Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ BobbySoxer Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HTDTunYin&ဟသာင်္တထွန်းရင် HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JMe&ဂျေးမီ JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း KKT&ကေကေတီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LDKyaw&L.ဒီကျော် LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MaNaw&မနော Madi&မဒီ Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NO&နိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PanYaungChel&ပန်းရောင်ခြယ် PannEiPhyu&ပန်းအိဖြူ Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SiThuLwin&စည်သူလွင် SiYan&စီယံ SinPauk&ဆင်ပေါက် SithuWin&စည်သူဝင်း Snare SoTay&ဆိုတေး SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SuNit&ဆူးနစ် SungTinPar&ဆုန်သင်းပါရ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TinZarMaw&တင်ဇာမော် TintTintTun&တင့်တင့်ထွန်း TuTu&တူးတူး TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း V.NoTun&V.နိုထွန်း WaNa&ဝန WaiLa&ဝေလ WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး XGALZ Xbox Y-Zet YY&၀ိုင်ဝိုင်း YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YuZaNa&ယုဇန YummyRookie Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့် khinMgHtoo&ခင်မောင်ထူး
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Friday, March 15, 2013

သမိုင်းပါမောက္ခ ဒေါက်တာအေးချမ်းနှင့် တွေ့ဆုံခြင်း

 
"သူတို့ကိုယ်တိုင်ပဲ ဘင်္ဂါလီပါလို့ ပြောလာခဲ့ပြီး အခုမှ ပညာတတ်တချို့က ရိုဟင်ဂျာပါဆိုပြီး ထလုပ်လာကြတာ"

သမိုင်းပါမောက္ခ ဒေါက်တာအေးချမ်းနှင့် တွေ့ဆုံခြင်း
Written by သန်းဇော်ထွန်း

ရခိုင်သမိုင်းဆိုင်ရာ နိုင်ငံတကာ ပညာရှင်များ ရှင်းလင်းပွဲကို ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ မဟီဒေါ တက္ကသိုလ်၌ မတ်လ ၉ ရက်က ပြုလုပ်ခဲ့ရာတွင် မြန်မာနိုင်ငံ၌ ရိုဟင်ဂျာမရှိကြောင်းနှင့် ရိုဟင်ဂျာဟု ဆိုသူများသည် ဘင်္ဂါလီများသာဖြစ်ကြောင်း ရခိုင်သမိုင်းဆိုင်ရာ နိုင်ငံတကာ ပညာရှင်များက ရှင်းလင်းပြောကြားခဲ့သည်။ ၎င်းတို့ထဲတွင် ဒေါက်တာအေးချမ်းလည်း ပါဝင်ရာ ၎င်းအား ရခိုင်သမိုင်း၊ ဘင်္ဂါလီ၊ ရိုဟင်ဂျာ အစရှိသည်တို့နှင့်
စပ်လျဉ်း၍ မေးမြန်းခဲ့သည်များကို ကောက်နုတ် ဖော်ပြလိုက်ပါသည်။

မေး - ဒီပွဲဖြစ်မြောက်ရေး ကော်မတီဥက္ကဋ္ဌ ပြောသွားတဲ့အထဲမှာ ရခိုင်တွေဟာ ကိုယ့်မင်းကိုယ့်ချင်းနဲ့ နှစ်ပေါင်းများစွာ နေထိုင်လာခဲ့ကြတယ်။ ဒါပေမယ်လို့ လက်ရှိအခြေအနေမှာ ရခိုင်သမိုင်းဟာ ခိုးခံရမယ့် အခြေအနေတစ်ခု ရောက်နေတယ်ဆိုပြီး ပြောသွားပါတယ်။ ဥပမာဆိုရင် မြောက်ဦးမြို့မှာရှိတဲ့ ရှစ်သောင်းပုထိုးတော်ကြီးကို တောင်ဗလီဆိုပြီး ပြောဆိုလာတဲ့အထိ သမိုင်းကို ခိုးယူလာတာ တွေ့ရပါတယ်ဆိုပြီး ပြောပါတယ်။ ဒီလိုပြောဆိုလာတာနဲ့ ပတ်သက်လို့ ဆရာ့ရဲ့ သဘောထားကို သိလိုပါတယ်။

