Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Monday, March 11, 2013

သမိုင်းဆိုသည်မှာ

အခုချိန်မှာ ကျတော် တို့ ဟာသင်ခန်းစာယူရမဲ့ အချိန်ရောက်နေပြီ ..တချိန်က ကိုယ် က "အ" နေခဲ့ လို့ ခံ ခဲ့ ရပြီးပြီ ..အချုပ်ချာ အာဏာပိုင်ဘ၀ ဆုံးရှုံးခဲ့ ရပြီးပြီ ..ကိုယ့် ဘုရင် လဲ နန်းကျ ဘုရင် အဖြစ်နဲ့

သူတပါးလက်ထဲ ပါခဲ့ ရပြီးပြီ ..ဆုံးရှုံး သွားတဲ့ လွတ်လပ်ရေး ကို ပြန်ယူရမှာ အသက် သွေး ချွေးတွေ လည်း စတေးခဲ့ ရပြီးပြီ....။..အဲ ဒီလို ဖြစ်ရပ် မျိုးနောက် မကြုံကြရအောင်

သင်ခန်းစာယူပြီး အကောင်းဆုံး တည့် မတ် လမ်းညွှန်ပေး နိုင်တာကတော့ သမိုင်း ဘာသာရပ်ဘဲ ဖြစ်ပါတယ် လို့ ကျတော် ယူဆမိပါတယ် ။ လူတိုင်း သမိုင်း ကို သင်ယူ လေ့လာ မှတ်သား တတ်ကြပါစေ ။
.............................သမိုင်းဆိုသည်မှာ ..ထွန်းလင်းနေတဲ့ နေမင်းကြီး ရဲ့  အောက်မှာ ရှိနေတဲ့ အရာအားလုံးဟာ သမိုင်းဖြစ်တယ် .......လို့ ပညာရှင်ကြီး များ 

ကဆိုကြပါတယ် ။ ကျတော်ကတော့  အဲဒီလိုကြီးကြီး မားမား ကောက်ချက် မချတတ်ပါဘူးခင်ဗျာ ။ကျတော်သိတာလေးတွေ ကို ရိုးရိုးရှင်းရှင်း လေးပဲတွေးပြီးတော့ 

ပြောချင်ပါတယ် ။ 
                   ................  တကယ်တော့ ကျတော်တို့ တတွေ ဟာသမိုင်း လို့ ဆိုလိုက်တာနဲ့  ကျမ်းကြီးကျမ်းခိုင်တွေ နဲ့ စာအုပ်အထူကြီးတွေ ကို ပြေးပြီး မြင်တတ်ကြပါတယ် ။ 

အဲဒီ တော့ လည်း သမိုင်းဆိုတာကို ဝေးဝေး ရှောင်ကြ ပြီပေါ့ ။ တချို့  ကပြောတတ်ကြပါသေးတယ် သမိုင်းဆိုတာ အိမ်ငိုက်ဆေး ၊ သမိုင်းစာအုပ်ကို ကိုင်လိုက်တာနဲ့ 

ဘာမီတွန် သောက်စရာ မလိုဘူး အိပ်ချင်ပြီးသားဘဲ တဲ့ ။  အဲဒီလို ခံယူလာကြတော့ လည်း ကျတော်တို့ ကျောင်းသားတွေ ဟာ ကြောက်စရာဘာသာရပ်တခုအနေနဲ့ 

မြင်လာကြပါတယ် ။ ဘယ်လောက်အထိဆုံးရွားသလဲဆိုရင် စာရေးဆရတယောက်ရဲ စစ်တမ်းအရ ဘွဲ့  ရပြီးသားလူငယ်တွေ အကြားမှာ မြန်မာ့ သမိုင်းတလျှောက်  

ပထမမြန်မာနိုင်ငံတော် ၊ ဒုတိယမြန်မာနိုင်ငံတော် နဲ့ တတိယ မြန်မာနိုင်ငံတော်တို့ ကို ထည်ထောင်ခဲ့ တဲ့ မင်းသုံးပါး ကို ပြောနိုင်တဲ့ သူ ရာခိုင်နှုန်းတော်တော် 

