တရုတ်နိုင်ငံရဲ့ သမ္မတသစ် ပထမဆုံး ပြည်ပခရီးစဉ်မှာ ချောမောလှပတဲ့ သမ္မတကတော် First Lady ပင်လီယွန်ကို လူတွေအတော် သတိထားမိကြ ပါတယ်။ သူကတဆင့် တရုတ်နိုင်ငံရဲ့ပုံရိပ်အပေါ် နိုင်ငံတကာရဲ့အမြင်
ပြောင်းလာနိုင်တယ်လို့ လေ့လာသူတွေက ဝေဖန်ကြပါတယ်။
သမ္မတနောက်ကနေ ခြေနှစ်လှမ်းလောက် အကွာကနေ လိုက်ပါလာတဲ့ ပင်လီယွန်ကို တရုတ်တွေက မီရှယ်အိုဘားမားနဲ့ နှိုင်းယှဉ်ပြီး လူမှုရေး ကွန်ယက်တွေမှာ ရေးကြပါတယ်။
အမေရိကန်က မီရှယ်ရှိတယ်။ ငါတို့မှာ ပင် ရှိတယ်- လို့ ဘလောက်တွေမှာ ရေးကြပါတယ်။
...
အမေရိကန်က မီရှယ်ရှိတယ်။ ငါတို့မှာ ပင် ရှိတယ်- လို့ ဘလောက်တွေမှာ ရေးကြပါတယ်။
...
ပြီးခဲ့တဲ့ နှစ်ပေါင်း ၃၀ အတွင်း တရုတ်မှာ ဖတ်စ်လေဒီကို နေရာ မပေးခဲ့ပါဘူး။ ကမ္ဘာကို ပြနိုင်ဖို့ ကြက်သရေရှိတဲ့ တရုတ် ဖတ်စ်လေဒီကို အမြဲလိုချင်ခဲ့တယ်လို့ ဆိုကြပါတယ်။
အသက် ၅၁ နှစ်၇ှိပြီဖြစ်တဲ့ သမ္မတကတော်ဟာ ရိုးရာတရုတ်အော်ပရာ
အဆိုတော်လည်း ဖြစ်ပါတယ်။ မချမ်းသာတဲ့ အနုပညာရှင်မိဘနှစ်ပါးက
မွေးဖွားလာတဲ့ ပင် ဟာ အသက် ၁၄ နှစ်မှာ အနုပညာကျောင်းမှာ ပညာစတင်သင်ယူခဲ့ပြီး နောက်ပိုင်းမှာ တရုတ်စစ်တပ်ရဲ့ အနုပညာကျောင်းမှာ ဌာနမှူးဖြစ်လာခဲ့ပြီး ဗိုလ်ချုပ်ရာထူးကို ယူထားသူပါ။
၁၉၈၃ ခုနှစ်မှာ သူသီဆိုခဲ့တဲ့ သီချင်းကို အစိုးရတီဗီကနေလွှင့်ပြီးတဲ့နောက် နာမယ်ကျော်ကြားခဲ့ပြီး လူကြည့်များလှတဲ့ တီဗီရှိုးမှာ နှစ်ပတ်လည်တိုင်း ၁၀ နှစ်ကျော် ဆက်လက်သီဆိုခဲ့ပါတယ်။ ဒါပေမဲ့ ခင်ပွန်းဖြစ်သူ သမ္မတ စီကို ထိပ်တန်းနေရာအတွက် စတင်လျာထားတဲ့အချိန်ကစပြီး ပင်လီယွန်ဟာ
နောက်တန်းမှာပဲ နေပြီး လူမှုရေးလုပ်ငန်းတွေ၊ ကျန်းမာရေးလုပ်ငန်းတွေမှာ တာဝန်ပေးခဲ့ပါတယ်။
တရုတ်နိုင်ငံမှာ ၁၉၈၀နဲ့ ၉၀ နှစ်တွေက ဖတ်စ်လေဒီတွေဟာ
နောက်တန်းမှာပဲ မထင်မရှားနေခဲ့ကြရပြီး ပြည်တွင်းရောပြည်ပမှာပါ ပါဝင်လုပ်ဆောင် ပြောဆိုတာ၊ လိုက်ပါတာမျိုး မရှိခဲ့ပါဘူး။ အခု ဖတ်စ်လေဒီကတော့ ခေတ်တွေပြောင်းတာနဲ့ အမျှ နိုင်ငံတကာ ဖတ်စ်လေဒီတွေလို သူတို့ရဲ့ သံတမန်အခန်းကဏ္ဍကို ၀င်ရောက်လာမယ်လို့ ခန့်မှန်းကြပါတယ်။