ဖြေ - အဲဒါအမှန်ပါပဲ။ မြောက်ဦးမြို့တော်ကို ၁၇၈၅ ခုနှစ် ဇန်န၀ါရီလ ၂ ရက်မှာ သိမ်းပြီးတဲ့ အခါကျတော့ နန်းတော်ထဲမှာ သိမ်းထားတဲ့ ဘုရင်ရဲ့ ရွှေတိုက်မှတ်တမ်း မှတ်ရာတွေ ထားတဲ့ထဲက အကုန်လုံး အမရပူရကို
သယ်ဆောင်သွားပါတယ်။ မသယ်ဆောင်နိုင်တဲ့ ဟာတွေကို အကုန်မီးရှို့ပစ်ပါတယ်။ အဲဒါကြောင့် ကျွန်တော်တို့က ရခိုင်မှတ်တမ်းကို လေ့လာတဲ့အခါ တော်တော်လေး အထောက်အထားတွေက အားနည်းနေတယ်။ အဲဒါ အမှန်ဖြစ်ပါတယ်။ ဒါပေမယ့် ဒီကနေ့ ကျွန်တော်နဲ့အတူ စကားပြောသွားတဲ့ ပါမောက္ခနှစ်ယောက်က ဆိုရင်တော့ ရခိုင်ရာဇ၀င်၊ ရခိုင်ကျောက်စာတို့ကို လေ့လာထားတယ်၊ မြန်မာစာတွေ ကိုလည်း သေသေချာချာ လေ့လာ ထားတဲ့အတွက် သူတို့က ဥရောပ အထောက်အထားတွေနဲ့ ပေါ်တူဂီတို့၊ ဒက်ခ်ျတို့ အထောက်အထားတွေ အားကိုးပြီးတော့ မြောက်ဦးခေတ်သမိုင်းကို သုတေသနပြုနိုင်တဲ့သူ တွေဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ သူတို့ကျေးဇူးကြီးတယ်လို့ ပြောချင်ပါတယ်။

မေး - ရခိုင်သမိုင်းကို ပြည်တွင်းကသူတွေ လေ့လာမှု အားနည်းတာ ဘာကြောင့်လို့ ထင်ပါသလဲ။

ဖြေ - ဘာကြောင့် အားနည်းသလဲဆိုရင် အိမ်မှာ စားစရာဆန် မရှိရင် အိမ်မှာ ဘယ်မှာကျောက်စာ ထိုင်ဖတ်ဖို့ အချိန်ပေးနိုင်မှာလည်းဗျာ။ အဓိကကတော့ စီးပွားရေးပါပဲ။ ကျွန်တော် ဒီသုတေသန အလုပ်တွေကို လုပ်နိုင်တယ် ဆိုတာကတော့ ဂျပန်အစိုးရက ကျွန်တော့်ကို လစာကောင်းကောင်း ပေးထားလို့ပေါ့။ သုတေသနလုပ် ကျွန်တော်လန်ဒန်သွား ဒီဟာတွေ လုပ်နိုင်တာပေါ့။ မြန်မာနိုင်ငံမှာ သုတေသန လုပ်မယ်ဆိုလို့ရှိရင် ရန်ကုန်တက္ကသိုလ် စာကြည့်တိုက်၊ အမျိုးသား စာကြည့်တိုက် ဒါကလွဲလို့ ဘာမှမရှိဘူး။ အဲလိုပေါ့ ရခိုင်တွေသာ မဟုတ်ဘူး။ မြန်မာနိုင်ငံ ပြည်တွင်းက သုတေသီတွေ ဆိုလို့ရှိရင် အတော်လေးကို ကိုယ်ချင်းစာပါတယ်။ သူတို့လည်း လုပ်ချင်မှာပေါ့။ ကျွန်တော်တို့လို အခုလိုလိုက်ပြီးတော့ ကူးတာတို့၊ ပိုက်ဆံသုံးတာတို့ မလုပ်နိုင်ဘူး။ မလုပ်နိုင်တဲ့အတွက် အဲဒါတော့ အမှန်ပါပဲ။ ဒီတိုးတက်တဲ့ နိုင်ငံတွေမှာကတော့ ပညာရေးဝန်ကြီးဌာန၊ တက္ကသိုလ်တွေကနေပြီးတော့ ဒီသုတေသန စီမံကိန်းတွေအတွက် Proposal တင်တာ ပိုက်ဆံထုတ်တာ ဘယ်လောက်ကုန်မယ်၊ ခရီးသွားတာ ဘယ်လောက်ကုန်မယ် အစရှိသဖြင့် အဲဒါတွေ ပေးပါဆိုရင် ထုတ်ပေးတာပေါ့လေ။ ပြီးရင် သုတေသန လုပ်ကြတာပေါ့လေ။ ဘယ်နှနှစ်အတွင်း ပြီးအောင်လုပ်မယ် ဆိုတာတော့ တင်ပြရတာပေါ့လေ။

