Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Thursday, March 14, 2013

နျူကလိယဗုံး ပေါက်ကွဲခြင်း ဟူသည်

 
Myanmar International News
 Thursday, March 14, 2013

နျူကလိယဗုံး ပေါက်ကွဲတာထက် သူ့ကိုဘာနဲ့ လုပ်တယ်ဆိုတာ အရင် လေ့လာရပါမယ်။

အသုံးပြုသော သတ္တုအမျိုးအစား

အဓိက အသုံးပြုတဲ့ ပစ္စည်းကတော့ ပလူတိုနီယံ သတ္တု နဲ့ ယူရေနီယမ် ဖြစ် ပါတယ်။ ပလူတိုနီယမ်မှာ ထူးခြားချက် နှစ်ခုက ရေဒီယို ဓာတ်ကြွခြင်း ဓာတုဓာတ်ပြုခြင်း ဖြစ်ပါတယ်။ ယူရေနီယမ်ကတော့ ရေဒီယို ဓာတ်ကြွမှု နည်းပေမယ့် ကျန်တာကတော့ တူပါတယ်။ ယင်း အချက်နှစ်ချက်ကြောင့် ပဲ နျူကလိယဗုံးအတွက် အသုံးပြု ရတာ ဖြစ် ပါတယ်။ ပလူတိုနီယမ် တစ်ခုတည်းကိုပဲ အသုံးပြုလို့ မရပါဘူး။ အလိုလိုနေရင်းနဲ့ကို ယခုလို ဓာတ်ကြွပြီး ဓာတ်ပြုချင်နေတဲ့အတွက် ပတ်ပတ်လည်မှာ ကာရန်ပေးထား၊ ကာကွယ်ပေးထားရတဲ့ အခြားသော သတ္တုများလည်း ရှိနေပါသေးတယ်။ ပလူတိုနီမ်-239 ဆိုတာကလည်း ယူရေနီယမ်ကနေ ပြန်လည် ဓာတ်ခွဲယူ
ထားတာ ဖြစ်ပါတယ်။

နျူကလိယဗုံးလို့ခေါ်ရတဲ့ အကြောင်းအရင်းတော့ နျူကလိယဓာတ်ပြုခြင်း လုပ်ဆောင်ချက်ကို လုပ်လို့ ဖြစ်ပါတယ်။ နျူလိကယ ဓာတ်ပြုမှု အက်တမ် တစ်ခုရဲ့  အလယ်ဗဟိုက နျူကလိယနဲ့ အခြား အက်တမ်များရဲ့  အလယ်ဗဟို က နျူကလိယတို့ ပွတ်တိုက်ပြီး နောက်ထပ် နျူကလိယတွေ၊ အက်တမ်တွေ ဆက်တိုက်မွေးဖွားလာခြင်း ဖြစ်ပါတယ်။ ယင်း ဖြစ်စဉ်က တော်တော်လေး ကို မြန်ဆန်ပါတယ်။ ဒါကြောင့် သူ့ကို အက်တမ်ဗုံး (Atomic bomb)လို့လည်း
ခေါ်ပါတယ်။

နျူကလိယဗုံး ပေါက်ကွဲခြင်း

နျူကလိယ ဗုံးကြဲလိုက်တယ်ဆိုတာ ပလူတိုနီယံ၊ ယူရေနီယဆ်ကို အပြင်က ကာကွယ်ပေးထားတဲ့ သတ္တုအလွှာကို ဖယ်ရှားပေးခြင်း သို့မဟုတ် အပြင် သတ္တုထက် ပိုမိုအားပြင်းသော Input တစ်ခုပေးလိုက်ခြင်း ဖြစ်ပါတယ်။ ဒီတော့ အမြင့်ပေပေါင်းထောင်ချီက ပစ်ချတဲ့ ပလူတိုနီယမ်ဗုံးက များသော အားဖြင့် မပေါက်ကွဲစရာ အကြောင်းမရှိပါဘူး။ သူ့ကို ထိန်းသိန်း ထားလို့တော့ သာမန်အခန်းအပူချိန်နဲ့ မရနိုင်တာ အပြင်မှာ ဖြစ် သလို ပစ်ချတော့ ကြိမ်းသေကွဲပါတယ်။ နျူကလိယဗုံး ကြဲချ လိုက်ပြီ ဆိုပါစို့။

