Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Sunday, March 24, 2013

" ဘယ်သူစားစား စပ်ပါတယ်... "

 
သူငယ်ချင်း အားလုံးပဲ မင်္ဂလာပါ…
 
လတ်တလော ဖြစ်နေတာတွေကို မြင်နေရတာ… တွေ့နေရတာတွေ အရာရာတိုင်းဟာ တကယ့်ကို စိတ်နှလုံး မချမ်းမြေ့စရာ တွေချည်းပါပဲ၊ ကျွန်တော်တို့နိုင်ငံဟာ ဗုဒ္ဓဘာသာ ဗမာနိုင်ငံဖြစ်တယ်ဆိုတာ မှန်ပါတယ် ကျွန်တော်တို့ကိုယ်တိုင် မိရိုးဖလာ အစဉ်အဆက် ဗုဒ္ဓဘာသာကိုးကွယ်လာကြတာပါ၊ ကျွန်တော်ကိုင်တိုင် သက်ဝင်ယုံကြည်မှုနဲ့ ဗုဒ္ဓဘာသာဝင် အဖြစ် ယုံကြည်စွာ ကိုးကွယ်လာခဲ့တာပါ၊ ဒါပေမယ့် တိုင်းပြည်တပြည်မှာ ဘာသာတခုထဲကိုပဲ အလေးပေးကိုးကွယ်ရမယ်လို့တော့ မဟုတ်ပါဘူး လူသားတိုင်းမှာ လွတ်လပ်စွာ ကိုးကွယ်ပိုင်ခွင့်ဆိုတာ ရှိပါတယ်၊ ကျွန်တော်တို့ တိုင်းပြည်မှာလဲ ဘာသာပေါင်းစုံ လူမျိုးပေါင်းစုံ ငြိမ်းချမ်းအေးဆေးစွာ အတူတကွ ရပ်တည်ရှင်သန်နေထိုင်လို့ ရပါတယ်။ လူမျိုး ဘာသာ၊ အသားအရောင် ခွဲခြား ဆက်ဆံမှုတွေ လူလူချင်းကြားမှာ မရှိသင့်ပါဘူး၊ လူသားတိုင်း လူ့အခွင့်အရေးအရ လွတ်လပ်စွာ ကိုးကွယ်ပိုင်ခွင့် ရှိပါတယ်၊

ဘာသာတခု နဲ့ တခု.. အပေါ်မှာလဲ ကိုယ်ကိုးကွယ်တဲ့ ဘာသာမဟုတ်တာနဲ့ တခြားဘာသာတခု ကို ပြစ်တင်ရှုံ့ချနေတာတွေ ထိုးနှက်တိုက်ခိုက် နေတာတွေဟာ တကယ်တော့ မဖြစ်သင့်ပါဘူး၊ အကြောင်းအရာတခုရဲ့ မဖြစ်သင့်တာကို ဝေဖန်ပိုင်းခြား ပြတယ်ဆိုတာနဲ့ ပြစ်တင်ရှုံ့ချတယ်ဆိုတာ တကယ်တော့ လုံးဝမတူညီနိုင်ပါဘူး၊ ဘယ်သူမဆို ကိုယ့်ဘာသာ သာသနာကို ထိခိုက်လာမယ်ဆိုရင် တော့ ဘာသာသာသနာကို ကာကွယ်ဖို့အတွက် ကြိုးစားပြီး တုန့်ပြန်ကြမှာပါပဲ၊ အစကတည်းက တဦးကို တဦး အပြန်အလှန် လေးစားသမှုတွေ ရှိခဲ့ကြမယ်ဆိုရင် ထိခိုက်နစ်နာအောင် မပြုလုပ်ခဲ့ကြဘူး ဆိုရင် ပြဿနာဆိုတာ ဖြစ်လာကြမှာမဟုတ်ပါဘူး၊