နည်းတယ်လို့ ဆိုပါတယ် ။ ယုံမလားတော့ မသိဘူး ..ကျတော့် သူငယ်ချင်း ဘွဲ့  ရပြီးသားတစ်ယောက် က သမိုင်းဆိုတာ အရင်ကဖြစ် ပြီးသွား တဲ့ အကြောင်းရာတွေ ဘဲ 

အခုလေ့ လာသင်ကြားနေလို့ ဘာထူးမှာလဲတဲ့ ....ကဲ..။
                                ..................... တချို့  လူတွေ သမိုင်းကို သင်ရမှာ ၊ လေ့ လာရမှာ ကို ကြောက်နေကြတာဟာ သမိုင်းသင်ကိုကြားပို့ချနေသူဆရာ ဆရာမတွေ နဲ့ သမိုင်း 

စာအုပ် ရေးသားထုတ်ဝေနေသူစာရေးဆရာ တွေ ရဲ့  ဘက်ကလည်း လိုအပ်ချက်တွေ ရှိနေလေသလားရယ်လို့ ကျတော် မ၀ံ့ မရဲ တွေးကြည့်မိပါတယ် ။  

သမိုင်းသင်ကြားရာမှာ လွန်ခဲ့ တဲ့ နှစ်ပေါင်း သုံးထောင်ကျော် လောက် က ကျတော်တို့ နေရာနဲ့  မိုင်ပေါင်းများစွာ ဝေးတဲ့ နေရာမှာ ရှိတဲ့ " မန်မီ''  ဆေးစိမ် အရုပ်လောင်း 

အကြောင်း သင်ကြားတော့ မယ်ဆိုရင် အကြောင်းရာနဲ့ သက်ဆိုင်တဲ့  ( ပြဌာန်းစာအုပ်ထဲကမဟုတ်တဲ့ ) ဓာတ်ပုံ သို့ မဟုတ် ရုပ်ပုံ တပုံလောက်တောင် မှ မပြနိုင်ရင် 

ကျောင်းသားတွေ ရဲ့  စိတ်ဝင်စားမှု မရနိုင်ဘူး လို့  ဆရာမကြီး ဒေါက်တာ မတင်ဝင်း ရဲ့  ဆောင်းပါးတပုဒ်မှာ မှတ်သားရဖူးပါတယ် ။ ဒီနေရာမှာ ကျတော့ အမြင်ကို ပြောရရင် 

သမိုင်းဘာသာနဲ့ ပထ၀ီ ဘာသာဟာခွဲခြားလို့ မရဘဲ ဆက်စပ်မှု ရှိတယ်လို့ ထင်ပါတယ် ။ ဒါကြောင့် မို့ သမိုင်း ဆိုင် ရာ ပထ၀ီ မြေပုံ ကားချပ်တွေ ၊ Globe တွေ ရဲ့  

အကူအညီ တွေ နဲ့ သင်ကြား ပြသပေးမယ်ဆိုရင်တော့ အထိုက်အလျှောက် စိတ်ဝင်စားမှု ပိုလာနိုင်မယ်လို့ ထင်ပါတယ် ။ ကျတော် တို့ အနေနဲ့ လက်ရှိနိုင်ငံ တွေ မြို့ တွေ 

ကို ကမ္ဘာ့ မြေပုံ ပေါ် မှာ ထောက်ပြနိုင်ပေမယ့်  အာရှမိုင်းနားတို့ ၊ ဘေဘီလုံ နီးယန်း တို့ ကို ပြပါဆိုရင် ချက်ချင်း ရှာပြီး ထောက်ပြ မနိုင်ကြဘူးမဟုတ်လား ။
                             ................ကျတော် ကျမတို့ ကဖြင့် သမိုင်းကို စိတ်မ၀င်စားဘူး ၊ ၀ါသနာမပါဘူးလို့ ပြောနေကြတာဟာ အဓိပ္ပါယ် မရှိဘူးလို့ ထင်ပါတယ် ။ အဲသလို 

