Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။
✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩
8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်
Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်
Thursday, March 14, 2013
"ဘုန်းတော်ဘွဲ့တော့မဟုတ်..လက်တွေ့ပါ"
Aung Than Nyunt Aungnilai shared Pa Yit's photo.
"ဘုန်းတော်ဘွဲ့တော့မဟုတ်..လက်တွေ့ပါ"
(၁)  ကျွန်တော်တို့ က လက်ပန်းတောင်းတောင်ကိုပဲ မြင်ပေမယ့် အပေါ်က စီးမိုးကြည့်တဲ့ မြင်ကွင်းမှာနိုင်ငံခေါင်းဆောင်က ဘာကို မြင်ထားပါသလဲဆိုတာနဲ့  နိုင်ငံရေး ကစားကွက်အရ အပေးအယူ အလျှော့အတင်း  ကစားကွက်က ဘာဖြစ်မလဲဆိုတာတွေမှာ ကျွန်တော်တို့  သိနိုင် မြင်နိုင် တွေးနိုင်တာထက်မက ရှိနေနိုင်တာမို့ ပါ။
(၂)  အနည်းဆုံးတော့ ကျွန်တော်တို့  လူထုခေါင်းဆောင်ကို ယုံရပါလိမ့်မယ်။ မယုံရင်တောင်မှပဲ ကျွန်တော်တို့  မဖြစ်မနေ  ယုံကြည်ပေးကြရပါလိမ့်မယ်။
(၄)   မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီအရေးနဲ့ ပါတ်သက်လာတဲ့အခါ ဒေါ်အောင်ဆန်းစုကြည်ထက်   ပိုမို ကြီးကျယ်ခမ်းနားတဲ့ ပုံရိပ် ကျွန်တော်တို့ မှာ အစားထိုးစရာ မရှိပါဘူး။
(၅)   မြန်မာ့အရေးကိုကမ္ဘာကအသိအမှတ်ပြုခဲ့ကြတာသိနားလည်ခဲ့ကြတာ  ဒေါ်အောင်ဆန်းစုကြည်က တစ်ဆင့်ပါ။
(၆)  ဒေါ်အောင်ဆန်းစုကြည်ဟာ ဒေါ်အောင်ဆန်းစုကြည် ဖြစ်နေတဲ့အတွက် သူဟာ လမ်းမှားချင်တယ် ဆိုစေဦးတော့ မှားလို့  မဖြစ်တဲ့သူပါ။  
(၈)  တစ်ခါတစ်လေ ကျွန်တော်တို့ က ကိုယ့်ခေါင်းဆောင်ကိုယ် ပုံပြင်ထဲက လူစွမ်းကောင်း တန်ခိုးရှင်လို့  ထင်ယောင်မှားသွားလို့  တတ်ကြပါတယ်။  ဒါပေမယ့်လည်း  သူဟာလည်း သာမန်လူသား တစ်ယောက်ပဲ ဖြစ်တဲ့အတွက် လုပ်ဆောင်နိုင်မှု အတိုင်းအတာ ကန့် သတ်ချက်တွေ ရှိနေနိုင်တယ် ၊ အမှားတွေလည်းပဲ ရှိနေနိုင်ပြီးစိတ်ခံစားမှုတွေလည်း ရှိနေနိုင်ပါလိမ့်မယ်။  လူသားပီပီ မှားကောင်းလည်း မှားနိုင်ပါလိမ့်မယ်။
(၉)  ပြည်သူအများစုကို ကိုယ်စားပြုနေရတဲ့ အတိုက်အခံ ခေါင်းဆောင်တစ်ယောက်အနေနဲ့  အင်မတန်မှလည်း တာဝန်ကြီးသလို အလွန်မှလည်း ပင်ပန်းနေပါလိမ့်မယ်။  ဒါပေမယ့်လည်း သူဟာ ဒေါ်အောင်ဆန်းစုကြည်ဆိုတဲ့ကျွန်တော်တို့  နိုင်ငံကို ဒီမိုကရေစီ ရရှိစေမယ့် အမှတ်သင်္ကေတ ပါ ။  သူက  သူ့ ပြည်သူတွေအတွက် လုပ်နေခဲ့သလို  သူ့ ရဲ့ ပြည်သူတွေကလည်း သူ့ ကို မားမားမတ်မတ် ၀န်းရံပေးဖို့ တော့ လိုမှာ ဖြစ်ပါတယ်။
