Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Sunday, July 7, 2013

“၇ ဇူလိုင် (သို့) အာဏာရှင်ရဲ့ သတ်ဖြတ်မှုနိဒါန်း”

 
Burma-Newselite
“၇ ဇူလိုင် (သို့) အာဏာရှင်ရဲ့ သတ်ဖြတ်မှုနိဒါန်း”
******************************
ကိုညို (အော်စလို)

“ ညနေ ၅နာရီကျော်လောက်မှာ ဗိုလ်နေ၀င်းရဲ့ ကိုယ်ရံတော် သနက(၄) စစ်တပ်က၀င်လာတယ်။ တက္ကသိုလ်တလျှောက် စစ်သားတွေ ဖြန့်ကျက်
နေရာယူထားတယ်။ ကျောင်းသားတွေကလည်း အစောပိုင်းကပဲ ဆန္ဒပြခဲ့ ခဲနဲ့ပေါက်ခဲ့လို့ မောပြီး တချို့က မြက်ခင်းမှာတချို့ကလည်း ရပ်ပြီး နားနေတဲ့ အချိန်၊ သေနပ်နဲ့ တန်းစီ ချိန်ထားတဲ့ စစ်သားတွေကို တချို့က
ငေးမောကြည့်နေတာပေါ့၊ မန္တလေး၊ ရာမည၊ အမရပူရ၊ တောင်ူ က စာသင်ဆောင်တွေ မဟုတ်ဘူး၊ ကျောင်းသားအဆောင်တွေ၊ ကျောင်းသား
တော်တော်များများက အဆောင်တွေပေါ်က လှမ်းအကဲခတ်ကြည့်နေ တယ်။ စာတိုက်ဖက်က ပုဂံတို့တကောင်းတို့က ကျောင်းသားတွေကလည်း
ငေးကြည့်နေတယ် အဲ..အဲဒီအချိန်မှာ အေးအေးဆေးဆေးပဲ၊ ပစ်မယ်ခတ်မယ်လို့ ဘယ်သူမှမထင်ဘူး ” ရှင်းပြ နေတဲ့သူ့အသံက တယ်လီဖုံးစကားပြောခွက်ထဲမှာ နည်းနည်း မာပြီးကျယ်သွားလို့ သူ့ဘေးက တယောက်ယောက်က သတိပေးလိုက်ဟန်တူတယ်၊ သူ့အသံ နည်းနည်းတိုးသွားတယ်။“ ခန့်မှန်းချေ ၆နာရီ ၁၅-၂၀ မိနစ်လောက်ရှိမယ်၊ ကားတစီးရောက်လာပြီး စစ်ဗိုလ်တယောက်ကကျောင်းရှေ့မှာ ကွပ်ကဲနေတဲ့ ဒုဗိုလ်မှုးကြီးစိန်လွင်(၁၉၈၈ သမ္မတ၊ သားသတ်သမားလို့ နာမည်ကြီး) ဒုဗိုလ်မှုးကြီးလှမြင့် (သနက၄ တပ်မှုး၊ သံချပ်ကာယန္တယား တပ်ညွှန်မှုး)ကို စာရွက်တရွက် ပေးလိုက်တယ်၊ သိပ်မကြာဘူး၊ စစ်ဗိုလ်တယောက် ရှေ့ထွက်လာပြီး လက်ကို ၃ကြိမ်ဝိုက်ပြီး ရမ်းပြတယ်။ ကျနော်တို့ကတော့ ဘာအချက်ပေးမှန်း သိမှမသိပဲဗျ၊ ဒါနဲ့ သူတို့လက်ထဲက ဂျီသရီးတွေနဲ့ ဒလစပ်ပစ်တော့တာပဲဗျာ…”

တယ်လီဖုံးထဲက အသံကို အသံဖမ်းစက်နဲ့ ဖမ်းယူနေတဲ့ ကျနော်ကိုယ်တိုင် အသက်ရှုဖို့မေ့နေတယ်၊ ဖုံးလိုင်းထဲက သူ့အသံ ပြတ်ကျ မသွားဖို့ စိတ်ထဲမှာ တချိန်လုံး ဆုတောင်းနေမိတယ်။ ဗမာပြည်ဆက်တဲ့ ဖုံးလိုင်းတွေက အနှောက်အယှက် ပယောဂ ရှိတတ်တယ်။