ပြောနေကြပေမယ့် လူတိုင်းလူတိုင်း ဟာ သမိုင်းနဲ့ ကင်းကွာ လို့ မှ မရတာ... ။ ဆိုပါတော့ လူတစ်ယောက်နဲ့ ပေါင်းသင်းဆက်ဆံတော့ မယ်ဆို အဲဒီလူရဲ့  သမိုင်း ကို အရင် 

လေ့လာရလိမ့် မယ် ။ ဒီလူဟာ ဘယ်ကလဲ ၊ ဘယ်ကနေဆင်းသက်လာတာလဲ၊ သူအရင် ကဘာတွေ လုပ်ခဲ့ သလဲ ။ အခုကောဘာတွေ လုပ်နေသလဲ ဆိုတာတွေ နဲ့ 

ဆက်စပ်ပြီး နောက် ဘာဖြစ်လာ နိုင်သလဲ ဆိုတာတွေ ကို မဖြစ်မနေလေ့ လာ ရတော့ မှာပေါ့ ။ အဲဒီလိုမှ သူ့ အကြောင်းကို လေ့လာထားမှ သာ ရေရှည် လျှောက်လှမ်းရမယ့် 

လမ်းတလျှောက်မှာ အဆင်မပြေမှု ကို ဖြစ်စေနိုင်တဲ့ အကြောင်းတရားတွေ ကို ရောင်ရှား နှိုင်မှာ ဖြစ်ပါတယ် ။ ကျတော် အခုပြောခဲ့ တဲ့ လမ်းစာဉ် လေး ဟာ မိတ်ဆွေ 

အချင်းချင်း ၊ လင်မယား အချင်းချင်း ပေါင်းသင်းဆက်ဆံ မှု ကနေ ကုပ္ပဏီအချင်းချင်း ၊ အဖွဲ့ စည်းအချင်းချင်း နဲ့ နိုင်ငံ အချင်းချင်း ကူးလူးဆက်ဆံ ကြတဲ့ နေရာအထိ 

အရေးပါတယ်ဆိုတာ ကျတော်တို့ ငြင်းနိုင်ကြမယ်မထင်ဘူး ။
                                .................. ကျွန်တော် လည်း ပညာရှင်တို့ ရဲ့  စကားနောက် သံ ယောင်လိုက်ပြီးတော့ လိုက်ပြောကြည့် လိုက်ပါ အုံးမယ် ။ တကယ်တော့ သမိုင်းဆိုတာ 

အကြောင်းရယ် အဖြစ်ပျက်ရယ် နဲ့ အကျိုးဆက်ရယ် (causes , events , result ) တို့ ကို ဆက်စပ်ပေးထားတဲ့ အဖြစ်စဉ်ပါ တဲ့ ။  အဲလို ဖြစ်စဉ်တွေ က ထွက်ပေါ် လာတဲ့ 

အကောင်းကျိုး အဆိုး အဖြစ် တွေ  အပေါ်မှာ သင်ခန်းစာယူပြီး နောင် အနာဂတ်အတွက် လုပ်ဆောင်ရမှာ ဖြစ်ပါတယ် ။ သမိုင်းဆိုတာ ကျတော် တို့ လူ့ ဘ၀မှာ၇ှိတဲ့ 

လူသားတွေ ရဲ့  ခရီးလမ်းကြောင်းမှတ်တမ်းဖြစ်ပြီး အဲဒီ မှတ်တမ်း ကို အသေချာလေ့လာ ဝေဖန် စီစစ် ပြီး ကောက်ချက်ချ ရေးသားမှတ်တမ်းတင် နှိုင်မှ သမိုင်းစစ်စစ် 

ဖြစ်ပါတယ်တဲ့ ။ တကယ်လို့ သာ ဝေဖန်ဆန်းစစ်ချက်တို့ ၊ ကောက်ချက်ချ မှုတွေ မပါခဲ့ ရင် အဲဒီ မှတ်တမ်းက   ဖြစ်စဉ်မှတ်တမ်း ( Chronology ) တစ်ခုသာ ဖြစ်ပါတယ် တဲ့ ။  