ဥပမာ - ဗမာ တဦးဖြစ်တာနဲ့ ဗုဒ္ဓဘာသာပဲ ကိုးကွယ်ရမယ်၊ ကုလားလူမျိုး ဖြစ်တာနဲ့ မွတ်စလင်ဘာသာ ကိုးကွယ်ရမယ်ဆိုပြီး ရှိခဲ့ကြတာမဟုတ်ပါဘူး၊ လူတဦးချင်းစီရဲ့ မွေးဖွားလာတဲ့ ပတ်ဝန်းကျင်အရ ငယ်ဘဝကတည်းက မိဘမျိုးရိုးစဉ်ဆက်ရဲ့ ကိုးကွယ်မှု နောက်ကိုလိုက်ပြီးကိုးကွယ် ခဲ့ကြတာများပါတယ်။ ဒါကြောင့်မို့လို့ လူတဦး နဲ့ တဦးဆက်ဆံရေး အယူဝါဒတွေမှာ ဘာသာတရားကြောင့် အနည်းငယ်စီ ကွဲလွဲ နေနိုင်ကြပါတယ်၊ အကြောင်းအမျိုးမျိုးကြောင့် သဘောထား မတိုက်ဆိုင်ခဲ့ကြရင် အကြောင်းအမျိုးမျိုးကြောင့် ပြဿနာတွေတက်ခဲ့ကြရင် သူဟာ ဗုဒ္ဓဘာသာဖြစ်လို့ သူဟာ ခရစ်ယာန်ဖြစ်လို့ သူဟာ မွတ်စလင်ဖြစ်လို့ ဆိုပြီး အားလုံးကို တရားသေတွက်ယူလို့ မရနိုင်ပါဘူး၊ ဘာသာမတူ လူမျိုးမတူသူတွေ အကြောင်းအရာတခုကြောင့် ပြဿနာတက်ခဲ့ကြရင် အဲ့ဒီ ပြဿနာတခုရဲ့ အစ ပြဿနာတခုရဲ့ အရင်းအမြစ်ကို သေချာစုံစမ်းပြီး အဲ့ဒီပြဿနာနဲ့ သက်ဆိုင်ရာကိစ္စကိုပဲ ရင်ဆိုင်ဖြေရှင်း ကြသင့်ပါတယ်။ လူတိုင်းမှာ အမှားမကင်းနိုင် ကြသလို လူတိုင်းလဲ မမှန်နိုင်ကြပါဘူး.. ဒီလိုပါပဲ လူအမျိုးမျိုး စိတ်အထွေ ရှိနေကြတဲ့ အထဲမှာ ကိုယ်နဲ့ ဘာသာတူ လူမျိုးတူတိုင်းလဲ ကိုယ်နဲ့ သဘောထားတူချင်မှ တူမှာပါ.. ကိုယ့်ရဲ့ ဘာသာဝင် လူမျိုးတူတွေထဲမှာလဲ ဗမာပဲဖြစ်ဖြစ် ကုလားပဲဖြစ်ဖြစ် ကိုယ့်အပေါ်ကောင်းတဲ့လူရှိသလို မကောင်းတဲ့လူလဲ ရှိရင်ရှိနေခဲ့မှာပါ.. ခြေမမကောင်း ခြေမ၊ လက်မမကောင်း လက်မ ဆိုသလိုပဲ မကောင်းတဲ့လူအပေါ်မှာ ကိုယ့်ရဲ့ စိတ်ခံစားချက်နဲ့ တုန့်ပြန်မှုကို တိုက်ရိုက် တုန့်ပြန်သင့်ပါတယ်၊ ကြားထဲက မဆိုင်သူတွေပါ အကုန်လုံးကို ဝါးလုံးရှည်နဲ့သိမ်းပြီး ယမ်းသလိုမျိုးတော့ မဖြစ်စေချင် ပါဘူး။ ဖြစ်လာတဲ့ အကြောင်းအရာကို ကြီးတဲ့ အမှုကိုငယ်အောင် ငယ်တဲ့ အမှုကို ပြီးပျောက် အေးငြိမ်းအောင် ဝိုင်းဝန်းဖြေရှင်းပေးသင့် ကြပါတယ်။

