Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ BobbySoxer Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HTDTunYin&ဟသာင်္တထွန်းရင် HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JMe&ဂျေးမီ JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း KKT&ကေကေတီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LDKyaw&L.ဒီကျော် LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MaNaw&မနော Madi&မဒီ Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NO&နိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PanYaungChel&ပန်းရောင်ခြယ် PannEiPhyu&ပန်းအိဖြူ Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SiThuLwin&စည်သူလွင် SiYan&စီယံ SinPauk&ဆင်ပေါက် SithuWin&စည်သူဝင်း Snare SoTay&ဆိုတေး SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SuNit&ဆူးနစ် SungTinPar&ဆုန်သင်းပါရ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TinZarMaw&တင်ဇာမော် TintTintTun&တင့်တင့်ထွန်း TuTu&တူးတူး TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း V.NoTun&V.နိုထွန်း WaNa&ဝန WaiLa&ဝေလ WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး XGALZ Xbox Y-Zet YY&၀ိုင်ဝိုင်း YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YuZaNa&ယုဇန YummyRookie Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့် khinMgHtoo&ခင်မောင်ထူး
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Thursday, March 7, 2013

ညီမလေးဖတ်ဖို့(၁၃)


 Royal Hero Media
ညီမလေးရေ ပြောစရာတွေကများတယ်။ ဒီတစ်ခါပြောချင်တာက မြန်မာ့ရိုးရာသင်္ကြန်ပွဲတွေအကြောင်းပေါ့ကွယ်။ သင်္ကြန်ဆိုတာ နှစ်ဟောင်းကုန်လို့ နှစ်သစ်ကိုကူးပြောင်းတဲ့ အခါသမယတစ်ခုဆိုတာ ညီမလေးလဲသိပါတယ်။ သင်္ကြန်ရောက်ရင် လူငယ်တွေတိုင်းဟာ ပျော်ရွှင်ကြည်နူးကြတယ်။ လူကြီးတွေအများစုကတော့ ဘုရားကျောင်းကန်တွေဆီသွားပြီး သီတင်းသီလဆောက်တည်ကြ တရားစခန်းတွေဆီသွားပြီးတရားအားထုတ်ကြ၊ အလှ...ူဒါနတွေပြုလုပ်ကြဖို့ ပြုကြ ပြောကြ ကြံစည်ကြလေ့ရှိတယ်။ လူငယ်တွေဆိုတော့ကွယ် ပျော်ကြရွှင်ကြတာ မဆန်းပါဘူး။ လူငယ်တွေရဲ့အပျော်တွေဆင်ထားတဲ့ မျက်နှာလေးတွေဟာ မြင်ရတဲ့သူတွေဆီတောင် ကူးစက်ပြီးအပျော်တွေရောက်စေပါတယ်ကွယ်။ နုနယ်မှု့၊ ဖျတ်လတ်မှု့တွေနဲ့အတူ လန်းဆန်းတက်ကြွမှု့တွေနဲ့ ပျော်စရာရှိရင် ပျော်လိုက်ကြ၊ ရယ်စရာရှိရင် အားပါးတရ ရယ်တက်ကြတာ လူငယ်တွေရဲ့ ပွင့်လင်းဖြူစင်တဲ့ စိတ်ဓါတ်လေးတွေပဲမဟုတ်လား။ သင်္ကြန်ဆိုတဲ့ပွဲတော်ကြီးကလည်း နှစ်ဟောင်းကုန်ပြီး နှစ်သစ်ကူးပြောင်းဖို့အားယူနေဆဲကာလဆိုတော့ ပွင့်အာဖို့ တာဆူနေတဲ့ ပန်းပွင့်လေးတွေလိုပဲလို့ တင်စားရင်လွန်မယ်မထင်ပါဘူးကွယ်။ ဗုဒ္ဓဘာသာယဉ်ကျေးမှု့ဘက်ကကြည့်ရင်လည်း တစ်နှစ်တာအတွင်း ပြုခဲ့မိသမျှ မကောင်းမှု့အညစ်အကြေးတွေကို နှစ်သစ်မှာပါမလာအောင် ကုသိုလ်တရားတွေနဲ့ ဆေးကြောသုတ်သင်ပစ်တဲ့ အခါသမယတစ်ခုလို့ပြောရင်လည်း မမှားပါဘူးပေါ့။ ဒါပေမယ့်ကွာ သင်္ကြန်ဟာ သင်္ကြန်ဆိုတဲ့ ရိုးရှင်းတဲ့ ပုံသဏ္ဍာန်လေးတစ်ခုအတိုင်းတည်ရှိနေမယ်၊ ပျော်ရွှင်တက်ကြမယ်ဆိုရင် ဘာမှပြောစရာမလိုလောက်အောင် ချစ်ခင်နှစ်သက်ဖွယ်ကောင်းနေမှာ အသေအချာပါပဲ။ ခုတော့ မြင်နေကြားနေရတာတွေက တကယ့်ကို စိတ်မချမ်းသာဖွယ်ကောင်းတယ်လို့ ပြောရင် အစ်ကို့ကို တစ်မျိုးတော့မမြင်နဲ့နော်။ မြင်နေရတာ တကယ်စိတ်မချမ်းသာလို့ပါကွယ်။ လူငယ်လူရွယ်ယောက်ျားလေးတွေ သောက်တာ စားတာ ပျော်တာပါးတာ အစ်ကိုခွင့်လွှတ်နားလည်လို့ရပါသေးတယ်။ အခုဖြစ်နေတာက မိန်းကလေးတွေကိုယ်တိုင်က မူးပြီး ထိန်းမနိုင် သိမ်းမရ ဖြစ်နေတဲ့ပုံတွေမြင်နေရတော့ အနာဂါတ်အတွက် တကယ်ရင်လေးမိတယ်ကွာ။ မိန်းကလေးတွေ အရက်သောက်တယ်ဆိုတာကိုသာ မရှိတော့တဲ့အစ်ကိုတို့ အဘိုးအဘွားတွေများ သွားပြောပြရင် သူတို့တွေယုံမှာတောင်မဟုတ်ဘူး။ လက်ကလေးရင်ဘက်ပေါ်ဖိပြီး ‘”ဘုရားဘုရား”လို့ အကြိမ်ကြိမ်တကြမှာသေချာတယ်ဟေ့။ တစ်ချို့မိန်းကလေးတွေများဆိုရင်ကွာ မူးပြီးအန်တောင်အန်နေကြသေးတယ်။ ၀တ်ထားတာတွေကလည်း မိဘမောင်ဘွား မြင်လို့မှမသင့်တော်တဲ့ ဒီဇိုင်းတွေလေ။ အစ်ကိုစဉ်းစားကြည့်မိသေးတယ်။ အဲဒီလိုမိန်းကလေးတွေအတွက် ဘ၀ကြင်ဖော်အဖြစ်ရွေးချယ်ကြမယ့် ယောက်ျားလေးတွေဟာ သူတို့ကို ဘယ်လိုစဉ်းစားပြီးရွေးချယ်မလဲဆိုတာကိုပေါ့။ အစ်ကိုထင်တယ် ယောက်ျားလေးတွေတိုင်းဟာ သူတို့တွေ ဘယ်လောက်ပဲ ဆိုးနေပါစေ သူတို့ဘ၀အတွက်တကယ်တန်းရွေးချယ်ကြစတမ်းဆိုရင် အဲဒီလိုမိန်းကလေးတွေကို ရွေးချယ်လိမ့်မယ်မဟုတ်ဘူးလို့လေ။ တကယ်လို့ ယောကျာ်းလေးက ဘ၀ကြင်ဖော်အဖြစ်ရွေးချယ်ခဲ့ရင်တောင်မှ အဲဒီယောကျာ်းလေးဟာ တစ်နေ့သိသွားခဲ့ရင် ဘယ်လိုလုပ်မလဲ။ ကိုယ်က စီးပွားရေးဆိုတဲ့အကြောင်းကြောင့် အဝေးကို သွားရမှာတောင်မှ နောက်ကြောင်းစိတ်မချရမယ့် အဖြစ်မျိုး သူ့စိတ်ထဲမှာ ခံစားရမှမလွဲဘူး။ ဒီလိုနဲ့ အိမ်ထောင်ရေးကိစ္စတွေမှာ တစ်ဦးနဲ့တစ်ဦး သံသယဆိုတာမျိုးရှိလာပြီဆိုရင် ရေရှည်တည်မြဲဖို့ဆိုတာမလွယ်ဘူးလေ။ စဉ်းစားသုံးသပ်စေချင်တာပါ။ အစ်ကိုပြောတာတွေ ဘေးထွက်ကုန်ပြီထင်တယ်။ ပြောချင်တာကကွာ ပျော်ချင်တာမို့လား ပျော်ပါ၊ အားပါးတရပျော်ပါ၊ ဒါပေမယ့် လမ်းတော့မချော်ပါစေနဲ့ကွာ။ ဗုဒ္ဓဘာသာဝင် အမျိုးသမီးကောင်းတစ်ယောက်အဖြစ် ဘ၀ကို