Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Monday, March 11, 2013

“အဝေးရောက် မြန်မာလူငယ်များ၏ အိမ်အပြန်”


 Aung Ko UWork.com.mm
ယနေ့လူငယ်များသည် ပုံစံအမျိုးမျိုးဖြင့် နိုင်ငံခြားသို့ သွားနေကြပါသည်။ နိုင်ငံခြားသွားကြသည့် လူငယ်များတွင် ဆွေးနွေးပွဲများ၊ ပြိုင်ပွဲများစသည်များသို့ အသင်းအဖွဲ့/အဖွဲ့အစည်းများ၏ ကိုယ်စားလှယ်များ၊ နိုင်ငံ့ကိုယ်စားလှယ်များအဖြစ်သွားရောက်ကြသူများ၊ ပညာသင်ဆုရရှိ၍ သော်လည်းကောင်း၊ မိဘကတတ်နိုင်၍ သော်လည်းကောင်း ကျောင်းတက်ကြသူများ နှင့် အလုပ်လုပ်ကိုင်ရန် သွားကြသူများဟု အ...ကြမ်းအားဖြင့် (၃) မျိုးခွဲခြားနိုင်ပါသည်။ စာရေးသူသည် အင်္ဂလိပ်ဘာသာစကား သင်ကြားသူတစ်ယောက် ဖြစ်သည့် အတွက် နိုင်ငံခြားသွားရန် ပြင်ဆင်နေကြသည့် လူငယ်များနှင့် အမြဲတမ်းလိုလို ထိတွေ့ သင်ကြားရပါသည်။ ယခု ဆောင်းပါးသည် နိုင်ငံခြားသို့ သွားရောက် အလုပ်လုပ်ကြမည့် လူငယ်များကို အမြဲတမ်း ပြောဖြစ်နေသည့် စကားလက်ဆောင်များ ဖြစ်ပါသည်။
နိုင်ငံခြားသို့ အလုပ်သွားလုပ်ကြမည့် လူငယ်များကို စာရေးသူ အမြဲတမ်းမေးသည့် မေးခွန်း (၄) ခုရှိပါသည်။

(၁) နိုင်ငံခြားကို ဘာကြောင့် အလုပ်သွားလုပ်တာလဲ?
(၂) ဘယ်လောက်ကြာကြာ နေမှာလဲ?
(၃) ပိုက်ဆံ ဘယ်လောက် ရအောင် စုမှာလဲ?
(၄) နိုင်ငံခြားက ပြန်လာရင် မြန်မာပြည်မှာ ဘာလုပ်ငန်း လုပ်မှာလဲ ?

ပထမမေးခွန်း၏ အဖြေမှာ အားလုံးလိုလို အတူတူပင် ဖြစ်ပါသည်၊ အဖြေကား အားလုံးသိကြသည့်အတိုင်း ပိုက်ဆံပိုရလို့ ဟုဖြေကြပါသည်။ ကျန်မေးခွန်းများကို တိတိကျကျ ဖြေသူကား အလွန်နည်းပါသည်။
လူငယ်အများစု နိုင်ငံခြားသို့ အလုပ်သွားလုပ် ကြခြင်းမှာ အမိမြန်မာပြည်ထက် လုပ်ခ လစာငွေ ပိုရသောကြောင့်ဖြစ်သည်မှာ အမှန်ပင်ဖြစ်ပါသည်။ သို့ပါလျှင် နိုင်ငံခြားမှာ ဘယ်လောက်ကြာကြာနေမှာလဲ ဆိုသည်မှာ လည်း အရေးကြီးပါသည်။ ဘဝဆိုသည်မှာ အချိန်ဖြင့် တည်ဆောက် ထားသောကြောင့် သူ့အသက်အရွယ် အလိုက် ဆောင်ရွက်ရန် လိုအပ်သည်များကို အတတ်နိုင်ဆုံး ဖြည့်ဆည်းထားရန် လိုပါသည်။ ပိုက်ဆံပိုရသောကြောင့်၊ အရင်းအနှီးစုဆောင်းလိုသောကြောင့် နိုင်ငံခြားသို့ သွားရောက်ကာ အလုပ်လုပ်ကြခြင်းဖြစ်သည့် အတွက် မိမိရသည့် လစာအပေါ်မူတည်ကာ ထိုက်သင့်သော ပမာဏ စုဆောင်းနိုင်အောင် ကြိုးစားရပါမည်။ “နိုင်ငံခြားက ပြန်လာရင် မြန်မာပြည်မှာ ဘာလုပ်ငန်း လုပ်မှာလဲ ?” ဟူသော မေးခွန်းမှာ အထူးအရေးကြီးပါသည်။ စာရေးသူကိုယ်တိုင် ကျေးဇူးရှင် ဆရာကြီးဦးမြကြိုင် ထံတွင် အင်္ဂလိပ်စာ သင်တန်းစတက်စဉ်ကာလ ကပင် သူငယ်ချင်း တော်တော်များများ နိုင်ငံခြားသွားရန် ကြိုးစားကြ ပြင်ဆင်ကြပါသည်။ တစ်ချို့ကလည်း စင်္ကာပူ၊ တစ်ချို့ကလည်း မလေးရှား၊ တစ်ချို့ကလည်း ဒူဘိုင်း၊ ကာတာ၊ ယူအေအီး စသည့် အရှေ့အလယ်ပိုင်းနိုင်ငံများသို့ စသည်စသည်ဖြင့် ဘဝတိုးတက်ရာ တိုးတက်ကြောင်းအတွက် ကမ္ဘာအနှံ့အပြားသို့ မြန်မာပြည်က ခြေဆန့်ကြပါသည်။ စာရေးသူက ကိုယ်ခံယူချက်နဲ့ကိုယ် အမိမြန်မာပြည်က တစ်ဖဝါးမှမခွာ ကျန်ရစ်နေခဲ့ပါသည်။ အချို့ အချို့သော သူငယ်ချင်းများသည် နိုင်ငံခြားရောက်သွားချိန်တွင် မိဘထံသို့ ပိုက်ဆံများ ပြန်ပို့ပေးကြသောအခါ စာရေးသူ မုဒိတာပွားမိပါသည်၊ ထိုအချိန်တွင် စာရေးသူကတော့ မိဘဆီက ပြန်မတောင်းရအောင်တောင် မနည်း ကြိုးစားရုန်းကန် နေရပါသည်။ အချိန်ကာလ အတန်ကြာတော့ အချို့အချို့သော သူငယ်ချင်းများက အမိမြန်မာပြည်သို့ ပြန်လာကြပါသည်။ ပိုက်ဆံလေးကလည်း ဖောဖောသီသီ ပါလာတော့ သူငယ်ချင်း အပေါင်းအသင်း ယောင်းရင်းများနှင့် ပျောပျော်ပါးပါး စားကြသောက်ကြ။ ဒီလိုနဲ့ …… ပါလာတဲ့ပိုက်ဆံ ကုန်တော့ ဘာလုပ်ငန်းမှ လည်း မယ်မယ်ရရ မလုပ်ဖြစ်ဘဲ မြန်မာပြည်မှာလည်း လုပ်ကိုင် မစားချင်တော့တာရော၊ လုပ်ကိုင် မစားတတ်တာကြောင့်ပါ နောက်တစ်ခေါက် ရပ်ဝေးမြေခြား နိုင်ငံခြားကို ထပ်သွားကြပြန်ပါသည်။ ယခုတင်ပြနေသော အကြောင်းအရာများသည် နိုင်ငံခြားမှ ပြန်လာသူ အားလုံးကို မဆိုလိုသလို မည်သူ့ကိုမှလည်း ထိခိုက်စေရန် မရည်ရွယ်ပါ၊ စဉ်းစားတွေးချင့်နိုင်ရန် ဥပမာ တင်ပြခြင်းသာ ဖြစ်ပါသည်၊ စာဖတ်သူများ ကိုယ်တိုင် အထက်ပါ အဖြစ်အပျက်မျိုးကို ပတ်ဝန်းကျင်တွင် တွေ့ကောင်းတွေ့နိုင် ပါလိမ့်မည်။
