Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Tuesday, March 19, 2013

မြန်မာနဲ့ဆက်ဆံရေး သြစတြေးလျ တိုးမြှင့်သွားမည်

 
မတ် ၁၉ ရက်၊ ၂၀၁၃

ပြုပြင်ပြောင်းလဲမှုတွေ လုပ်နေတဲ့ မြန်မာနိုင်ငံအတွက် သြစတြေးလျနိုင်ငံက စစ်ဘက် ထောက်ပံ့မှု ကန့်သတ်ချက်တွေ လျှော့ချပေးမှာ ဖြစ်သလို ကူညီထောက်ပံ့ မှုတွေနဲ့ ဆက်ဆံမှုတွေ တိုးလုပ်သွားဖို့ ရှိတယ်လို့ သြစတြေးလျဝန်ကြီးချုပ် ဂျူလီယာ ဂေးလဒ် (Julia Gillard) က ပြောကြားလိုက်ပါတယ်။
သမ္မတ ဦးသိန်းစိန်ရဲ့ သြစတြေးလျနိုင်ငံ ၃ ရက်ကြာ ခရီးစဉ်အတွင်း တနင်္လာနေ့...က သြစတြေးလျ လွှတ်တော်မှာ ၀န်ကြီးချုပ် ဂေးလဒ်နဲ့ ပူးတွဲ သတင်းစာရှင်းလင်းပွဲအတွင်း အခုလို ပြောကြားလိုက်တာပါ။ အပြည့်အစုံကိုတော့ ဒေါ်ခင်မျိုးသက် က တင်ပြထားပါတယ်။

၁၉၇၄ ခုနှစ်ကစပြီး သြစတြေးလျနိုင်ငံကို ပထမဆုံး မြန်မာခေါင်းဆောင်အဖြစ်နဲ့ သမ္မတ ဦးသိန်းစိန် သွားရောက်တာ ဖြစ်ပါတယ်။ သမ္မတ ဦးသိန်းစိန်ဟာ သြစတြေးလျနိုင်ငံ ကင်ဘာရာမြို့တော်ကို တနင်္ဂနွေနေ့က ရောက်လာတာဖြစ်ပြီး တနင်္လာနေ့မှာတော့ သြစတြေးလျ ၀န်ကြီးချုပ် ဂျူလီယာ ဂေးလဒ် (Julia Gillard) နဲ့ တွေ့ဆုံခဲ့ပါတယ်။

မြန်မာနိုင်ငံက လူ့အခွင့်အရေး ချိုးဖောက်မှုတွေကြောင့် အရေးယူ ဒဏ်ခတ်မှုတွေ ချမှတ်ထားတဲ့ သြစတြေးလျနိုင်ငံက အခုအခါမှာ မြန်မာနိုင်ငံနဲ့ မိတ်ဆွေအဖြစ် ဆက်ဆံသွားဖို့ အဆင်သင့် ရှိနေပြီလို့ ၀န်ကြီးချုပ် ဂေးလဒ် က သြစတြေးလျ လွှတ်တော်မှာ ပြုလုပ်တဲ့ ပူးတွဲ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

“မြန်မာနိုင်ငံသားအားလုံး လူ့အခွင့်အရေး အပြည့်အ၀ ရအောင်နဲ့ ၊ အမျိုးသား ပြန်လည်သွေးစည်းရေးအပြင်၊ တိုင်းရင်း သားတွေနဲ့ ငြိမ်းချမ်းရေး ရအောင်လုပ်ပြီး ပြုပြင်ပြောင်းလဲနေတဲ့ အစိုးရတရပ်အတွက် အားပေးကူညီဖို့ သြစတြေးလျ နိုင်ငံအနေနဲ့ မိတ်ဆွေအဖြစ်နဲ့ အသင့်ရှိနေပါတယ်။ မိတ်ဆွေအဖြစ်ရှိတယ် ဆိုတာကို စကားအဖြစ်နဲ့ပဲ ပြောနေတာ မဟုတ်ဘဲ လက်တွေ့ အကူအညီတွေ ပေးဖို့ ရှိပါတယ်။”