မေး - ရိုဟင်ဂျာ အသုံးအနှုန်းနဲ့ ပတ်သက်လို့ ရှင်းပြပေးစေချင်ပါတယ်။ ဒီပွဲမှာလည်း ဆရာရှင်းပြသွားတာက ၁၉၅၁ ခုနှစ်မှာ ဘူးသီးတောင်က
Mr. Abdul Gaffa က တီထွင်ခဲ့တာလို့ ပြောပါတယ်။ ဒီစကားလုံးကြောင့်ပဲ ရခိုင်ပြည်နယ်မှာ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးတို့မှာ ပြဿနာတွေ ဖြစ်နေတာ ရှိနေပါတယ်။ ဒီအပေါ်မှာ ဆရာ့ရဲ့အမြင်ကို သိချင်ပါတယ်။

ဖြေ - မှန်ပါတယ်။ ဒီရိုဟင်ဂျာဆိုတဲ့ စကားကြောင့်လည်း တစ်ပိုင်းပါတာပေါ့။ အဓိကကတော့ အင်္ဂလိပ်ခေတ် ကတည်းက ဗြိတိသျှတွေက လယ်ကူလီအဖြစ် ဘင်္ဂါလီလူမျိုးတွေကို တင်သွင်းလာတယ်။ နောက်ထပ် လွတ်လပ်ရေးရပြီး ခိုးဝင်လာတဲ့ ဘင်္ဂါလီတွေ၊ အဲဒီမှာ သူတို့တွေက ဘင်္ဂါလီလို့ မခေါ်ပါနဲ့ ရိုဟင်ဂျာလို့ ခေါ်ပါဆိုပြီး အမှန်ကတော့ သူတို့က တိုင်းရင်းသား တစ်မျိုးအဖြစ် တောင်းဆိုတာပေါ့လေ။ ဟုတ်တယ်မလား။ ဒါကတော့ နိုင်ငံတော်အစိုးရက ဘယ်လိုမှ လက်မခံနိုင်တဲ့ အချက်ပေါ့။ တကယ်တော့ နိုင်ငံခြားသား တစ်ယောက်က နိုင်ငံခြားသား တစ်ယောက်ပါပဲ။ အမေရိကန်ပြည်မှာ မြန်မာတစ်ယောက်က အမေရိကန်နိုင်ငံသား ခံယူလို့ရှိရင်လည်း
Birth of Place ဆိုတဲ့ နေရာမှာ ဘားမားလို့ ရေးတာပဲ။ ဒါကတော့ ဘယ်လိုမှ မရှိတဲ့ လူမျိုးတစ်မျိုးကို ရှိပါတယ် ဆိုပြီးတော့ မြန်မာတိုင်းရင်းသား မဟုတ်တဲ့သူကို တိုင်းရင်းသားပါဆိုပြီးတော့ တိုင်းရင်းသားတွေနဲ့ တန်းတူအခွင့်အရေး ပေးရမယ်ဆိုလို့ရှိရင် ဘယ်လိုမှ တိုင်းရင်းသားတွေက ကျေနပ်နိုင်မှာ မဟုတ်ဘူးပေါ့လေ။ တကယ်လို့ ဖြစ်စေချင်တယ် ဆိုလို့ရှိရင် ပြည်သူ့ဆန္ဒ ခံယူတဲ့ ပုံစံပေါ့။ မြန်မာတစ်နိုင်ငံလုံးက တိုင်းရင်းသားတွေက ဒီရိုဟင်ဂျာဆိုတာကို လက်ခံပါသလား၊ အသိအမှတ် ပြုပါသလားဆိုပြီး လုပ်ရင်တောင် ကျွန်တော်ထင်တယ် ဘယ်သူမှ လက်ခံမှာ မဟုတ်ဘူး။ အဲဒီနည်းအပြင် မရှိဘူးလို့ ထင်တယ်။ ကျွန်တော်တို့ လက်ခံနိုင်တဲ့ နည်းကလည်း ဒီတစ်နည်းပဲ ရှိတယ်လို့ ထင်ပါတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံသားဖြစ်မှု ၁၉၈၂ ခုနှစ် ဥပဒေအရ ဆိုလို့ရှိရင်လည်းပဲ သူတို့က ဘယ်လိုမှ အကြုံးမ၀င်ဘူး။ ဘာကြောင့်လည်းဆိုတော့ ၁၈၂၃ ခုနှစ်နဲ့ ယင်းနှစ်မတိုင်မီ ကာလအတွင်း မြန်မာနိုင်ငံဟု ဖြစ်ပေါ်လာပြီး နယ်မြေတစ်ခုခုတွင် နေထိုင်ဆဲသော တိုင်းရင်းသားကိုသာလျှင် တိုင်းရင်းသားအဖြစ် အသိအမှတ်ပြုပါသည်ဟု အဲဒီလို ဆိုထားတဲ့အတွက် သူတို့က ဘယ်လိုမှ အကြုံးမ၀င်ဘူး။ ဒါပေမယ့် နိုင်ငံသားဖြစ်မှုကို ပေးရမယ် ဆိုတာကတော့ ဒါကျွန်တော်တို့ လက်ခံရမှာပါပဲ။ နိုင်ငံသားဖြစ်ဖို့ဆိုရင် နိုင်ငံသားဖြစ်ဖို့ သူတို့လျှောက်နိုင်တယ်။ ဒီဥပဒေအတိုင်း လျှောက်ရမယ်။ လျှောက်ပေမယ့် ဒီရိုဟင်ဂျာဆိုတာ အသိအမှတ်ပြုဖို့ ဆိုတာကတော့ မဖြစ်နိုင်ဘူး။ သူတို့ မြန်မာနိုင်ငံက ဘင်္ဂါလီအနေနဲ့ လျှောက်နိုင်တယ်။ ဒါ လူ့အခွင့်အရေးပဲ၊ ဟုတ်တယ်မလား။ ဒါကတော့ ကျွန်တော်တို့ ငြင်းစရာအကြောင်း မရှိပါဘူး။

မေး - ရခိုင်ပြည်နယ်မှာ ဘင်္ဂါလီတွေကို ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေအရ စာရင်းကောက်ယူတဲ့ အခါမှာ ဘင်္ဂါလီတွေက သူတို့ကို ရိုဟင်ဂျာလို့ စာရင်းသွင်းမှ လက်မှတ်ထိုးမယ်ဆိုပြီးတော့ ပြောဆိုတာတွေ ရှိခဲ့ပါတယ်။ အဲဒါကြောင့် ရပ်ဆိုင်းခဲ့ရမှုတွေလည်း ရှိခဲ့တယ်။ ဒါနဲ့ ပတ်သက်လို့ ဆရာရဲ့ အမြင်ကို သိချင်ပါတယ်။
ဖြေ - ကျွန်တော်က အဲဒီအရပ်ဒေသကပါ။ အဲဒီအရပ်မှာမွေးပြီး အဲဒီအရပ်မှာ ကြီးပြင်းခဲ့တာပါ။ ကျွန်တော် သူတို့စကားကိုလည်း ကောင်းကောင်းတတ်ပါတယ်။ သူတို့ကို ဘာလူမျိုးလဲလို့ မေးရင် ဘင်္ဂါလီလို့ပဲ ဖြေလာခဲ့တာ။ တောက်လျှောက် ဒီစကားပဲ ကြားလာခဲ့တာ။ ရိုဟင်ဂျာဆိုတာ တစ်ခါမှ မကြားဖူးဘူး။ သူတို့ကိုယ်တိုင်ပဲ ဘင်္ဂါလီပါလို့ ပြောလာခဲ့ပြီး အခုမှ ပညာတတ်တချို့က ရိုဟင်ဂျာပါဆိုပြီး ထလုပ်လာကြတာ။ ဒါနောက်မှ ပေါ်လာတာ။ နိုင်ငံရေးအရ ဒါရည်ရွယ်ချက်တစ်ခုတော့ ရှိရမယ်။

