Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Wednesday, June 5, 2013

သူလိုလူတွေ အများကြီးလိုတယ်( or )အားကစားသမား မအောင်ငှိမ်း

 
 
နိုင်ငံတော် အစိုးရသည် စွမ်းဆောင်ရည်ရှိသော အဖွဲ့အစည်းများနှင့် လူ့စွမ်းအား အရင်းအမြစ်များ တိုးတက် ပေါ်ထွန်းရေး ကို ရည်သန် ဆောင်ရွက်လျက် ရှိရာ

ဧပြီ ၃ဝ ရက်ညနေပိုင်းက နိုင်ငံတော် သမ္မတ၏ နိုင်ငံ့ စွမ်းဆောင်ရည်ဆု ချီးမြှင့်ပွဲကို နေပြည်တော်ရှိ မြန်မာ အပြည်ပြည် ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာန ညီလာခံ ခန်းမကြီး၌ အောင်မြင်စွာ ကျင်းပ နိုင်ခဲ့ပါသည်။

နိုင်ငံ့စွမ်းဆောင်ရည် ဆုများချီးမြှင့်နိုင်ရန် လုပ်ငန်းကော်မတီ သုံးခုဖွဲ့စည်း၍ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ပဏာ မ ရွေးချယ်ပေးပို့လာသည့် လူပုဂ္ဂိုလ်နှင့် အဖွဲ့အစည်းများကို နိုင်ငံတော် သမ္မတရုံး၏ လမ်းညွှန်ချက် နှင့်အညီ အကဲဖြတ်မှု မှန်ကန်စေရန် သတင်း မီဒီယာများနှင့်တကွ ကွင်းဆင်းစိစစ် အကဲဖြတ်ခြင်းနှင့် ညှိနှိုင်း အစည်းအဝေးများ ကျင်းပ၍ အကြိမ်ကြိမ် အခါခါ စိစစ်ပြီးမှသာ သက်ဆိုင်ရာ ကဏ္ဍအလိုက် နိုင်ငံတော်ကို အကျိုးပြုမည့် နိုင်ငံ့ စွမ်းဆောင်ရည်ဆု ရရှိသူများကို ရွေးချယ်ခဲ့ခြင်း ဖြစ်ပါသည်။
အဆိုပါ အခမ်းအနားကြီးတွင် ဆုတံဆိပ် ၅၂ ဆုရှင် မြားပစ် အားကစားသမား မအောင်ငှိမ်းက နိုင်ငံ့ဂုဏ် ဆောင် အားကစား စွမ်းဆောင်ရည် အကောင်းဆုံးဆုကို ချီးမြှင့်ခြင်း ခံခဲ့ရသည်။ အားကစား ပညာရပ်သည် လူတစ်ဦး တစ်ယောက်ချင်း အလိုက် ကျန်းမာကြံ့ခိုင်စေခြင်း၊ ဥာဏ်ရည်ဥာဏ်သွေး ထက်မြက်စေခြင်း၊ အဖွဲ့ အစည်းစိတ်ဓာတ်ဖြင့် ပူးပေါင်း ဆောင်ရွက်တတ်ခြင်း စသော အကျိုးကျေးဇူးများ ရရှိစေရုံမျှမက နိုင်ငံတော် အဆင့်နှင့် တစ်မျိုးသားလုံး အတွက်လည်း ကမ္ဘာ့အလယ်တွင် ဂုဏ်တင့် ရပ်တည်စေနိုင်သော ပညာရပ်တစ် ခု ဖြစ်ပါသည်။