“ ဂျာမဏီထုတ် ဂျီသရီးကို ဗမာပြည်က ရန်ကုန်တက္ကသိုလ်ဝန်းမှာ စမ်းသပ်ပစ်ခတ်တာပေါ့ဗျာ.. ကျည်တကပ်ပစ်ပြီး အသစ်လဲရင် ကျနော်တို့က ထပြေးလိုက်၊ နောက်တကပ်နဲ့ ထပ်ပစ်ရင် မြေပေါ်
ဝပ်ချလိုက်၊ ကျည်ကပ်လဲတုန်းထပြေးလိုက်ပေါ့..
သေလားရှင်လားတွေလည်း မသိဘူး၊ လဲပြိုကျတဲ့လူ အတုန်းအရုံးလည်း ဘယ်ကြည့်နိုင်မှာလဲ.. ကိုယ်တောင်အသက်လုပြေးရတာပဲဗျာ”

သူ့အသံနားထောင်ပြီး ကျနော်ပါမောနေတယ်။ အဲဒီနေ့က၂၀၀၂ခုနှစ် ဇူလိုင်လ၇ ရက်ဖြစ်တယ်။ အာအက်ဖ်အေ ရေဒီယို ကနေ ဆဲဗင်းဇူလိုင် ကျောင်းသား အရေးအခင်း နှစ်(၄၀) အထူးအစီအစဉ်ေ
ဆောင်းပါးအသံလွှင့်ဖို့ သတင်းထောက်ဖြစ်တဲ့ ကျနော်ဟာ နယူးဒေလီကနေ ရန်ကုန်က အသိမိတ်ဆွေတချို့နဲ့ ချိန်းဆိုပြီး တယ်လီဖုန်း အင်တာဗျူး လုပ်နေတာဖြစ်တယ်။ ၁၉၆၂ ခုနှစ်ဇူလိုင် (၇) ရက်မှာ ကိုယ်တွေ့ ကြုံခဲ့တဲ့ အဖြစ်အပျက်တွေကို ဟိုတုံးက ကျောင်းသား
ကျောင်းသူတွေက ကျနော့ကိုပြန်ပြောပြခဲ့တာ ဖြစ်တယ်။

သူတို့နာမည်တွေကို မပြောပြဘူး။ ကျောင်းသူဟောင်းတယောက် ကိုတော့ ဒေါ်ခင်မာအေး (ကွယ်လွန်) ဆိုတာ ကျနော် မှတ်မိနေတယ်။ ကျောင်းသားသမဂ္ဂ အတွင်းရေးမှုး အဖွဲ့ဝင်လည်းဖြစ် အိုးဝေမဂဇင်းတာဝန်ခံလည်းဖြစ်တဲ့ ကျောင်းသားခေါင်းဆောင် ကိုလှရွှေ (နိုင်ငံရေးအကျဉ်းသားဟောင်း) ရဲ့ဇနီးဖြစ်တယ်။ ကျောင်းသားသမဂ္ဂ လှုပ်ရှားမှုအတွင်းမှာ ဖူးစာဆုံခဲ့ကြတဲ့ ငယ်ရွယ်နုပျိုတဲ့ ချစ်သူနှစ်ဦးဟာ ဇူလိုင်၇ မတိုင်ခင် ၂ ရက်အလို ဇူလိုင်လ ၅ ရက်နေ့မှာ လက်ထပ်ခဲ့ပြီး လက်ဖွဲ့ပစ္စည်းလေးတွေကို သမဂ္ဂ အဆောက်အဦးထဲ သိမ်းဆည်းထား ရာက ဇူလိုင်(၈)ရက်မနက်သမဂ္ဂကြီးဗုံးနဲ့ ဖြိုဖျက်ခံရမှုနဲ့အတူ ပါသွားခဲ့တယ်လို့ ပြောပြဖူးခဲ့တယ်။


“ ကျောင်းသားတွေကိုဘာ့ကြောင့်မုန်း”

