Aung Than Nyunt Aungnilai shared DVB entertainment's photo.
ငါ ဟိုတလောက မလေးရှားကိုသွားတယ်။ မလေးရှား လူမှုရေးအသင်းတွေ ဖိတ်ကြားလို့ငါသွားတယ်။ ဟိုရောက်တော့ ငါမေးတယ်။ ခင်ဗျားတို့ အသင်းအဖွဲ့တွေ ဒီနာရေးကိစ္စလုပ်တာ ဘယ်လိုလူတွေကိ...ုအများဆုံး အကူအညီပေးရတာလဲလို့ မေးတယ် (ဥပမာ) သက်တမ်းစေ့လို့ အကူအညီပေးရတဲ့ သူတွေများလား?၊ ကျန်းမာရေးချို့ယွင်းလို့ ဆုံးပါးသွားတဲ့ သူတွေများလား? စသဖြင့်ပေါ့။ သူတို့ကဖြေတယ်။ ငါအရမ်း… တုန်လှုပ်သွားတယ်။
ဘာလည်းဆိုတော့… “ကျွန်တော်တို့ အသုဘပေါင်း မြောက်များစွာချခဲ့ပါတယ်၊ ကျွန်တော်တို့ချပေးတဲ့ အသုဘတွေက လူငယ်၊ လူရွယ်တွေဘဲ ဖြစ်ပါတယ်တဲ့…” ဘာဖြစ်လို့လဲ ? ဘာဖြစ်လို့လူငယ်၊ လူရွယ်တွေများတာလည်း? သူတို့က ပြောတယ် ဒီမှာက… မလေးရှားနိုင်ငံကို လာအလုပ်လုပ်တယ်၊ အလုပ်ပင်ပန်းလို့ဘဲဖြစ်ဖြစ်၊ ပင်ပန်းမှုဒဏ် ကို ဖြေဖျောက်ဖို့ အရက်သေစာ၊ မူးယစ်ဆေးတွေသုံးစွဲတယ်။ အဲဒါနဲ့ဘဲ ဆုံးတာတွေများတယ်တဲ့…။ သွားပြီ။ ဒီလိုဆုံးပါးသွားတဲ့သူတွေရဲ့ မိသားစုတွေအတွက်ရင်နာစရာ၊ ရင်ကျိုးစရာအပြင် ငါတို့မြန်မာနိုင်ငံ အတွက် အနာဂတ်ခေါင်းဆောင် ကြယ်ပွင့်လေးတွေ ကြွေလွင့်သွားတာကို ငါယူကြုံးမရဖြစ်မိတယ်။ (ကျော်သူ)

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။