မြန်မာနိုင်ငံမှာ ၂၀၁၁ ခုနှစ် အရပ်သားအစိုးရ တက်လာပြီးကတည်းက နိုင်ငံရေး၊ စီးပွားရေး အပြောင်းအလဲတွေ လုပ်လာ တာမို့ နိုင်ငံတကာက ပြန်ပြီး ကြိုဆိုလာကြသလို၊ စီးပွားရေး ရင်းနှီးမြှုပ်နှံမှုတွေ လုပ်ဖို့ပါ စိတ်အားထက်သန်လာကြတာပါ။ မြန်မာနိုင်ငံကို သြစတြေးလျနိုင်ငံလို ငြိမ်းချမ်းပြီး ချမ်းသာကြွယ်ဝတဲ့ နိုင်ငံတခု အဖြစ်နဲ့ ပြောင်းလဲဖို့ လုပ်ချင်တဲ့ ဆန္ဒရှိတယ်လို့ သမ္မတ ဦးသိန်းစိန် က ပြောပါတယ်။

“မြန်မာနိုင်ငံကိုလည်း သြစတြေးလျနိုင်ငံလိုပဲ ငြိမ်းချမ်းမှု ရှိရှိနဲ့ ဒီမိုကရေစီ ထွန်းကားပြီးတော့ ချမ်းသာကြွယ်ဝတဲ့ နိုင်ငံ တနိုင်ငံဖြစ်ဖို့အတွက် ကျနော့်အနေနဲ့ စိတ်ရင်းစေတနာ မှန်မှန်နဲ့ ယုံကြည်မျှော်လင့်မိပါတယ်။ ဒါကြောင့် ကျနော်တို့ နိုင်ငံအနေနဲ့ သြစတြေးလျနိုင်ငံကို နမူနာယူပြီး လေ့လာစရာတွေ အများကြီးရှိပါတယ်။ သြစတြေးလျနိုင်ငံကလည်း ကျနော်တို့နိုင်ငံရဲ့ ဒီမိုကရေစီ လမ်းခရီးအတွက် လိုအပ်တာတွေ ကူညီထောက်ပြပေးစရာတွေကို ကူညီပေးနိုင်မယ်။ အတွေ့အကြုံတွေကို ဖလှယ်ပေးနိုင်မယ်လို့ ကျနော့်အနေနဲ့ ယုံကြည်မျှော်လင့်မိပါတယ်။ ဒီကနေ့အချိန်ဟာ ဆိုရင် သြစတြေးလျနိုင်ငံနဲ့ မြန်မာနိုင်ငံတို့အကြား မိတ်ဖက်ဖြစ်မှု ရင်းနှီးချစ်ကြည်မှုတွေ အတွက် စာမျက်နှာသစ် ဖွင့်လှစ်နိုင်တဲ့ အချိန်တခုဖြစ်တယ်လို့ ဆိုရမှာဖြစ်ပါတယ်။”

မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေးဟာ ကမ္ဘာမှာ မကြုံဘူးအောင် ထူးခြားတဲ့ ပြောင်းလဲမှု ဖြစ်တာမို့ စိန်ခေါ်မှုတွေ အများအပြားရှိနေပြီး မိတ်ဆွေတွေရဲ့ အကူအညီတွေ လိုအပ်နေတယ်လို့ သမ္မတ ဦးသိန်းစိန်က ပြောကြားခဲ့ပါတယ်။