Fission လို့ခေါ်တဲ့ အနုမြု မျိုးပွားစနစ်နဲ့ စတင် အလုပ်လုပ် ပါတယ်။ နျူကလိယ ဗုံးဟာ လေထုထဲမှာ ရှိတဲ့ အောက်ဆီဂျင်၊ ဟိုက်ဒရိုဂျင်၊ နိုက်ထရိုဂျင် အပြင် အခြားသော ဓာတ်ငွေ့ အားလုံးနဲ့ ဓာတ်ပြုပြီး အဆင့်ဆင့်မျိုးပွားပါတယ်။ အသေးစိတ်ဆိုရင် သူတို့ရဲ့  အက်တမ်တွေရဲ့ နျူကလိယ အလယ်ဗဟိုအားလုံးကို ပွတ်တိုက်ပါတယ်။ ဒီတော့ အဆိပ်ဖြစ်စေတဲ့ Co, N ဓာတ်ငွေ့များအပြင် မီးလည်း လောင်စေ ပါတယ်။ Fireball လို့ခေါ်တဲ့ မီးလုံးကြီး တက်လာပါတယ်။

ယင်းမီးလုံးဟာ ၂ စက္ကန့်အတွင်း မီတာ ၆၀၀ အထိ အပေါ်တက်ပါတယ်။ ဒါကြောင့် ၁၂ ကီလိုမီတာအထိလည်း ဆက်တက်ဖို့ မခဲယဉ်းပါဘူး။ မှိုပွင့်ကြီးလို့ အမြင့်ကြီးကို တက်ပါတယ်။ ယင်းမီးလုံးရဲ့ အပူချိန်ကလည်း ၄၄၀၀ ကီလိုဂရမ် အက်တမ်းဗုံးဆိုရင် ဖာရင်ဟိုက် ၇၀၀၀ ကျော်အထိ တက်နိုင်ပါတယ်။ ဒါက ကမ္ဘာစစ်ကာလက နျူကလိယဗုံးကိုအခြေံပြီး တွက်ချက်တာ ဖြစ်ပါတယ်။ ယနေ့ခေတ် နျူကလိယဗုံးက အရင်ကလောက် မကြီးတော့ပါဘူ။ အလေးချိန်လည်း ကျသွားပါတယ်။ သို့ပေမယ့် ပြင်းအား ကျတော့ အဆပေါင်းများစွာ တက်လာပါတယ်။

ရလဒ်ဆိုးကျိုး

နျူကလိယဗုံး ပေါက်ကွဲမှုကြောင် မီးလောင်ပျက်ဆီးမှုကတော့ သာမန်ဗုံးလို ပါပဲ သို့ပေမယ့် ကျန်ရှိတဲ့ ဆိုးကျိုးကတော့ ကမ္ဘာ့အဆိုးရွားဆုံး ပဲ ဖြစ်ပါ တယ်။ နျူကလိယဗုံးကြဲပြီးသွားပေမယ့် ၁၀ နှစ်ကြာတောင် ယင်းဒေသ မှာ ရေဒီယိုဓာတ် ကြွယ်ဝနေဆဲ ဖြစ်ပါတယ်။ ရေဒီယို ဓာတ်ဆိုတာ ကိုယ်တွင်းအထိကို ထိုးဖောက်နိုင်တဲ့ ရောင်ခြည်တစ်မျိုး ဖြစ်ပြီး ဓာတ်ရောင်ခြည်အဆိပ်သင့် တယ်လို့ ခေါင်းစဉ် တပ်နိုင်တဲ့ ရောဂါပေါင်း များစွာ ဖြစ်ပါတယ်။ ဓာတ်ရောင်ခြည်ကြောင့် သက်ရှိအားလုံးရဲ့  ဇီဝ စနစ်တွေအားလုံးကို ဖျက်ဆီးပါတယ်။ သေစေ ပါတယ်။ ပြောင်းလဲစေ ပါတယ်။ ဥပမာ- ငါးက မွေးပေမယ့် လူရုပ်ပေါက်နေတာတို့။ လူကမွေးပေ မယ့် တိရစ္ဆာန်ဖြစ်နေတာတို့၊ ဝက်ကမွေးပေမယ့် လူတစ်ပိုင်း ဝက်တစ်ပိုင်း ဖြစ် တာတို့၊ ခြေ လက် များစွာပါတဲ့ လူမွေးလာတာတို့၊ မြင်းနွား အစရှိသဖြင့် ထူးထူးခြားခြား ဇီဝပြောင်းလဲမှု အထိ ဖြစ်စေပါတယ်။ အပင်တွေလည်း မပေါက်တော့ပဲ ပေါက်တဲ့အပင်ကလည်း အဆိပ်သင့်ပါတယ်။