(၁၀)   သူ့ ကိုမှ ကျွန်တော်တို့  မယုံရင် ဘယ်သူ့ ကို ပြောင်းပြီး ယုံကြည်ကြမှာလဲ။  ဘယ်သူကရော ကျွန်တော်တို့  မျက်စိမှိတ်ပြီး ယုံကြည်နိုင်တဲ့သူ   ဖြစ်မှာပါလဲ။ 
(၁၁)  လူသာမန်ဖြစ်နေလို့  မှားချင်တယ် ဆိုဦးတော့ ဒေါ်စုဟာ သူ့ ရဲ့ ကြီးမားကောင်းမွန်လှတဲ့ သမိုင်းကြောင်းကြီးကိုတော့ ပြောင်းပြန် ပြန်ပြောင်းရေးဆွဲမယ့်သူ မဟုတ်ပါဘူး။ အဲဒီလို မဖြစ်မနေ စောင့်သိရမယ့် သမိုင်းပေးတာဝန်ကို မဖြစ်မနေ ထမ်းရွက်နေရတဲ့သူပါ။  အဲဒီထက် ပိုပြီး အရေးကြီးတာက ကျွန်တော်တို့ မှာ အခုထိ အစားထိုးရွေးချယ်စရာနောက်ထပ် လူထုခေါင်းဆောင် ရှိမနေပါဘူး။ 
(၁၂)   တစ်ကယ်လုပ်နေရတဲ့ သူတွေရဲ့ အကျပ်အတည်းတွေ၊ စည်းတွေ ဘောင်တွေ ၊ ကန့် သတ်ထားခံရတဲ့ ပေးထားချက်တွေ ၊ အများပြည်သူကို ချပြလိုက်လို့  မရနိုင်သေးတဲ့ အပေးအယူ အလျှော့အတင်းတွေကိုလည်း  အကုန်မသိနိုင်ပါဘူး။  ဘေးကကြည့်နေရတဲ့အတွက်  မမြင်သာတာ ၊ မသိနိုင်တာတွေလည်း ရှိနေမှာ အမှန်ပါ။ 
(၁၃)   အဲဒါကြောင့်ကျွန်တော်တို့ က ပြည်သူတွေအနေနဲ့  ဝေဖန်စရာရှိရင် ဝေဖန်ကြရပါလိမ့်မယ်။  
 ထောက်ပြစရာရှိတဲ့အခါ  ထောက်ပြကြရပါလိမ့်မယ်။ သတိပေးစရာ ရှိတဲ့အခါ သတိပေးကြရပါလိမ့်မယ်။ 
(၁၄)  ဒါပေမယ့်ကျွန်တော်တို့  ကိုယ့်ခေါင်းဆောင်ကိုယ် ယုံကြည်ကြရပါလိမ့်မယ်။  မဖြစ်မနေကိုယ် ယုံကြည်ပေးကြရပါလိမ့်မယ်။
(၁၅)  ကျွန်တော်တို့ ဟာ သမိုင်းမှာ အင်မတန်မှ အရက်စက်ဆုံး ၊ အကောက်ကျစ်နိုင်ဆုံးလို့  ရာဇ၀င်မှာစာတင်လောက်တဲ့  အာဏာရှင် လက်ဟောင်းတွေ၊ အာဏာရှင် အသွင်ပြောင်းတွေ ၊ အာဏာရှင် တဖြစ်လဲ တွေကို ရင်ဆိုင်နေကြရတာပါ။  သူတို့ ရဲ့ အာဏာ တည်မြဲဖို့ အတွက် ၊ သူတို့ ရဲ့ အကျိုးစီးပွားကို ကာကွယ်ဖို့ အတွက်ဆို ဘာကိုမဆို  လုပ်ဝံ့ကြသူတွေနဲ့  ရင်ဆိုင်နေကြရတာပါ။  
(၁၆)  လှည့်ကွက်အမျိုးမျိုး ၊ ခွင်အမျိုးမျိုးဆင်ထားရင်း ၊ ဂတိဆိုတာမရှိ ၊ တာဝန်ယူမှုဆိုတာ နားမလည်ချင်ယောင်ဆောင်  ပြည်သူကို ထပ်ခါထပ်ခါ လိမ်ဖို့  နည်းနည်းမှ အရှက်သိက္ခာ မရှိသော ကမ္ဘာ့ အံ့ဖွယ် အစိုးရဆိုတဲ့ အာဏာရှင်လက်ဟောင်းကြီးများကို ရင်ဆိုင်နေကြရတာပါ။ 
