ချစ်သူနဲ့ အဆင်ပြေချင်ရင် ဒါလေးတွေကို ရှောင်
--------------------------
(၁) “တော်ပြီ… နင်နဲ့ ငါလမ်းခွဲတာပဲကောင်းတယ်”
ဘယ်လိုအခြေအနေရောက်ရောက် ကိုယ့်ဘက်က သူ့ကို လမ်းမခွဲနိုင်သေးဘူးဆိုတာသေ
(၂) “အရင်ရည်းစားကို ဘယ်လောက်ထိချစ်ခဲ့လဲဟင်”
ချစ်သူရဲ့  အရင်ရည်းစားအကြောင်းကို ခဏခဏမမေးမိပါစေနဲ့… သူစိတ်ရှုပ်လာတတ်တယ်… ငါ့ချစ်သူက ငါ့ကို ဒီလောက်တောင် မယုံဘူးလား… နားမလည်ပေးနိုင်ဘူးလားဆိုပြ
(၃) ကိုယ့်ချစ်သူကို လူ့ရှေ့သူ့ရှေ့မှာ မအော်မိပါစေနဲ့ … မဆူမိပါစေနဲ့
ယောက်ျားဖြစ်ဖြစ် မိန်းမဖြစ်ဖြစ် မာနကမသေးဘူး … သူတို့ ဘယ်လောက်မှားနေမှားနေ မအော်သင့်ပါဘူး… သူတို့ကို သိက္ခာကျစေတဲ့အတွက် ကိုယ့်ကို စိတ်နာသွားတတ်တယ်… ပြီးတော့ကိုယ့်ကိုလည်း အဆင့်မရှိတဲ့လူ လို့ထင်သွားတတ်ပါတယ် …
(၄) ကိုယ့်ချစ်သူကျူးလွန်ခဲ့တဲ့
ကိုယ့်ကိုရော အရင်က အပြစ်တွေ ခဏခဏ ပြန်ပြန်ပြီး လာပြောနေရင် ကြိုက်မလား… ဘယ်ကြိုက်မလဲ … စိတ်ညစ်တာပေါ့… သူတို့လဲ ဒီလိုပဲ… ကိုယ်က ပွစိပွစိနဲ့ အရင်က ဟာတွေပြန်ပြန် ပြောနေရင် စိတ်ညစ်ကြမှာပါ …
(၅) “ဒါလေးတောင် မသိဘူးလား” (သို့) “ဒီလောက်တော့ လုပ်နိုင်ရမှာပေါ့”
ကိုယ့်ချစ်သူကို ဘယ်လောက်ပဲ အားမလို အားမရ ဖြစ်ဖြစ် ဒီလိုပြောလိုက်ရင် သူစိတ်ထိခိုက်သွားလိမ့်မယ်…
(၆) ကိုယ့်ချစ်သူကို ဘယ်လောက်ပဲ ဒေါသဖြစ်နေနေ မဆဲမိပါစေနဲ
ရှေ့မှာ ပြောခဲ့သလိုပဲ တကယ်ချစ်ရင် တန်ဖိုးထားသင့်ပါတယ် … သူက တချိန်ချိန်မှာ ကိုယ့်ရဲ့  အိမ်ထောင်ဖက် ဖြစ်မှာလေ… (ရည်ရွယ်ထားရင်ပေါ့) ဒီတော့ တယောက်ကို တယောက် လေးလေးစားစား ဆက်ဆံတာ အကောင်းဆုံးပါပဲ…
(၇) “နင်နဲ့ ချစ်သူဖြစ်ပြီးကတည်းက ငါ့မှာ သူငယ်ချင်းကို သိပ်မရှိတော့ဘူး … အဲဒါ နင့်ကြောင့် ”
သူနဲ့ ချစ်သူဖြစ်ပြီးတဲ့နောက် သူ့အတွက်ပဲ အချိန်တွေပေးဖြစ်ပြီး ကိုယ်က သူငယ်ချင်းတွေနဲ့ အဆက်အဆံကြဲသွားတတ်ပါတယ် … အဲဒါ ကိုယ့် ချစ်သူကြောင့်လို့ အပြစ်မတင်သင့်ဘူး ... ဘာလို့လဲ ဆိုတော့ သူ့ကို ချစ်လို့ ကိုယ်ပြောင်းလဲသွားတာလေ… သူက အတင်း သူငယ်ချင်းတွေကို မပေါင်းရဘူးဆိုပြီး ဖြတ်ခိုင်းတယ် ဆိုရင်တော့ တမျိုးပေါ့…
(၈) “ကိုကလေ တခါတခါ အခြောက်နဲ့တူတယ် သိလား”
ဒါကတော့ မိန်းကလေးများအတွက် အထူးသတိပြုစရာပါ ... တခါတလေ ကိုယ့်ကောင်လေးက အခြောက်နဲ့ တူသွားတဲ့ အပြုအမူတချို့  ရှိမှာပါ … ဒါပေမယ့် အခြောက်နဲ့ တူတယ်လို့ သွားပြောလိုက်ရင်တော့ မကောင်းပါဘူး … သူငယ်ချင်းတွေကြားထဲဆို ပိုဆိုးတာပေါ့ ... သူ့ကို စော်ကားရာရောက်ပြီး သူစိတ်ဆိုးသွားလိမ့်မယ်… တကယ်ခြောက်နေတဲ့ လူတချို့  တောင် သူတို့ကို အခြောက်နဲ့ တူတယ်လို့ ပြောရင် မကြိုက်ကြပါဘူး…
(၉) ကိုယ့်ချစ်သူရဲ့  ဆွေမျိုးတွေ မိဘတွေ မကောင်းကြောင်း ဘယ်တော့မှ မပြောမိပါစေနဲ့ …တကယ်မကောင်းလို့ ပါးစပ်ကနေထုတ်ညည်းချင် တယ်ဆိုရင်တောင် သူ့ရှေ့မှာ မညည်းမိပါစေနဲ့… သူ့ဆွေမျိုး သူ့မိဘကို ကိုယ့်ဆွေမျိုး ကိုယ့်မိဘလိုပဲ သဘောထားပေးပါ …
(၁၀) ကိုယ့်ချစ်သူကို ဘယ်သူနဲ့မှ မနှိုင်းပါနဲ့ ...
ကိုယ့်ချစ်သူကို ကိုယ့်ရဲ့  သူငယ်ချင်းတွေနဲ့ မနှိုင်းပါနဲ့ ... ကိုယ့်သူငယ်ချင်းရဲ့  ရည်းစားတွေနဲ့လည်း မနှိုင်းနဲ့ … ဖြစ်နိုင်ရင် ဘယ်သူနဲ့မှ မနှိုင်းပါနဲ့ … တယောက်ယောက်နဲ့ခိုင်းနှိုင်း
Burmese Treasure
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။