၇ ဇူလိုင်အရေးအခင်းဟာ ၁၉၆၂ မတ်လ ၂ရက် ဗိုလ်ချုပ်နေ၀င်း ဦးဆောင်တဲ့ တော်လှန်ရေး ကောင်စီ စစ်အာဏာသိမ်းပြီး ဗွေဆော်ဦး အနေနဲ့ ကျောင်းသားတွေကို ဦးချိုးတဲ့သတ်ဖြတ်မှု ဖြစ်တယ်။
အမှန်တော့ စစ်အာဏာသိမ်းပြီး ၂ရက်အကြာမှာပဲ လူထု တရားဝင် ရွေးကောက်ထားတဲ့ ဒီမိုကရေစီကရေစီ အစိုးရကို လက်နက်အားကိုးဖြုတ်ချလို့ တကသ၊ ရကသ၊ ဗကသ တို့က ကန့်ကွက်ခဲ့တယ်။ တော်လှန်ရေးကောင်စီကို ထောက်ခံကြောင်း လက်မှတ်ထိုးထုတ်ပြန်တဲ့ ဗကသဥက္ကဌ ကိုခင်မောင်အုန်းကိုလည်း ဗကသအမှုဆောင် အစည်းအဝေးက ဖြုတ်ချပြီး ဒုဥက္ကဌ ကိုသက်ကို (၇ဇူလိုင်မတိုင်ခင် ဖမ်းခံရ) ဥက္ကဌ တင်လိုက်တယ်။ အာဏာသိမ်းအစိုးရက ၀ါဒဖြန့်ကောင်းပေမဲ့ ကျောင်းသားအများစုက မထောက်ခံဘူး။ အာဏာသိမ်းတုံးကလည်း ကျောင်းသားတွေရဲ့ စာမေးပွဲရာသီကြီး။ စာမေးပွဲအပြီး ကျောင်းပိတ်လိုက်တာဆိုတော့ ကန့်ကွက်မှုတွေ မကျယ်ပြန့်ခဲ့ဘူး။ ဘာဘဲဖြစ်ဖြစ် အာဏာသိမ်းစစ်အစိုးရအဖို့ တက္ကသိုလ်ကျောင်းသားဆိုတာ လည်ချောင်းထဲ စူးဝင်နေတဲ့ ဆူးတချောင်း။


တက္ကသိုလ်သြဇာ

အဲဒီကာလက တက္ကသိုလ်ဆိုတာကလည်း ဒီခေတ် နိုင်ငံတကာက တက္ကသိုလ်တွေလိုပါပဲ။ နိုင်ငံရေးဂိုဏ်းပေါင်းစုံတယ်။ ဆိုရှယ်နီတွေ၊ ကွန်မြူနစ်ထောက်ခံသူတွေ၊ ဖဆပလ ထောက်ခံသူတွေ၊ နိုင်ငံရေးရောင်စုံပဲ။ ဒါကို တော်လှန်ရေးကောင်စီ က ဖြိုချင်တယ်။ ပညာတတ် နိုင်ငံရေး ခေါင်းဆောင်တိုင်း တက္ကသိုလ်က ထွက်တဲ့အစဉ်အလာ ရှိတယ်။ တက္ကသိုလ်မှာ ၁၉၂၀ ကတည်းက ပြဌာန်းထားတဲ့ တက္ကသိုလ် အက်ဥပဒေဆိုတာရှိတယ်။ ဒီဥပဒေအရ တက္ကသိုလ် အုပ်ချုပ်မှူးဟာ သီးသန့်လွတ်လပ်မှု ရှိတယ်။ တက္ကသိုလ်ကောင်စီနဲ့ တက္ကသိုလ်ဆီးနိတ် ဆိုပြီး ဦးဆောင်အဖွဲ့ ၂ခုကပဲ ထိမ်းထားတယ်။ အုပ်ချုပ်ရေး ရော ဘဏ္ဍာရေးရော သီးခြားလွတ်လပ်မှု ရှိတယ်။ တက္ကသိုလ် ဆီးနိတ်ကတော့ ပါမောက္ခတွေ၊ ဆရာတွေရဲ့ ကိုယ်စားလှယ်တွေပါပြီး စာသင်ကြားရေး၊ စာမေးပွဲ၊ စာအုပ်စာတမ်းထုတ်ရေး စတဲ့ ပညာရေးကိစ္စတွေ လုပ်တယ်။ တက္ကသိုလ်ကောင်စီကတော့ နိုင်ငံရေးပါတယ်။ ကိုယ်စားလှယ်လည်း အလွှာစုံတယ်။ ပြင်ပစီးပွားရေး နယ်ပယ်နဲ့ ကုန်သည်တွေလည်း ကိုယ်စားလှယ် ပါတယ်။ တက္ကသိုလ် ဌာနအသီးသီးက ပါမောက္ခတွေနဲ့ ကျောင်းသားသမဂ္ဂက ကိုယ်စားလှယ် ၂ယောက်လည်း ပါတယ်။ တက္ကသိုလ်ကောင်စီဟာ တက္ကသိုလ်လောကနဲ့ နိုင်ငံရေးအတွက်ပါ အရေးပါတဲ့အဆင့်မှာ ရှိတယ်။