(၁၇)  ဒီအခြေအနေက ကျွန်တော်တို့ ပြည်သူတွေအတွက် စိတ်ချရပြီလို့  ပြောလို့  မရနိုင်သေးတဲ့ အခြေအနေပါ။ ပြည်သူတွေရဲ့ အသက်အိုးအိမ် စည်းစိမ် လုံခြုံမှု လွတ်လပ်မှု စား ၀တ် နေရေး ဘာတစ်ခုကမှ အာမခံချက်မရှိသေးတဲ့ အခြေအနေပါ။ 
(၁၈)  အာဏာရှင် လက်အောက်ကနေ လွတ်မြောက်ဖို့  ပြည်သူအားလုံး အသက်သွေးချွေးတွေ အများကြီး ပေးဆပ်ပြီးမှ  ရုန်းကန် လာခဲ့ကြရတာပါ။ ဒီလောက်နဲ့  ဒီလို အခြေအနေမျိုးနဲ့ တော့ ကျွန်တော်တို့  လက်လျှော့လိုက်ဖို့  အဆုံးရှုံးခံလိုက်ဖို့   မဖြစ်နိုင်ပါဘူး။ 
(၁၉)  ဆက်လိုက်ရင်ဆိုင်ကြရမှာပါ။ အဲဒီလို အခြေအနေတွေအတွက် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဆက်လက်ပြီး ခေါင်းဆောင်ပေးမှုကို ကျွန်တော်တို့ ပြည်သူတွေ  မဖြစ်မနေ  လိုအပ်ပါလိမ့်မယ်။
(၂၁)  ၂၀၁၅ မှာ ထပ်ပြီးတော့ မဲမလိမ်ဖို့  ၊ အရပ်သားစစ်စစ် အစိုးရ တက်နိုင်ဖို့ အတွက် ဒေါ်အောင်ဆန်းစုကြည်နဲ့  NLD ကို ပြည်သူတွေ ဆက်ပြီးတော့ လိုအပ်ပါတယ်။ ဒီမိုကရေစီကိုသာ အမှန်လိုချင်တယ်ဆို ၊ အာဏာရှင်လက်အောက်ကနေသာ အမှန်တစ်ကယ် လွတ်မြောက်ချင်တယ်ဆိုရင် လူထုခေါင်းဆောင်ကို အခုနေတော့မျက်စိမှတ်ပြီး ယုံကြည်ပေးကြရပါမယ်။  
(၂၂)  ဘာဖြစ်လို့ လည်း ဆိုတော့ ကျွန်တော်တို့ အခုနေမှာတော့ သူ့ ထက်ပိုယုံကြည်ပေးလို့  ရမယ့်သူ မရှိလို့ ပါ။ 
(၂၃)ကိုယ် နှုတ်အမူအရာ နူးညံ့ငြင်သာ လေရုံနဲ့  တော့ တာဝန်ယူမှု ဆိုတာတွေကို အကြီမ်ကြိမ် ရှောင်လွှဲလေ့ရှိတဲ့  ကျွန်တော်တို့ ရဲ့ လက်ရှိသမ္မတကြီးကို ကျွန်တော်တို့  ပြောင်းပြီး ယုံကြည်လိုက်လို့  မရပါဘူး။ 
(၂၄)  တစ်ချိန်က  စစ်ခေါင်းဆောင်ဟောင်းကို ယုံတာထက် လူထုခေါင်းဆောင်ကို ယုံကြည်လိုက်တာက ပြည်သူတွေအတွက်ဘေးထွက်ဆိုးကျိုး နည်းစေမှာ ဖြစ်ပါတယ်။ 
(၂၅)   ပြည်သူ့ အကျိုးစီးပွားထက် အာဏာရှင်ဟောင်းကြီးတွေရဲ့ အကျိုးစီးပွား ၊ အသက်အိုးအိမ် စည်းစိမ်များကိုသာ ဦးစားပေးပြီး ကာကွယ်ပေးသွားရမယ့် တာဝန်ရှိနေတဲ့  လက်ရှိ အာဏာရှိသူများ ရဲ့ ဖျက်ဆီးမယ့် လှည့်ကွက်တွေထဲကို  ပြည်သူတွေ လိုက်ပါစီးမျောလို့  မဖြစ်ပါဘူး။  
