အစားအစာကို ပြောင်းလဲချင့်ချိန် စားသုံးပါက နှလုံးရောဂါ ဖြစ်ပွား စေနိုင်သော အန္တရာယ်ကို လျှော့ချ စေနိုင် သည်ကို လက်တွေ့ စမ်းသပ်မှုအရ သိရှိခဲ့သည်။
နှလုံးရောဂါ သို့မဟုတ် လေသင်တုန်း ရောဂါ ဖြစ်ပွားသော သူများကို စားသောက်မှု ပုံစံ ပြောင်းလဲ လိုက်ခြင်း ဖြင့် ၎င်းတို့၏ နှလုံး အခြေအနေ ကောင်းမွန် လာသည်ကို တွေ့ရှိခဲ့သည်။
ယခု သုတေသန ပြုလုပ်မှုသည် နှလုံးရောဂါ ဖြစ်ပွားမှုကြောင့် အန္တရာယ် ရှိသော အုပ်စုအပေါ် အကျိုး သက်ရောက်မှုကို အသေးစိတ် လေ့လာခဲ့ခြင်း ဖြစ်သည်။
အစားအစာ ချင့်ချိန် စားသုံးသည့် အခါ သံလွင်ဆီတွင် ပါဝင်သည့် ကျန်းမာရေးနှင့် ညီညွတ်သော အဆီများ၊ အစေ့အဆန်များ၊ အခွံမာသီးများ၊ ငါး၊ သစ်သီးနှင့် အသီးအရွက် များကို ပိုမို စားသုံးသင့်ပြီး အနီရောင် အသားများနှင့် နို့ထွက် ပစ္စည်းများကို လျှော့ချ စားသုံး သင့်သည်။
လေ့လာမှုတွင် ပညာရှင်များက ဆီးချိုရောဂါ သို့မဟုတ် နှလုံးရောဂါနှင့် ဆက်စပ်သည့် အခြား ရောဂါဖြစ်နေသည့် အသက် ၅၅ နှစ်မှ ၈ဝ အရွယ်ရှိ အဝလွန်သူများ၊ ဆေးလိပ်သောက်သူ များဖြစ်သော စပိန် နိုင်ငံသား ၇၄၄၇ ဦး ကို မြေထဲ ပင်လယ်ဒေသ၏ စားသုံးမှု ပုံစံ သို့မဟုတ် အဆီ လျှော့စားသုံးရန် ညွှန်ကြားခဲ့သည်။ အဆိုပါ စမ်းသပ်မှု တွင်ပါဝင်သည့် ဝေဒနာရှင် တစ်ဝက်ကျော်သည် အမျိုးသမီးများ ဖြစ်ကြသည်။
မြေထဲ ပင်လယ် ဒေသ၏ စားသုံးမှု ပုံစံသည် သီတင်း တစ်ပတ်လျှင် ငါးကို သုံးကြိမ် စားသုံးပြီး သစ်သီးနှင့် အသီးအရွက်များကို ငါးကြိမ် စားသုံး၍ သံလွင်ဆီ သို့မဟုတ် အခွံမာသီး များကို နေ့စဉ် စားသုံးကြသည်ကို တွေ့ရှိရသည်။
သုတေသီများက အနီရောင်အသား ထက် အဖြူရောင် အသားများကို စားရန် တိုက်တွန်းထားပြီး ပဲတောင့်၊ ပဲစေ့နှင့် ပဲနီကလေး အပါအဝင် ပဲတောင့်ရှည်ပဲ များကို သီတင်း တစ်ပတ်လျှင် အနည်းဆုံး သုံးကြိမ်စားသုံး သင့်ပြီး နေ့စဉ် ဝိုင်တစ်ခွက် သောက်သုံး ပေးရန်နှင့် စီးပွားဖြစ် ထုတ်လုပ်သော ဘီစကွတ်များ၊ ဂျုံမုန့်၊ ထောပတ်မုန့်များနှင့် ကိတ်မုန့်များ ကိုရှောင်ရှားပြီး နို့ထွက် ပစ္စည်းများနှင့် အသင့်စားသုံးနိုင်သော အသားများကို ချင့်ချိန် စားသုံး သင့်ကြောင်း အကြံပြု ထားသည်။
နှလုံးရောဂါနှင့် လေသင်တုန်း ရောဂါဖြစ်ပွားသော သို့မဟုတ် နှလုံးရောဂါကြောင့် သေဆုံးသော လူ ၂၈၈ ဦးကို ကြားဖြတ် လေ့လာခဲ့ရာ မြေထဲပင်လယ် ဒေသ၏ စားသုံးမှု ပုံစံကို သံလွင်ဆီ ဖြည့်စွက် စားသူ အုပ်စုသည် ၃ ဒသမ ၈ ရာခိုင်နှုန်း၊ အခွံမာသီး ဖြည့်စွက်စား သုံးသူ အုပ်စုသည် ၃ ဒသမ ၄ ရာခိုင် နှုန်းနှင့် အဆီ လျှော့စားသုံး သူများသည် ၄ ဒသမ ၄ ရာခိုင်နှုန်း ရောဂါဖြစ်ပွား သည်ကို တွေ့ရှိရသည်။
မြေထဲ ပင်လယ် ဒေသပုံစံဖြင့် စားသုံး သူများသည် အဆီ လျှော့စားသုံးသူများ ထက် ရောဂါ ဖြစ်ပွားမှုနှုန်းကို ၃ဝ ရာခိုင်နှုန်း လျှော့ချနိုင်ကြောင်း နယူး အင်္ဂလန် ပြည်နယ်မှ ထုတ်ဝေသော ဆေးဂျာနယ် တစ်စောင်တွင် ဖော်ပြခဲ့သည်။
မြေထဲ ပင်လယ် ဒေသစားသုံးမှု ပုံစံနှင့် စပ်လျဉ်း၍ အဆိုပါ လေ့လာ စမ်းသပ်မှုသည် ပထမဆုံး အကြိမ်ဖြစ်ပြီး ယခင် သုတေသန ပြုချက်များသည် ပြင်သစ်၊ ဂရိ၊ စပိန်နှင့် အီတလီ နိုင်ငံများ၏ နေထိုင်မှု ပုံစံများကို အခြေခံ၍ လေ့လာခဲ့ ခြင်းဖြစ်သည်။
သို့ဖြစ်၍ သက်ရှည် ကျန်းမာစေရန် မြေထဲ ပင်လယ်ဒေသ စားသုံးမှု ပုံစံကဲ့သို့ စားသောက်မှုပုံစံ ပြောင်းလဲနိုင်ကြောင်း လေ့လာတွေ့ရှိရသည်။

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။