ဖိနှိပ်တဲ့ဥပဒေ

တော်လှန်ရေးကောင်စီ တက်တော့ သူ့လည်ချောင်းမှာစူးနေတဲ့ဆူးကို အရင်ဆုံးထုတ်ဖို့ ကြိုးစားတယ်။ ဘာမှမစဉ်းစားဘူး၊ တက္ကသိုလ် အက်ဥပဒေကို ဖျက်သိမ်းလိုက်တယ်။ အာဏာသိမ်းပြီး နောက်တလမှာပဲ (မေလ ၁၁ရက်) တက္ကသိုလ်ကောင်စီဝင်တွေကို ဒဂုံရိပ်သာထဲ ဖိတ်ခေါ်ပြီးဆရာတွေက အကျင့်ပျက်တယ်၊ ကျောင်းသားတွေအကြား နိုင်ငံရေး ပယောဂ၀င်တယ်ဆိုပြီး တက္ကသိုလ်ကောင်စီကို ဖျက်လိုက်တာပဲ။ တကယ်တော့ အိမ်နီးချင်း အိန္ဒိယနဲ့ တကမ္ဘာလုံးက တက္ကသိုလ်ကျောင်းသားတွေ မိမိယုံကြည်တဲ့ အယူအဆနဲ့ နိုင်ငံရေး လှုပ်ရှားကြတာပါပဲ။ တက္ကသိုလ်ကောင်စီကို အဓိပတိအဖြစ် ဗိုလ်မှုးချုပ်သန်းဖေ၊ အဖွဲ့ဝင် ဗိုလ်မှုးချုပ်စန်းယု၊ ဗိုလ်မှုးကြီးတင်စိုး၊ ဗိုလ်မှုးကြီးသိန်းစိန်တို့ကို ဆွဲထည့်ပြီး ဖိနှိပ်ရေး မူဝါဒအသစ်တွေ ရေးဆွဲတယ်။ အာဏာရှင်တွေ ထုံးစံအတိုင်း ဖိလက်စနဲ့ ခေါင်းမထောင်အောင် ဆက်တိုက်ပဲ ဖိနှိပ်ခဲ့တယ်။ ဇွန်လ၁၈ရက် ကျောင်းဆောင်စည်းကမ်း ၂၂ ချက်ထွက်လာတယ်။ တက္ကသိုလ်ကျောင်းသားတွေကို အကျယ်ချုပ်ချလိုက်တဲ့ စည်းကမ်းတွေအဖြစ် ဒေါသသူပုန် ထကြတယ်။ တက္ကသိုလ်ဆန္ဒပြမှုဟာ အဲဒီကျောင်းဆောင် စည်းကမ်းက အစပြုတာဖြစ်တယ်။ အာဏာသိမ်း စစ်ကောင်စီက တက္ကသိုလ်အုပ်ချုပ်ရေးကိုပါ အာဏာသိမ်းလိုက်ပြီး ပညာရေးလောကထဲ ၀င်ရှုတ်တာ အဲဒီကနေ အစဉ်အလာလို
ဖြစ်သွားတာပဲ။ တက္ကသိုလ် ပညာရေးကဏ္ဍဟာ အဲဒီကစလို့ နိဂုံးရဲ့ အစဖြစ်ခဲ့တယ်။

အာဏာရှင်တွေထုံးစံအတိုင်း ဖိလက်စနဲ့ ဆက်တိုက်ပဲ ဖိနှိပ်လာခဲ့တယ်။ တချို့ကောက်နှုတ်ပြောရရင် ကျောင်းဝင်ခွင့်၊ အဆောင်နေခွင့်ကို လုံခြုံရေးနဲ့ အုပ်ချုပ်မှု ကော်မတီခွင့်ပြုမှ ရမယ်၊ မိဘ အုပ်ထိန်းသူရဲ့ ၀န်ခံကတိနဲ့ ကျောင်းအပ်ရမယ်၊ ည၈နာရီဆို အဆောင်မှာရှိရမယ်၊ ၃ကြိမ်ပျက်ရင် အဆောင်ကထုတ်မယ်၊ သက်သတ်လွတ်စားရင် တနှစ်လုံးစားရမယ် စတဲ့ကျောင်းသားတွေရဲ့ သီးခြားလွတ်လပ်ခွင့်ပါ ပိတ်လာတော့ ပြဿနာမီးမွှေးတာနဲ့ တူနေတယ်။ ဒီဥပဒေတွေ ထုတ်ပြန်ဖို့ အရင်ဆုံး ရန်ကုန်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာသာလှကို နှုတ်ထွက်ခိုင်းတယ်၊ စစ်တပ်နဲ့ပိုနီးစပ်တဲ့ဦးကာ (သချာင်္ကထိက)ကို ပါမောက္ခချုပ် အစားထိုးတယ်။