" ရာဇ၀င် " နဲ့ " သမိုင်း " ဟာလဲ မတူပြန်ပါဘူး ။ ရာဇ၀င် ဆိုတာက ဘုရင်တွေ မိဖုရားတွေ ဘုန်းတန်ခိုးကြိးမားပုံ အကြောင်းနဲ့ သူတို့ ရဲ့ ပရိသတ် ၊ မင်းပရိသတ်တို့ 

အကြောင်းသာဖြစ်ပြီး  "သမိုင်း "  ဆိုတာ ကတော့ လူတွေ အကြောင်း ၊ လူနဲ့ ဆက်နွယ်သမျှ အရာအားလုံးတို့ ရဲ့ အကြောင်း ဘဲ ဖြစ်ပါတယ် ။  သမိုင်းဆိုတာပြီး ပြီးသားကိစ္စ 

တစ်ခု ဖြစ်သလို လက်ရှိ အဖြစ်ပျက်တွေ ဟာလဲ အဲဒီ ပြီးပြီး သားကိစ္စတွေကို အခြေခံပြီးမှဖြစ်ပေါ်လာ တာပါဘဲ ။   သမိုင်း ဆိုတာ... ဘယ်ကလာလို့ 

ဘယ်ကိုသွားမယ်ဆိုတာပြောနိုင်တယ် ။ ဘယ်ကိစ္စမှာ ဖြစ်ဖြစ် အကြောင်းနဲ့အကျိုး ဆက်စပ်နေတာပြပေးနိုင်တယ် ။ ပြီးတော့ ကိစ္စ တစ်ခုကိုဆောင်ရွက်တော့မယ်ဆိုတာနဲ့ 

နောက်ခံသမိုင်းကြောင်း ကို လေ့ တာကနေစရပါတယ် ။ ပျက်စီး ဆုတ်ယုတ်ခဲ့ တဲ့ အကြောင်းရင်း ကို သိထားရင် ဘယ်လိုတားဆီး ဖြေရှင်းရမယ်တဆိုတာ 

ကိုသမိုင်းကပြောလိမ့် မယ် ။ ဒါကြောင့် အောင်မြင်ချင်ရင် လူ့ ဘ၀ သင်ခန်းစာပေးတဲ့ သမိုင်းကို လေ့ လာထားသင့် ပါတယ် ။ နောက်ပြီး ကိုယ့် အတွက် စံတင်ရသူတွေ ကို 

လေ့ လာတုယူဖို့ အတွက် ခေတ်သမိုင်းတွေ ဖြစ်တဲ့ အထ္ထုပ္ပတ္တိတွေ ကိုလည်း လေ့ လာကြရမှာပါ ။
                                ဆရာမကြီး မကြန်က "သမိုင်းဟူသည် ကြို့ ကုန်းမဟုတ်ပါ " ဆိုပြီး ဥပမာပေးပြီး ရေးထားတာ ဖတ်ရဖူးပါတယ်  ။ ဆိုလိုတာက  သမိုင်း ဟာ သမိုင်း 

သာဖြစ်ပြီး  ၀ထ္ထု တို့ ပုံပြင်တို့ ဒဏ္ဍာရီ တို့ မဟုတ်ဘူးလို့ ဆိုလိုတာပါ ။ သမိုင်းနောက်ခံ ၀ထ္ထုဆိုပြီး ရေးသားထုတ်ဝေနေကြပေမယ့် သမိုင်းပညာရှင် အများစုကတော့ 

အဲဒါတွေ ကိုသမိုင်းအဖြစ် လက်ခံ လေ့ မရှိပါဘူး ။ 
                                                ကျတော် အနေနဲ့ ပြောရရင် လူတိုင်းလူတိုင်းဟာ သမိုင်း ကို နက်နက် ရှိင်းရှိင်း မလေ့ လာဖြစ်ရင် တောင်မှ အကြမ်းဖျင်းလောက်တော့ လေ့ 