(၂၆)  ကျွန်တော်တို့  ပြည်သူတွေ အချင်းချင်းပဲ သတိပေးအသိပေးပြီး သွေးစည်းညီညွတ်ကြရမှာပါ။
(၂၇)နွားကွဲရင် ကျားဆွဲမယ့်မူကို အာဏာရှင်လက်ဟောင်းကြီးများ ပြင်ထားကြပါပြီ။ အဲဒါကို ရည်ရွယ်ပြီးလှည့်ကွက်တွေကို အမျိုးမျိုး ဆင်နေကြပါတယ်။  
(၂၈)  အရာရာတိုင်းအတွက် ဒေါ်စုကို ထိုးကျွေးဖို့  ပြင်နေကြပါတယ်။  လူထုက သူတို့ ရဲ့ လူထုခေါင်းဆောင်ကို မုန်းသွားဖို့  ၊ အကြည်အညိုပျက်စေဖို့  အမျိုးမျိုး ကြံစည် နေကြပါတယ်။
(၂၉)  အဲဒီလှည့်ကွက်တွေထဲကို  ပြည်သူတွေ မ၀င်ကြဖို့  အရေးကြီးနေပါတယ်။ သတိရှိကြဖို့  ၊  အသိရှိကြဖို့  လိုအပ်နေပါတယ်။  ဒီမိုကရေစီ စံနစ်သာ ခိုင်မြဲသွားဖို့  ၊ အရပ်သားစင်စစ်သာ အမှန်တကယ် တိုင်းပြည်ကို ဦးဆောင်ခွင့်ရဖို့  အရေးကြီးပါတယ်။  
(၃၀)  ခေါင်းဆောင်က ပြည်သူကိုစွန့် ပစ်လို့  ဖောက်ပြန်ပါတယ်ဆိုရင်တော့လည်း   အဲဒီတော့မှ ပြည်သူကစွန့် ပစ်လိုက်ဖို့ ၊  အရေးယူလိုက်ဖို့   နောက်ကျမသွားဘူးလို့   ယူဆပါတယ်။ 
(၃၁)  ပြည်သူအားနဲ့  ပြည်သူကြိုက်တဲ့ ခေါင်းဆောင်ကို အမှန်တစ်ကယ် ရွေးကောက်တင်မြှောက်ခွင့်  ရရှိတဲ့  အချိန်ထိ ပြည်သူတွေ စည်းလုံးဖို့ ၊ အာဏာရှင်လှည့်ကွက်ထဲ မ၀င်ကြဖို့  အရေးတစ်ကြီး လိုအပ်ပါတယ်။ပြည်သူ့ အား  ဆိုတာကို  လိုအပ်တဲ့ အချိန်မှာ အရေးပါတဲ့ အချိန်မှာ ကျွန်တော်တို့  ပြသတတ်ရပါလိမ့်မယ်။         ။
-------------------------------
Pyay Chit Thu ရဲ့ ထိရောက်တဲ့အရေးအသားပါ.
ကျေးဇူးတင်ပါတယ် ကို  @[100004907735515:2048:Pyay Chit Thu] 
မူရင်းnote  လင့်..
https://www.facebook.com/notes/pyay-chit-thu/%E1%80%A1%E1%80%AC%E1%80%8F%E1%80%AC%E1%80%9B%E1%80%BD%E1%80%84%E1%80%B9%E1%80%85%E1%80%B6%E1%80%94%E1%80%85%E1%80%B9%E1%80%80%E1%80%AD%E1%80%AF-%E1%80%A1%E1%82%80%E1%80%80%E1%80%BC%E1%80%84%E1%80%B9%E1%80%B8%E1%80%99%E1%80%B2%E1%80%B7-%E1%80%90%E1%80%AD%E1%80%AF%E1%80%80%E1%80%B9%E1%80%91%E1%80%AF%E1%80%90%E1%80%B9%E1%82%80%E1%80%80%E1%80%90%E1%80%B2%E1%80%B7%E1%80%A1%E1%80%81%E1%80%AB-/137557006417890