“တင်းကြပ်တဲ့စည်းကမ်းတွေကြောင့် ထောင်မှာနေရသလို ဖြစ်နေတယ်၊ ညပိုင်း အပြင်ထွက်တာလည်း မရတော့ဘူး၊ တကသကလည်း ကျောင်းသားတွေ ကိုယ်စား တင်ပြဖို့ ကိုယ်စားလှယ်က မရှိတော့ဘူး” သပိတ်မှောက် ကျောင်းသားဟောင်းက ရှင်းပြတယ်။ တကသကျောင်းသူဟောင်း ဒေါ်ခင်မာအေးကလည်း“ ကျမတို့ အမျိုးသမီးဆောင်တွေ ဆိုရင် ညနေ ၆နာရီထိုးပြီး နာမည်စာရင်းခေါ်ပြီးရင် ၇နာရီနောက်ပိုင်း တခန်းနဲ့တခန်း မကူးရဘူး၊ စာကျက်ရမယ်၊ ည၉နာရီ နောက်ပိုင်း အခန်းတံခါးမီးမှိတ် အိပ်ရတယ်၊ အဲဒီကြားထဲ ကျောင်းဆောင်ရရှိရေး အခက်အခဲကလည်း ရှိနေတယ်၊ အဆောင်တိုးချဲ့ရေးကိုလည်း ဘာမှမလုပ်ပေးဘူး၊ အဆောင် မလုံလောက်၊ ဆရာမလုံလောက် ဖြစ်နေတယ်” ။


အာဏာဖီဆန်ပြီ။

နောက်တော့ ရန်ကုန်ခရိုင် ကျောင်းသားသမဂ္ဂ (ရကသ)က သမဂ္ဂခန်းမမှာ ကမောက်ကမပညာရေးစနစ် ဖျက်သိမ်းရေး၊ မတရားအဆောင်စည်းကမ်း ရုတ်သိမ်းရေး တောင်းဆိုဆန္ဒပြပွဲကို ဇူလိုင် ၃ရက်နေ့မှာလုပ်တယ်။ ဇူလိုင် ၆ရက်နေ့မှာတော့ ရွှေဘိုဆောင်မှာ ညပိုင်း သဟာရနဲ့စာဖတ်အသင်း ဖွဲ့တယ်၊ အဖွဲ့ကကွဲတော့ မကြေနပ်တဲ့
ကျောင်းသားတွေက ခံစားချက်တွေ ထအော်တယ်၊ မတရား အဆောင်စည်းကမ်းအပေါ် တအုံနွေးနွေး ဖြစ်နေတော့ တခြား အဆောင်က ကျောင်းသားတွေလည်း အဆောင်စည်းကမ်း မကြေနပ်လို့ ဆန္ဒပြကုန်ပြီလို့ထင်ပြီး ၀န်းဝိုင်းကြတယ်၊ အဆောင်စည်းကမ်း ဖျက်သိမ်းရေး ကြွေးကြော်သံအော် ဆန္ဒပြတယ်။

တက္ကသိုလ်အုပ်ချုပ်ရေးမှူး ဦးယုခင်နဲ့ ပါမောက္ခ ဦးကာအိမ်ကို ၀ိုင်းဆန္ဒပြတယ်။ အဲဒီဇူလိုင် ၆ရက်ည ဆန္ဒပြပွဲဟာ နောက်တနေ့ ဇူလိုင် ရရက် နေ့လည် တနာရီ သမဂ္ဂခန်းမမှာ ကျင်းပမဲ့ ကျောင်းသားထု အစည်းအဝေးကို တွန်းအားပေးလိုက်သလို ဖြစ်သွားတယ်။