လာ မှတ်သားသင့် တယ် လို့ ထင်ပါတယ် ။  အားလုံး ကြားဖူးပြီးသားဖြစ်တဲ့ ဆရာ့ကြီးဒေါက်တာ သန်းထွန်း ရဲ့  မ" အ " ရအောင်လို့ သမိုင်းသင်ရတယ် http://www.facebook.com/photo.php?fbid=451016194921758&set=a.451016048255106.100194.100000401452593&type=3&theater.........ဆိုတဲ့ စကားထဲ က " 

အ " တယ် ဆိုတဲ့ စကားလုံးကို ဆရာမကြီးမကြန်က.....သမိုင်းမတတ်ရင် လူအပေါ့ ...........၊ တုံးသည် ၊ နသည် ၊ နုံသည် ၊ ထုံသည် ၊ ထိုင်းသည် ၊ ထူသည် ၊ အူသည် ၊ ညံသည် 

၊ ဖျင်းသည် ၊ လျှော်သည် ၊ မပါးမနပ် ၊ အသုံးမကျ ....စတဲ့ စကားလုံးတွေ နဲ့ ထပ်မံ ဖြည့်ဆွက်ပြီး ခိုင်းနိုင်းထား ပါတယ် ။ ဘယ်တတ် နိုင် မလဲ မ "အ" ချင်ရင် တော့ 

ကမ္ဘာ့သမိုင်းရော မြန်မာ့ သမိုင်းကို ပါ သင်ရ ဖတ်ရ မှတ်ရတော့ မှာပေါ့ ။ အဲ လို မှ မဟုတ်ရင်တော့ ကမ္ဘာ ရွာအလယ် မှာ အူတူတူ အတတ နုံတုံတုံ အူလည်လည် နဲ့ 

ဘုမသိဘမသိ သူတစ်ပါး ( နိုင်ငံတွေက ) နှပ်သမျှ ၊ ညစ်သမျှ ၊ ညာသမျှ ၊ လုပ်သမျှ ငုံ့ခံနေရမှာ တကယ် ကို ရှက်စရာ ကြီးနေမှာပါ....။ အခုချိန်မှာ ကျတော် တို့ ဟာ 

သင်ခန်းစာယူရမဲ့ အချိန်ရောက်နေပြီ ..တချိန်က ကိုယ် က "အ" နေခဲ့ လို့ ခံ ခဲ့ ရပြီးပြီ ..အချုပ်ချာ အာဏာပိုင်ဘ၀ ဆုံးရှုံးခဲ့ ရပြီးပြီ ..ကိုယ့် ဘုရင် လဲ နန်းကျ ဘုရင် အဖြစ်နဲ့ 

သူတပါးလက်ထဲ ပါခဲ့ ရပြီးပြီ ..ဆုံးရှုံး သွားတဲ့ လွတ်လပ်ရေး ကို ပြန်ယူရမှာ အသက် သွေး ချွေးတွေ လည်း စတေးခဲ့ ရပြီးပြီ....။..အဲ ဒီလို ဖြစ်ရပ် မျိုးနောက် မကြုံကြရအောင် 

သင်ခန်းစာယူပြီး  အကောင်းဆုံး တည့် မတ် လမ်းညွှန်ပေး နိုင်တာကတော့  သမိုင်း ဘာသာရပ်ဘဲ ဖြစ်ပါတယ် လို့ ကျတော် ယူဆမိပါတယ် ။ လူတိုင်း သမိုင်း ကို သင်ယူ 

လေ့လာ မှတ်သား တတ်ကြပါစေ ။ ။ ( ရန်နောင်စိုး )
‎.............................သမိုင်းဆိုသည်မှာ ..ထွန်းလင်းနေတဲ့ နေမင်းကြီး ရဲ့  အောက်မှာ ရှိနေတဲ့ အရာအားလုံးဟာ သမိုင်းဖြစ်တယ် .......လို့ ပညာရှင်ကြီး များ

ကဆိ...ုကြပါတယ် ။ ကျတော်ကတော့ အဲဒီလိုကြီးကြီး မားမား ကောက်ချက် မချတတ်ပါဘူးခင်ဗျာ ။ကျတော်သိတာလေးတွေ ကို ရိုးရိုးရှင်းရှင်း လေးပဲတွေးပြီးတော့

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။