Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Monday, March 18, 2013

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သို့ ဖခင်တစ်ဦးရဲ့ရင်ဖွင့်စာ

 
( The Hot News )

(၈-၁၂-၂၀၁၂)ရက် စစ်တက္ကသိုလ် အမှတ်စဉ်(၅၅)သင်တန်းဆင်းပွဲမှာ ““ခေါင်းဆောင်တို့သည် မိမိဆန္ဒကို ဦးစား မပေးဘဲ လုပ်သင့်၊ မလုပ်သင့် ဝေဖန်ပိုင်း ခြားရန်လိုကြောင်း၊ လုပ်ကိုင်ဆောင်ရွက် ရာတွင်လည်း အခြေအနေ အချိန်အခါ အရပ်ရပ်ကို သေချာစွာ စဉ်းစားချင့်ချိန် ပြီးမှ အကောင်အထည်ဖော်ဆောင်ရွက် ရန်လိုကြောင်း၊ လက်အောက်ခံစစ်သည် များ၏ အခြေအနေကို သေချာ...သိရှိရန် လိုကြောင်း၊ အသိတရား၊ သတိတရား ရှိရှိဖြင့် နေထိုင်လုပ်ကိုင်တတ်ရန် လို ကြောင်း မိမိရင်ဆိုင်ဖြေရှင်းရမည့် ပြဿနာကို စိစစ်သုံးသပ်ကာ လက်ရှိဖြစ်ပေါ် နေသော အခြေအနေများ၊ အနာဂတ်တွင် ဖြစ်လာနိုင်မည့် အခြေအနေများ ကို ကြိုတင်မြော်တွေးပြီး သတိတရားရှိ ရှိ ဆောင်ရွက်ရန်လိုကြောင်း””ဒုတိယ ဗိုလ်ချုပ်မှူးကြီးကိုယ်တိုင် မိန့်ခွန်းပြောခဲ့ တာကြောင့် ကျွန်တော့်သားကြီးအဖြစ် ဟာလည်း မိန့်ခွန်းထဲမှာပါတဲ့အကြောင်း အရာတွေနဲ့ တူနေတာမို့ ရင်ဖွင့်တင်ပြ လိုက်ရပါတယ်။