အဓိက ပြောချင်တဲ့ အကြောင်းကတော့ တကယ်တော့ လက်ရှိ မြန်မာနိုင်ငံမှာ ရှိနေကြတဲ့ နေထိုင်နေကြတဲ့ လူတွေအားလုံးဟာ ဘယ်လိုဘာသာဝင်ပဲ ဖြစ်နေပါစေ ဘယ်လိုလူမျိုးပဲ ဖြစ်နေပါစေ တကယ့်ကို တမြေထဲနေ တရေထဲသောက်နေကြရတဲ့လူတွေပါ၊ တခြားနိုင်ငံမှာ နေစရာမရှိလို့ ကူးလာတဲ့ (ထားပါတော့ အများပြောစကားအရ) ကျူးကျော်ဝင်ရောက်လာသူတွေပေါ့ သူတို့လဲ အခုခဏ လက်ရှိမှာတော့ ဒီမြေဒီရေထဲကို ရောက်လာပြီး နေထိုင်တော့ တမြေထဲနေ တရေထဲ သောက်တွေပဲပေါ့၊ တကယ်တော့ လူဆိုတာ အသိဥာဏ်ရှိတဲ့… အရာရာကို စဉ်းစားဆင်ခြင်နိုင်စွမ်း မြင့်မားကြတဲ့ လူတွေပါ ကိုယ့်ကို ပြုံးပြရင် ပြုံးပြမှာ ဖြစ်သလို၊ ကိုယ့်ကို မဲ့ပြခဲ့ကြရင်လဲ ပြန်မဲ့ပြကြမှာပါပဲ၊ ပေးတဲ့လူနဲ့ လက်ခံယူတဲ့လူ နှစ်ယောက်နဲ့သာ သက်ဆိုင်ပါတယ်၊ လူတဦးကို ပြုံးပြလို့ သူက ပြန်မပြုံးပြနေပေမယ့် ကိုယ့်ဘက်ကသာ စိတ်သဘောထားဖြူဖြူနဲ့ တွေ့တဲ့ အချိန်တိုင်း ပြုံးပြနေခဲ့မယ် ဆိုရင် သူ့အနေနဲ့တချိန်မှာ ပြန်မပြုံးပြဘူး ဆိုတာ ဘယ်လိုနည်းနဲ့မှ မဖြစ်နိုင်ပါဘူး၊ တချိန်မှာတော့ မကောင်းတတ်လို့ဖြစ်စေ၊ အားနာလို့ဖြစ်စေ၊ ဝတ်ကျေတန်းကျေဖြစ်စေ ပြန်ပြုံးပြလာမှာပါ၊ အရာရာတိုင်းဟာ ပေးလိုက်သူနဲ့ လက်ခံလိုက်သူနဲ့ တထပ်တည်းမကျနိုင်ပေမယ့် ပေးသူက မှန်မှန်ပေးခဲ့ရင် လက်ခံသူဟာ တနေ့တော့ လက်ခံယူနိုင်ပြီး ပြန်ပေးလာနိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်။

လူတိုင်းလူတိုင်း ကိုလဲ ဒီလိုမျိုး စိတ်ထဲမှာ ထားပြီး ဆက်ဆံကြည့်စေချင်တယ်၊ သူမဲ့လို့ ကိုယ်ပြန်မဲ့ပြ နေမယ်ဆိုရင် အရာရာဟာ ဘယ်မှာလာ အေးချမ်းနိုင်ပါ့မလဲ၊ လူတဦးတယောက်ဟာ ကိုယ့်အပေါ်မှာ စော်ကားစွာ ရိုင်းပြစွာ ကျူးလွန်လာခဲ့တယ်ဆိုရင် သူနဲ့တူညီနဲ့ တန်းတူတဲ့ ဒဏ်ခတ်မှုဆိုတာတော့ ရှိသင့်ပါတယ်၊ အဲ့ဒီအတွက် နိုင်ငံတိုင်း… နိုင်ငံတိုင်းမှာ တရားမှုအတွက် ဥပဒေ ဆိုတာတွေ ရှိပါတယ် အဲ့ဒီတော့ လူတဦးတယောက်က ကိုယ့်အပေါ်မှာ အသိဥာဏ်ကင်းမဲ့စွာ တရားဥပဒေ အပြင်ကနေ ဆက်ဆံလာခဲ့မယ် ဆိုရင် ကိုယ့်ဘက်ကနေ တရားဥပဒေဘောင် အတွင်းကနေ ပြန်ပြီး ဒဏ်ခတ် ပိုင်ခွင့် ဆိုတာတော့ ရှိပါတယ်၊ မတရားတာကို ဒီအတိုင်းခေါင်းငုံခံ နေရမယ်လို့ ဆိုလိုချင်တာ မဟုတ်ပါဘူး။ သူရိုင်းလို့ ကိုယ်ပြန်ရိုင်းရင် ကိုယ်ပါ လူရိုင်းဖြစ်သွားတော့မှာပေါ့၊ လူတဦးရဲ့ အသိဥာဏ်၊ လူတဦးရဲ့ စဉ်းစားဆင်ခြင်နိုင်စွမ်း၊ လူတဦးရဲ့ အတွေးအခေါ်၊ လူတဦးရဲ့ အပြုအမူ၊ လူတဦးရဲ့ အပြောအဆို၊ လူတဦးရဲ့ လူသားအချင်းချင်း လူပီသစွာဆက်ဆံမှု၊ လူသားအချင်းချင်း စာနာထောက်ထားမှု အရာရာတိုင်းဟာ လူတဦးချင်းစီရဲ့ စိတ်ဓါတ်နဲ့ပဲ ဆိုင်ပါတယ်။ လူတဦးချင်းစီ တဦးချင်းစီသာ ထိန်းသိမ်းနိုင်စွမ်းရှိခဲ့ကြမယ် လူသားအချင်းချင်း စာနာနားလည်နိုင်စွမ်း ရှိခဲ့ကြမယ် ဆိုရင် ဒီနေ့ မြန်မာပြည်မှာ ဖြစ်နေတဲ့ ပြဿနာတွေ အဓိကရုဏ်းတွေ ဆိုတာ ဖြစ်လာမှာ မဟုတ်ပါဘူး။