အသုံးပြုခဲ့တဲ့ နျူကလိယဗုံး အရွယ်အစား အကြီးအသေးကိုလိုက်လို့ သူ့ပတ်ဝန်းကျင် မိုင်ပတ်ပတ်လည် အတိုင်းအတာအတွင်းထိ ထိရောက်မှုက နှစ်ပေါင်းများစွာ ကြာမြင့်ပါတယ်။ ဒါကြောင့် နျူကလိယ ဗုံးကို အတတ်နိုင်ဆုံး အသုံးမပြုဖို့ ကမ္ဘာနိုင်ငံအားလုံးက နားလည် လက်ခံထားပါတယ်။

ကမ္ဘာမှာ နျူကလိယ စွမ်းအင်ပိုင်ဆိုင်တဲ့ နိုင်ငံအရေအတွက်တိုးလာ ပါတယ်။ ဗုံးအတွက်တင်မဟုတ်ပဲ လျှပ်စစ်စွမ်းအင် ထုတ်လုပ်ဖို့အတွက် နျူကလိယ နည်းပညာကလည်း သက်သက်ရှိနေပါသေးတယ်။ သို့ပေမယ့် ဆက်စပ်မှုက သိပ်မဝေးပါဘူး။ အသုံးပြုပုံသာ ကွဲသွားတာဖြစ်ပါတယ်။ ပလူတိုနီယမ်၊ ယူရေနီယမ်တို့ကို အခြေခံထားခြင်း ဖြစ်တဲ့အတွက်လည်း ဓာတု အဆိပ်က ဗုံးနဲ့ သိပ်မကွာပါဘူး။ သို့ပေမယ့် စွမ်းအင်းရှားပါးလာ တဲ့ ခေတ်မှာ ယင်း သတ္တုများက ထွက်ပေါက်လို့ အများက ယူဆနေခြင်း ဖြစ် ပါတယ်။

အနှစ်ချုပ်

အနာဂတ်မှာ စွမ်းအင်ရှားပါးလာတဲ့အခါ သဘာဝအတိုင်းရတဲ့ နေရောင်ခြည် တို့လို ဟာကိုသုံးမလား နျူကလိယစွမ်းအင်ကို သုံးမလားဆိုတာ စဉ်းစားစရာ ရှိနေပါတယ်။ ဒါတွေအတွက်လည်း ပညာရှင်များလိုအပ် ပါတယ်။ လျှပ်စစ်စွမ်းအင်၊ ဓာတုဗေဒစွမ်းအင်ကို အကောင်းဆုံး သိရှိနားလည်တဲ့ ပညာရှင်များ ပိုမို ပေါက်ဖွားလာမှသာ ယင်းအခက်အခဲများ ကို ဖြေရှင်းနိုင်မှာ ဖြစ်ပါတယ်။ အနာဂတ်ကမ္ဘာမှာ နျူကလိယစွမ်းအင် လို မဟုတ် ပဲ အခြားသော အန္တရာယ်နည်း စွမ်းအင်စနစ် တစ်ခုခုသို့မဟုတ် သဘာဝ စွမ်းအင်များကို ခွဲဝေအသုံးချနိုင်ရေး အတွက် ကမ္ဘာအရပ်ရပ်က ကြိုးပမ်းဆောင်ရွက်လျက် ရှိသလို မြန်မာပြည်ကလည်း အားကိုးအားထား ရတဲ့ စွမ်းအင်စနစ်တစ်ခု ပေါ်ပေါက်လာရန် ကြိုးစားလုပ်ဆောင်သင့်ကြောင့် ဆန္ဒပြုရင်း နိဂုံးချုပ်လိုက်ရပါတယ်။
--
အောင်ခမ်း (ရိုးရာလေး)
YoYarLay

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။