@[100000782479502:2048:ငရဲ သား] @[1500365839:2048:Thein Win] @[100003032208873:2048:Tun Wai] @[100002985816233:2048:Rectifier Guy] @[100000794976892:2048:Khaing Soelynn] @[1676832329:2048:Scuba Som] @[700857518:2048:ကမ္ဘာ့ ဖျာ] @[100001753555387:2048:ခွန် ဒီးယမ်] @[100001839045839:2048:ဒီ ချစ် သူ]
 (၁) ကျွန်တော်တို့ က လက်ပန်းတောင်းတောင်ကိုပဲ မြင်ပေမယ့် အပေါ်က စီးမိုးကြည့်တဲ့ မြင်ကွင်းမှာနိုင်ငံခေါင်းဆောင်က ဘာကို မြင်ထာ...းပါသလဲဆိုတာနဲ့  နိုင်ငံရေး ကစားကွက်အရ အပေးအယူ အလျှော့အတင်း ကစားကွက်က ဘာဖြစ်မလဲဆိုတာတွေမှာ ကျွန်တော်တို့  သိနိုင် မြင်နိုင် တွေးနိုင်တာထက်မက ရှိနေနိုင်တာမို့ ပါ။
(၂) အနည်းဆုံးတော့ ကျွန်တော်တို့  လူထုခေါင်းဆောင်ကို ယုံရပါလိမ့်မယ်။ မယုံရင်တောင်မှပဲ ကျွန်တော်တို့  မဖြစ်မနေ ယုံကြည်ပေးကြရပါလိမ့်မယ်။
(၃) ဒေါ်အောင်ဆန်းစုကြည်က ဒေါ်အောင်ဆန်းစုကြည်ဖြစ်နေတာမို့ ပါ။ မြန်မာနိုင်ငံရဲ့  ပုံရိပ်ပါ။ ဒီမိုကရေစီရဲ့ သင်္ကေတပါ။ လွတ်မြောက်မှုရဲ့ အမှတ်အသားပါ။
(၄) မြန်မာနိုင်ငံရဲ့  ဒီမိုကရေစီအရေးနဲ့ ပါတ်သက်လာတဲ့အခါ ဒေါ်အောင်ဆန်းစုကြည်ထက် ပိုမို ကြီးကျယ်ခမ်းနားတဲ့ ပုံရိပ် ကျွန်တော်တို့ မှာ အစားထိုးစရာ မရှိပါဘူး။
(၅) မြန်မာ့အရေးကိုကမ္ဘာကအသိအမှတ်ပြုခဲ့ကြတာသိနားလည်ခဲ့ကြတာ ဒေါ်အောင်ဆန်းစုကြည်က တစ်ဆင့်ပါ။
(၆) ဒေါ်အောင်ဆန်းစုကြည်ဟာ ဒေါ်အောင်ဆန်းစုကြည် ဖြစ်နေတဲ့အတွက် သူဟာ လမ်းမှားချင်တယ် ဆိုစေဦးတော့ မှားလို့  မဖြစ်တဲ့သူပါ။
(၇) သူဟာ သမိုင်းကြောင်းရှိတဲ့ ပုဂ္ဂိုလ်ပါ။ သူဟာ ဗိုလ်ချုပ်ရဲ့ သမီးပါ။လွယ်လွယ်နဲ့  လမ်းမှားလိုက်လို့  မဖြစ်တဲ့သူပါ။ သူ့ ကိုယ်ကျိုးထက် တိုင်းပြည်အရေးကို ဦးစားပေးရမယ့်သူပါ။ ဒီလမ်းက သူရွေးချယ်ထားတဲ့လမ်း ဖြစ်နေတဲ့အပြင် သူ့ ရဲ့  သမိုင်းပေးတာဝန်လည်း ဖြစ်နေလို့ ပါ။
(၈) တစ်ခါတစ်လေ ကျွန်တော်တို့ က ကိုယ့်ခေါင်းဆောင်ကိုယ် ပုံပြင်ထဲက လူစွမ်းကောင်း တန်ခိုးရှင်လို့  ထင်ယောင်မှားသွားလို့  တတ်ကြပါတယ်။ ဒါပေမယ့်လည်း သူဟာလည်း သာမန်လူသား တစ်ယောက်ပဲ ဖြစ်တဲ့အတွက် လုပ်ဆောင်နိုင်မှု အတိုင်းအတာ ကန့် သတ်ချက်တွေ ရှိနေနိုင်တယ် ၊ အမှားတွေလည်းပဲ ရှိနေနိုင်ပြီးစိတ်ခံစားမှုတွေလည်း ရှိနေနိုင်ပါလိမ့်မယ်။ လူသားပီပီ မှားကောင်းလည်း မှားနိုင်ပါလိမ့်မယ်။