အနာဂတ် မျိုးဆက်သစ် မြားပစ် အားကစား မောင်မယ်များနှင့် လူငယ်လူရွယ်များ အားကျ အတုယူနိုင် စေရန် နိုင်ငံတော် သမ္မတ၏ ပထမဆုံး နိုင်ငံ့ဂုဏ်ဆောင် အားကစား စွမ်းဆောင်ရည် အကောင်းဆုံး ဆုရှင် မအောင်ငှိမ်း၏ အားကစား သမားဘဝ ဖြတ်သန်းမှု၊ လေ့ကျင့်မှုနှင့် ပြိုင်ပွဲ အတွေ့အကြုံ များကို ဂုဏ်ယူဖွယ် တင်ပြလိုပါသည်။
 
မြန်မာ့လက်ရွေးစင် မြားပစ် အားကစားသမား မအောင်ငှိမ်းကို အဖ ဦးမနားအောင်နှင့် အမိ ဒေါ်ငှိုင်းမြူးလှီး တို့က ၁၉၈၅ ခုနှစ် သြဂုတ် ၉ ရက်တွင် ချင်းပြည်နယ် မင်းတပ်မြို့၌ မွေးဖွားခဲ့သည်။ မအောင်ငှိမ်းသည် အားကစားဘက်တွင် ထူးချွန်သကဲ့သို့ ပညာရေး ဘက်တွင်လည်း အလျှော့ မပေးခဲ့ချေ။ B.A(English) ဘွဲ့ ရရှိပြီးသူ ဖြစ်ပါသည်။ ချင်းပြည် နယ် မင်းတပ်ခရိုင် မင်းတပ်မြို့ အားကစားနှင့် ကာယပညာ ဦးစီးဌာနတွင် လက်ထောက် ညွှန်ကြားရေးမှူး တာဝန် ထမ်းဆောင်လျက် ရှိသည်။
ပါရမီရှင် ရွက်ပုန်းသီးလေး မအောင်ငှိမ်းကို အားကစား ဝန်ကြီးဌာနက ၂ဝဝ၂ ခုနှစ်တွင် ချင်းပြည်နယ်သို့ ကွင်းဆင်း ဆောင်ရွက်စဉ် ရွေးချယ် အရောင်တင် ပေးနိုင်ခဲ့ခြင်း ဖြစ်သည်။ အားကစား ဝန်ကြီးဌာန မျိုးဆက်သစ် အားကစားသမားများ ရှာဖွေဖော်ထုတ် ရွေးချယ်နိုင်ရန် စဉ်ဆက်မပြတ် ကြိုးပမ်းဆောင်ရွက်မှု များ၏ အောင်မြင်မှု အသီးအပွင့် ဟုလည်း ဆိုနိုင်ပါသည်။
ထိုသို့ ရွေးချယ်ရာမှ မြားပစ် အားကစားသမား မအောင်ငှိမ်းကို ကျိုက္ကဆံကွင်းရှိ မြန်မာနိုင်ငံ မြားပစ် အဖွဲ့ ချုပ် မြားပစ် လေ့ကျင့်ရေး စခန်းတွင် ကျွမ်းကျင် နည်းပြများဖြင့် စခန်းသွင်း လေ့ကျင့် စေခဲ့ပါသည်။ မအောင်ငှိမ်း ၏ ပါရမီနှင့် ဗီဇစိတ်၊ ကြိုးစား အားထုတ်မှုများကြောင့် ၂ဝဝ၂ ခုနှစ်မှစ၍ မြားပစ် လက်ရွေးစင် အားကစား သမား အဖြစ် ရွေးချယ်ခြင်း ခံခဲ့ရပြီး ၂ဝဝ၄ ခုနှစ်မှစ၍ ကမ္ဘာ့အဆင့် အားကစား ပြိုင်ပွဲများနှင့် အရှေ့တောင် အာရှ အားကစား ပြိုင်ပွဲများသို့ ဝင်ရောက် ယှဉ်ပြိုင်ခွင့် ရရှိခဲ့သည်။