သန့်စင်စွာ ဖြတ်သန်းကျော်လွှားစေချင်တာပါ။ သြော်…မေ့နေတာ အဲဒီလို ချော်နေတဲ့ လူငယ်တွေ မိန်းကလေးတွေရှိသလို တကယ်တန်း လေးစားလောက်တဲ့ မိန်းကလေးတွေလည်း အများအပြားတွေ့ဖူးပါတယ်။ လူငယ်တိုင်းကတော့ကွာ သင်္ကြန်ဆိုတဲ့ ဒီလိုရက်လေးမှာပျော်ချင်ကြတာပဲပေါ့။ ဒါပေမယ့် အဲဒီလို အပျော်တွေကို ကျောခိုင်းပြီး တရားရိပ်သာတွေမှာ တရားတွေနာကြ၊ တရားတွေထိုင်ကြ၊ ဝေယျာဝေစ္စ တွေပြုလုပ်ပေးနေကြတဲ့ လူငယ်လေးတွေလည်း မျက်မြင်ဒိဌတွေ့ဖူးပါတယ်။ ကြည်လင် လတ်ဆတ်နေတဲ့ အပြုံးတွေနဲ့ တည်ကြည်လေးနက်နေကြတဲ့ သူတို့မျက်နှာလေးတွေကြည့်ရတာ ကြတ်သရေ ရှိလိုက်တာကွာ။ သူတို့လေးတွေဟာ ပညာတွေလည်းတက်ကြတယ်။ အသိလေးတွေလည်း ကိုယ်စီရှိကြတယ်။ နှစ်စဉ်ပျော်နေကြ ပျော်ပွဲတွေကို တစ်ကြိမ်တစ်ခါ ကျောခိုင်းထားရဲကြတဲ့ သတ္တိလေးကိုပဲ အစ်ကိုလေးစားမိတာ။ တကယ်တော့ လူငယ်ဆိုတာ အနာဂါတ်ရဲ့ သားကောင်းရတနာတွေပါ။ ပျော်စရာရှိပျော် တည်စရာရှိတည် လေးနက်စရာဆိုလည်း လေးနက်နေတက်မှ ကောင်းတာလို့အစ်ကိုထင်တယ်။ အမြဲတမ်း ပေါ့ပေါ့လေးတွေး ပေါ့ပေါ့လေးလုပ်တက်နေရင် နောင်တစ်ချိန် ကိုယ့်ပခုံးပေါ်ရောက်လာမယ့် တာဝန်တွေကို ဘယ်လို သမာသမတ်ကျကျ လုပ်ကိုင်ဖြေရှင်းတက်တော့မှာလဲကွာ။ ဒီိလိုတွေပြောလို့ ညီမလေးကို တရားစခန်းဝင်ပြီး တရားထိုင်ဖို့ အတင်းတိုက်တွန်းနေတာမဟုတ်ပါဘူးကွာ။ ကိုယ်က တရားထိုင်ရမှာ ၀ါသနာပါဖို့ အားနည်းနေရင်လည်း တရားစခန်းမှာ တရားအားထုတ်နေတဲ့ ကိုယ့်မိဘတွေ တရားစခန်းကထွက်လာလို့ စိတ်ပူ စိတ်ရှုပ်ရမယ့် သတင်းမျိုးတွေ မကြားရလေအောင် ကောင်းကောင်းမွန်မွန်နေနေမယ်ဆိုရင်လည်း တစ်ဖက်တစ်လမ်းက မိဘကိုကျေးဇူးဆပ်ရာရောက်ပါတယ်။ တစ်ခါသား အစ်ကိုတရားစခန်းမှာ ရှိနေတုန်းက တရားခန်းဝင်နေတုန်း သားသမီးတွေ ရိုက်ပွဲတွေဖြစ်လို့ ရုံးရောက် ဂါတ်ရောက်တာမျိုး ကားအက်ဆီးဒင့်ဖြစ်တာမျိုးတို့စတာတွေကြောင့် တရားစခန်းကနေအိမ်ပြန်သွားရတဲ့ မိဘတွေရဲ့အဖြစ်လေးတွေကို မြင်ခဲ့ရဖူးလို့ပါ။
ကဲပြောတာတွေလည်း အတော်များနေပြီ။ နိဂုံးချုပ်အနေအားဖြင့်ပြောချင်တာကတော့ကွယ်။ မိန်းကလေးဆိုတဲ့ ဂုဏ်သိက္ခာကိုထိမ်းသိမ်းပါ။ ဘုရားက မကောင်းဘူးဆိုတဲ့ သုရာမေရယဆိုတဲ့ သေရည်သေရက်သောက်စားတာကို အထူးရှောင်ပါ။ ယနေ့ခေတ်လို အင်တာနက်တွေထွန်းကားလာတဲ့ ခေတ်ကြီးမှာဆို အထူးသဖြင့် မမှားမိအောင်ထိမ်းသိမ်းနေထိုင်ပါ။ မူးရင်မှားစေတက်တာ အရက်ရဲ့ ထူးခြားတဲ့ ဂုဏ်သတ္တိပါ။ အဲဒါကို အမြဲသတိရပါ။ အကောင်းဆုံးပျော်ချင်ပျော်ပါ အဆိုးဆုံးဖြစ်တဲ့ထိအောင်တော့ မချော်သွားပါစေနဲ့လို့ အစ်ကိုတောင်းဆိုချင်ပါတယ်။
တေမိ(မော်ကျွန်း)

သာကီရိပ်

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။