တရုတ်လူမှုရေးသိပ္ပံပညာရှင် လီရင်ဟီက တရုတ်သမ္မတမှာ ဒီလို ချောမောလှပတဲ့ ဇနီးရှိတယ်ဆိုတာကို တွေ့မြင်ကြရင် ကွန်မြူနစ်ပါတီ အပေါ် ပြည်တွင်းပြည်ပက အမြင်ပျော့ပြောင်းလာနိုင်တယ်လို့  သုံးသပ်လိုက်ပါတယ်။
ပင်လီယွန်ရဲ့ ပရိသတ်တဦးကတော့ ပင် ဟာ မရည်ရွယ်ပေမဲ့ သမ္မတ စင်ကို ကျော်တက်ပြီး ကျော်ကြားသွားမှာ စိုးရိမ်တယ်လို့ မှတ်ချက်ချခဲ့ ပါတယ်။
MZ/Burma-Newselite
တိုက်ရိုက်ရှယ်ပါ။ စာသားကူးယူဖော်ပြခွင့် မပြုပါ။
ကိုးကား- http://edition.cnn.com/2013/ 03/23/world/asia/ china-peng-liyuan-profile/ index.html?hpt=hp_c2
အသက် ၅၁ နှစ်၇ှိပြီဖြစ်တဲ့ သမ္မတကတော်ဟာ ရိုးရာတရုတ်အော်ပရာ
အဆိုတော်လည်း ဖြစ်ပါတယ်။ မချမ်းသာတဲ့ အနုပညာရှင်မိဘနှစ်ပါးက
မွေးဖွားလာတဲ့ ပင် ဟာ အသက် ၁၄ နှစ်မှာ အနုပညာကျောင်းမှာ ပညာစတင်သင်ယူခဲ့ပြီး နောက်ပိုင်းမှာ တရုတ်စစ်တပ်ရဲ့ အနုပညာကျောင်းမှာ ဌာနမှူးဖြစ်လာခဲ့ပြီး ဗိုလ်ချုပ်ရာထူးကို ယူထားသူပါ။
၁၉၈၃ ခုနှစ်မှာ သူသီဆိုခဲ့တဲ့ သီချင်းကို အစိုးရတီဗီကနေလွှင့်ပြီးတဲ့နောက်
နောက်တန်းမှာပဲ နေပြီး လူမှုရေးလုပ်ငန်းတွေ၊ ကျန်းမာရေးလုပ်ငန်းတွေမှာ တာဝန်ပေးခဲ့ပါတယ်။
တရုတ်နိုင်ငံမှာ ၁၉၈၀နဲ့ ၉၀ နှစ်တွေက ဖတ်စ်လေဒီတွေဟာ
နောက်တန်းမှာပဲ မထင်မရှားနေခဲ့ကြရပြီး ပြည်တွင်းရောပြည်ပမှာပါ ပါဝင်လုပ်ဆောင် ပြောဆိုတာ၊ လိုက်ပါတာမျိုး မရှိခဲ့ပါဘူး။ အခု ဖတ်စ်လေဒီကတော့ ခေတ်တွေပြောင်းတာနဲ့ အမျှ နိုင်ငံတကာ ဖတ်စ်လေဒီတွေလို သူတို့ရဲ့ သံတမန်အခန်းကဏ္ဍကို ၀င်ရောက်လာမယ်လို့ ခန့်မှန်းကြပါတယ်။
တရုတ်လူမှုရေးသိပ္ပံပညာရှင် လီရင်ဟီက တရုတ်သမ္မတမှာ ဒီလို ချောမောလှပတဲ့ ဇနီးရှိတယ်ဆိုတာကို တွေ့မြင်ကြရင် ကွန်မြူနစ်ပါတီ အပေါ် ပြည်တွင်းပြည်ပက အမြင်ပျော့ပြောင်းလာနိုင်တယ်လို
ပင်လီယွန်ရဲ့ ပရိသတ်တဦးကတော့ ပင် ဟာ မရည်ရွယ်ပေမဲ့ သမ္မတ စင်ကို ကျော်တက်ပြီး ကျော်ကြားသွားမှာ စိုးရိမ်တယ်လို့ မှတ်ချက်ချခဲ့ ပါတယ်။
MZ/Burma-Newselite
တိုက်ရိုက်ရှယ်ပါ။ စာသားကူးယူဖော်ပြခွင့် မပြုပါ။
ကိုးကား- http://edition.cnn.com/2013/
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။