“ကျနော်တို့ ရင်ဆိုင်နေရတဲ့ ပြုပြင်ပြောင်းလဲမှုတွေဟာ ဒီကနေ့ ကမ္ဘာကြီးမှာ မကြုံဖူးသေးတဲ့ သုံးပွင့်ဆိုင် အပြိုင် ပြုပြင်ပြောင်းလဲမှုတွေလို့ ဆိုလိုချင်ပါတယ်။ ကျနော်တို့နိုင်ငံ စစ်အုပ်ချုပ်ရေးစနစ်ကနေပြီး ဒီမိုကရေစီစနစ်ကို ပြောင်းလဲ နေတဲ့ တပြိုင်နက်ထဲမှာပဲ နှစ်ပေါင်း ၆၀ ကြာခဲ့တဲ့ ပြည်တွင်း လက်နက်ကိုင် ပဋိပက္ခတွေ ချုပ်ငြိမ်းပြီး ငြိမ်းချမ်းရေး ရရှိစေဖို့၊ ဗဟိုချုပ်ကိုင်မှုနဲ့ အထီးကျန် ခေတ်နောက်ကျခဲ့တဲ့ စီးပွားရေးစနစ်ကနေ ပြည်သူတွေအားလုံးကို ဆင်းရဲတွင်းကနေပြီးတော့ ကယ်ထုတ်နိုင်ဖို့၊ ခေတ်မှီ စီးပွားရေးစနစ်တခု ဖြစ်ပေါ်လာစေဖို့ အလွန်အရေးကြီးတဲ့ လုပ်ငန်းကြီး သုံးခုကို တပြိုင်နက် တည်း ကျနော်တို့ ကြိုးပမ်းဆောင်ရွက်နေကြရတာ ဖြစ် ပါတယ်။”

မြန်မာနိုင်ငံမှာ တရားဥပဒေစိုးမိုးရေးကို မြှင့်တင်နိုင်ဖို့၊ စီးပွားရေး တိုးတက်လာဖို့နဲ့ ဒီမိုကရေစီ အခြေခံ အဆောက် အအုံတွေ ခိုင်မာလာစေဖို့အတွက် အထောက်အကူ အဖြစ် ဒေါ်လာသန်း ၂၀ ပေးအပ်မှာ ဖြစ်တဲ့အပြင် လူ့အခွင့်အရေး ဆိုင်ရာ သင်တန်းတွေပါ ပေးအပ်ဖို့ ရှိတယ်လို့လည်း ၀န်ကြီးချုပ် ဂေးလဒ် က ကြေညာခဲ့ပါတယ်။

ဒါ့အပြင် သြစတြေးလျနိုင်ငံက မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ အရေးယူ ဒဏ်ခတ်မှု တချို့ကိုပါ ရုပ်သိမ်းပေးဖို့ ရှိတယ် လို့ ဆိုပါတယ်။ လက်နက်ရောင်းဝယ်မှု ကန့်သတ်ချက် ကိုတော့ ရုပ်သိမ်းပေးမှာမဟုတ်ဘဲ စစ်ဘက် လူသားချင်းစာနာမှု ဆိုင်ရာနဲ့ ငြိမ်းချမ်းရေး ထိန်းတပ် အကူအညီလိုမျိုး စစ်ဘက် ဆက်ဆံမှုတွေအတွက် ကန့်သတ်ချက်တွေကိုတော့ ရုပ်သိမ်းဖို့ ရှိတယ်လို့လည်း ပြောပါတယ်။

“ကျမတို့ နှစ်နိုင်ငံကြား ကာကွယ်ရေးဆိုင်ရာ ဆက်ဆံမှုတွေ လုပ်ဖို့ ဒီကနေ့ ပထမခြေ လှမ်း စလှမ်းလိုက်ပါပြီ။ ပုံမှန် ကာကွယ်ရေးဆိုင်ရာ ဆက်ဆံမှုအထိ အပြည့်အ၀ မရောက်သေးပေမဲ့ ဒါဟာ အရေးပါတဲ့ ပထမ ခြေလှမ်းတရပ် ဖြစ်တာမို့ နောင်မှာ စစ်ရေး လေ့ကျင့်တာအပါအ၀င် ဆက်ဆံရေးတွေ တိုးလုပ်သွားဖို့ ဖြစ်လာနိုင်ပါတယ်။”

လက်နက်ရောင်းဝယ်မှု ကန့်သတ်ချက်ကို ဆက်ပြီးထားရှိမှာဖြစ်ပေမဲ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ အလှည့်ကျအဖွဲ့ဝင် နိုင်ငံဖြစ်တဲ့ သြစတြေးလျနိုင်ငံက မြန်မာနိုင်ငံ မှာရှိတဲ့ သြစတြေးလျသံရုံးအတွက် စစ်သံမှူးတဦးကို ခန့်ထားဖို့ရှိတယ်လို့ ပြော ပါတယ်။

VOA

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။