ကျွန်တော်ဟာ တပ်မတော်မှာ နှစ်ပေါင်း(၄၀)တာဝန်ထမ်းဆောင်ခဲ့ပြီး တပ်ကြပ်အဆင့်နဲ့ အငြိမ်းစားယူခဲ့ပါ တယ်။ ကျွန်တော် စစ်မှုထမ်းဘ၀နဲ့ရှိ တုန်း (၁၀)တန်းအောင်တဲ့သားကြီးက စစ်ထဲဝင်ချင်တယ်ဆိုတာကြောင့် ဗိုလ်သင်တန်းလျှောက်ခိုင်းပြီး ၀င်ခွင့်ရတဲ့ အတွက် ကျွန်တော့်လစာထဲက ထောက် ပံ့ပြီး ဗိုလ်သင်တန်းတက်စေခဲ့ပါတယ်။ သင်တန်းဆင်းတော့ အဆင့်(၄)နေရာရခဲ့ ပြီး ကြံ့ခိုင်ရေးအကောင်းဆုံး စံပြဆုလည်း ရခဲ့ပါတယ်။ ဒုတိယဗိုလ်ကနေ ဗိုလ်ကြီး အထိ ရှမ်းပြည်နယ်တောင်ပိုင်းမှာ တာဝန်ကျပြီး ရှမ်းပြည်နယ်တစ်ခွင် စစ် ဆင်ရေးတာဝန်တွေ ထမ်းဆောင်ခဲ့ရပါ တယ်။ ဒုတိယတပ်ရင်းမှူးဖြစ်တော့ စကခ(၁)လက်အောက်ခံတပ်ရင်းမှာ တာဝန်ထမ်းဆောင်စဉ်(၂၀၁၁)ခု မတ်လ မှာ ဖြစ်ပွားတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ဆန်ဒေသနဲ့ ရှမ်းပြည်နယ်တောင်ပိုင်း နမ့်ပုတ်၊ ကျေးသီးဒေသတိုက်ပွဲတွေမှာ အစအဆုံး ပါဝင်ခဲ့ပြီး ယာယီတပ်ရင်းမှူး ရာထူးတိုးကာ စကခ(၂)လက်အောက်ခံ မိုင်းပွန်တပ်ရင်းမှာ တာဝန်ချထားခြင်း ခံရပါတယ်။ ခမရ(၅၁၇)မိုင်းပွန်မြို့မှာ ယာယီတပ်ရင်းမှူး တာဝန်ထမ်းဆောင် နေရတဲ့ ကျွန်တော့်သားကြီး ဗိုလ်မှူး ကျော်သက်နိုင် ကြည်း(၃၀၀၇၀)ဟာ (၂၀၁၂)ခု ဇွန်လအတွင်း မိုင်းရှူးဘက်မှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲကာလအတွင်း ၁၉၅၉ ခုနှစ် တပ်မတော် အက်ဥပဒေ ၅၆(က) ကို ချိုးဖောက်လို့ဆိုပြီး အလုပ်ကြမ်းနဲ့ ထောင်ဒဏ်(၂)နှစ်ချမှတ်ခဲ့လို့ တောင်ကြီး မြို့၊ တောင်လေးလုံးအကျဉ်းထောင်မှာ ယနေ့ထိ အကျဉ်းကျခံနေရတဲ့အတွက် ကြောင့် ဖခင်တစ်ယောက်အနေနဲ့ ရင်ဖွင့် စာရေးသားရခြင်းပဲဖြစ်ပါတယ်။ ကျွန် တော့်သားကြီးကို အမှုမစစ်ဆေးမီ အရှေ့ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိရာ ခိုလမ် မြို့ အမှတ်(၆၆)ခြေမြန်တပ်ရင်းမှာ ထားတုန်း သားကြီးဆီက အဆက် အသွယ်ရခဲ့ပါတယ်။ သားကြီးပြောပြ သမျှထဲမှာ တချို့ဟာတွေဟာ ရေးပြဖို့ မသင့်တာကြောင့် အကျဉ်းမျှတင်ပြရရင် သားကြီးတို့ တိုက်ပွဲဖြစ်နေတဲ့နေရာဟာ အပစ်အခတ်ရပ်စဲရေးအတွက် လက်မှတ် ရေးထိုးထားတဲ့နေရာဖြစ်တာကြောင့် ငြိမ်းချမ်းရေးမပျက်စေဖို့ ချင့်ချိန်ဆောင် ရွက်နေစဉ်၊ အထက်ဌာနက နယ်ခြား ကျောက်တောင်ကို ဇွန်လ(၂၀)ရက် ညနေအပြီးသိမ်းခိုင်းကြောင်း သိရပါ တယ်။ ဒါပေမဲ့ စိုးမိုးကုန်းနေရာတိုင်းမှာ ရန်သူက တပ်စွဲထားပြီး အပေါ်စီးမှ ပစ် ခတ်တိုက်ခိုက်တာတွေ၊ မိုင်းတွေကို ရီမု ကွန်ထရိုးတပ်ဆင်ထားပြီး တိုက်ခိုက်တာ တွေလုပ်တဲ့အတွက် ထင်သလောက် မလွယ်ဘဲ (၃)ရက်ကြာ အစာငတ်၊ ရေ ငတ်ခံပြီး ဇွဲကြီးစွာ တဖြည်းဖြည်း တိုက်တဲ့အတွက် (၃)ရက်မြောက် နေ့ လယ်မှာ ရန်သူခံစစ်ကုန်းကို သိမ်းပိုက် ရမိကြောင်းလည်း သိရပါတယ်။ အဲဒီ နောက် ညအချိန်တိုက်ပွဲဖြစ်စဉ်ပျောက် ဆုံးခဲ့တဲ့ အရာရှိနဲ့ စစ်သည်တွေကို ပြန် ရှာခြင်း၊ ကျဆုံးစစ်သည်အလောင်းတွေ ကို မြှုပ်နှံသင်္ဂြိုဟ်ခြင်းပြုလုပ်ပြီးနောက် မှာ အထက်ဌာနက ရန်သူ့ခံစစ်ကုန်း(၁) ကုန်းကို ထပ်မံသိမ်းပိုက်ဖို့ အမိန့်ပေးလာ တော့ စစ်သည်တွေအစာငတ်၊ ရေငတ် ဖြစ်ပြီး အင်အားနည်းနေကြောင်း၊ ဒဏ် ရာရစစ်သည်များ အခြေအနေတင်ပြခဲ့ ကြောင်း၊ ရန်သူမှာ အနည်းငယ်သာ ဆုတ်ခွာပြီး အင်အားထပ်မံဖြည့်တင်းပြီး သတ်ကွင်းဆင်ထားလို့ ရှေ့ဆက်တိုးဖို့ မလွယ်ကြောင်းတွေ တင်ပြခဲ့ပေမဲ့ လက် မခံဘဲ သိမ်းပိုက်မရလျှင် အရေးယူမယ် လို့ ဖိအားပေးခဲ့တာကြောင့် စစ်သည် တွေဒေါသထွက်လို့ ချော့မော့ထိန်းသိမ်း ခဲ့ရကြောင်း၊ မဖြစ်မနေ သိမ်းပိုက်ပါက လည်း အင်အားနည်းသောကြောင့် ရလဒ်ဆိုးဝါးလာနိုင်တဲ့အတွက် မိမိတို့ စစ်သည်များရဲ့ အသက်ကို ငဲ့ကွက်ပြီး လုပ်သင့်တာကိုလုပ်ခဲ့ကြောင်း အဲဒီလို လုပ်ခဲ့လို့ ဗျူဟာမှူး၊ စစ်ဦးစီးမှူး(ပ)၊ တပ် ရင်းမှူး၊ ဒုတပ်ရင်းမှူး၊ ခေတ္တတပ်ရင်းမှူး တို့ ထောင်ချခံခဲ့ရပါတယ်။
ကျွန်တော့်သား အပါအ၀င် ထောင် ကျခံနေရတဲ့အရာရှိတွေဟာ စစ်မှုထမ်း သက်(၁၃)နှစ်ကနေ နှစ်(၃၀)အထိ ရှိခဲ့ တဲ့သူတွေဖြစ်ပါတယ်။ ဗျူဟာမှူးဆိုရင် စစ်မြေပြင်မှာ ကိုယ်တိုင်ကွပ်ကဲပြီး စစ် သည်တွေသေချင်သေပါစေဆိုပြီး ဖိအား တွေပေးနိုင်ပေမဲ့ နယ်မြေအနေအထား၊ အုပ်ချုပ်ထောက်ပံ့မှုအနေအထား၊ မိမိ တပ်ရဲ့တိုက်နိုင်စွမ်းအားတွေအပေါ် ဆင် ခြင်သုံးသပ်ပြီး ခံစစ်ဆင်နေတဲ့ ရန်သူ အင်အားသာလွန်နေချိန်မှာ အဓိပ္ပာယ် မရှိဘဲ မိမိရဲ့အရာရှိ စစ်သည်တွေ မဆုံးရှုံး စေချင်လို့ ခေါင်းဆောင်ကောင်းပီသစွာ ဆုံးဖြတ်ခဲ့တဲ့ ဆုံးဖြတ်ချက်ဟာ သူ့ရဲ့ ရဲဘော်တွေအတွက် အကောင်းဆုံး ဆုံး ဖြတ်ချက်ဖြစ်ခဲ့ပေမဲ့ သူ့အတွက် ရလဒ် ကတော့ ရာဇ၀တ်အကျဉ်းသားတွေရဲ့ ပြောဆိုမှုကိုခံပြီး၊ ခိုင်းတာလုပ်နေရတဲ့ ဘ၀ကိုပဲ ရခဲ့ပါတယ်။ ကျွန်တော့်သား ကြီးကို ထောင်ဝင်စာသွားတွေ့တော့ အဖေတို့ရယ်၊ ဇနီးနဲ့ သမီးကလေး(၂) ယောက်ရယ်ကို လွမ်းပြီး အရမ်းတွေ့ချင် ကြောင်း၊ အတန်းပညာရာထူးတွေဟာ ထောင်ထဲမှာ ဘာမှလုပ်လို့မရကြောင်း၊ ရာဇ၀တ်အကျဉ်းသားလိုပဲ ဆက်ဆံခံရ ကြောင်း၊ မူးယစ်ဆေးဝါးမှုနဲ့ ထောင်ကျ နေတဲ့သူတွေကြားထဲမှာနေရလို့ စရိုက် မတူဘဲ စိတ်ညစ်ရကြောင်း၊ စစ်သားဖြစ် ကတည်းက အသက်ကိုမငဲ့ကွက်ဘဲ တိုက်လာတာ ဘာမဟုတ်တဲ့ကိစ္စအတွက် နဲ့အရင်ကလုပ်ကိုင်ခဲ့တာတွေ၊ ကောင်း ကွက်တွေကို လုံးဝမထောက်ထားဘဲ ဘ၀ ကို ဖျက်ဆီးပစ်ရုံမက ဘ၀ပါသေအောင် ထောင်ချပစ်သည်ကို တွေးမိတိုင်း ကိုယ့် ကိုကိုယ် သတ်သေချင်စိတ်ဖြစ်မိကြောင်း၊ ထောင်မှလွတ်ရင်လည်း နှစ်(၂၀)နီးပါး သင်ယူခဲ့ရတဲ့ စစ်ပညာနဲ့ အသက်မွေးလို့ မရတော့သောကြောင့် ဘ၀ကို တစ်က ပြန်စရမည်ဖြစ်ကြောင်း ၀မ်းနည်းစွာနဲ့ ပြောတာကြားရတော့ မိဘတစ်ဦးဖြစ်တဲ့ ကျွန်တော့်ရင်ထဲမှာ ငါ့သားကြီးကို ဒီလို ဖြစ်မယ်မှန်းသိခဲ့ရင် စစ်တပ်ထဲ မသွင်းမိ ပါဘူးဆိုတဲ့ ဆန္ဒဖြစ်ပေါ်ခဲ့ရပါတယ်။
အခုအချိန်မှာ နိုင်ငံတော်က နိုင်ငံ ရေးအကျဉ်းသားတွေ၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့က ခေါင်းဆောင်တွေ ကို ပြစ်ဒဏ်ကျခံရမှာ အများကြီး ကျန် နေပေမဲ့ ပြန်လည်လွှတ်ပေးနေသလို၊ ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခချုပ်ငြိမ်း ဖို့အတွက် တိုင်းရင်းသားလက်နက်ကိုင် တွေနဲ့ ငြိမ်းချမ်းရေးဆွေးနွေးနေတာတွေ့ ရပါတယ်။ နိုင်ငံရေးနဲ့ပတ်သက်ပြီး အကျဉ်းကျခံရသူတွေ ကိုတောင် လွှတ်ပေးနေချိန်မှာ ပြည်တွင်းတိုက်ပွဲ ကြောင့် အကျဉ်းကျခံနေရတဲ့ တပ်မ တော်သား စစ်ရေးအကျဉ်းသားတွေကို လည်း အခြားသူများနည်းတူ လွှတ်ပေး သင့်ပါတယ်။ အခုတော့ စစ်တရားရုံး စစ်ဆေးပြီးတော့ သားကြီးတို့ကို တပ်ရင်း အချုပ်ထဲထည့်တဲ့နေ့မှာ အရှေ့အလယ် ပိုင်းတိုင်းမှူးနဲ့ သားကြီးတို့ တိုက်ခဲ့တဲ့ တစ်ဖက်ရန်သူတို့လက်ဆွဲနှုတ်ဆက်ပြီး တွေ့ဆုံဆွေးနွေး ညစာစားပွဲပြုလုပ် နေတာကို တွေ့ရတော့ ကျဆုံး၊ ဒဏ်ရာ ရစစ်သည်တို့ရဲ့ ဘ၀တွေဟာ အဓိပ္ပာယ် မရှိတော့ဘဲ ရန်သူကိုတော့ ခွင့်လွှတ် ဆက်ဆံပြီး မိမိတို့တပ်က အရာရှိတွေကို တော့ ရန်သူလိုဆက်ဆံပြီး ထောင်ထဲ ရက်ရက်စက်စက်ပို့ခဲ့တဲ့ လုပ်ရပ်ဟာ ကျောင်းဆင်းမိန့်ခွန်းမှာပါတဲ့ အချက်တွေ နဲ့ ကွဲပြားခြားနားနေတာ တွေ့ရတော့ အသိတရား၊ သတိတရားနဲ့ လုပ်ခဲ့တဲ့ သားကြီးတို့အရာရှိတွေကို ထောင်ထဲ ထည့်တဲ့ လုပ်ရပ်ဟာလည်း နိုင်ငံတော်နဲ့ တပ်မတော်အတွက် ဆုံးရှုံးမှုတစ်ရပ်သာ ဖြစ်တာကြောင့် တပ်မတော်သားတွေနဲ့ ဖခင်တစ်ဦးဖြစ်တဲ့ တပ်မတော်ကာ ကွယ်ရေးဦးစီးချုပ်အနေနဲ့ သားကြီးတို့ရဲ့ လွတ်ငြိမ်းချမ်းသာခွင့်ကို ပြန်ပြီး စဉ်းစား ပေးစေချင်ပါကြောင်း ရင်ဖွင့်ရေးသား လိုက်ရပါတယ်။
တပ်မတော်အပေါ်သစ္စာရှိစွာဖြင်

တပ်ကြပ်ချစ်အေး(ငြိမ်း)
ကပ/၃၆၃၉၁၆

http://www.hotnewsweekly.com/archives/18499

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။