နိုင်ငံခြားသို့ သွားရောက် အလုပ်မလုပ်မီကပင် ပြန်လာသောအခါ မည်သည့် လုပ်ငန်း လုပ်မည်ကို ကြိုတင်ပြင်ဆင်သင့်ပါသည်။ ပိုက်ဆံမရှိသေးလို့ပါ၊ ပိုက်ဆံရှိလျှင် မည်သည့်လုပ်ငန်းမဆို လုပ်ကိုင်နိုင်သည်ဟု အချို့က ပြောပါလိမ့်မည်။ ပိုက်ဆံရှိလျှင် လုပ်ချင်သော မည်သည့်လုပ်ငန်းကိုမဆို လုပ်နိုင်သည်မှာ မှန်သော်လည်း ထမင်းမချက်တတ်ဘဲ အိမ်ဖော်ငှားလျှင် တစ်လ အသုံးစရိတ်အမှန်ကို မသိနိုင်သောကြောင့် ရိုးသားသူနှင့် တွေ့လျှင် အခက်အခဲ မတွေ့နိုင်သော်လည်း မရိုးသားသူနှင့် တွေ့လျှင် မည်သို့ ဖြစ်နိုင်သည်ကို အထူးပြောစရာ လိုမည်မထင်ပါ။ မိမိလုပ်လိုသော လုပ်ငန်းအမျိုးအစားကို လက်ဘက်ရည်ဆိုင်၊ ဖက်ရှင်ဆိုင်၊ ဖိနပ်ဆိုင်၊ မိတ္တူဆိုင်၊ ဓါတ်ပုံဆိုင် စသည်ဖြင့် ပထမဦးဆုံး တိတိကျကျ ရွေးချယ်ရန် လိုပါသည်။ ဆက်လက်ပြီး မည်သည့်နေရာတွင် လုပ်လိုသည်ကို လည်း ထည့်သွင်းစဉ်းစားရပါမည်၊ လုပ်ကိုင်မည့် နေရာအပေါ်တွင် မူတည်ကာ ရင်နှီးမြှပ်နှံမှု ပမာဏများ၊ စရိတ်များ မတူညီနိုင်ပါ။ လိုအပ်သည့် အရင်းအနှီး ပမာဏကို အနီးစပ်ဆုံး တွက်ချက်ရပါမည်။ သို့မှသာ နိုင်ငံခြားမှာ ဘယ်လောက်ကြာကြာနေပြီး ဘယ်လောက်ရအောင် စုဆောင်းရမည်ကို မိမိကိုယ်ကို အမြဲတမ်း သတိပေးနေရပါမည်။(လိုအပ်သော အရင်းအနှီး ပမာဏ မပြည့်နိုင်လျှင်လည်း စုဆောင်းမိသော ပမာဏဖြင့် မည်သို့ အခြေအနေက စတင်ရမည်ကိုလည်း ထည်းသွင်းစဉ်းစားထားရပါမည်။) ဆက်လက်ပြီး မိမိလုပ်လိုသော လုပ်ငန်းအတွက် နိုင်ငံခြားတွင် အလုပ်လုပ်ကိုင်နေစဉ် ကာလကတည်းကပင် အမိမြေသို့ ပြန်ရောက်လာချိန်အထိ လိုအပ်သည်များကို အမြဲမပြတ် လေ့လာမှတ်သားနေရပါမည်။ မိမိပတ်ဝန်းကျင်တွင်ရှိသော အောင်မြင်နေသော လုပ်ငန်းများတွင် မိမိလုပ်ကိုင်လိုသော လုပ်ငန်းများ၏ ကောင်းနိုးရာရာ၊ အတုယူဖွယ်ရာ လုပ်ငန်းအတွက် ပြင်ဆင်မှု၊ လုပ်ငန်းစဉ်များကို သေသေချာချာ လေ့လာမှတ်သားကာ ကိုယ်တိုင် ဆောင်ရွက်ချိန်တွင် အသုံးချနိုင်အောင် ကြိုတင်ပြင်ဆင်ထားရပါမည်။
