အနီးကပ်ဆုံး ချစ်သူဟာ ။ ကြောက်စရာအကောင်းဆုံး ရန်သူပဲ ။
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
ပညာမတတ်လို့ပါဆိုတဲ့ စကားတခု ကျယ်ကျယ်လောင်လောင်ကြားနေရပါတယ်
ဆန်းစစ်ကြည့်ကြပါစို့ ဒီလူတွေ ဒီလို ပညာမတတ် ၊ မိုက်ရိုင်းနေကြသလဲဆိုတာ ။
အဖြေက တိုင်းပြည်ဆင်းရဲလို့ ပညာကောင်းကောင်းမသင်နိုင်ကြဘူး။
တိုင်းပြည်က ဘာကြောင့် ဆင်းရဲတာလဲ ၊ နိုင်ငံရေး မငြိမ်သက်လို့ ။
နိုင်ငံရေးက ဘာကြောင့်မငြိမ်သက်တာလဲ ၊ အာဏာရူးတွေ အာဏာလုနေကြလို့ ။
အာဏာရူးတွေ ဘာကြောင့် ဒီလောက် ငမ်းငမ်းတက် အာဏာလိုချင်နေကြတာလဲ ။
... ငွေကြေးစည်းစိမ် ချမ်းသာချင် ၊ ပုဂ္ဂိုလ်ရေး ကျော်ကြားမှုကို လိုချင်လို့ ။
တိုင်းပြည်ဟာ တရာစု ကျော် အင်္ဂလိပ်ကျွန်ဖြစ်ခဲ့ရတယ် ။ ရာစုနှစ်ဝက်ကျော် စစ်ကျွန်ဖြစ်နေဆဲ ။
ဒီလို ခေတ်အခြေအနေတွေကြားမှာ ၊ တိုင်းပြည်လဲ နလံထူနိုင်မှာ မဟုတ်သလို ၊ နိုင်ငံသားတွေလဲ ဆင်းရဲ ၊ ပညာမတတ်တာ ဘာဆန်းလဲ ၊ ပညာမတတ်တဲ့သူတွေကို ဆဲနေတဲ့သူတွေကြည့်လိုက်တော့လဲ ၊ သူတို့ နိမ့်ချပြောဆိုနေတဲ့ မြန်မာ့ ပညာရေးစံနစ်က ဘွဲ.လေးတခုလောက်ရထားတာ ။ နိုင်ငံတကာမှာရော တန်းဝင်ပါရဲ့လား ။ ဒီအခြေအနေတွေ အားလုံးဟာ အပြစ်တင်ရမဲ့ အရာတွေမဟုတ်ပဲ ။ ပြဿနာရင်းမြစ်ကို ရှာဖွေ ဖြေရှင်းရမဲ့ အရာတွေပါ ။
ဒီလူတွေ ရိုင်းတာ စိတ်ဆိုးစရာ ၊ အပြစ်တင်စရာမဟုတ်ဘူး ။ သူတို့ဘဝတွေကို ကိုယ်ချင်းစာရမှာ ၊ နည်းလမ်းကောင်းတွေရှာပေးရမှာ ။
ပြဿနာရင်းမြစ်ကို ကြည့်ကြပါ ။ ဒီလူတွေ ဒီလို စိတ်ရိုင်းတွေ ဘာကြောင့် ဖြစ်လာတာလဲ ။ လူပဲဗျာ သိပ်ပညာတတ်ချင်၊ စည်းစိမ် အပြည့်နဲ့ မိန့်မိန့်ကြီး ယဉ်ကျေးချင်ကြသူတွေ ကြည့်ပါပဲ ။
ဘဝတွေ ဒီလိုဖြစ်လာအောင် ဘယ်သူတွေ ဖန်တီးနေတာလဲ ။ ဘယ်သူတွေမှာ တာဝန်ရှိလဲ ။ ခင်ဗျားတို့ အပြစ်တင်ရမဲ့သူတွေဟာ ဘယ်သူတွေလဲ ၊ မြင်အောင်ကြည့်ပါ ။
အပေါ်ယံ တကွက်ကောင်းအတွေးနဲ့ အပြစ်တွေ မတင်လိုက်ကြပါနဲ့ ။ ခင်ဗျားတို့ တကယ်အပြစ်တင်ရမဲ့သူတွေဟာ ခင်ဗျားတို့ လော်ဘီလုပ်နေသူတွေပဲ ။
အနီးကပ်ဆုံး ချစ်သူဟာ ။ ကြောက်စရာအကောင်းဆုံး ရန်သူပဲ ။
သင့်ဘဝကို အဖျက်ဆီးနိုင်ဆုံးလူဟာ သင်အယုံကြည်ရဆုံးသူပဲ ။
ရဲသူရိန်မင်း
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။