ဇူလိုင် (၇)ရက် သမဂ္ဂ အစည်းအဝေးမှာ အာဏာသိမ်းအစိုးရရဲ့ တက္ကသိုလ် အက်ဥပဒေ ဖျက်သိမ်းရေး၊ မတရားအဆောင်စည်းကမ်း ရုတ်သိမ်းရေး ဆုံးဖြတ်ချက် ချပြီး ကျောင်းဝန်းထဲ လှည့်ပတ် ဆန္ဒပြတယ်။ နေ့လည် ၂နာရီခွဲလောက် ကျောင်းဝန်းထဲ ရဲတွေရောက်လာပြီး ဗကသ ဥက္ကဌ ကိုသက်၊ တကသ ဥက္ကဌ ကိုဗဆွေလေး၊ ရကသ အတွင်းရေးမှူး ကိုဥာဏ်ဝင်းနဲ့
ကျောင်းသားခေါင်းဆောင်တချို့ကို ဖမ်းခေါ်သွားတယ်။ အဲဒီမှာ ကျောင်းသားတွေ ဟစ်အော်ဆန္ဒပြပြီး အဓိကရုဏ်း နှိမ်နင်းရေး ရဲတွေနဲ့ ထိပ်တိုက်တွေ့တယ်။ ပစ်ခတ်မှုဖြစ်ပေမဲ့ ထိခိုက်ဒဏ်ရာရတာက လွဲလို့ အသေအပျောက် မရှိဘူး။ နောက်ပိုင်း ကျောင်းသားထုက ပိုတက်ကြွလာတယ်။ ညနေ ၄နာရီနောက်ပိုင်း ကျောင်းဝန်းတလျှောက် လက်နက်ကိုင်စစ်သားတွေ ရောက်လာတော့တာပဲ။

အဲဒီနောက်ပိုင်း စောစောက ဆန္ဒပြမှုမှာ ပါဝင်ခဲ့တဲ့
ကျောင်းသားဟောင်းကြီး ပြောပြသလို ပစ်ခတ်မှုတွေ ဖြစ်ကုန်တယ်။ ကျဆုံးသေကြေသူတွေ (၄၀) လောက်ရှိပြီး တချို့ ဒဏ်ရာအပြင်းအထန်တွေ ရကုန်တယ်လို့သိရတယ်။ အာဏာပိုင်တွေကတော့ ကျောင်းသား(၁၇) ယောက်သာသေဆုံးတယ်လို့ ဆိုတယ်။အဲဒီတုံးက မန္တလေးဆောင် တခုထဲတင် စာရင်းအရ (၁၇) ဦး သေဆုံးတယ်လို့ သိရတယ်။

မန္တလေးဆောင်နံရံမှာ မြောင်းမြက ကျောင်းသားကိုကျော်ဝင်း သူ့ခန္ဒာကသွေးနဲ့ ရေးသွားတဲ့ “ ၇-၇-၆၂ မမေ့ကြနဲ့” ဆိုတဲ့ စာသားဟာ ကျနော်တို့ တက္ကသိုလ်ကျောင်းသားဘ၀ထိ မရိုးနိုင်တဲ့ သူရဲကောင်း ပုံပြင်တပုဒ်လို ကြားခဲ့ဖူးတယ်။


“သမိုင်းဝင် သမဂအဆောက်အဦး ဖြိုခွဲမှု”

“ဇူလိုင်(၈) ရက်နေ့မနက် အိပ်ကောင်းတုံး အုံးကနဲ ပေါက်ကွဲသံကြီးနဲ့ ကျမအဆောင်တခုလုံးနဲ့ မြေကြီးဟာ တုန်လှုပ်သွားတယ်၊ ကျမချက်ချင်း သိလိုက်တယ်။ ဟာ..ဒီကောင်တွေ သမဂ္ဂအဆောက်အအုံကို
ဖြိုခွဲလိုက်တာပဲ၊ မိုက်ရိုင်းလိုက်ကြတာလို့ တွေးပြီး နှမြောတသစိတ်နဲ့ မျက်ရည်တွေတောင် တောက်တောက် ကျခဲ့တယ်” တယ်လီဖုန်း ထဲမှာကြားနေရတဲ့ ဒေါ်ခင်မာအေးရဲ့ အသံဟာ ခံစားချက်နဲ့ ပြောနေမှန်း သိသာတယ်၊ မာဆတ်ပြီး တုန်ခါနေတယ်။

