်မည်ဆိုတာကို လေးလေးနက်နက်အကောင်အထည်ဖော်ဆွေးနွေးရန်နှင့် ဒေသအစိုးရကိုအင့်အားတောင့်တင်းစေကာ ပြည်ထောင်စုအဆင့်အစိုးရကို အုပ်ချုပ်ခွင့်အာဏာပေးခြင်းများသည် အရေးပါသော်အဆင့်များဖြစ်သည်။သို့ သော် ထို အဆင့်များကို အကောင်အထည်ဖော်ရန်အလှမ်းဝေးပါသေးသည်။
(၅)လူမှုရေးနှင့်ဘာသာရေးပြေလည်မှုရရှိရန် အုတ်မြစ်ချဆောင်ရွက်ခြင်း
ဗုဒ္ဓဘာသာနှင့်မွတ်ဆလင်ဘာသာဝင်များအကြားက ပဌိပက္ခက ပြည်တွင်းပဌိပက္ခကို အဓိကပြသာနာကြီးဖြစ်အောင် ဖန်တီးလမ်းလွှဲလိုသူတို့အတွက် အစပျိုးပေးနေသကဲ့ သို့ုဖြစ်စေသည်။ လူအုပ်ဖွဲ့ အကြမ်းဖက်တိုက်ခိုက်မှုများကို ကာကွယ်တုံပြန်ရန် ပြည်သူ့ ရဲတပ်ဖွဲ့ ကို စနစ်တကျဖွဲ့ စည်းလေ့ကျင့်ပေးရမည်။ တချိန်တည်းမှာပင် အရပ်ဖက်အဖွဲ့ အစည်း ဘာသာရေးနှင့်အစိုးရခေါင်းဆောင်များက မပြေလည်မှုများ အာဃာတများကို ပညာရေးနှင့်နှစ်သိမ့်ခြင်းဖြင့်အလျှင်အမြန်ဖြေရှင်းရမည်။
(၆)လာဘ်ပေးလာဘ်ယူမှုကို အမြစ်ဖြတ်သုတ်သင်ရေး
လာဘ်ပေးလာဘ်ယူမှုသည် မြန်မာအစိုးရနှင့်စီးပွားရေးအတွက် ကပ်ရောဂါတမျိုးဖြစ်ပြီး တိုင်းပြည်၏ပြုပြင်ပြောင်းလဲမှု၊ ဒီမိုကရေစီစနစ်နှင့် စီးပွားရေးလွတ်လပ်မှုတွင် ရင်ဆိုင်နေရသည့် စိန်ခေါ်မှုအများဆုံးပြသာနာတခုလည်းဖြစ်သည်။ သမ္မတဦးသိန်းစိန်အနေနှင့်  လာဘ်ပေးလာဘ်ယူမှုကိုတိုက်ဖျက်ရန်အတွက် အဖွဲ့ အစည်းများအကြားတွင် မျှမျှတတလုပ်ဆောင်ရန်လိုအပ်သည်။ ယခုတည်ရှိနေသော လာဘ်ပေးလာဘ်ယူအကျင့်ပျက်ခြစားမှုများကို ၂၀၁၅ခုနှစ်တွင် သိသိသာသာမလျှော့ချနိုင်ပါက မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲမှုသည် ကမ္ဘာကနေရာတော်တော်များများတွင်တွေ ရသောတ၀က်တပျက်ဒီမိုကရေစီစနစ်သို့ သာဦးတည်သွားလိမ့်မည်။
(၇)
ကြားခံအလွှာဖော်ထုတ်ရေး ။အစိုးရနှင့်စီးပွားရေးမှာ ထိထိရောက်ရောက် ပူးပေါင်းဆောင်ရွက်နိုင်စွမ်းရည်အားနည်းခြင်း
မြန်မာခေါင်းဆောင်များက တုံပြန်မှုမရှိသည့် စနစ်အပေါ်မှာ အရှိန်အဟုန်ပြင်းပြင်းနှင့်ပြုပြင်ပြောင်းလဲရေးတွေလုပ်နေစဉ်မှာ ပြည်သူလူထုက ဒေသခံအစိုးရတွေကို လိုအပ်တာတွေဆောင်ရွက်ပေးရန်တောင်းဆိုနေကြသည်။ ပြုပြင်ပြောင်းလဲရေးလုပ်သင့်သည့် ကြားခံလူတန်းစားမှာ ဒေသတွင်းက ပြသာနာများကို ဖြေရှင်းအရေးယူရန် လိုအပ်သော အာဏာနှင့်ဆောင်ရွက်နိုင်စွမ်းမရှိသည်ကိုတွေ့ရသည်။
(၈)ပြုပြင်ပြောင်းလဲမှုများလူထုထံသို့ ကျယ်ကျယ်ပြန့်ပြန့်ရောက်ရှိရေး
တတိုင်းပြည်လုံးစီးပွားရေးတည်ငြိမ်ရေးနှင့်ရင်းနှီးမြုပ်နှံမှုဥပဒေတို့ သည် နိုင်ငံခြားရင်းနှီးမြုပ်နှံသူများအတွက် အဓိကကျသည့်စီးပွားရေးတိုးတက်မှုကို ဦးတည်သည့်အဓိကအဆင့်များဖြစ်သည်။
လက်ရှိစစ်တပ်နှင့်ခရိုနီများကြိုးစိုးနေသည့်စီးပွားရေးသည် အခြေခံစီးပွားရေးတိုးတက်မှုအတွက် အဟန့်အတားဖြစ်နေသည့်အတွက်အစိုးရကခရိုနီလူတန်းစားများအတွက်မဟုတ်ဘဲ သာမန်လယ်သမားများအတွက်တိုက်ရိုက်အလုပ်အကိုင်ဖန်တီးပေးမည် ရင်းနှီးမြုပ်နှံမှုများကိုအားပေးသင့်သည်။
(၉)လယ်ယာမြေနှင့်ပိုင်ဆိုင်မှုအခွင့်အရေး ပြဌာန်းရေး
လွှတ်တော်ကလယ်ယာမြေဥပဒေအသစ်ကိုအတည်ပြုထားလင့်ကစားမြန်မာနိုင်ငံတွင် လူအတော်များများမှာစီးပွားရေးလုပ်ငန်းများနှင့်စီမံကိန်းများကြောင့်လျှော်ကြေးကောင်းစွာမရဘဲ ရွေ့ ပြောင်းဖယ်ရှားခံနေရသည်။ ထိုလူများအတွက် မျှတသောတရားစီရင်ရေးစနစ်လည်းမရှိသေးပါ။
ထို့ကြောင့်ကြီးမားသောဖွံဖြိုးမှုစီမံကိန်းများတွင်ဒေသခံများအတွက် တည်ငြိမ်သောမြေယာပိုင်ဆိုင်မှုအခွင့်အရေးနှင့်မျှတသောအခွင့်အရေးများရရှိရန် စနစ်သစ်ပုံစံချမှတ်ဖို့ လိုအပ်သည်။
(၁၀)စီးပွားရေးဖွံဖြိုးတိုးတက်မှုနှင့်လူမှုရေးနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအကြားတွင် ညိနှိုင်းလုပ်ကိုင်ဆောင်ရွက်ရေးအတွက် နည်းလမ်းအဖြေရှာခြင်း
မြန်မာနိုင်ငံတွင်ရင်းနှီးမြုပ်နှံမှုများတိုးတက်လာသည်နှင်အမျှ ဒေသခံအဖွဲ့အစည်းများနှင့်ပေါင်းပြီး ဖွံဖြိုးရေးစီမံကိန်းများကြောင့်တိုင်းပြည်၏စီပွားရေးဖွံဖြိုးမှူနှင့်နိုင်ငံတော်၏အခြေခံအဆောက်အအုံများ ထိခိုက်လာမည်ကိုကာကွယ်စောင့်ရှောက်ရမည်။
တိုင်းရင်းသားလူမျိုးစုဒေသများတွင် သယံဇာတအရင်းအမြစ်များ ထုတ်ယူသုံးစွဲခြင်းလုပ်ငန်းများကို ဒေသခံများနှင့်မျှတစွာပူးပေါင်းဆောင်ရွက်ရမည်။
CNN သတင်းဌာနတွင်တင်ပြထားသော 10 Step Myanmar must take ကိုထားထားမြင့်က ဘာသာပြန်ဆိုပါသည်။
ဓာတ်ပုံ ဆရာညို

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။