ဒီကနေ့ ဖြစ်နေကြတဲ့ ပြဿနာတွေထဲက နယ်မြေတခုလေးကိုပဲ စဉ်းစားကြည့်ကြရအောင် ရခိုင်ပြည်မှာ ဆိုကြပါစို့ … တကယ်တော့ ရခိုင်ပြည်ဟာ မြန်မာနိုင်ငံအတွင်းက ပြည်နယ်နဲ့ တိုင်း တွေထဲမှာ သွားရလာရ အနည်းငယ်တော့ ခက်ခဲတဲ့ ပြည်နည်ထဲမှာ ပါဝင်ပါတယ်၊ ပြည်နယ် အတွင်းမှာ နေထိုင်သူတွေရဲ့ ဖွံ့ဖြိုးတိုးတက်မှု၊ မတိုးတက်မှု၊ ကောင်းမွေ၊ ဆိုးမွေ အရာရာတိုင်းကို ဒီပြည်နယ် အတွင်းမှာ နေထိုင်သူတိုင်း တန်းတူ ခံစားကြရမှာပါ၊ ဗုဒ္ဓဘာသာဝင်ဖြစ်စေ၊ ခရစ်ယာန်ဘာသာဝင်ဖြစ်စေ၊ မွတ်စလင်ဘာသာဝင်ဖြစ်စေ၊ တခြားဘာသာဝင်တွေလဲ ဒီအတိုင်းပဲ တန်းတူရည်တူ ခံစားကြရမှာပါ၊ ဒီပတ်ဝန်းကျင် ဒီရေ ဒီမြေ ပေါ်မှာပဲ စိုက်ပျိုးထွန်ယက် ရောင်းဝယ် စားသောက်ပြီး၊ ဒီမြေကြီးကထွက်တဲ့ ရေကိုပဲ အတူတူသောက်နေကြရတာပါ၊ ဒီပတ်ဝန်းကျင်က ထွက်တဲ့ ဆန်စပါး၊ သစ်သီးဝလံ၊ သားငါး အားလုံးကို အတူတကွ စားသုံးပြီး ရှင်သန်နေထိုင်ကာ ဘဝကို ဖြတ်သန်း ကြရတာပါပဲ၊

ဥပမာ - သကြားဆိုရင် ဗုဒ္ဓဘာသာဝင်မို့ ပိုချိုမှာလား၊ သံပုရာသီးဆိုရင် ခရစ်ယာန်ဘာသာဝင် မို့ ပိုချဉ်နေပါ့မလား၊ ငရုတ်သီးဆိုရင်ရော မွတ်စလင်ဘာသာဝင် မို့လို့ များ ပိုစပ်နေပါ့မလား စဉ်းစားကြည့်ပါအုန်း……