မအောင်ငှိမ်း၏ စွမ်းဆောင်မှုများမှာ အံ့မခန်းဖွယ်ပင်။ ကမ္ဘာ့အဆင့်နှင့် အာရှအဆင့်တွင် ရွှေ ၁၁ ဆု၊ ငွေ ၁၂ ဆု၊ ကြေးခုနစ်ဆုနှင့် အရှေ့တောင်အာရှ အဆင့်တွင် ရွှေ ၁၅ ဆု၊ ငွေ သုံးဆု၊ ကြေး လေးဆု စုစုပေါင်း ဆုတံဆိပ် ၅၂ ဆုကို ဆွတ်ခူးရရှိခဲ့ပြီး ဖြစ်သည်။ အားကစားသမား များသည် နိုင်ငံ့ဂုဏ်ကို တစ်ဖက် တစ်လမ်းမှ မြှင့်တင် ပေးနေ ကြသူများ ဖြစ်သည်။ အားကစားကို အားပေးခြင်း၊ အားကစားကို မြှင့်တင်ခြင်း သည် နိုင်ငံတော် တာဝန်ကို ထမ်းရွက်နေခြင်း၊ နိုင်ငံ့ ဂုဏ်သိက္ခာကို ကာကွယ်နေခြင်းဟု ဆိုရပါမည်။ မအောင်ငှိမ်းသည် သာမန် မိန်းကလေးတစ်ဦး ဘဝမှ ရိုးသားကြိုးစားသည့် စိတ်ဓာတ်ကို အရင်းခံ၍ မိမိ တတ်စွမ်းရာ အားကစား ပညာရပ်ဖြင့် နိုင်ငံ့ဂုဏ်ကို မြှင့် တင် ပေးနိုင်ခဲ့ခြင်း ဖြစ်သည်။
မအောင်ငှိမ်း ပါဝင် ယှဉ်ပြိုင်ခဲ့ရသော အပြည်ပြည်ဆိုင်ရာ မြားပစ် ပြိုင်ပွဲများမှာ များလှပါ၏။ ၂ဝဝ၆ ခုနှစ် ကမ္ဘာ့အဆင့် သတ်မှတ်ရေး ပထမအကြိမ် အာရှပတ်လည် မြားပစ်ပြိုင်ပွဲ (ထိုင်း) နှင့် ၂ဝ၁၁ ခုနှစ် ကမ္ဘာ့ မြားပစ်ပြိုင်ပွဲ (အီတလီ) တို့မှအပ ပြိုင်ပွဲတိုင်းတွင် ဆုတံဆိပ် လွတ်သွားသည်ဟူ၍ မရှိဘဲ ရွှေ၊ ငွေ၊ ကြေး တစ်ခုခုသော် လည်းကောင်း၊ ပေါင်း ၍သော် လည်းကောင်း ဆွတ်ခူး ရယူနိုင်ခဲ့သည်သာ ဖြစ်သည်။
၂ဝဝ၄ ခုနှစ် ကမ္ဘာ့အဆင့် သတ်မှတ်ရေး တတိယ အကြိမ် အာရှပတ်လည် မြားပစ်ပြိုင်ပွဲ (ဗီယက်နမ်) တွင် ငွေနှစ်ဆု၊ ၂ဝဝ၅ ခုနှစ် ပထမအကြိမ် အရှေ့တောင်အာရှ တံခွန်စိုက် မြားပစ်ပြိုင်ပွဲ (မြန်မာ) တွင် ကြေး နှစ်ဆု၊ ၂ဝဝ၅ ခုနှစ် (၂၃) ကြိမ်မြောက် အရှေ့တောင်အာရှ မြားပစ်ပြိုင်ပွဲ (ဖိလစ်ပိုင်) တွင် ကြေးတစ်ဆု၊ ၂ဝဝ၆ ခုနှစ် ကမ္ဘာ့အဆင့် သတ်မှတ်ရေး