၁၉၉၈ခုဇူလိုင်လ ၈ရက် VOA နဲ့ အင်တာဗျူးတခုမှာ ဗိုလ်ချုပ်အောင်ကြီးက“ သမဂ္ဂမှာ ကျောင်းသားတွေက လက်နက်ကိုင်တဲ့ လူတွေ ရှိတယ်၊ လူနာတွေဆွဲပြီး တံခါးတွေပိတ်သွားတယ် ဘာညာ ဆိုတော့ ညနေစောင်းမှာ ဥက္ကဌကြီး (ဗိုလ်ချုပ်နေ၀င်း) က ပြည်ထဲရေး ၀န်ကြီးကို တကယ်လို့ ညမိုးချုပ်သွားရင် အဲဒီအပေါ် ပစ်လားခတ်လား လုပ်ရင် တို့လူတွေသေမယ်၊ အဲဒီတော့အသေမခံနဲ့၊ ရကွိုင်းလက်စ် ဂန်းနဲ့ သမဂ္ဂကို ပစ်ခိုင်းလိုက်တာ” လို့ပြောခဲ့တယ်။

ဦးနေ၀င်းကလည်း ၁၉၈၈ ဇူလိုင်လ သူရာထူးက အနားမယူခင် မဆလ အရေးပေါ်ညီလာခံမှာ သမဂ္ဂဖြိုခွဲမှုဟာ သူနဲ့မပတ်သက်ဘူးလို့ ပြောသွားတယ်။ ဘယ်လိုပဲဖြစ်စေ ကျွဲကူးရေပါ ဆိုသလို အဲဒီတုံးက ကျောင်းသားအရေး ကို အရေးယူဆောင်ရွက်နေတဲ့ စစ်ခေါင်းဆောင်တွေအားလုံးမှာ တာဝန်ရှိပါတယ်။ ဒီလိုသမိုင်းဝင် အဆောက်အဦးတခုကို မစဉ်းစား မဆင်ခြင် ဖြိုဖျက်လိုက်တာဟာ နိုင်ငံရဲ့ သမိုင်းဝင် အဆောက်အဦးတခုထဲ ပြိုကျသွားတာမဟုတ်ဘဲ တိုင်းပြည် အနာဂတ် တခုလုံး လဲပြိုသွားတာဖြစ်တယ်။ ကျောင်းသား သမဂ္ဂ ပြိုကွဲပြီးနောက် ဒီနေ့အထိ နိုင်ငံရဲ့ ခေါင်းဆောင်ပညာတတ် မျိုးဆက်ပြတ်သွားတယ်။ နိုင်ငံရေးမျိုးဆက် ပြတ်သလို ပညာရေးလည်း ပျက်ဆီးသွားတယ်။

“ ကျနော်တို့ဟာ ဒီအဆောက်အဦးကြီးကို သိပ်ပြီးသံယောဇင်ကြီး ခဲ့တယ်၊ မြန်မာ့ လွတ်လပ်ရေးသမိုင်းလည်း ဒီအဆောက်အဦးက စခဲ့တာကိုး၊ ကျောင်းသားခေါင်းဆောင်တွေ၊ ကျနော်တို့ခေတ်က ဒီအထဲမှာ ကျောင်းသားအရေးသာ မဟုတ် ပြည်တွင်းငြိမ်းချမ်းရေးပါ လုပ်ခဲ့ကြတာပေါ့။သမဂ္ဂကြီးပြိုသွားလို့ သိပ်နှမြောတာ၊ အဲဒီတုံးက ကျနော်တို့ကျောင်းသားတွေ မျက်ရေတောင် ကျခဲ့ကြတယ်”
နောင်တော် ကျောင်းသားဟောင်းကြီး ခံစားချက်နဲ့ ပြောသွားတဲ့ အသံတွေ ဒီဂျစ်တယ်တိပ်နဲ့ အသံသွင်းထားလို့ အခုအထိ မပျောက်မပျက် ရှိနေသေးတယ်။ သူပြောပြလို့ အဲဒီသမဂ္ဂအဆောက်အဦးထဲမှာ အဖိုးတန်စာအုပ်တွေ၊ မှတ်တမ်းမှတ်ရာတွေ၊ သမိုင်းဝင် ကျောင်းသားလှုပ်ရှားမှု ဓာတ်ပုံတွေ စာရွက်စာတမ်းနဲ့ ဖိုင်တွေအပြင် ပန်းချီဆရာကြီး ဦးနန်းဝေ ရဲ့ လက်ရာမြောက်တဲ့ ပန်းချီကားကြီးတွေလည်း ပျက်ဆီးဆုံးရှုံး ရပါတယ်။