(၉) ပြည်သူအများစုကို ကိုယ်စားပြုနေရတဲ့ အတိုက်အခံ ခေါင်းဆောင်တစ်ယောက်အနေနဲ့  အင်မတန်မှလည်း တာဝန်ကြီးသလို အလွန်မှလည်း ပင်ပန်းနေပါလိမ့်မယ်။ ဒါပေမယ့်လည်း သူဟာ ဒေါ်အောင်ဆန်းစုကြည်ဆိုတဲ့ကျွန်တော်တို့  နိုင်ငံကို ဒီမိုကရေစီ ရရှိစေမယ့် အမှတ်သင်္ကေတ ပါ ။ သူက သူ့ ပြည်သူတွေအတွက် လုပ်နေခဲ့သလို သူ့ ရဲ့  ပြည်သူတွေကလည်း သူ့ ကို မားမားမတ်မတ် ၀န်းရံပေးဖို့ တော့ လိုမှာ ဖြစ်ပါတယ်။
(၁၀) သူ့ ကိုမှ ကျွန်တော်တို့  မယုံရင် ဘယ်သူ့ ကို ပြောင်းပြီး ယုံကြည်ကြမှာလဲ။ ဘယ်သူကရော ကျွန်တော်တို့  မျက်စိမှိတ်ပြီး ယုံကြည်နိုင်တဲ့သူ ဖြစ်မှာပါလဲ။
(၁၁) လူသာမန်ဖြစ်နေလို့  မှားချင်တယ် ဆိုဦးတော့ ဒေါ်စုဟာ သူ့ ရဲ့  ကြီးမားကောင်းမွန်လှတဲ့ သမိုင်းကြောင်းကြီးကိုတော့ ပြောင်းပြန် ပြန်ပြောင်းရေးဆွဲမယ့်သူ မဟုတ်ပါဘူး။ အဲဒီလို မဖြစ်မနေ စောင့်သိရမယ့် သမိုင်းပေးတာဝန်ကို မဖြစ်မနေ ထမ်းရွက်နေရတဲ့သူပါ။ အဲဒီထက် ပိုပြီး အရေးကြီးတာက ကျွန်တော်တို့ မှာ အခုထိ အစားထိုးရွေးချယ်စရာနောက်ထပ် လူထုခေါင်းဆောင် ရှိမနေပါဘူး။
(၁၂) တစ်ကယ်လုပ်နေရတဲ့ သူတွေရဲ့  အကျပ်အတည်းတွေ၊ စည်းတွေ ဘောင်တွေ ၊ ကန့် သတ်ထားခံရတဲ့ ပေးထားချက်တွေ ၊ အများပြည်သူကို ချပြလိုက်လို့  မရနိုင်သေးတဲ့ အပေးအယူ အလျှော့အတင်းတွေကိုလည်း အကုန်မသိနိုင်ပါဘူး။ ဘေးကကြည့်နေရတဲ့အတွက် မမြင်သာတာ ၊ မသိနိုင်တာတွေလည်း ရှိနေမှာ အမှန်ပါ။
(၁၃) အဲဒါကြောင့်ကျွန်တော်တို့ က ပြည်သူတွေအနေနဲ့  ဝေဖန်စရာရှိရင် ဝေဖန်ကြရပါလိမ့်မယ်။
ထောက်ပြစရာရှိတဲ့အခါ ထောက်ပြကြရပါလိမ့်မယ်။ သတိပေးစရာ ရှိတဲ့အခါ သတိပေးကြရပါလိမ့်မယ်။
(၁၄) ဒါပေမယ့်ကျွန်တော်တို့  ကိုယ့်ခေါင်းဆောင်ကိုယ် ယုံကြည်ကြရပါလိမ့်မယ်။ မဖြစ်မနေကိုယ် ယုံကြည်ပေးကြရပါလိမ့်မယ်။
(၁၅) ကျွန်တော်တို့ ဟာ သမိုင်းမှာ အင်မတန်မှ အရက်စက်ဆုံး ၊ အကောက်ကျစ်နိုင်ဆုံးလို့  ရာဇ၀င်မှာစာတင်လောက်တဲ့ အာဏာရှင် လက်ဟောင်းတွေ၊ အာဏာရှင် အသွင်ပြောင်းတွေ ၊ အာဏာရှင် တဖြစ်လဲ တွေကို ရင်ဆိုင်နေကြရတာပါ။ သူတို့ ရဲ့  အာဏာ တည်မြဲဖို့ အတွက် ၊ သူတို့ ရဲ့  အကျိုးစီးပွားကို ကာကွယ်ဖို့ အတွက်ဆို ဘာကိုမဆို လုပ်ဝံ့ကြသူတွေနဲ့  ရင်ဆိုင်နေကြရတာပါ။