တတိယအကြိမ် အာရှပတ်လည်နှင့် ဒုတိယအကြိမ် အရှေ့တောင် အာရှ တံခွန်စိုက် မြားပစ်ပြိုင်ပွဲ (မြန်မာ) တွင် ငွေတစ်ဆုနှင့် ကြေးနှစ်ဆု၊ ၂ဝဝ၇ ခုနှစ် ကမ္ဘာ့အဆင့် သတ်မှတ်ရေး ပထမအကြိမ် အာရှပတ်လည် မြားပစ်ပြိုင်ပွဲ (ထိုင်း) တွင် ကြေးတစ်ဆု၊ ၂ဝဝ၇ ခုနှစ် (၂၄) ကြိမ်မြောက် အရှေ့တောင်အာရှ မြားပစ်ပြိုင်ပွဲ (ထိုင်း) တွင် ကြေးတစ်ဆု၊ ၂ဝဝ၈ ခုနှစ် ကမ္ဘာ့အဆင့် သတ်မှတ်ရေး ပထမအကြိမ် အာရှပတ်လည် မြားပစ်ပြိုင်ပွဲ (ထိုင်း) တွင် ကြေးတစ်ဆု၊ ၂ဝဝ၈ ခုနှစ် ကမ္ဘာ့အဆင့် သတ်မှတ်ရေး တတိယအကြိမ် အာရှပတ်လည်နှင့် တတိယအကြိမ် အရှေ့တောင်အာရှ တံခွန်စိုက် မြားပစ်ပြိုင်ပွဲ (ဖိလစ်ပိုင်) တွင် ရွှေနှစ်ဆုနှင့် ငွေနှစ်ဆု၊ ၂ဝဝ၈ ခုနှစ် ပထမအကြိမ် အာရှဖိတ်ခေါ် တံခွန်စိုက် မြားပစ်ပြိုင်ပွဲ (မြန်မာ) တွင် ရွှေနှစ်ဆုနှင့် ငွေတစ်ဆု၊ ၂ဝဝ၉ ခုနှစ် ကမ္ဘာ့အဆင့် သတ်မှတ်ရေး ပထမအကြိမ် အာရှပတ်လည် မြားပစ်ပြိုင်ပွဲ (ထိုင်း) တွင် ငွေတစ်ဆု၊ ၂ဝဝ၉ ခုနှစ် ကမ္ဘာ့အဆင့် သတ်မှတ် ရေးပဉ္စမအကြိမ် အာရှပတ်လည် မြားပစ်ပြိုင်ပွဲ (ဘင်္ဂလားဒေ့ရှ်) တွင် ရွှေနှစ်ဆု၊ ၂ဝဝ၉ ခုနှစ် (၂၅) ကြိမ် မြောက် အရှေ့တောင် အာရှ မြားပစ်ပြိုင်ပွဲ (လာအို) တွင် ရွှေတစ်ဆုနှင့် ငွေတစ်ဆု၊ ၂ဝ၁ဝ ပြည့်နှစ် ကမ္ဘာ့ အဆင့် သတ်မှတ်ရေး ဒုတိယအကြိမ် အာရှပတ်လည် မြားပစ်ပြိုင်ပွဲ (ထိုင်း) တွင် ရွှေနှစ်ဆုနှင့် ငွေတစ်ဆု၊ ၂ဝ၁ဝ ပြည့်နှစ် စတုတ္ထအကြိမ် အရှေ့တောင်အာရှ တံခွန်စိုက် မြားပစ်ပြိုင်ပွဲ (မြန်မာ) တွင် ရွှေငါးဆု၊ ၂ဝ၁၁ ခုနှစ် ကမ္ဘာ့အဆင့် သတ်မှတ်ရေး ပထမအကြိမ် အာရှပတ် လည် မြားပစ်ပြိုင်ပွဲ (ထိုင်း) တွင် ရွှေသုံးဆု၊ ငွေတစ်ဆုနှင့် ကြေးတစ်ဆု၊ ၂ဝ၁၁ ခုနှစ် ကမ္ဘာ့အဆင့် သတ်မှတ်ရေး ဒုတိယအကြိမ် အာရှပတ်လည် မြားပစ်ပြိုင်ပွဲ (လာအို) တွင် ငွေနှစ်ဆုနှင့် ကြေးနှစ်ဆု၊ ၂ဝ၁၁ ခုနှစ် (၂၆) ကြိမ်မြောက် အရှေ့တောင်အာရှ မြားပစ်ပြိုင်ပွဲ (အင်ဒိုနီးရှား) တွင် ရွှေသုံးဆု၊ ၂ဝ၁၂ ခုနှစ် ကမ္ဘာ့အဆင့် သတ်မှတ်ရေး ပထမအကြိမ် အာရှပတ်လည် မြားပစ်ပြိုင်ပွဲ (ထိုင်း) တွင် ရွှေတစ်ဆုနှင့် ငွေနှစ်ဆု၊ ၂ဝ၁၃ ခုနှစ် (၅) ကြိမ်မြောက် အရှေ့ တောင် အာရှ မြားပစ်ပြိုင်ပွဲ (မြန်မာ) တွင် ရွှေလေးဆုနှင့် ငွေတစ်ဆု၊ ၂ဝ၁၃ ခုနှစ် ကမ္ဘာ့အဆင့် သတ်မှတ် ရေး ပထမအကြိမ် အာရှပတ်လည် မြားပစ်ပြိုင်ပွဲ (ထိုင်း) တွင် ရွှေတစ်ဆု ရရှိခဲ့ပြီး ပြိုင်ပွဲ အရပ်ရပ်မှ ရွှေ ၂၆ ဆု၊ ငွေ ၁၅ ဆု၊ ကြေး ၁၁ ဆု စုစုပေါင်း ဆုတံဆိပ် ၅၂ ခုရယူပြီး နိုင်ငံ့ဂုဏ်ကို အားကစားဖြင့် မြှင့်တင် ပေးနိုင်ခဲ့ ပါသည်။
မအောင်ငှိမ်းသည် မိမိ ဝါသနာပါရာ အားကစား ပညာရပ်ကို ဇွဲ၊ လုံ့လ၊ ဝီရိယတို့နှင့် ပေါင်းစပ်၍ မဆုတ်မနစ် ကြိုးပမ်း အားထုတ်ခြင်းဖြင့် အောင်မြင်မှု ပန်းတိုင်သို့ တစ်ဆင့်ပြီး တစ်ဆင့် တက်လှမ်း နိုင်ခဲ့ခြင်း ဖြစ်သည်။ မေ ၂ ရက်က မြဝတီ သတင်းထောက်နှင့် တွေ့ဆုံစဉ် မအောင်ငှိမ်းက ၎င်း၏ အားကစားသမား ဘဝ ခံယူချက်နှင့် ယုံကြည်ချက် များကို ယခုလို ပြောပြခဲ့သည်။
''ကျွန်မအသက် ၁၇ နှစ်အရွယ် ၂ဝဝ၂ ခုနှစ်မှာ မြားပစ် အားကစားကိုစပြီး ကစားခဲ့ပါတယ်။ ကျွန်မတို့ နယ်မြေ မှာ မြားပစ်သင်တန်း လာဖွင့်တဲ့ အချိန်တုန်းက ဒီအားကစားနည်းကို လူသိ မများသေးတော့ ထူးဆန်းနေသလို ခံစားရပြီး ကိုယ်တိုင်ကလည်း နှစ်သက်မိတာမို့ ရွေးချယ်ခဲ့တာပါ။ အရှေ့တောင်အာရှ နိုင်ငံ တွေကို အများဆုံး သွားရောက် ကစားခဲ့ရပြီး ကိုရီးယားနိုင်ငံနဲ့ အီတလီနိုင်ငံ ကိုလည်း သွားရောက် ကစားခဲ့ ပါတယ်။ ကြိုတင် ပြင်ဆင်မှု အနေနဲ့ ပြိုင်ဘက်နိုင်ငံက အားကစားသမား တွေရဲ့ ကစားပုံ အခြေအနေတွေ၊ သူတို့ပစ်တဲ့ ပုံစံတွေကို လေ့လာပါတယ်။ ဒီအားက စားနည်းကို နှစ်သက်တော့ ဇွဲရှိရှိနဲ့ ကြိုးစားခဲ့ပါတယ်။ ဘယ်အားကစားနည်း