ဗီတာမင်အီးကို မှီဝဲစားသုံးသူ ၊ ဆေးအဖြစ် သုံးစွဲသူများ အသည်းကင်ဆာမှ ဝေးမည်
Wednesday 20th March 2013
အသီးအနှံနှင့် အစေ့အဆံများတွင် ပါဝင်သည့် ဗီတာမင်အီးကို အစားအစာ သို့မဟုတ် အားဆေးအဖြစ် စားသုံးပါက
အသည်းကင်ဆာ ဖြစ်နိုင်ခြေ လျော့ကျနိုင်ကြောင်း ယနေ့ မတ်လ (၁၉)ရက်နေ့ထုတ် the journal Science Signaling ဂျာနယ်တွင် ဖော်ပြထားသည်။ အမေရိကန်နိုင်ငံ ၊ အိုဟိုင်းရိုး ပြည်နယ်မှ Ohio State University နှင့် an Comprehensive Cancer Center ရှိ သုတေသန ဓာတ်ခွဲခန်းမှ သုတေသီများ၏ လေ့လာမှုအရ ဗီတာမင်အီးသည် အဆီတွင် ပျော်ဝင်သည့် ဗီတာမင် တစ်မျိုး ဖြစ်ပြီး ဓာတ်တိုး ဆန့်ကျင်ပစ္စည်းလည်း ဖြစ်ပြီး DNA ပျက်စီးမှုကို ကာကွယ်နိုင်ကြောင်း တွေ့ရှိရသည်။
အသည်း ကင်ဆာသည် ကမ္ဘာပေါ်တွင် တတိယ အဖြစ်များဆုံး ကင်ဆာ အမျိုးအစား ဖြစ်ပြီး အသည်းကင်ဆာ ဝေဒနာရှင်များ၏ ၈၅ ရာခိုင်နှုန်းသည် ဖွံ့ဖြိုးပြီး နိုင်ငံများတွင် အများအပြား တွေ့ရှိရကြောင်း medicinal c...hemistry and pharmacognosy ဌာနမှ ပါမောက္ခ Ching-Shih Chen မှ ပြောကြားခဲ့သည်။ ဗီတာမင်အီးတွင် Akt ခေါ် အင်ဇိုင်းကို လျော့ကျစေပြီး အကြိတ်အဖု ကင်ဆာဆဲလ်များကို ပျက်စီးစေနိုင်သည်။ ရှန်ဟိုင်း တက္ကသိုလ်မှ သုတေသီများမှ ဗီတာမင်အီးကို မှန်မှန်သောက်သုံးသည့်သူနှင့် မသောက်သုံးသည့် သူမျာအးကြား အသည်း ကင်ဆာ ဖြစ်နိုင်ခြေကို လေ့လာခဲ့ရာ ဗီတာမင်အီးကို မှီဝဲသူများတွင် အသည်းကင်ဆာ ဖြစ်နိုင်ခြေ နည်းပါးကြောင်း တွေ့ရှိခဲ့ရသည်။

mrtv-4
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။