(၁၆) လှည့်ကွက်အမျိုးမျိုး ၊ ခွင်အမျိုးမျိုးဆင်ထားရင်း ၊ ဂတိဆိုတာမရှိ ၊ တာဝန်ယူမှုဆိုတာ နားမလည်ချင်ယောင်ဆောင် ပြည်သူကို ထပ်ခါထပ်ခါ လိမ်ဖို့  နည်းနည်းမှ အရှက်သိက္ခာ မရှိသော ကမ္ဘာ့ အံ့ဖွယ် အစိုးရဆိုတဲ့ အာဏာရှင်လက်ဟောင်းကြီးများကို ရင်ဆိုင်နေကြရတာပါ။
(၁၇) ဒီအခြေအနေက ကျွန်တော်တို့ ပြည်သူတွေအတွက် စိတ်ချရပြီလို့  ပြောလို့  မရနိုင်သေးတဲ့ အခြေအနေပါ။ ပြည်သူတွေရဲ့  အသက်အိုးအိမ် စည်းစိမ် လုံခြုံမှု လွတ်လပ်မှု စား ၀တ် နေရေး ဘာတစ်ခုကမှ အာမခံချက်မရှိသေးတဲ့ အခြေအနေပါ။
(၁၈) အာဏာရှင် လက်အောက်ကနေ လွတ်မြောက်ဖို့  ပြည်သူအားလုံး အသက်သွေးချွေးတွေ အများကြီး ပေးဆပ်ပြီးမှ ရုန်းကန် လာခဲ့ကြရတာပါ။ ဒီလောက်နဲ့  ဒီလို အခြေအနေမျိုးနဲ့ တော့ ကျွန်တော်တို့  လက်လျှော့လိုက်ဖို့  အဆုံးရှုံးခံလိုက်ဖို့  မဖြစ်နိုင်ပါဘူး။
(၁၉) ဆက်လိုက်ရင်ဆိုင်ကြရမှာပါ။ အဲဒီလို အခြေအနေတွေအတွက် ဒေါ်အောင်ဆန်းစုကြည်ရဲ့  ဆက်လက်ပြီး ခေါင်းဆောင်ပေးမှုကို ကျွန်တော်တို့ ပြည်သူတွေ မဖြစ်မနေ လိုအပ်ပါလိမ့်မယ်။
(၂၀) အာဏာရှင်တွေကိုဆက်လက်ရင်ဆိုင်နိုင်ဖို့  ဒေါ်အောင်ဆန်းစုကြည်ဆိုတဲ့ အားကို ကျွန်တော်တို့  မဖြစ်မနေရဖို့  လိုအပ်ပါတယ်။ ဒေါ်စုရဲ့ ပုံရိပ်ကို ပြည်သူတွေ ဆက်ပြီးတော့ အားကိုးကြရဦးမှာပါ။
(၂၁) ၂၀၁၅ မှာ ထပ်ပြီးတော့ မဲမလိမ်ဖို့  ၊ အရပ်သားစစ်စစ် အစိုးရ တက်နိုင်ဖို့ အတွက် ဒေါ်အောင်ဆန်းစုကြည်နဲ့  NLD ကို ပြည်သူတွေ ဆက်ပြီးတော့ လိုအပ်ပါတယ်။ ဒီမိုကရေစီကိုသာ အမှန်လိုချင်တယ်ဆို ၊ အာဏာရှင်လက်အောက်ကနေသာ အမှန်တစ်ကယ် လွတ်မြောက်ချင်တယ်ဆိုရင် လူထုခေါင်းဆောင်ကို အခုနေတော့မျက်စိမှတ်ပြီး ယုံကြည်ပေးကြရပါမယ်။
(၂၂) ဘာဖြစ်လို့ လည်း ဆိုတော့ ကျွန်တော်တို့ အခုနေမှာတော့ သူ့ ထက်ပိုယုံကြည်ပေးလို့  ရမယ့်သူ မရှိလို့ ပါ။
(၂၃)ကိုယ် နှုတ်အမူအရာ နူးညံ့ငြင်သာ လေရုံနဲ့  တော့ တာဝန်ယူမှု ဆိုတာတွေကို အကြီမ်ကြိမ် ရှောင်လွှဲလေ့ရှိတဲ့ ကျွန်တော်တို့ ရဲ့  လက်ရှိသမ္မတကြီးကို ကျွန်တော်တို့  ပြောင်းပြီး ယုံကြည်လိုက်လို့  မရပါဘူး။
(၂၄) တစ်ချိန်က စစ်ခေါင်းဆောင်ဟောင်းကို ယုံတာထက် လူထုခေါင်းဆောင်ကို ယုံကြည်လိုက်တာက ပြည်သူတွေအတွက်ဘေးထွက်ဆိုးကျိုး နည်းစေမှာ ဖြစ်ပါတယ်။