မဆို ရှုံးပွဲတွေ ရှိနေသလို နိုင်ပွဲတွေလည်း ရှိနေမှာပါ။ အရှုံးနဲ့ ရင်ဆိုင်ရတဲ့ အချိန်မှာ စိတ်မပျက်ဘဲ သည်းခံပြီး ကြိုးစားနိုင်ရ ပါမယ်။ မိမိကစားတဲ့ အားကစား အပေါ်မှာ စိတ်ဝင်စားမှု ရှိမယ်၊ ဇွဲရှိရှိနဲ့ သည်းခံ ကြိုးစား သွားမယ်ဆိုရင် အောင်မြင်မှုတွေ မလွဲမသွေ ရရှိနိုင်မှာပါပဲ။
မြားပစ် အားကစားမှာ Compound နဲ့ Recurve ဆိုပြီး အမျိုးအစား နှစ်မျိုး ရှိပါတယ်။ ပြိုင်ပွဲ အမျိုးအစား အနေနဲ့ ကတော့ တစ်ဦးချင်း ကျား၊ မ ရှုံးထွက်ပြိုင်ပွဲ၊ အသင်းလိုက် ကျားမသုံးယောက်တွဲ ပြိုင်ပွဲနဲ့ Mix Teal လို့ ခေါ်တဲ့ ကျားတစ်ယောက်၊ မတစ်ယောက် ပြိုင်ပွဲဆိုပြီး သုံးမျိုး ရှိပါတယ်။ အခြား နိုင်ငံတွေကို သွားရောက် ကစားတဲ့ အခါ ရာသီဥတုနဲ့ အချိန် ကွာခြားချက်တွေကြောင့် အိပ်ချိန်၊ စားချိန် မတူညီဘဲ ယှဉ်ပြိုင်ရတော့ အခက်အခဲလေးတွေ ရှိတတ်ပါတယ်။ ဒါတွေကို နိုင်ငံတော် အတွက် ငါတို့ တတ်နိုင်တဲ့ အားကစားနည်းနဲ့ ဂုဏ်ဆောင် ပေးနိုင်ရမယ် ဆိုတဲ့ ခံယူချက်နဲ့ ကျော်လွှား ဖြတ်သန်းခဲ့ပါတယ်။ နိုင်ငံတော် အနေနဲ့ ကလည်း နိုင်ငံ ကိုယ်စားပြု အားကစား သမားကောင်းတွေ ပေါ်ထွန်းလာစေဖို့ အတွက် A အဆင့် ရရှိသူတွေကို ငွေကျပ် တစ်သိန်း၊ B အဆင့် ရရှိသူတွေ ကို ငွေကျပ် ရှစ်သောင်းနဲ့ C အဆင့် ရရှိသူတွေကို ငွေကျပ် ငါးသောင်း ပံ့ပိုး ပေးထားပါတယ်။
အခုလို နိုင်ငံ့ဂုဏ်ဆောင် အားကစား စွမ်းဆောင်ရည် အကောင်းဆုံး ဆုကို သမ္မတကြီး ကိုယ်တိုင်က ချီးမြှင့် ပေးအပ်တာ ခံယူရတဲ့ အတွက် အတိုင်းမသိ ဝမ်းမြောက် ဂုဏ်ယူ မိပါတယ်။ ကျွန်မတို့ နိုင်ငံက အိမ်ရှင် အဖြစ်လက်ခံ ကျင်းပမယ့် ဆီးဂိမ်း ပြိုင်ပွဲကြီးမှာ မြားပစ် အားကစားနည်းတွေနဲ့ ရွှေဆုတွေအများကြီး ဆွတ်ခူးနိုင်အောင် ကျွန်မတို့ ပြင်းပြင်းထန် ထန် လေ့ကျင့်ပြီး စွမ်းစွမ်းတမံ ပါဝင် ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်'' ဟု မအောင်ငှိမ်းက ပြောသည်။