တကယ်တော့ အားလုံးအတူတူပါပဲ… “ ဘယ်သူစားစား ချို မှာ ချဉ် မှာ စပ်မှာပါ ” ပဲ။

နောက်ဆုံး ဒီမြေ ဒီပတ်ဝန်းကျင် မှာ ဖြစ်ပေါ်လာတဲ့ သဘာဝပတ်ဝန်းကျင်ရဲ့ ဒုက္ခတွေ (ငလျှင်ဒဏ်၊ ဆူနာမီဒဏ်၊ လေမုန်တိုင်းဒဏ်၊ …. ) အားလုံးကိုလဲ ဒီလူတွေ အတူတကွ ခံစားနေကြ ရတာပါပဲ၊ ရခိုင်လိုဒေသမှာ မကြာခဏ ဖြစ်တတ်တဲ့ လေမုန်တိုင်း တိုက်ခတ်တဲ့အခါ.. ဘယ်အိမ်ကိုတော့ တိုက်မယ်၊ ဘယ်အိမ်ကိုတော့ဖြင့် မတိုက်ဘူးဆိုပြီး မရှိပါဘူး၊ ဗုဒ္ဓဘာသာဝင်တွေရဲ့ သာသနိက အဆောက်အဦးတွေကို ဖျက်ဆီးသွားနိုင်သလို၊ ခရစ်ယာန်ဘုရားကျောင်းတွေ၊ ဗလီတွေကိုလဲ ဖျက်ဆီးသွားမှာပါပဲ။ အားလုံး တန်းတူရည်တူ ခံစားကြရတာပါပဲ.. စဉ်းစားကြည့်ရင် သဘာဝ တရားကြီးမှာ ခွဲခြားမှုဆိုတာ မရှိနေပါဘူး အားလုံးအတွက် တန်းတူရည်တူပါပဲ၊ ကျွန်တော်တို့တတွေ ဒီကမ္ဘာမြေကြီးပေါ်မှာ ရပ်တည်ရှင်သန် နေထိုင်ကြတာချင်း အတူတူ လူတဦးနဲ့ တဦး စိတ်ခံစားချက် တွေ မတူညီလို့ ကွဲလွဲနေကြတာက လွဲရင် အရာအားလုံးဟာ သာတူညီမျှ ဖြစ်တည်နေတာပါပဲ။

လူ… လူချင်း လူသားပီသစွာနဲ့ လူကို လူလိုပဲ မြင်စေချင်ကြပါတယ်… ကိုးကွယ်တဲ့ ဘာသာ၊ မတူညီကြတဲ့ လူမျိုး၊ အသားအရောင် ဆိုတဲ့ ဘောင် ထဲကနေပြီး အမြင်ကျဉ်းမြောင်းစွာ ကြည့်နေကြတာတွေ သဘောထားသေးစွာ ဆက်ဆံနေကြတာတွေ အားလုံးကို စဉ်းစားပြီး ဆင်ခြင်ကြ စေချင်ပါတယ်၊ အားလုံးဟာ ကိုယ်နဲ့ပဲဆိုင်ပါတယ် လူတဦး တယောက်ချင်းဆီနဲ့ပဲ ဆိုင်ပါတယ်… ကိုယ်ကိုယ်တိုင်လဲ လူပီသစွာ နေထိုင်နေကြသလို… လူတိုင်း လူတိုင်းကို လူပီသစွာ ဆက်ဆံစေချင်ပါတယ်… အားငယ်သူကို ဖေးမကူညီချင်တဲ့ စိတ်ထားတွေ… စာနာနားလည်ပေးတဲ့ စိတ်ထားတွေဟာ လူတိုင်းလူတိုင်းမှာ ရှိပါတယ် တကယ်တော့ ကိုယ့်စိတ်ကိုကိုယ် သေချာလေး မစမ်းစစ် ကြည့်ကြသေးလို့ပါ… အခုအချိန် အခုနာရီ ကနေစပြီး… လူတွေအပေါ် အကောင်းမြင်တတ် တဲ့ စိတ်ထားလေး နည်းနည်းလေးထားပြီး… မြင်နေတဲ့ အမြင်ဆိုးတွေကို ခဏလေးဖြစ်ဖြစ် အကောင်းဘက်ကနေ မြင်ကြည့်လိုက်ပါ အရင်ဦးဆုံး မိမိကိုယ်တိုင် အေးချမ်းတာကို ခံစားကြရမှာပါ…

ဖြစ်ပေါ်နေတဲ့ အရာအားလုံး အမြန်ငြိမ်းချမ်းပြီး လူတွေအားလုံး အေးချမ်းစေချင်ပါတယ်…….။

( အရာရာ တတ်သိနားလည်ပြီး ဆရာလုပ်နေခြင်းလဲ မဟုတ်ပါ… လူတွေထဲမှာ နေတဲ့ လူတယောက် အနေနဲ့ ကိုယ်ထင်တာလေးတွေကို အမြင်တူသူတွေကို ရှယ်ယာလုပ်ခြင်းဖြစ်ပါတယ်… လူတိုင်း လူတိုင်း လွတ်လပ်စွာ သဘောထားကွဲလွဲခွင့်လဲ ရှိပါတယ်… တဦးချင်းစီရဲ့ အမြင်တွေ အကုန်လုံးကိုလဲ လေးစားစွာ မှတ်သားထားပါမယ်… ရိုင်းပြစွာ အမြင်ဖလှယ်ချင်းအား ကျေးဇူးပြု၍ မပြုလုပ်ကြစေချင်ပါဘူး… ကျေးဇူးတင်ပါတယ် )

ညိုချောလေး (23.3.2013 – 2:00 pm) —
May Myat Thu

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။