(၂၅) ပြည်သူ့ အကျိုးစီးပွားထက် အာဏာရှင်ဟောင်းကြီးတွေရဲ့  အကျိုးစီးပွား ၊ အသက်အိုးအိမ် စည်းစိမ်များကိုသာ ဦးစားပေးပြီး ကာကွယ်ပေးသွားရမယ့် တာဝန်ရှိနေတဲ့ လက်ရှိ အာဏာရှိသူများ ရဲ့  ဖျက်ဆီးမယ့် လှည့်ကွက်တွေထဲကို ပြည်သူတွေ လိုက်ပါစီးမျောလို့  မဖြစ်ပါဘူး။
(၂၆) ကျွန်တော်တို့  ပြည်သူတွေ အချင်းချင်းပဲ သတိပေးအသိပေးပြီး သွေးစည်းညီညွတ်ကြရမှာပါ။
(၂၇)နွားကွဲရင် ကျားဆွဲမယ့်မူကို အာဏာရှင်လက်ဟောင်းကြီးများ ပြင်ထားကြပါပြီ။ အဲဒါကို ရည်ရွယ်ပြီးလှည့်ကွက်တွေကို အမျိုးမျိုး ဆင်နေကြပါတယ်။
(၂၈) အရာရာတိုင်းအတွက် ဒေါ်စုကို ထိုးကျွေးဖို့  ပြင်နေကြပါတယ်။ လူထုက သူတို့ ရဲ့  လူထုခေါင်းဆောင်ကို မုန်းသွားဖို့  ၊ အကြည်အညိုပျက်စေဖို့  အမျိုးမျိုး ကြံစည် နေကြပါတယ်။
(၂၉) အဲဒီလှည့်ကွက်တွေထဲကို ပြည်သူတွေ မ၀င်ကြဖို့  အရေးကြီးနေပါတယ်။ သတိရှိကြဖို့  ၊ အသိရှိကြဖို့  လိုအပ်နေပါတယ်။ ဒီမိုကရေစီ စံနစ်သာ ခိုင်မြဲသွားဖို့  ၊ အရပ်သားစင်စစ်သာ အမှန်တကယ် တိုင်းပြည်ကို ဦးဆောင်ခွင့်ရဖို့  အရေးကြီးပါတယ်။
(၃၀) ခေါင်းဆောင်က ပြည်သူကိုစွန့် ပစ်လို့  ဖောက်ပြန်ပါတယ်ဆိုရင်တော့လည်း အဲဒီတော့မှ ပြည်သူကစွန့် ပစ်လိုက်ဖို့ ၊ အရေးယူလိုက်ဖို့  နောက်ကျမသွားဘူးလို့  ယူဆပါတယ်။
(၃၁) ပြည်သူအားနဲ့  ပြည်သူကြိုက်တဲ့ ခေါင်းဆောင်ကို အမှန်တစ်ကယ် ရွေးကောက်တင်မြှောက်ခွင့် ရရှိတဲ့ အချိန်ထိ ပြည်သူတွေ စည်းလုံးဖို့ ၊ အာဏာရှင်လှည့်ကွက်ထဲ မ၀င်ကြဖို့  အရေးတစ်ကြီး လိုအပ်ပါတယ်။ပြည်သူ့ အား ဆိုတာကို လိုအပ်တဲ့ အချိန်မှာ အရေးပါတဲ့ အချိန်မှာ ကျွန်တော်တို့  ပြသတတ်ရပါလိမ့်မယ်။ ။
-------------------------------
Pyay Chit Thu ရဲ့ ထိရောက်တဲ့အရေးအသားပါ.
ကျေးဇူးတင်ပါတယ် ကို Pyay Chit Thu
မူရင်းnote လင့်..
https://www.facebook.com/notes/pyay-chit-thu/အာဏာရှင်စံနစ်ကို-အကြွင်းမဲ့-တိုက်ထုတ်ကြတဲ့အခါ-/137557006417890
ငရဲ သား Thein Win Tun Wai Rectifier Guy Khaing Soelynn Scuba Som ကမ္ဘာ့ ဖျာ ခွန် ဒီးယမ် ဒီ ချစ် သူ
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။