မှန်ပါသည်။ အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့် ရသော နိုင်ငံတိုင်းတွင် ဆုတံဆိပ် အများဆုံး ဆွတ်ခူးရန် အိမ်ရှင် ပရိသတ် အားနှင့် စိတ်ဓာတ် တက်ကြွမှု ယုံကြည်ချက် ပြင်းပြခြင်း ဟူသော အခွင့်အရေးများ ရှိနေ ပါသည်။ ရွှေ၊ ငွေ၊ ကြေးဟူ၍ ဆုတံဆိပ် အမျိုးအစား သုံးမျိုးရှိရာ ရွှေတံဆိပ် ရရှိမှသာလျှင် ဆုရသည်ဟု ပြိုင်ပွဲဝင်တိုင်း မလွဲမသွေ ခံယူ ထားရပါ မည်။ ရွှေတံဆိပ်၏ ဂုဏ်ဒြပ် ထည်ဝါမှုသည် အားကစား သမားတိုင်း၊ နိုင်ငံတိုင်း အတွက် ရင်ခုန် မျှော်လင့် ရသော အောင်မြင်မှု တစ်ရပ်ဟုလည်း ဆိုနိုင်ပါသည်။
နိုင်ငံတော် အစိုးရသည် နိုင်ငံ့ စွမ်းဆောင်ရည် ဆုကို ရည်ရွယ်ချက် ကြီးမားစွာဖြင့် ရွေးချယ် ချီးမြှင့်ခဲ့ခြင်း ဖြစ်သည်။ နိုင်ငံ ၏ မျက်နှာစာ အသီးသီးတွင် ပုံရိပ်ကောင်းများ လွှမ်းခြုံ စေနိုင်သော စွမ်းဆောင်ရှင်များကို ဂုဏ်ပြု ချီးမြှင့်ခြင်း လည်း ဖြစ်ရာ မအောင်ငှိမ်းသည် နိုင်ငံ၏ အားကစား မျက်နှာစာမှ ဂုဏ်ယူဖွယ်ရာ ပေါ်ထွက်လာခြင်းပင် ဖြစ်သည်။
ယနေ့ ကမ္ဘာပေါ်တွင် အားကစားနည်းများသည် ပြိုင်ပွဲဝင် အားကစားသမားများ၏ ဆုတံဆိပ်၊ ငွေကြေးရရှိမှု ထက် နိုင်ငံတစ်နိုင်ငံ၏ ဂုဏ်သိက္ခာကိုပါ မြှင့်တင်ပေးရာ ရောက်ကြောင်း အသွင်ပြောင်းလဲ သိရှိလာကြပြီ ဖြစ်ပါ သည်။ နှစ်ပေါင်း ၄၄ နှစ်ကြာမှ တတိယ အကြိမ်မြောက် အိမ်ရှင်နိုင်ငံ အဖြစ် ကျင်းပခွင့်ရသည့် မြန်မာ တစ်မျိုးသားလုံး အတွက် ဂုဏ်ယူဖွယ်ရာ အားကစား ပြိုင်ပွဲကြီးတွင် မအောင်ငှိမ်း ကဲ့သို့ အားကစားသမား လူစွမ်းကောင်းများ စွမ်းစွမ်းတမံ ပေါ်ထွက် လာစေလိုသော ဆန္ဒဖြင့် နမူနာယူဖွယ် ဂုဏ်ပြုရေးသား တင်ပြ လိုက်ခြင်း ဖြစ်ပါသည်။ ။
 Myawady News

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။