စတင်လုပ်ကိုင်မည့် အချိန်တွင် မိမိအခြေချ လုပ်ကိုင်မည့် လုပ်ငန်းနယ်ပယ်တွင် ဈေးကွက်ရရှိပြီး ဖြစ်သော လုပ်ငန်းတစ်ခု၏ အောင်မြင်မှုအနေအထား၊ စာသုံးသူကို မည်သို့ ဝန်ဆောင်မှုပေးသည် များကိုလည်း အသေးစိတ် အချိန်ယူကာ လေ့လာရပါမည်။ ဥပမာ လက်ဘက်ရည်ဆိုင် တစ်ဆိုင်လှည်းတန်းမှာ လက်ဘက်ရည်ဆိုင် ဖွင့်လိုပါလျှင် မိမိနိုင်ငံခြားမှာ နေထိုင်စဉ်ကတည်းက မိမိပတ်ဝန်းကျင်တွင် အဆိုပါလုပ်ငန်းမျိုးတွင် အောင်မြင်နေသူများ၏ ဆောင်ရွက်ပုံကို ကြိုတင်လေ့လာထားရမည် ဖြစ်သလို လှည်းတန်းတွင် အောင်မြင်နေသော လက်ဘက်ရည်ဆိုင်၏ အောင်မြင်ရသော အကြောင်းရင်းကိုလည်း အသေးစိတ် လေ့လာရပါမည်။ အချို့က နေရာထိုင်ခင်း ကောင်းသောကြောင့် အောင်မြင်သည်၊ အချို့ အစားအသောက် ကောင်း၍ အောင်မြင်သည်၊ အချို့က ဆက်ဆံရေးကြောင့် အောင်မြင်သည်၊ ထိုအချက်များကိုလေ့လာကာ မိမိဆိုင်ကို မည်သည့်အကြောင်းဖြင့် အောင်မြင်အောင် ဆောင်ရွက်မည်ကို မိမိအတွေ့အကြုံ လေ့လာမှတ်သားမှုများကို အခြေခံကာ တွေးတောကြံ ပြင်ဆင်ရပါမည်။
မိမိလုပ်ကိုင်လိုသော လုပ်ငန်း၏ ဈေးကွက် အနေအထားကိုလည်း စဉ်ဆက်မပြတ် စောင့်ကြည့်နေရန်လိုအပ်ပါသည်။ မိမိလုပ်ကိုင်မည့် လုပ်ငန်းကို မည်သို့ စီမံခန့်ခွဲမည်၊ ဈေးကွက် ဝေစု ရအောင် မည်သို့ ထိုးဖောက်မည် စသည်များကို လုပ်ငန်းအတွက် လိုအပ်သော အချက်အလက်များကို ဘက်ပေါင်းစုံမှ အသေးစိတ် ကြိုတင်ပြင်ဆင်ထား ရပါမည်။ “…… ခါနီးမှ …… ရှာသည်” ဟူသော စကားကဲ့သို့ ပိုက်ဆံရမှ ဘာလုပ်ရင်ကောင်းမလဲ စဉ်းစားနေရင်… လုပ်ကိုင်လိုသော လုပ်ငန်းကို စဉ်းစားထားသော်လည်း လုပ်ငန်းအကြောင်း ဈေးကွက်အနေအထားကို ကြိုတင် မမြင်ဆင်ထားလျှင် …… လုပ်ငန်းအောင်မြင်ရာခိုင်နှုန်းမှာ အလွန်နည်းပါလိမ့်မည်။ ယခုဆောင်းပါးသည် ရပ်ဝေးမြေခြား နိုင်ငံခြားတွင် အလုပ်လုပ်ကိုင်နေကြသူများကို အဓိကရည်ရွယ်သော်လည်း ပြည်တွင်းတွင် ကိုယ်ပိုင်လုပ်ငန်း လုပ်ကိုင်လိုသော လူငယ်များကိုလည်း ရည်ရွယ်ပါသည်။ မြန်မာလူငယ်များ အားလုံး မိမိလုပ်ချင်သော လုပ်ငန်းကို ကြိုတင်ပြင်ဆင် လေ့လာကာ အောင်အောင်မြင်မြင် ဆောင်ရွက်နိုင်ကြပါစေကြောင်း ရည်ရွယ် ရေးသားလိုက်ပါသည်။


အောင်ကိုကို(အမ်း)
Phone: (95) 9 421752568
Email: siraungkou.umk@gmail.com
Facabook: www.facebook.com/aungkou

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။