မေး - ရခိုင်မှာရှိတဲ့ မွတ်ဆလင်တွေရဲ့ သမိုင်းအကျဉ်းချုပ်လေးကိုလည်း ပြောပြပေးပါဦး။

ဖြေ - ရခိုင်မင်းတွေ အုပ်ချုပ်ကတည်းက မွတ်ဆလင်တွေ မရှိဘူး မဟုတ်ဘူး၊ ရှိပါတယ်။ ကမန်တွေ ဆိုလို့ရှိရင် ရခိုင်မင်းတွေ အုပ်ချုပ်ကတည်းက လေးတပ်မှာ အမှုထမ်းရတာ။ ကမန်တွေက ပါရှန်အနွယ်တွေပေါ့။ ကမန်ဆိုတာ ပါရှန်စကား၊ ဘာလဲဆိုတော့ လေးကိုခေါ်တာ၊ ဒါကြောင့် သူတို့က လေးတပ်မှာ အမှုထမ်းရတာ။ နောက်ဆုံးတော့ ရခိုင်ဘုရင်က သူတို့ကို ရမ်းဗြဲကျွန်းမှာ နေရာချထားပေးတယ်။ တခြားနေရာမှာ ကမန်မရှိပါဘူး။ ဒါကျွန်တော်တို့
တိုင်းရင်းသားအဖြစ် လက်ခံလို့ရပါတယ်။ နိုင်ငံသား အက်ဥပဒေအရ အကျုံးဝင်ပါတယ်။

မေး - ရခိုင်ပြည်နယ်မှာ ဖြစ်ပျက်ခဲ့တဲ့ တရားမ၀င် ၀င်ရောက်လာသူတွေကို ဥပဒေကြောင်းအရ တရားဝင် အခြေအနေတစ်ခု ပေးလိုက်မယ်ဆိုရင် သူတို့ရဲ့ လူဦးရေပေါက်ဖွားမှု နှုန်းထားက တစ်ချိန်မှာ သူတို့အနေနဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတစ်ခုအဖြစ် တောင်းဆိုလာနိုင်မယ့် အနေအထား ရှိလာနိုင်မလား။ ဘာလို့လည်းဆိုတော့ သမိုင်းတစ်လျှောက် ပြန်ကြည့်မယ်ဆိုရင် ပြည်နယ်အဆင့် တောင်းဆိုခဲ့ဖူးတဲ့ အနေအထားတွေ ရှိခဲ့တာကိုတွေ့ခဲ့ရပါတယ်။

ဖြေ - ခုနက ကျွန်တော်ပြခဲ့တဲ့ မှတ်တမ်းထဲက အလယ်သံကျော် ကြေညာချက်ထဲမှာ ရခိုင်ပြည်နယ်ကို ခွဲပါ။ ဒီတစ်ခြမ်းကို သူတို့ကို ပေးရမယ်ဆိုပြီး။ ကုလားတန်မြစ်ရဲ့ အနောက်ဘက်ခြမ်းကို သူတို့ရဲ့ မွတ်ဆလင်ပြည်နယ်အဖြစ် သတ်မှတ်ပေးပါဆိုပြီး တောင်းဆိုဖူးခဲ့တာပဲ။ အဲဒီတုန်းက ဒီလောက်ထိ လူဦးရေ မများခင်ကတောင် ဒီလိုတောင်းခဲ့ဖူးတာ၊ ဒီထက် ပိုများလာရင် တောင်းတော့မှာပေါ့။ သိပ်သေချာတာပေါ့။



NLABR
Web-site: www.nlabr.com
Facebook: Sa Maung
Facebook: Miraculous Master For English Language

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။