Aung Ko U
“နေ့စဉ်ပြောကြား အင်္ဂလိပ်စကား (၁၂)”
ယခုတစ်ပတ်တွင် တစ်နေ့တာ လုပ်ငန်းကိစ္စ၊ အကြောင်းအမျိုးမျိုး အတွက် မိတ်ဆွေ၊ အပေါင်းအသင်း၊ သူငယ်ချင်း များနှင့် ဆက်သွယ်ပြောဆိုရာတွင် အသုံးပြုသည့် စကားပြော ပုံစံများ ဖြစ်သည့် ပစ္စုပ္ပန်ကာလ (Present Tense) ဖြင့်ပြောသော နေ့စဉ်သုံး စကားများ ကို ဆက်လက် ရေးသား လိုက်ပါသည်။
- I see Bob over there by the newspaper stand.
ကျွန်တော် ဘော့(ဘ်)ကို သတင်းစာစင်နားမှ တွေ့တယ်။
- I'm going to the library.
... ကျွန်တော် စာကြည့်တိုက်ကို သွားနေတယ်။

- I'm on my way home.
ကျွန်တော် အိမ်ကိုသွားတဲ့ လမ်းမှာ၊ ( တစ်ယောက်က ဘယ်ရောက်နေလဲလို့ ဖုန်းဆက်မေးသော အခါမျိုးတွင် သုံးနိုင်ပါသည်။)
- I'm going to the bus stop.
ကားမှတ်တိုင်ကို သွားနေတယ်။
- Jack is stopping by now.
ဂျက်က အခုပဲ ရပ်လိုက်တယ်။
- The meeting is starting now.
အစည်အဝေးက ခုပဲ စနေတယ်။
- The manager is waiting for you in her office.
မန်နေဂျာက မင်းကို သူ့ရုံးခန်းထဲမှာ စောင့်နေတယ်။
တစ်နေ့တာ အခြေအနေများကို ဖော်ပြပါ မေးခွန်းပုံစံများ ဖြင့် မေးမြန်းနိုင်ပါသည်။
- How are you doing?
ဘာတွေ .. ဘယ်လို လုပ်နေလဲ ?
- How is your day going?
ဒီနေ့ မင်းဘယ်လို လဲ?
- What are you doing now?
မင်း ခု ဘာတွေ လုပ်နေလဲ?
ဖော်ပြပါ မေးခွန်းများကို အောက်ပါပုံစံများကို အသုံးပြုကာ ပြန်ပြောနိုင်ပါသည်။
- I'm enjoying the beautiful weather without any worries in the world.
အပူအပင် ကင်းကင်းနဲ့ သာယာတဲ့ ရာသီဥတုလေးမှာ ပျော်နေတယ်။
- I'm playing a video game on my computer because I have nothing to do.
ဘာမှ လုပ်စရာ ထွေထွေထူးထူး မရှိတော့ ကွန်ပြူတာဂိမ်း ဆော့နေတယ်။
- I'm at the grocery store buying ingredients for tonight's dinner.
ညနေစာ အတွက် ကုန်စုံဆိုင်မှာ လိုအပ်တာတွေ ဝယ်နေတယ်။
- I'm pretty busy right now. I'm doing my homework because I have an exam tomorrow.
ငါ တော်တော်လေးတော့ အလုပ်ရှုပ်နေတယ်၊ မနက်ဖြန် စာမေးပွဲရှိလို့ စာတွေ လုပ်နေတယ်။
- My project deadline is coming up, so I'm currently in the process of finishing my tasks.
ပရော့ဂျက်က နောက်ဆုံးရက်နား ကပ်နေလို့ ခုလောလောဆယ် အလုပ်တွေ လက်စသပ်နေတယ်။
- I'm applying for a job at a trading company.
ကူသန်းရောင်းဝယ်ရေး ကုမ္ပဏီတစ်ခု မှာ အလုပ်လျှောက်ထားတယ်။
- I'm listening to music.
သီချင်းနားထောင်နေတယ်။
မှတ်ချက် ။ ။ ဥပမာ ဝါကျများတွင် ပစ္စုပ္ပန်ကာလ (Present Tense) ကိုသာ တွေ့ရမည် ဖြစ်သော် လည်း I was, I will be စသည်ဖြင့် ပုံစံများ ပြောင်းလဲကာ အတိတ်ကာလ (Past Tense)၊ အနာဂတ်ကာလ (Future Tense) များတွင်လည်း အသုံးပြုနိုင်ပါသည်။ အဆိုပါ အတိတ်ကာလ (Past Tense)၊ အနာဂတ်ကာလ (Future Tense) များတွင် အသုံးပြုသည့် စကားပြောပုံစံများကိုလည်း နောက်တစ်ပတ်တွင် ဆက်လက် ရေးသားသွားပါမည်။
အောင်ကိုဦး(UMK)
Be the Best !

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။