ပြင်းပြင်းထန်ထန် စိတ်ခံစားနေရတဲ့ အချိန်မှာ ငိုတာက ကျန်းမာရေးအတွက် ကောင်းတဲ့ ထွက်ပေါက်ပါ။ ငိုတတ်တဲ့ ကလေးက မုန့်စားရတယ်ဆိုတဲ့ စကားဟာ ကျန်းမာရေးအတွက်လည်း မှန်ကန်စေ တယ်လို့ စိတ်ပိုင်းဆိုင်ရာ ဆရာဝန်တွေက ဆိုပါတယ်။
တကယ်လို့ သင်က ဆုံးရှုံးနာကျင်မှု ကြီးကြီးမားမား၊ ဝမ်းနည်းမှု၊ ဒေါသနဲ့ ဖိစီးမှုတွေ များနေတယ်ဆိုရင် ငိုချင်ရင် ငိုချလိုက်ပါ။
ငိုခြင်းအကြောင်း စာတမ်း ၁၄၀ ကို လေ့လာတဲ့ လေ့လာမှုတစ်ရပ်အရ ငိုတဲ့အကြိမ် ၁၀ ကြိမ်မှာ ကိုးကြိမ်ကျော်က စိတ်ခံစားမှုကို တွန်းလှန်နိုင်တဲ့ အကောင်းဆုံးနည်းတစ်ခု ဖြစ်တယ်လို့ ဆိုပါတယ်။
တိုင်းပြည် ၃၀ ကျော်က အမျိုးသားနဲ့ အမျိုးသမီးတွေကို လေ့လာမှုအရလည်း အားရပါးရ ငိုလိုက်ရမှ စိတ်သက်သာရာ ရတယ်လို့ အဖြေထွက်ခဲ့ပါတယ်။
...
အထူးကု ဆရာဝန် ၇၀ ရာခိုင်နှုန်းလောက်ကလည်း ငိုတာက သူတို့လူနာတွေအတွက် ကောင်းတယ်လို့ ယုံကြည် ထားကြပါတယ်။
ငိုလည်း အသက်ရာကျော် ရှည်ပါစေ
မငိုလည်း အသက်ရာကျော် ရှည်ပါစေ
ငိုလည်း အသက်ရာကျော် ရှည်ပါစေ
မငိုလည်း အသက်ရာကျော် ရှည်ပါစေ
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။