နိုင်ငံရေးမျိုးဆက်ပြတ်၊ ပညာရေး မျိုးဆက်ပြတ်

အာဏာရှင် အဆက်ဆက်က ခေတ်မှီတက္ကသိုလ် ပရ၀ုဏ်ထဲကသာ ပညာပြည့်ဝတဲ့ နိုင်ငံရေးသမားတွေ ထွက်လေ့ရှိတာကို ရိပ်စားမိလို့ တက္ကသိုလ်ပညာရေးကို ချိုးနှိမ်ခဲ့တယ်။ မိမိတို့အာဏာ ခိုင်မြဲရေးနဲ့ တိုင်းပြည် အနာဂတ် တိုးတက်ရေးကို သတ္တိကြောင်စွာ အလဲအလှယ် လုပ်ခဲ့တယ်။ တပ်မတော် မျိုးဆက်တွေကိုတော့ စနစ်တကျ ပျိုးထောင်ပြီး နိုင်ငံခြားပညာသင်တွေ စေလွှတ်ခဲ့တယ်။ အရပ်ဘက်ပညာတတ် နိုင်ငံရေးသမားတွေကို မျိုးဆက် တိမ်ကောအောင် လုပ်ပြီး တပ်မတော် မျိုးဆက်သစ်ကို ကြီးပွားအောင် မြှင့်တင်ခဲ့တယ်။ ဒါပေမဲ့ တက္ကသိုလ်က နိုင်ငံရေး မျိုးဆက်က မပျောက်သွားသလို နလံထပြီး ပိုပြီးခိုင်မာနေတာကို ဒီခေတ်ထဲအထိ တွေ့နေရတယ်။


မီးမလောင်တဲ့အိုးဝေ

ဒီနေရာမှာ အနာဂတ်ရဲ့ နမိတ်ပုံလို့ပဲ ပြောရမလား..၁၉၆၂ တကသ
ကျောင်းသူ ဒေါ်ခင်မာအေး ပြောခဲ့တဲ့ သမဂ္ဂအဆောက်အဦး ပြာပုံကြားက အိုးဝေမဂဇင်းလေးအကြောင်း သူပြန်ပြောပြတာလေးနဲ့ပဲ
ဖောက်သည်ချခဲ့ပရစေ။

“ အင်မတန်အံ့သြစရာ ကောင်းတာက သူတို့တတွေ (စစ်အာဏာပိုင်များ) သမဂ္ဂ မီးလောင်ပြင်ကို သတင်းစာ၊ စာနယ်ဇင်းသမားတွေကို ခေါ်ပြတဲ့ အချိန် ပြာပုံတွေ အပျက်အဆီးတွေ ကြားကနေပြီး မီးမကြွမ်းဘဲ အကောင်းပကတိနဲ့ စာအုပ်လေးတအုပ်ကို တွေ့ရတယ်၊ အဲဒီစာအုပ်လေးက အိုးဝေမဂ္ဂဇင်းပါ။ ကျောင်းသားသမဂ္ဂရဲ့
နောက်ဆုံးထုတ် အိုးဝေမဂ္ဂဇင်းလေးပါ၊ ကျမကတော့ အဲဒီအိုးဝေမဂ္ဂဇင်းကို အံ့ဘွယ် အိုးဝေလိုသာ နာမည်ပေးလိုက်ချင်ပါတယ်။ သူတို့ဘယ်လိုပဲ ဖျက်ဆီးပလေ့စေ မပျက်ဆီးပါဘူး၊ သမဂ္ဂစိတ်ဓာတ်ဟာ အမြဲရှင်သန်နေအုံးမယ့် နမိတ်ပုံလေးပါ”

ကိုညို(အော်စလို)

မှီငြမ်းကိုးကား.. ၁။ မြန်မာနိုင်ငံကျောင်းသားလှုပ်ရှားမှု သမိုင်းအကျဉ်း (အောင်စောဦး)
၂။ ၇ ဇူလိုင်မှတ်တမ်း (အလင်းအိမ်စာစောင်-ဂျပန်)
၃။ အင်တာဗျူး ဒေါ်ခင်မာအေး၊ ၇ ဇူလိုင်မျက်မြင်ကျောင်းသားဟောင်းတဦး
(အာအက်ဖ်အေ- စိတ်ယဉ်ကျေးမှုမှတ်စုများအစီအစဉ်)
၎။ ဗိုလ်ချုပ်အောင်ဆန်းကို ဘယ်သူသတ်သလဲ (ဦးခင်အောင်)

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။